News @ M-Media

Author: Ko Lay

  • ကာဂျစ္စတန်တွင် ကုရ်အာန်ရေးရာ ပြိုင်ပွဲတစ်ခု ကျင်းပ

    ကာဂျစ္စတန်တွင် ကုရ်အာန်ရေးရာ ပြိုင်ပွဲတစ်ခု ကျင်းပ

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    quran 2

    – ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘီရှက်တွင် နိုင်ငံလုံးဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုနှင့် ရွတ်ဖတ်သရဇ္ဈယ်မှုပြိုင်ပွဲကို ပြီးခဲ့သည့် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါပြိုင်ပွဲကို နိုင်ငံတကာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုအဖွဲ့၊ ကာဂျစ္စတန် မွတ်စလင်ရေးရာ ဘာသာရေး စီမံခန့်ခွဲမှုအဖွဲ့နှင့် အဟ်ဆန် ပရဟိတအသင်းတို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှ အမျိုးသားနှင့် အမျိုးသမီး ဟာဖိဇ် (ကုရ်အာန်ကျမ်းတ်ေမြတ် အာဂုံဆောင်သူ) စုစုပေါင်း ၇၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။

    ပြိုင်ပွဲသို့ တက်ရောက်ခဲ့သည့် အစ္စလာမ့်ရေးရာပညာရှင်များက နိုင်ငံတကာ ကုရ်အာန်ကျမ်းမြတ် အာဂုံဆောင်မှုအဖွဲ့မှ နိုင်ငံအများအပြားတွင် ထိုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပေးမှုအတွက် ချီးကျူးပြောဆိုခဲ့သည်။ ထိုအခမ်းအနားသို့ ကာဂျစ္စတန်နိုင်ငံဆိုင်ရာ ဆော်ဒီ ဒုတိယသံအမတ်ကြီး အဘ်ဒူလ် မိုဟ်ဆန် အလ်-ဖူဟစ်လည်း တက်ရောက်ခဲ့သည်။

    Ref: IINA

  • ဆီးရီးယားသို့ အမေရိကန်က မြေပြင်တပ်ဖွဲ့ ၂၅၀ ထပ်မံစေလွှတ်မည်

    ဆီးရီးယားသို့ အမေရိကန်က မြေပြင်တပ်ဖွဲ့ ၂၅၀ ထပ်မံစေလွှတ်မည်

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    us troops

    – ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံသို့ အမေရိကန်စစ်သား ၂၅၀ ထပ်မံပို့ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အတည်ပြု ပြောဆိုလိုက်ပြီး ထိုတပ်ဖွဲ့များမှာ IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ရေး အကူအညီပေးမည်ဟု ဆိုသည်။

    အိုဘားမားမှာ ဆီးရီးယားသို့ မိမိတို့၏ မြေပြင်တပ်များ စေလွှတ်မည်မဟုတ်ဟု ၂၀၁၃ ခုနှစ်က ပြောကြားခဲ့သော်လည်း ယခင်က ၅၀ ပေးပို့ထားပြီး ယခုပမာဏက ထပ်ပေါင်းပါက စုစုပေါင်း ၃၀၀ ရှိလာမည်ဖြစ်သည်။

    ယခု ထပ်မံသွားရောက်မည့် ၂၅၀ ကို အထူးစစ်ဆင်ရေး၊ ဆေးဘက်ဆိုင်ရာ သို့မဟုတ် ထောက်လှမ်းရး မည်သည့်နေရာတွင် တာဝန်ပေးမည်ဆိုသည်ကို တိတိကျကျ မသိရှိရသေးပေ။ အိုဘားမားကမူ အဆိုပါ တပ်ဖွဲ့များမှာ အထူစစ်ဆင်ရေးများတွင် ပါဝင်မည်ဖြစ်ပြီး ဆီးရီးယားရှိ အစိုးရ အတိုက်အခံ တပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ကူညီပေးခြင်းတို့ကို ပြုလုပ်သွားမည်ဟု ဆိုသည်။

    ထို့ပြင် နေတိုးအဖွဲ့အနေဖြင့်လည်း IS တပ်ဖွဲ့ဝင်များကို ပိုမိုတိုက်ခိုက်ရမည်ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • ပါလက်စတိုင်းမြေ ၁၂၅၀ ဧကကို သိမ်းယူရန် အစ္စရေးက စီစဉ်ပြန်

    ပါလက်စတိုင်းမြေ ၁၂၅၀ ဧကကို သိမ်းယူရန် အစ္စရေးက စီစဉ်ပြန်

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    pal 3

    – ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င်အခြေချအိမ်ယာတွေ တိုးချဲ့ဆောက်လုပ်မှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဆန့်ကျင်မှုတွေ ရှိနေပေမယ့်လည်း အနောက်ဖက်ကမ်း မြောက်ပိုင်းက ပါလက်စတိုင်းပိုင်မြေဧက တစ်ထောင်ကျော်ကို ထပ်မံသိမ်းယူဖို့ အစ္စရေးက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

    နက်ဘလူစ်မြို့ တောင်ပိုင်း ၁၉ မိုင်အကွာမှာတည်ရှိတဲ့ ဂျလူဒ်ကျေးရွာက မြေဧက ၁၂၅၀ ကို သိမ်းယူမှာဖြစ်ပြီး အစ္စရေးအာဏာပိုင်တွေက မြေသိမ်းတော့မယ့်အကြောင်း စနေနေ့မှာ ရွာသားတွေဆီကို အသိပေးအကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။

    ဂျလူဒ်ကျေးရွာကောင်စီရဲ့ တာဝန်ရှိသူတွေကတော့ အစ္စရေးတွေအနေနဲ့ အဲ့ဒီမှာ အခြေချအိမ်ယာ သုံးခုကိုတောင် ဆောက်လုပ်ပြီးနေပြီလို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ နဘ်လုစ်အရှေ့တောင်ဘက်က ပါလက်စတိုင်းမြေ ၁၇ မိုင်ကို သိမ်းယူခဲ့ပြီး တရားမ၀င် အခြေချအိမ်ယာ ၁၀ ခုနဲ့ စစ်အခြေစိုက်စခန်း ၂ ခုကို ဆောက်လုပ်ထားပြီး ဖြစ်ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်ကတော့ ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးက အဲဒီလို တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်လုပ်မှုကို ရှုတ်ချတဲ့ ကုလဆုံးဖြတ်ချတ်တစ်ခု ထွက်ပေါ်ဖို့ အလျင်အမြန် လိုအပ်နေပြီလို့ ဧပြီ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    “အခုချိန်မှာ ကုလလုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ အလွန်အရေးကြီးနေပါပြီ။ ဘာကြောင့်လဲဆိုရင် အစ္စရေးဘက်က
    အခြေစိုက်နေထိုင်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အဲ့ဒီလိုလုပ်နေတာတွေ ရပ်တန့်မယ့်ပုံလည်း မပေါ်တာကြောင့် ဒီကိစ္စကို အရေးတကြီးကိုင်တွယ်ဖို့လိုအပ်နေပါပြီ”

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတွေရဲ့ တရားမ၀င်အခြေချမှုတွေရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်နေတာေ
    ကြာင့် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးပမ်းမှုတွေအတွက် ကြီးမားတဲ့အတားအဆီးကြီးတစ်ခု ဖြစ်
    နေပါတယ်။

    Ref: Presstv

  • PFA ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လက်စတာတိုက်စစ်မှူး မဟ်ရက်ဇ် ရရှိ

    PFA ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လက်စတာတိုက်စစ်မှူး မဟ်ရက်ဇ် ရရှိ

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    PFA

    – ဖရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများအဖွဲ့ချုပ် PFA က ရွေးချယ်ချီးမြှင့်သည့် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လက်စတာအသင်း၏ အလ်ဂျီးရီးယားတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ရရှိခဲ့သည်ဟု သိရသည်။

    မဟ်ရက်ဇ်မှာ ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လက်စတာအသင်းတွင် အံ့ဖွယ်ခြေစွမ်းများကို ပြသနေသူဖြစ်ပြီး အသင်းအတွက် ၁၇ ဂိုး သွင်းယူပေထားကာ ၁၁ ကြိမ် ဖန်တီးမှု ပြုလုပ်ထားသည်။ ၎င်း၏ အသင်းဖော် ဂျာမီ ဗာဒီကမူ ဒုတိယနေရာ ရရှိခဲ့ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက တတိယ ချိတ်ခဲ့သည်။

    လက်စတာစီးတီးအသင်းမှ ထိုဆုကို ပထမဆုံး ရရှိခဲ့သူ မဟ်ရက်ဇ်က ၎င်းအနေဖြင့် ပျော်ရွှင်မိသည်ဟု ဆိုသည်။

    “ကျွန်တော်ဟာ ဒီနှစ်တစ်နှစ်လုံးမှာ အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ ရှုမြင်ပြီး ကစားသမားတွေက မဲပေးတာကြောင့် တော်တော်လေးကို ထူးခြားတဲ့ဆုဖြစ်ကာ ကျွန်တော် ပျော်လည်းပျော်ပါတယ်။်ကျွန်တော့်ရဲ့အသင်းဖော်တွေ မရှိဘဲနဲ့ ဒီဆုကို ကျွန်တော် ရမှာမဟုတ်ပါဘူး။ ကွင်းထဲက ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေပါ။ ဒါက ကျွန်တော်တို့ရဲ့ အင်အားပါပဲ” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။

    စပါးကွင်းလယ်လူ ဒီလီ အလီကမူ PFA ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ဗာဒီက ပရီးမီးယားလိဂ်တွင် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် အထူးဆုကို ရရှိခဲ့သည်။ မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်ကမူ Merit Award ဆုကို ရရှိခဲ့သည်။

    Ref: Goal

  • မက်ဆာချူးဆက်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုက အစ္စလာမ့်ရေးရာ အသိပညာပေးရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်

    မက်ဆာချူးဆက်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုက အစ္စလာမ့်ရေးရာ အသိပညာပေးရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်

    ဧပြီ ၂၅၊ ၂၀၁၆

    M-Media

    us

    – အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဖရာမင်ဂမ်မြို့က ဖရာမင်ဂမ်အစ္စလာမ့်အဖွဲ့အစည်း (ISF) ကနေ “မွတ်စလင်အိမ်နီးချင်းများကို တွေ့ဆုံခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာပေါင်းစုံချစ်ကျည်ရေး အခမ်းအနားတစ်ခုကို စနေနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေအကြားမှာ သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို ပိုမိုနားလည်စေဖို့ ရည်ရွယ်ချက်နဲ့ အဲဒီအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဖရာမင်ဂမ် ဗလီဝတ်ကျောင်းတော်က အဖွဲ့ဝင်တွေဟာ တက်ရောက်လာကြတဲ့ ဧည့်သည်တွေကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။

    နောက်ပြီး လာရောက်သူတွေကို ဗလီဝတ်ကျောင်းတော်အနှံ့ လှည့်လည်ပြသခဲ့ပြီး အစ္စလာမ့်ရေးရာ ကိစ္စရပ်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

    “အခုအခြေအနေက မွတ်စလင်၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ အများကြီးပေါ်ထွက်လာတဲ့ အခြအနေပါ။ ဒါ့ကြောင့် အဲဒီမေးခွန်းတွေကို ကျွန်တော်တို့ ဖြေရပါမယ်။ အဲဒီမေးခွန်းတွေကို ဖြေနိုင်အောင်လို့လည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားရပါမယ်” လို့ ISF က ဒါရိုက်တာများဘုတ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ဖာရီဒ် ဆစ်ဒီကွီက ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာ ဖရာမင်ဂမ်မြို့မှာရှိတဲ့ မွတ်စလင်တွေဟာ လုံခြုံတယ်လို့ ခံစားရပေမယ့် အစ္စလာမ်ဟာ လှပတဲ့ သတင်းစကားတစ်ခု ဖြစ်တယ်ဆိုတာကို မွတ်စလင်မဟုတ်သူတွေကို သိစေချင်ကြောင်း၊ စစ်မှန်တဲ့အစ္စလာမ်ကို နီးနီးကပ်ကပ်ရှိသူတွေဟာ အမေရိကန်ဖြစ်ရတာကို ဂုဏ်ယူကြကြောင်း စသဖြင့် ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref: IINA