News @ M-Media

Author: Ko Lay

  • ဆော်ဒီတွင် ၄ လအတွင်း အစ္စလာမ်ကိုလက်ခံသူ အမျိုးသမီး ၄၀၀ အထိ ရှိခဲ့

    ဆော်ဒီတွင် ၄ လအတွင်း အစ္စလာမ်ကိုလက်ခံသူ အမျိုးသမီး ၄၀၀ အထိ ရှိခဲ့

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    woman

    – ပြီးခဲ့သည့် ၄ လအတွင်း ဆော်ဒီအာရေဗျ၌ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့သည့် အမျိုးသမီးအရေအတွက်မှာ ၄၀၀ အထိ ရောက်ရှိခဲ့သည်ဟု မိုဟာမက် ဘင် ဆာအွဒ် အစ္စလာမ့်မစ် တက္ကသိုလ်ရှိ ကျောင်းသားများ လေ့လာရေးစင်တာမှ လက်ထောက် အထွေထွေအတွင်းရေးမှူး ဇိုင်နဘ် ဘင်တီ အဘ်ဒူလာ အလ်-ရာဂ်ျဟီက ပြောကြားလိုက်သည်။

    ယနေ့တွင် ရီယာ့ဒ်၌ ပြုလုပ်ခဲ့သည့် သစ်လွင်မွတ်စလင်အမျိးသမီးများ ကြိုဆိုပွဲအခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဘုရားသခင်၏ သတင်းစကားကို ပြန့်နှံ့အောင် ဆောင်ရွက်ရာတွင် တစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတွင် ရှိနေသည့် တာဝန်ဝတ္တရားများကို သူမ၏ မိန့်ခွန်းတွင် အဓိကထား ပြောကြားခဲ့သည်။

    ထို့ပြင် မကောင်းမှုဒုစရိုက်များကို အစ္စလာမ့်ဓမ္မအသိဖြင့် ရှောင်ရှားနိုင်ရေးကိုလည်း အလ်-ရာဂ်ျဟီက မီးမောင်းထိုးပြခဲ့သည်။ ထိုကြိုဆိုပွဲအခမ်းအနားကို ကုရ်အာန်ကျမ်းတော်မြတ်အား ရွတ်ဖတ်၍ ဖွင့်လှစ်ခဲ့ပြီး သစ်လွင်မွတ်စလင်များအား လက်ဆောင်များလည်း ဝေငှခဲ့သည်။

    သစ်လွင်မွတ်စလင်တစ်ဦဖြစ်သူ လော်နာက သူမအနေဖြင့် အစ္စလာမ်အား သက်ဝင်ယုံကြည်ခဲ့ပုံကို ပရိတ်သတ်များအား ပြောပြခဲ့သည်။

    “အစ္စလာမ်ကို လက်မခံခင်အချိန်တုန်းက ကျွန်မဟာ ကက်သလစ်ဘုရားကျောင်းက ဆရာမတစ်ယောက်ပါ။ နောက်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ဘ၀ကို ရဖို့အတွက် ဆော်ဒီအာရေဗျမှာ အလုပ်လာလုပ်ခဲ့ပါတယ်။ တစ်နေ့မှာ ကျွန်မရဲ့ အလုပ်ရှင်က စာကြည့်စင်တစ်ခုကို ရှင်းဖို့ပြောလို့ ရှင်းနေရင်း ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်ကို တွေ့ခဲ့ပါတယ်။ အလုပ်ရှင်ကို ဖတ်လို့ရမလားလို့ မေးတဲ့အခါမှာ သူက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုခဲ့ပါတယ်” ဟု လော်နာက ဆိုသည်။

    ထို့သို့ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရှုလေ့လာပြီးနောက်ပိုင်းတွင် အစ္စလာမ်သာသနာအား လက်ခံရန်အတွက် သူမအနေဖြင့် စိတ်အားထက်သန်လာခဲ့သည်။

    “နောက်ပိုင်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ချင်တဲ့ ကျွန်မရဲ့ ဆန္ဒကို အလုပ်ရှင်ကို ပြောခဲ့ပါတယ်။ သူက ကျွန်မကို တရားဟောဆရာတစ်ဦးစီ ခေါ်သွားပြီး၊ တရားဟောဆရာက ရှာဟာဒသ် (အစ္စလာမ်ကို သက်ဝင်ယုံကြည်သည့်အခါ ရွတ်ဖတ်ရသည့် သက်သေခံချက်) ကို သင်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်မဟာ မွတ်စလင်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေမိပါပြီ”

    Ref: Arabnews

  • အိုက်ဗရီကို့စ်နိုင်ငံက အိုအိုင်စီနှင့် သဘောတူညီချက် ၆ ခု လက်မှတ်ရေးထိုး

    အိုက်ဗရီကို့စ်နိုင်ငံက အိုအိုင်စီနှင့် သဘောတူညီချက် ၆ ခု လက်မှတ်ရေးထိုး

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    ivorycost

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ်မြောက် အစ္စလာမ်မစ်ထိပ်သီးညီလာခံမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ သဘောတူညီမှု ၆ ခုကို အိုင်ဗရီကို့စ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ အလ်ဘတ် တိုကစ်ဆေး မာဘရီက အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလက်မှတ်ရေးထိုးမှုကို OIC ရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အဘူရာဟ်မန်ရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီ သဘောတူညီချက်တွေထဲမှာ ကင်းလွတ်ခွင့်နဲ့ အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်၊ စားနပ်ရိက္ခာ ဖူလှုံရေး သဘောတူညီချက်၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး သဘောတူညီချက်၊ အစ္စလာမ့်မစ်နိုင်ငံများဆိုင်ရာ စံနှုန်းသတ်မှတ်ရေး သဘောတူညီချက်(SMIIC)၊ နိုင်ငံတကာ လခြမ်းနီအဖွဲ့ဆိုင်ရာ အစ္စလာမ်မစ်ကော်မရှင် သဘောတူညီချက်နဲ့ အစ္စလာမ့်နိုင်ငံများ ဆယ်သွယ်ရေးသမဂ္ဂဆိုင်ရာ သဘောတူညီချက်တို့ ပါဝင်ပါတယ်။

    အစ္စတန်ဘူလ်က အဲဒီ ၁၃ ကြိမ်မြောက် အစ္စလာမ့်မစ် ထိပ်သီးညီလာခံမှာ အကြမ်းဖက်တိုက်ဖျက်ရေး၊ ပါလက်စတိုင်းအရေး၊ မွတ်စလင်ကမ္ဘာ တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    AB/IINA

  • အီရန်နှင့် အီတလီတို့ စီးပွားရေးသဘောတူညီချက် အမြောက်အများ ရရှိ

    အီရန်နှင့် အီတလီတို့ စီးပွားရေးသဘောတူညီချက် အမြောက်အများ ရရှိ

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    iran 8

    – အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်း စီးပွားရေး ချဲ့ထွင်ဖို့ လုပ်ဆောင်နေတဲ့ အီရန်နိုင်ငံဟာ အီတလီနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်စာချုပ် ၁၂ ခုကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

    တီဟီရန်ကိုရောက်ရှိနေတဲ့ အီတလီဝန်ကြီးချုပ် မတ်တီယို ရန်ဇီနဲ့ အီရန် စက်မှု၊ သတ္ထုတွင်းနဲ့ ကုန်သွယ်ရေးဝန်ကြီး မိုဟာမက် ရီဇာ နီမတ်ဇာဒဟ်တို့ ယမန်နေ့က တွေ့ဆုံစဉ်အတွင်း အခုလို သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

    အီရန်အစိုးရသတင်းဌာန IRNA ကတော့ အဲဒီ သဘောတူညီချက်တွေမှာ စွမ်းအင်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာ၊ သံမဏိနဲ့ အထည်အလိပ်လုပ်ငန်းများ အပါအ၀င် အမျိုးအမျိုးသော ကုန်သွယ်မှု ကဏ္ဍတွေမှာ အီတလီကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အီတလီရဲ့ နာမည်ကြီးစီးပွားရေးလုပ်ငန်းအုပ်စု Finmeccanica နဲ့ အီရန်ရဲ့ Foulad Boutia လုပ်ငန်းစု နှစ်ခုကြား အီရန်တောင်ပိုင်း ကာမန်မှာရှိတဲ့ ဓာတ်အာပေးစက်ရုံတည်ဆောက်ဖို့အတွက် ပစ္စည်းကိရိယာနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပေးပို့ရေး ဒေါ်လာ ၂၃၇ သန်းတန် စာချုပ်တစ်ခုကိုလည်း နှစ်ဖက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    နောက်ပြီး အီရန်မှာ စတီးလ်ကုမ္ပဏီတစ်ခုတည်ဆောက်ရေး လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ ၀န်ဆောင်မှုတွေပေးပို့ဖို့ အီတလီရဲ့ Danieli Group နဲ့ ယူရို သန်း ၃၅၀ တန် စာချုပ်တစ်ခုလည်း အဲဒီသဘောတူညီချက်တွေမှာ ပါဝင်ပါတယ်။

    အခမ်းအနားမှာ အီတလီဝန်ကြီးချုပ်က စီမံကိန်းတွေမှာ ထိထိရောက်ရောက်လုပ်ကိုင်ဖို့ ပြောဆိုခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးအားကောင်းစေဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေ မပြုလုပ်ခင်ကတည်းက အီတလီနိုင်ငံဟာ အီရန်ရဲ့ ထိပ်တန်း စီးပွားရေး ကုန်သွယ်ဖက်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အဲဒီအချိန်တုန်းက နှစ်နိုင်ငံကြား နှစ်စဉ်ကုန်သွယ်ရေး တန်ဖိုးဟာ ယူရို ၇ ဘီလီယံအထိ ရှိခဲ့ပါတယ်။

    Ref: Presstv

  • ဆင်းရဲသည့်နိုင်ငံများတွင် လူတစ်ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၅ ဒေါ်လာ ကျသင့်မည်

    ဆင်းရဲသည့်နိုင်ငံများတွင် လူတစ်ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၅ ဒေါ်လာ ကျသင့်မည်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    life saving

    – ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော ကလေးငယ်တွေနဲ့ မိခင်တွေရဲ့ အသက်တွေကို ကယ်ဆယ်နိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှု နှစ်စဉ်ကုန်ကျစရိတ်ဟာ လူတစ်ဦးကို ငါးဒေါ်လာအောက် ကျသင့်မယ်လို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ သုတေသီတွေက ပြောကြားလိုက်ပါတယ်။

    အဲဒီ ပမာဏဟာ ၀င်ငွေနည်းပါးတဲ့ ဒါမှမဟုတ် အလယ်အလတ်ဝင်ငွေရှိတဲ့ တိုင်းပြည် ၇၄ ခုမှာ ကလေးမွေးနှုန်းထိန်းချုပ်ရေး၊ အဟာရဖြည့်စွက်မှု၊ အဆုတ်ရောင်ရောဂါနဲ့ ငှက်ဖျားတို့လို ပြင်းထန်တဲ့ရောဂါတွေကို ကုသဖို့လိုမျိုး ကျန်းမာရေးစောင့်ရှောက်မှုတွေကို ချဲ့ထွင်နိုင်မှာဖြစ်ပါတယ်။ နှစ်စဉ် မိခင်တွေနဲ့ ကလေးငယ်တွေ သေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာ ဒီနိုင်ငံတွေမှာ ဖြစ်တာဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ အသက်ငါးနှစ်အောက် ကလေးငယ် ၆ သန်းနီးပါးလောက် သေဆုံးခဲ့ပြီး
    ကိုယ်ဝန်ဆောင်မှုနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေနေ သေဆုံးသူ မိခင် ၃ သိန်း ကျော်ရှိခဲ့ပါတယ်။

    ကမ္ဘာကြီးရဲ့ ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေ ဖွံ့ဖြိုးဖို့ လူတစ်ဦးအတွက် နှစ်စဉ်
    ခန့်မှန်းခြေ ၄.၇၀ ဒေါ်လာ ကုန်ကျနိုင်ဖွယ်ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

    “တကယ်လိုအပ်ချက်ရှိသူတွေဆီကို အဓိကကျန်းမာရေး ၀န်ဆောင်မှုတွေ ရောက်ရှိဖို့ ကုန်ကျစားရိတ်ဟာ တစ်ဦးကို ငါးဒေါ်လာအောက်ရှိပါတယ်။ ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတွေ၊ ဒါမှမဟုတ် ဆေးရုံ၊ ဆေးပေးခန်းတွေဟာ ဒီလို ကျန်းမာရေးစောင့်ရှောက်မှု တော်တော်များများကို ပေးအပ်နိုင်ပြီး ကုန်ကျစားရိတ်များပြားမှုကိုလည်း လျော့ချနိုင်ပါတယ်” လို့ ဒေါက်တာ ရောဘတ်ဘလက်က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • နိုဘယ်ဆုရှင် ၇ ဦး အင်ဒိုနီးရှားတွင် ငြိမ်းချမ်းရေးအကြောင်း ဟောပြောမည်

    နိုဘယ်ဆုရှင် ၇ ဦး အင်ဒိုနီးရှားတွင် ငြိမ်းချမ်းရေးအကြောင်း ဟောပြောမည်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    – နိုဘယ်ဆုရှင် ၇ ဦး အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်အတွင်း ဒေသတွင်းတက္ကသိုလ်တွေမှာ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်လည်း ပါဝင်မှာဖြစ်တယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးဖောင်ဒေးရှင်းက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဖောင်ဒေးရှင်းရဲ့ အကြံပေးဘုတ်အဖွဲ့ဥက္ကဌ လက်ချင်စတိန်း အိမ်ရှေ့မင်းသား အဲဖရက်က ဂျကာတာမှာရှိတဲ့ ၎င်းရဲ့ ရုံးခန်းမှာ အင်ဒိုနီးရှား ဒုသမ္မတ ယူဆွဖ် ကာလာနဲ့ တွေ့ဆုံပြီးနောက် ဒီလို ကြေငြာလိုက်တာဖြစ်ပါ
    တယ်။

    “ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး မြှင့်တင်ပေးချင်ပြီး အင်ဒိုနီးရှားကနေလည်း သင်ယူချင်ပါတယ်။ အင်ဒိုနီးရှားဆိုတာ ခေတ်မီ မွတ်စလင်နိုင်ငံတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စံနမူနာယူစရာတစ်ခုလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားကနေ ကျွန်တော်တို့ သင်ယူရမှာတွေ အများကြီးရှိပါတယ်” လို့ မင်းသားက ပြောကြားခဲ့ပါတယ်။

    နိုဘယ်ဆုရှင်တွေဟာ နောက်နှစ်ကျရင် အင်ဒိုနီးရှားလာကြမှာဖြစ်တယ်လို့လည်း ဒီအစီအစဉ်မှာ ဥက္ကဌအဖြစ်ဆောင်ရွက်မယ့် အင်ဒိုဒုသမ္မတ ယူဆွဖ် ကာလာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဖောင်ဒေးရှင်းဥက္ကဌ အူဝီ မိုရာဝက်ဇ်ကတော့ နိုဘယ်ဆုရှင်တွေအနေနဲ့ အင်ဒိုနီးရှားရဲ့ လူငယ်မျိုးဆက်တွေကို စိတ်အားထက်သန်စေနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားကို လာရောက်မယ့် နိုဘယ်ဆုရှင်တွေထဲမှာ စီးပွားရေးသိပ္ပံ၊ ငြိမ်းချမ်းရေး၊ ဆေးပညာ၊ ရူပဗေဒနဲ့ ဓာတုဗေဒ စတဲ့ နိုဘယ်ဆုတွေ ဆွတ်ခူးထားသူအများစု ပါဝင်မှာဖြစ်ပါတယ်။

    Ref: IINA