News @ M-Media

Author: Ko Lay

  • အစိုးရဟက်ကာများ တိုက်ခိုက်မှုအတွက် Google က ပုံစံအသစ်ဖြင့် သတိပေးမည်

    အစိုးရဟက်ကာများ တိုက်ခိုက်မှုအတွက် Google က ပုံစံအသစ်ဖြင့် သတိပေးမည်

    မတ် ၂၈၊ ၂၀၁၆
    M-Media

    google

    – အစိုးရကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အသုံးပြုသူတွေရဲ့ ဂျီမေးလ်အကောင့် သို့မဟုတ် ကွန်ပျူတာတွေကို တိုက်ခိုက်မှုပြုလာတဲ့အခါ စာမျက်နှာပြည့် သတိပေးချက်ကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ Google က ကြေငြာလိုက်ပါတယ်။

    ဒါဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ အိုင်ဖုန်းကို lock ဖွင့်ပေးရေးကိစ္စနဲ့ပတ်သက်ပြီး Apple ကုမ္ပဏီကို FBI ကနေ ဖိအားပေးပြီးတဲ့နောက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အဲဒီကိစ္စမှာ Google က Apple ရဲ့ ရပ်တည်ချက်ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။

    Google ဟာ အရင်ကလည်း အစိုးရကျောထောက်နောက်ခံပြု  ဟက်ကာတွေဟာ အသုံးပြုသူတွေရဲ့အကောင့်ကို ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ပြုလုပ်ခဲ့ကာ အခုတစ်ခါမှာတော့ စာမျက်နှာ တစ်ခုလုံးအပြည့် ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

    “ယနေ့မှာတော့ အသုံးပြုသူတွေအနေနဲ့ ဘယ်လို လုံခြုံအောင်ပြုလုပ်ရမလဲဆိုတာနဲ့ ပက်သက်ပြီး ညွှန်ကြားချက်တွေနဲ့အတူ စာမျက်နှာပြည့် သတိပေးချက်အသစ်တစ်ခုကို ထုတ်လွှင့်လိုက်ပါပြီ။ လက်ရှိတွေ့နေရတဲ့ ပုံစံအစား သတိပေးချက် ပုံစံအသစ်တွေကို တွေ့မြင်ရတော့မှာပါ” ဟု G-mail လုံခြုံရေးအင်ဂျင်နီယာ နီကိုလက်စ် လစ်ဒ်ဘောစကီးနဲ့ Jigsaw အင်ဂျင်နီယာ ဂျိုနသန် ပီဗာနက်တို့က ဂူးဂဲလ်လုံခြုံရေးဆိုင်ရာဘလော့ဂ်မှာ ကြာသာပတေးနေ့က ရေးသားခဲ့ပါတယ်။

    အရင်တုန်းကတော့ ဂူးဂဲလ်အသုံးပြုသူတွေအနေနဲ့ ဂျီမေးလ်စာမျက်နှာ အပေါ်ဘက်နားလေးမှာ “အစိုးရထောက်ပံ့ထားတဲ့ တိုက်ခိုက်သူတွေက သင့်ရဲ့အကောင့် သို့မဟုတ် ကွန်ပျူတာကို တိုက်ခိုက်ဖို့ကြိုးစားနေပြီလို့ ကျွန်တော်တို့ယူဆပါတယ်” ဆိုတဲ့ စာကြောင်းနဲ့ သတိပေးခဲ့တာပါ။

    တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေဟာ အစိုးရကျောထောက်နောက်ခံပြု ဆိုက်ဘာတိုက်ခိုက်မှုတွေကို အများဆုံး ခံရလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလိုတိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကတော့ G-mail အသုံးပြုသူတွေရဲ့ ၀.၁ ရာခိုင်နှုန်းသာ ရှိပါတယ်။

    ပြီးခဲ့တဲ့လကတည်းက ဂူးဂဲလ်အနေနဲ့ G-mail အသုံးပြုသူတွေရဲ့ ပေးပို့တဲ့ သို့မဟုတ် လက်ခံတဲ့ မက်ဆေ့ခ်ျတွေမှာ လုံခြုံအောင် encrypt မလုပ်ထားဘူးဆိုရင် တတိယအစုအဖွဲ့တွေက အလွယ်တကူထိုးဖောက်နိုင်တယ်ဆိုတာ အသုံးပြုသူတွေကို သတိပေးချက်တွေ ပြုလုပ်ခဲ့ပါတယ်။

    တကယ်လို့ မက်ဆေ့ခ်ျကို လုံခြုံအောင် encrypt မလုပ်ထားဘူးဆိုရင် အီမေးလိပ်စာမှာ ကျိုးပဲ့နေတဲ့အနီရောင်သော့ခလောက်ပုံလေးကို တွေ့မြင်ရမှာဖြစ်ပြီး ပေးပို့သူရဲ့ ဓာတ်ပုံမှာလည်း မေးခွန်းအမှတ်အသားလေးပေါ်နေမှာ ဖြစ်ပါတယ်။

    Ref: RT

  • ပရီးမီးယားလိဂ်အသင်းများက စိတ်ဝင်စားနေသည်ဟု အီဘရာဟီမိုဗစ် ပြော

    ပရီးမီးယားလိဂ်အသင်းများက စိတ်ဝင်စားနေသည်ဟု အီဘရာဟီမိုဗစ် ပြော

    မတ် ၂၈၊ ၂၀၁၆
    M-Media

    psg

    – ပရီးမီးယားလိဂ်ရှိ အသင်းများမှာ မိမိအား ခေါ်ယူရန် စိတ်ဝင်စားမှုများ ရှိနေပြီး ဆက်သွယ်မှုလည်း ရှိနေသည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    အီဘရာဟီမိုဗစ်၏ စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပရီးမီးယားလိဂ်မှ မန်ယူ၊ အာဆင်နယ်နှင့် ချယ်ဆီးတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “စိတ်ဝင်စားတဲ့အသင်းတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော် အတည်ပြုပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးလိဂ်ပါ။ သတင်းတွေမှာ ဦးစားပေး အဖော်ပြခံရဆုံး လိဂ်ပါ။ ဒါပေမယ့် အချိန်တန်ရင်တော့ ကျွန်တော်က အလိုရှိတာကို ဆုံးဖြတ်သွားမှာပါ။ ဒါက လက်ထပ်မှုလိုပါပဲ။ နှစ်ဖက်စလုံးက ပျော်ရွှင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင်မူ ပီအက်စ်ဂျီအတွက်သာ အာရုံစိုက်ထားသော်လည်း ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်မှာ မှန်ကန်ကြောင်းလည်း ၎င်းက အတည်ပြုပြောဆိုခဲ့သည်။

    Ref: Goal

  • ပါကစ္စတန်အရှေ့ပိုင်းတွင် တာလီဘန်က အသေခံဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    ပါကစ္စတန်အရှေ့ပိုင်းတွင် တာလီဘန်က အသေခံဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    မတ် ၂၈၊ ၂၀၁၆
    M-Media

    paki 2

    – ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ ပန်းခြံတစ်ခုတွင် ယမန်နေ့က အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ပြီး လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မိသားစုများနှင့် ကလေးငယ်များ အပန်းဖြေလေ့ရှိသည် အဆိုပါ ပန်းခြံတွင် ခရစ်ယာန်ဘာသာဝင်များက အီစတာပွဲတော် ကျင်းပရန် ဆောင်ရွက်နေကြသည့်အချိန်တွင် အသေခံဗုံးခွဲသမားတစ်ဦးက ယမန်နေ့ညနေပိုင်း ၇ နာ ရီဝန်းကျင်ခန့်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

    ပါကစ္စတန်တာလီဘန်၏ အဖွဲ့ခွဲဖြစ်သည့် ဂျမာအတ်-အူလ်-အဟ်ရာရ်ကမူ ထိုတိုက်ခိုက်မှုကို ၎င်းတို့က ပြုလုပ်ခြင်းဖြစ်ပြီး ခရစ်ယာန်များကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ ပေါက်ကွဲအား ပြင်းထန်သောကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ၀ါဇီရစ္စတန်မြောက်ပိုင်းတွင် အခြေစိုက်သည့် တာလီဘန်များမှာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိနေပြီး ထိခိုက်ခံစားရသူအများစုမှာ မွတ်စလင်များဖြစ်ကြသည်။

    Ref: Aljazeera

  • အီရန်က ဒုံးကျည်ပိုင်ဆိုင်မှုကို တိုးမြှင့်သွားမည်

    အီရန်က ဒုံးကျည်ပိုင်ဆိုင်မှုကို တိုးမြှင့်သွားမည်

    မတ် ၂၇၊ ၂၀၁၆
    M-Media

    iran
    – မိမိတို့တိုင်းပြည်အနေဖြင့် စစ်ဖက်ဆိုင်ရာ လက်နက်များ ပိုင်ဆိုင်မှုကို ပိုမိုတိုးမြှင့်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ယမန်နေ့က ပြောကြားလိုက်ပြီး အီရန်၏ တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်နှင့် ဆက်စပ်သည်ဟုဆိုကာ ကုမ္ပဏီနှစ်ခုကို အမေရိကန်က ပိတ်ပင်မှုကို တုံ့ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ဇာရစ်ဖ်က မိမိတို့၏ ဒုံးကျည်စွမ်းရည်ကို မြှင့်တင်ရာတွင် အကန့်အသတ်ထားမည်မဟုတ်ဘဲ ထိုကဲ့သို့ ဒုံးကျည်ထုတ်လုပ်သည့် အစီအစဉ်မှာ နျူကလီးယားလက်နက် သဘောတူညီချက်မှာ ဘာမှမဆိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့က ဒုံးကျည်စွမ်းအား မြှင့်တင်ရေးနဲ့ ပြန်လည်တုံ့ပြန်သွားမှာပါ” ဟု ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်သို့ ရောက်ရှိနေသည့် ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက အီရန်သမ္မတ ရူဟာနီမှာ နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည် တိုးတက်ရေးအတွက် ဒုံးကျည်အမျိုးမျိုးကို ထုတ်လုပ်ရေး မြှင့်တင်ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီး ဟူစိန်ဒေကန်အား အမိန့်ပေးခဲ့ပြီး ၃ လအကြာတွင် တာဝေးပစ်ဒုံးကျည်များဖြစ်သော Qadr နှင့် Qiam တို့ကို စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။

    ထိုဒုံးကျည်ထုတ်လုပ်မှုကို မကျေနပ်သောကြောင့် အမေရိကန်မှာ ဒုံးကျည်အစီအစဉ်တွင် ပါဝင်ခဲ့သည် ကုမ္ပဏီနှစ်ခုအား သောကြာနေ့က အမည်ပျက်စာရင်းသွင်းခဲ့သည်။

    အီရန်က မိမိတို့၏ ဒုံးကျည်အစီအစဉ်မှာ အနောက်နိုင်ငံများနှင့် ချုပ်ဆိုထားသည့် နျူသဘောတူညီချက်တွင် မပါဝင်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများကမူ ထိုထုတ်လုပ်မှုမှာ ကုလ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • ပြောင်းရွှေ့အခြေချသူများအပေါ် ဥရောပ၏တုန့်ပြန်မှုကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

    ပြောင်းရွှေ့အခြေချသူများအပေါ် ဥရောပ၏တုန့်ပြန်မှုကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

    မတ် ၂၇၊ ၂၀၁၆
    M-Media

    – ရွှေ့ပြောင်းအခြေချသူတွေအပေါ် ဥရောပရဲ့ ဆက်ဆံမှုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရှုတ်ချလိုက်ပြီး ခွဲခြားမှုရှိနေကာ၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားစိတ် ပျောက်ဆုံးနေတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    သောကြာနေ့က ကျရောက်ခဲ့တဲ့ Good Friday အတွက် ၀တ်ပြုဆုတောင်းမှု အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလုပ်တဲ့ ကက်သလစ်ဘုန်းကြီးတွေ၊ လက်နက်ရောင်းချတဲ့နိုင်ငံတွေနဲ့ အခြေခံဝါဒီတွေကိုလည်း ထည့်သွင်း ရှုတ်ချခဲ့ပါတယ်။

    ကမ္ဘာ့အသိုင်းအ၀ိုင်းအနေနဲ့ ဒုက္ခသည်တွေအတွက် တံခါးဖွင့်ထားဖို့နဲ့ နိုင်ငံခြားသားကြောက်ရွံ့မှု (xenophobia) ကိုလည်း တိုက်ထုတ်ဖို့လည်း ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။

    နောက်ပြီး အကြမ်းဖက်မှုလုပ်ရပ်တွေကို ကျူးလွန်သူတွေဟာ ဘုရားသခင်ရဲ့ နာမတော်ကို ညှိုနွမ်းစေတာဖြစ်ပြီး သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် မြင့်မြတ်တဲ့ ဘာသာတရားတွေရဲ့ အမည်နာမကို အလွဲသုံးစားလုပ်နေကြတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ ကြာသာပတေးနေ့က ဒုက္ခသည်စခန်းတစ်ခုကို သွားရောက်ခဲ့ပြီး မွတ်စလင်၊ အော်သိုဒေါ့စ်၊ ဟိန္ဒူနဲ့ ကက်သလစ် ပြောင်းရွှေ့အခြေချသူတွေကိုရဲ့ ခြေထောက်တွေကို Good Friday အထိမ်းအမှတ်ဖြစ် နမ်းရှုံ့ကာ ရေနဲ့ ဆေးကြောပေးခဲ့ပြီး ဘရပ်ဆဲလ်နဲ့ ပဲရစ်တိုက်ခိုက်မှုတွေကြောင့် မွတ်စလင်ဆန့်ကျင်ရေး၊ ရွှေ့ပြောင်းအခြေချသူများ ဆန့်ကျင်ရေး ဖြစ်နေခိုက်မှာ ၎င်းတို့ကို ကြိုဆို၊ အားပေးတဲ့ အမူအရာကို ပြသခဲ့ပါတယ်။

    Ref: IINA