မတ် ၂၉၊ ၂၀၁၆
M-Media

– လူ့အဖွဲ့အစည်းကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် အလုပ်ကျွေးပြုဖို့နဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှု အယူဝါဒတွေရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေအကြောင်း အသိပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်က ဂျူးတွေနဲ့ မွတ်စလင်တွေဟာ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဟီလီယာ့ဒ်မြို့က နူရ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အမေရိကန်သမ္မတလောင်းတွေရဲ့ လတ်တလော ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေးမှတ်ချက်တွေ၊ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်တွေနဲ့ ဂျူးတွေအပေါ် ခွဲခြားဆက်ဆံခဲ့တဲ့သမိုင်းတွေ၊ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေနဲ့ အခြားသော အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ကိုလံဘတ်ဂျူးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူ ဂေါ်ဒွင် ဟက်ကာက “ကျွန်ုပ်တို့ အားလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ မွတ်စလင်တွေ၊ ဂျူးတွေ ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဟာ အမေရိကန်တွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
နူရ်အစ္စလာမ့်ယဉ်ကျေးမှုစင်တာက ဘုတ်အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ဖာရူကီ မဂျစ်ကတော့ အခုလတ်တလော ကြားနေမြင်နေရတဲ့ နိုင်ငံရေးနဲ့နွယ်တဲ့ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်တွေကြောင့် အိုဟိုင်းယိုးအလယ်ပိုင်းက ဘာသာစုံလူ့အဖွဲ့စည်းမှာ စည်းလုံးမှုတွ ရရှိလာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်ရဲ့ အမည်နာမကို အလွဲသုံးစားပြုကာ လုပ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန် ကြောက်စိတ်ဝင်နေတာကိုလည်း နားလည်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရွန်နေး အေဘာဇာကတော့ နူရ်အစ္စလာမ့်ယဉ်ကျေးမှုစင်တာဟာ ဂျူးအဖွဲ့တွေနဲ့ ကိစ္စတော်တော်များများကို လက်တွဲဆောင်ရွက်နေပြီး အဲဒီလို ပူးပေါင်းဆောင်ရွက်ခြင်းက နိုင်ငံခြားသားကြောက်ရောဂါနဲ့ အမုန်းတရားတွေကို တွန်းလှန်ဖို့ အင်အားအရှိဆုံး နည်းလမ်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Ref: IINA








