News @ M-Media

Author: Ko Lay

  • ရီပက်ဘလစ်ကန် သမ္မတလောင်းအတွက် အိုင်အိုဝါ မဲပေးမှုအတွင်း် လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့် ရှုံးနိမ့်

    ရီပက်ဘလစ်ကန် သမ္မတလောင်းအတွက် အိုင်အိုဝါ မဲပေးမှုအတွင်း် လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့် ရှုံးနိမ့်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    cruz
    အိုင်အိုဝါတွင် ထရမ့်အား အနိုင်ရခဲ့သည့် တဒ် ခရုဇ်

    – အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် ရီပက်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်ပွဲတွင် မက္ကဆီကိုများ၊ လူမည်းများ၊ မွတ်စလင်များနှင့် မသန်စွမ်းသူများအား နှိမ့်ချစော်ကားပြောဆိုခဲ့သည့် သန်းကြွယ်သူဌေး ဒေါ်နယ်ထရမ့်မှာ တက်ဒ် ခရုဇ်အား ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။

    တက္ကဆက်ပြည်နယ်မှ ကွန်ဆာဗေးတစ် နိုင်ငံရေးသမားဖြစ်သူ ခရုဇ်မှာ မဲအရေအတွက် ၂၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ထရမ့်မှာ ၂၄ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    “ဒီညဟာ အိုင်အိုဝါနဲ့ ကြီးကျယ်တဲ့ ဒီနိုင်ငံတစ်ဝှမ်းက ရဲရင့်တဲ့ ကွန်ဆာဗေးတစ်တွေရဲ့ အောင်ပွဲပါပဲ။ ရီပက်ဘလစ်ကန်ရဲ့ သမ္မတလောင်းကို မီဒီယာ၊ အစိုးရ၊ လော်ဘီသမားတွေက ရွေးချယ်တာမဟုတ်ဘဲ စိတ်ချရဆုံး၊ ပါဝါအာဏာအရှိဆုံး အမေရိကန်ပြည်သူတွေက ရွေးချယ်တယ်ဆိုတာကို အိုင်အိုဝါက သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ” ဟု ခရုဇ်က အနိုင်ရပြီးနောက် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

    ဖလော်ရီဒါမှ အထက်လွှတ်တော် အမတ်ဖြစ်သူ မာကို ရူဘီယိုက မဲအရေအတွက် ၂၃ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရှိခဲ့သည်။

    ဒီမိုကရက်တစ်ပါတီအတွက် ယှဉ်ပြိုင်မှုအတွင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဗားမောင့်ပြည်နယ်မှ ဆန်းဒါးစ်ကို နှာတစ်ဖျားအသာဖြင့် အနိုင်ရရှိခဲ့သည်။ ဟီလာရီက မဲအရေအတွက် ၄၉.၈ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်ပြီး ဆန်းဒါးစ်က ၄၉.၆ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်သည်။

    အိုင်အိုဝါတွင် ယခုပြုလုပ်ခဲ့သည့် ပါတီကြီးနှစ်ခု၏ သမ္မတလောင်းရွေးချယ်ပွဲမှာ နောက်ဆုံး ရွေးချယ်မှုမဟုတ်သော်လည်း လာမည့် မဲဆွယ်မှုများအတွက် အရေးပါသည့် အင်အားတစ်ခု ဖြစ်စေခဲ့ခြင်းလည်း ဖြစ်သည်။ သမ္မတလောင်းရွေးချယ်ရန် ဆန္ဒပြုမှုကို အခြားသောပြည်နယ်များတွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ နယူးဟမ့်ရှိုင်းယားပြည်နယ်တွင် ပြုလုပ်မည့် မဲပေးမှုမှာ အရေးပါသည့် အလှည့်အပြောင်း ဖြစ်မည်ဖြစ်သည်။

    Ref: Aljazeera

  • ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    winger 3

    – ဖလား ၃ လုံးအောင်ပွဲ ရရှိချင်ပါက အသင်းမှာ တည်ငြိမ်ရမည်ဖြစ်ပြီး၊ ရာသီကုန်အထိ ယခုခြေစွမ်းမျိုး ဆက်ရှိနေရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်တွင် တတိယနေရာ၌ ရှိနေပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၃ မှတ်သာ ကွာဟသည်။ FA ဖလားတွင်လည်း ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ ရောက်ရှိနေသည်။ ၀င်းဂါးကမူ အသင်းမှာ ယခုနှစ်အတွင်း ဖလား ၃ လုံးအား စိန်ခေါ်နိုင်ရန် လုံးလောက်သည့် အခြေအနေမျိုး ရှိနေပြီး ထိပ်ဆုံးခြေစွမ်းတွင် တည်ငြိမ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ပြိုင်ပွဲ ၃ ခုမှာ ကစားနေရတာဟာ သိပ်တော့ မလွယ်ပါဘူး။ ဖလား ၃ လုံးစလုံးရနိုင်လားလို့ ခင်ဗျားမေးလာရင်တော့ နည်းနည်း မတူဘူးပေါ့လေ။ လွန်လွန်ကျွံကျွံပြောရရင်တော့ ဖလား ၃ လုံး ရနိုင်ပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာမျိုး မရှိဖို့နဲ့ ခြေစွမ်းကောင်းတွေကို အဆက်မပြတ် ပြနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ်လိုမျိုး၊ ဘာစီလိုနာလိုမျိုး အသင်းတိုင်းရဲ့အထက်မှာ ရှိရမှာပေါ့လေ။ ခက်တော့ခက်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    OIC

    – သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက် (IMA) နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မဲလ်ဘုန်းက Deakin တက္ကသိုလ်မှာ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အိုအိုင်စီအတွင်းရေးမှူးချုပ် အီယဒ် အာမီန်း မဒနီလည်း တက်ရောက်ခဲ့ပါတယ်။

    IMA ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းနေတဲ့ မွတ်စ်တာဖာ ဖာဟိုရ်က ပြတိုက်ရဲ့ အရေးပါတဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အကျဉ်းချုံး ဖော်ပြခဲ့ပြီး သြစလေးလျမှာရှိတဲ့ ဘာသာစုံလူမျိုးစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ပေးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ပြတိုက်ရဲ့ အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

    အဲဒီ အစ္စလာမ့်ရေးရာပြတိုက်ကို ၂၀၁၂ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မဒနီဟာ သြစတေးလျဝန်ကြီးချုပ် မဲကွမ်တန်ဘူလ်၊ ၀န်ကြီးတွေ၊ မြို့တော်ဝန်တွေ၊ အိုအိုင်စီဆိုင်ရာ သြစတေးလျအထူးသံတမန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး မဲလ်ဘုန်းတက္ကသိုလ်မှာရှိတဲ့ အာရဗ်နှင့် အစ္စလာမ့်ရေးရာလေ့လာရေးဌာနမှာလည်း စကားပြောခဲ့ပါတယ်။

    ယခုလည်ပတ်မှုအတွင်း အိုအိုင်စီခေါင်းဆောင်နဲ့အတူ နိုင်ငံတကာအစ္စလာမ့်ဓမ္မသတ်ပညာရှင်များ အတွင်းရေးမှူး ဒေါက်တာ အဗ္ဗဒူဆလမ်အဘာဒီနှင့် အိုအိုင်စီအကြီးတန်းအရာရှိတွေလည်း ပါဝင်ခဲ့ပါတယ်။

    Ref: IINA

  • ပလက်စတစ်အိတ်တွင် ၎င်း၏အမည်ရေးထိုးကာ ၀တ်ဆင်ကစားခဲ့သည့် အာဖဂန်ကလေးငယ်ကို မက်ဆီ တွေ့ဆုံမည်

    ပလက်စတစ်အိတ်တွင် ၎င်း၏အမည်ရေးထိုးကာ ၀တ်ဆင်ကစားခဲ့သည့် အာဖဂန်ကလေးငယ်ကို မက်ဆီ တွေ့ဆုံမည်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    messi

    – ပလက်စတစ်အိတ်တွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ ကျောနံပါတ်နှင့် အမည်ကိုရေးထိုးကာ ၀တ်ဆင်၍ ဘောလုံးကစားခဲ့သည့် အာဖဂန်ကလေးငယ်အား မက်ဆီက တွေ့ဆုံရန် စီစဉ်နေသည်ဟု အာဖဂန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားလိုက်သည်။

    မြို့တော်ကဘူးလ် ဆင်ခြေဖုံးရှိ ဂါဇ်နီဒေသတွင် နေထိုင်သော အသက် ၅ နှစ်အရွယ် မူတာဇာ အဟ်မာဒီဖြစ်ပြီး မက်ဆီအား အရူးအမူး ကြိုက်နှစ်သော်လည်း ဒေသမတည်ငြိမ်သည့်အတွက် မိသားစုမှာ ချို့တဲ့သောကြောင့် မက်ဆီ၏ ဂျာစီကို ၀ယ်ယူဝတ်ဆင်နိုင်သည့် အခြေအနေ မရှိပေ။

    ၎င်း၏ အသက် ၁၅ နှစ်အရွယ် အစ်ကို ဟိုမာယွန်ကမူ ညီဖြစ်သူ၏ဆန္ဒ ပြည့်ဝစေရန် အဖြူနှင့် အပြာစင်းပါဝင်သည့် ပလက်စတစ်အိတ်ဟောင်းတစ်ခုတွင် ဆော့ပင်ဖြင့် မက်ဆီ၏ အမည်နှင့် နံပါတ်တို့ကို ရေးထိုး၍ အဟ်မာဒီအား ၀တ်ဆင်ကာ ဘောလုံးကစားစေခဲ့သည်။ ထိုကဲ့သို့ မက်ဆီအမည်ရေးထိုးထားသည့် ပလက်စတစ်အိတ်အား ၀တ်ဆင်ထားသည့် အဟ်မာဒီ၏ ပုံမှာ ဇန်န၀ါရီလ အလယ်ပိုင်းက အွန်လိုင်းစာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။

    မက်ဆီ၏အဖေဖြစ်သူ ဂျော့ဂ်ျမက်ဆီက ၎င်း၏ သားမှာ ထိုပုံကို တွေ့ရှိသွားခဲ့ပြီးနောက် အဆိုပါ ကလေးငယ်လေးအတွက် တစ်ခုခုဆောင်ရွက်ပေးချင်စိတ် ဖြစ်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာဖဂန်ေmessi 2ဘာလုံးအဖွဲ့ချုပ် AFF ကမူ မက်ဆီမှာ အဟ်မာဒီအား အမြန်ဆုံး တွေ့ဆုံလိုနေသော်လည်း လာရောက်မည့် ရက်အတိအကျကို မသတ်မှတ်ရသေးဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

     

    “အဲဒီကလေးနဲ့တွေ့ဖို့အတွက် မက်ဆီက ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်ခဲ့ပါတယ်” ဟု AFF ပြောရေးဆိုခွင့်ရှိသူ ဆယဒ်အလီ ကာဇီမီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “မက်ဆီက အာဖဂန်လာမှာလား၊ ကလေးကာ စပိန်ကိုသွားမှာလား၊ သူတို့နှစ်ယောက် တတိယနိုင်ငံတစ်ခုခုမှာ တွေ့ကြမှာလားဆိုတာ ချိန်နေပါတယ်”

    ဘာစီလိုနာအသင်းက ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့သော်လည်း ကဘူးလ်မြို့ရှိ စပိန်သံရုံးကမူ ကလေးငယ်နှင့် မက်ဆီတို့ ဥရောပတွင် တွေ့ဆုံနိုင်ရေး အစွမ်းကုန်ကြိုးပမ်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

     

    Ref: Todayonline

  • ဆော်ဒီ ဗိသုကာ နယ်မြေအတွင်း ကျောက်ခေတ်နှင့် ကြေးခေတ် အသုံးအဆောင်များ တွေ့ရှိ

    ဆော်ဒီ ဗိသုကာ နယ်မြေအတွင်း ကျောက်ခေတ်နှင့် ကြေးခေတ် အသုံးအဆောင်များ တွေ့ရှိ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    saudi-franch

    – ဆော်ဒီ-ပြင်သစ် ဗိသုကာရှင်များ ပူးပေါင်းကာ ဆော်ဒီမြို့တော် ရီယာ့ဒ်မှာရှိတဲ့ အလ်ခါ့ဂ်ျဒေသက သမိုင်းဝင်နေရာတွေကို တူးဖော်ရှာဖွေမှုအတွင်း ကျောက်ခေတ်၊ ကြေးခေတ်နဲ့ အဘ္ဘာစစ်ဘုရင်တွေလက်ထက်က ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလိုရှာဖွေတွေ့ရှိမှုကြောင့် ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရေးအတွက် အရေးပါတဲ့နေရာတစ်ခု ဖြစ်လာမှာဖြစ်ပြီး ဆော်ဒီ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းအမွေအနှစ်များဆိုင်ရာ ကော်မရှင် (SCTNH) က တာဝန်ရှိသူ တစ်ဦးကတော့ ရီယာ့ဒ်မြို့တော်ဝန် မင်းသား ဖိုင်ဆယ် ဘင် ဘန်ဒါက ဆော်ဒီ-ပြင်သစ်အဖွဲ့ရဲ့ အလ်ခါ့ဂ်ျ ဒေသမှာရှိတဲ့ အလ်ယမာမာဟ် ရှေးဟောင်းသမိုင်းဝင်နယ်မြေမှာ ဗိသုကာဆိုင်ရာ တူးဖော်ရှာတွေ့မှုတွေကို လက်ခံအသိအမှတ်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    အလ်-ခါ့ဂ်ျဒေသမှာ ရှေးဟာင်းသုတေသနလုပ်ငန်း လုပ်ဆောင်နေတာဟာ ၅ နှစ်ရှိနေပြီဖြစ်ပါတယ်။

    “အဲဒီအချိန်ကာလအတွင်းမှာ တူးဖော်ရေးအဖွဲ့ဟာ အနောက်မြောက် ရှဒီဒါတောင်ကုန်းမှာ ကျောက်ခေတ်လက်ရာတွေကို တွေ့ရှိခဲ့ပြီး အလ်ခရာခ်ျအလယ်လောက်မှာရှိတဲ့ သမိုင်းဝင် အလ်-ဘီနာမှာတော့ ဗလီတစ်လုံးကို တွေ့ရှိခဲ့ပါတယ်” လို့ အဲဒီတာဝန်ရှိသူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗိသုကာပညာရှင်တွေရဲ့အဆိုအရ ယင်းဗလီဝတ်ကျောင်းတော်ဟာ အဘ္ဘာစစ် ဘုရင်တွေလက်ထက်က ဗလီဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရီယာ့ဒ်မြို့ အုပ်ချုပ်ရေးအဖွဲ့၊ အလ်-ခါ့ဂ်ျ စည်ပင်သာယာအဖွဲ့တို့ဟာ SCTNH၊ ရီယာဒ်မြို့တော် ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    အလ်-ခ့ါဂ်ျက ဘုရင်အဘ်ဒူလ်အဇီးဇ် ဘုရင့်နန်းတော်နဲ့ ပတ်ပတ်လည်နေရာကို ပြန်လည်တူးဖော်ကာ သမိုင်းဝင်နေရာတစ်ခု အဖြစ်ပြောင်းလဲသွားဖို့လည်း သူတို့က စီစဉ်နေပါတယ်။

    SCTNH ရဲ့ ဒီလို အားထုတ်ကြိုးပမ်းမှုတွေဟာ ဗိသုကာနေရာတွေကို ရှာဖွေဖော်ထုတ်ပြီး ဆော်ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထုတ်ဖော်ပြသနိုင်ဖို့၊ ရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ဖို့နဲ့ ပြည်သူလူထုကို ပိုမိုချပြနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    Ref: Arabnews