News @ M-Media

Author: Ko Lay

  • နှစ်ကူးပွဲတွင် အသေခံဗုံးခွဲရန်ကြံစည်သူများကို တူရကီ ဖမ်းဆီး

    နှစ်ကူးပွဲတွင် အသေခံဗုံးခွဲရန်ကြံစည်သူများကို တူရကီ ဖမ်းဆီး

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    turkey

    – မြို့တော်အန်ကာရာတွင် ကျင်းပရန်ရှိနေသည့် နှစ်သစ်ကူးပွဲတော်များ၌ အသေခံဗုံးခွဲရန် ကြံစည်နေသော ISအဖွဲ့ဝင်ဟု ယုံကြည်ရသည့် သံသယရှိသူနှစ်ဦးကို တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

    အန်ကာရာမြို့အနီး မားမက်မြို့ရှိ IS အဖွဲ့ဝင်များ ခိုလှုံရာနေရာဟု သံသယရှိသည့် အိမ်တွင် အဆိုပါ လူ ၂ ဦးကို
    ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဗုံးတစ်လုံးနှင့် ပေါက်ကွဲနိုင်သောကိရိယာကို အတွင်းဘက်၌ တပ်ဆင်ထားသည့် အသေခံဗုံးခွဲဝတ်ရုံတစ်ခုနှင့်အတူ ဗုံးလုပ်သည့်ကိရိယာများကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်ဟု အန်ကာရာတရားရုံးက သတင်းထုတ်ပြန်ခဲ့သည်။

    အောက်တိုဘာလတွင် အသေခံဗုံးခွဲသမားနှစ်ဦးမှာ အန်ကာရာမြို့တော် ဘူတာကြီး၏ အပြင်ဘက်တွင် ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြသူ လူအုပ်စုအတွင်း ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။ အဆိုပါဗုံးခွဲမှုတွင် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး တူရကီနိုင်ငံ၏ အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ တရားရုံးကမူ ထိုအသေခံဗုံးခွဲမှုမှာ ပြည်တွင်းရှိ IS အဖွဲ့တစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင်း တူရကီမှာ IS ကို ချေမှုန်းတိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သည့်စစ်ပွဲများ၌ ပိုမို တက်ကြွစွာ ပါဝင်လှုပ်ရှားရန် သဘောတူညီခဲ့သည်။ ဆီးရီးယားရှိ IS အဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်ရန်အတွက် အမေရိကန်လေတပ်စခန်းကို တူရကီက ၎င်းတို့၏မြေတွင် ဖွင့်ခွင့်ပြုထားပြီ တူရကီကိုယ်တိုင်လည်း လေကြောင်းမှ တိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့သည်။

    ထို့ပြင် အကြမ်းဖက်သမားများ မ၀င်ရောက်လာရေးအတွက် ဆီးရီယားနယ်စပ်တစ်လျှောက် ကီလိုမီတာ ၉၀၀ ကို
    လုံခြုံရေးတင်းကြပ်စွာ ချထားခဲ့သည်။

    Source: Agencies

  • တောင်အမေရိကတွင် နှစ် ၅၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဖြစ်

    တောင်အမေရိကတွင် နှစ် ၅၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဖြစ်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    south

    – တောင်အမေရိကတိုက်တွင် နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံးသော ရေကြီးမှုများနှင့် ကြုံတွေ့နေရသောကြောင့် လူပေါင်း ၁၆၀၀၀၀ ကျော်ကို ပြောင်းရွှေ့ နေရာချထားပေးထားရသည်ဟု သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေလျှံမှုများကြောင့် ထိုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ပါရာဂွေးနိုင်ငံတစ်ခုတည်းတွင်ပင် အနည်းဆုံး လူပေါင်း ၁၄၄၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရသည်။ အာဂျင်တီးနားတွင်မူ လူပေါင်း ၂၀၀၀၀ ခန့် ကယ်ဆယ်ခဲ့ရပြီး ဥရုဂွေးနှင့် ဘရာဇီးလ်တို့တွင်မှု ပြောင်းရွှေ့ပေးခဲ့ရသူ အရေအတွက်မှာ ထောင်ချီ၍ ရှိနေသည်။

    အလ်နီညို၏ နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသည့် အဆိုပါ ဘေးအန္တရာယ်ကြောင့် စုစုပေါင်း လူ ၈ ဦး သေဆုံးခဲ့ပြီး ပါရာဂွေးတွင် ၆ ဦးနှင့် ဥရုဂွေးတွင် ၂ ဦးတို့ ဖြစ်ကြသည်။ သေဆုံးရသည့် အကြောင်းအရင်းများတွင် သစ်ပင်ပြုတ်ချခြင်းမှ ဓာတ်လိုက်ခြင်းအထိ ပါဝင်သည်။

    တောင်အမေရိကန်နိုင်ငံများရှိ အာဏာပိုင်များမှာ အဆိုပါဘေအန္တရာယ်ကို ကျော်လွှားရန် ဆောင်ရွက်နေပြီး ခြင်နှင့် မြွေတို့ကဲ့သို့ သတ္တ၀ါများကြောင့် ပြန်နှံ့သည့် ရောဂါများ၏ ခြိမ်းခြောက်မှုများလည်း ရှိနေသည်။

    Ref: Aljazeera

  • လာမည့်နှစ်တွင် ဘာကာ၏ ဆုဖလားရယူလိုမှု လျော့ကျမသွားဟု မက်ဆီပြော

    လာမည့်နှစ်တွင် ဘာကာ၏ ဆုဖလားရယူလိုမှု လျော့ကျမသွားဟု မက်ဆီပြော

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    baca

    – ၂၀၁၅ ခုနှစ်တွင် ဆုဖလား ၅ လုံးအထိ ရရှိခဲ့သော်လည်း မိမိတို့အသင်း၏ ဆုဖလားဆာလောင်မှုမှာ လာမည့်နှစ်တွင်လည်း လျော့ကျသွားမည်မဟုတ်ဟု ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။

    ယမန်နေ့က ရီးယဲလ်ဘက်တစ်အသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာမှာ လာလီဂါ၏ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့သည်။ မက်ဆီအတွက် ထိုပွဲမှာ ဘာစီလိုနာတွင် ပွဲပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကမူ လာမည့်နှစ်တွင် ယခုထက်ပို၍ ပိုမိုအောင်မြင်ချင်နေသည်။

    “ကျွန်တော်တို့လုပ်ခဲ့သလို တိုးတက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဆက်ပြီး နိုင်ပွဲတွေရယူချင်တဲ့ လူစာရင်း ကျွန်တော်တို့မှာ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်ဟာ ကြီးကျယ်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ကလည်း ဒီလိုပဲ အဆုံးသတ်ချင်ခဲ့တာပါ” ဟု မက်ဆီက ဘက်တစ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး အင်္ဂလန်တွင် တည်ဆောက်မည်

    သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး အင်္ဂလန်တွင် တည်ဆောက်မည်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    ecomosque

    – အင်္ဂလန်ရှိ သမိုင်းဝင်မြို့ဖြစ်သော ကမ်းဘရစ်ခ်ျတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ခမ်းနားထည်ဝါစွာ ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    မြို့အတွင်း မြို့ငယ်လေးများရှိ ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုသူများ ပြည့်လျှံလာခဲ့ပြီးနောက် ယခုကဲ့သို့ ဗလီဝတ်ကျောင်းတော်သစ်လုံး တည်ဆောက်ရန်အတွက် ကမ်းဘရစ်ခ်ျမြို့ရှိ အစ္စလာမ်ဘာသာဝင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန်အတွက် ၂၀၀၈ ခုနှစ်တွင်ကတည်းက မြေနေရာဝယ်ထားခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်တစ်ခုထက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် အဆောက်အဦးတစ်ခု ဖြစ်လာစေရန် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ”အစ္စလာမ့်လူ့အဖွဲ့အစည်းဟာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေကို တစ်လွဲမသုံးရေးမှာ အခြေခံပါတယ်။ ဒါ့ကြောင့် ဒီကမ်းဘရစ်ခ်ျမှာ ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်အသစ် ဆောက်လုပ်တဲ့အခါ ဒေသတွင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုအတွက် ရှေ့တန်းကနေ ပါဝင်သွားမှာဖြစ်ပြီး နောက်ဆုံးပေါ် အပူစုပ်ပိုက်တွေ၊ ထိန်းသိမ်းမှု နည်းစနစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အမိုးတွေကို တပ်ဆင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်ရဲ့ ကာဘွန်ထုတ်လွှတ်မှုဟာ လုံးဝ ရှိမှာမဟုတ်ပါဘူး” ဟု ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ အဘ်ဒူလ် ဟာကင်မ်မူရဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ဥရောပတွင် ပထမဆုံး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆိုပြီး မွတ်စလင်နေများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရာများကို ကျေပွန်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်၏ ဒီဇိုင်းအား နာမည်ကျော် ဗိသုကာပညာရှင် မာ့ခ် ဘာဖီးလ်ဒ်က ရေးဆွဲပေးထားသည်။ ဘာဖီးလ်ဒ်မှာ London Eye နှင့် Kew Treetop Walkway တို့ကဲ့သော နာမည်ကျော် အဆောက်အဦးများအတွက် ဒီဇိုင်းဆွဲပေးသူလည်း ဖြစ်သည်။

    ”ဒီဗလီဝတ်ကျောင်းတော်ဟာ အလုံးစုံကောင်းမွန်ပြီး ရေရှည်တည်တံ့ကာ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ ပတ်ဝန်းကျင်က လေးစားလောက်တဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါလိမ့်မယ်” ဟု ဟာကင်မ် မူရဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း အပန်းပြေနားနေနိုင်မည့် ပန်းခြံတစ်ခုကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦး ပတ်ပတ်လည်တွင်လည်း သစ်ပင်များ၊ စက်ဘီးစီးနိုင်အသည့်လမ်းများကို ထည့်သွင်းကာ၊ မြေအောက်တွင် ကားပါကင် ပါဝင်မည်ဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်အတွက် ပေါင် ၁၃ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၀တ်ပြုသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀၀ ကို နေရာပေးနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။ ထို့ပြင် မွတ်စလင်မဟုတ်သည့် လူ့အဖွဲ့အစည်းများပါ အသုံးပြုနိုင်သည့် စာသင်ဆောင်နှင့် အစည်းအဝေးခန်းမများလည်း အဆိုပါဗလီဝတ်ကျောင်းတော်တွင် ပါဝင်မည်ဖြစ်သည်။

    “ဗလီဝတ်ကျောင်းတော်အသစ်ဟာ တကယ်ကို့ စိတ်ချမ်းမြေ့စရာနေရာလေးနဲ့ နာမ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုရရှိတဲ့ နေရာ ဖြစ်လာမှာပါ။ ပြီးတော့ အများပြည်သူသုံး ပို့ဆောင်ရေးစန်နဲ့ရော လမ်းလျှောက်ပြီးတော့ရော လာနိုင်တဲ့နေရာမှာ တည်ဆောက်မှာဖြစ်ပါတယ်” ဟု ဟာကင်မ်မူရဒ်က ဆိုသည်။

    Ref:worldbulletin

  • ပါလက်စတိုင်းများအား အစ္စရေး၏ဖိနှိပ်မှုတွင် ကူညီသည့်အဖွဲ့အစည်းများကို အမေရိကန်နိုင်ငံသားများက တရားစွဲ

    ပါလက်စတိုင်းများအား အစ္စရေး၏ဖိနှိပ်မှုတွင် ကူညီသည့်အဖွဲ့အစည်းများကို အမေရိကန်နိုင်ငံသားများက တရားစွဲ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    aa

    – ပါလက်စတိုင်းပိုင်နက်တွင် ဆောက်လုပ်ထားသော အစ္စရေး၏ ကျူးကျော်အိမ်ရာများနှင့် အစ္စရေးစစ်တပ်တို့အတွက် အကျိုးအမြတ်မယူသည့် အဖွဲ့များက အခွန်မဲ့ ထောက်ပံ့ငွေ ဒေါ်လာ ဘီလီယံနှင့်ချီ ပေးအပ်နေမှုအား ရပ်တန့် ရန်အတွက် အမေရိကန်ကန်နိုင်ငံသား အုပ်စုတစ်စုက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ဒီဇင်ဘာ ၂၁ ရက်နေ့က အမေရိကန်တရားရေးဝန်ကြီးဌာကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ်မယူသည့်အဖွဲ့ ၁၅၀ ခန့်မှာ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အစ္စရေးသို့ ကန်ဒေါ်လာ ဘီလီယံ ၂၈၀ ခန့် ပေးအပ်ခဲ့သည်ဟု ဖေါ်ပြထားသည်။

    ထိုကဲ့သို့ ပေးအပ်မှုများက ပါလက်စတိုင်းများအား ဖိနှိပ်နေသော အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေး၏ ကျူးကျော်အိမ်ယာများ ဆောက်လုပ်မှုကို အထောက်အပံ့ဖြစ်စေသည်ဟု တရားစွဲဆိုမှုတွင် ဖော်ပြ ထားသည်။

    အစ္စရေးသို့ ငွေကြေးဖောက်ပံ့သည့် အဖွဲ့အစည်းများတွင်မှု အမေရိကန် ကာစီနိုသူဌေး ရှဲလ်ဒန် အဒီလ်ဆန်နှင့် အခြားသော အစ္စရေးလိုးလားသည့် စီးပွားရေးသမားများစွာ ပါဝင်သည်ဟု ဆိုသည်။ အမေရိကန်တရားရေးဌာနကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    တရားစွဲဆိုမှုတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ပါလက်စတိုင်း-အမေရိကန် စာရေးဆရာမနှင့် တက်ကြွလှုပ်ရှားသူ
    ဆူဇန် အဘူလ်ဟာဝါကမူ ထိုကဲ့သို့ တရားစွဲဆိုမှုမှာ ပါလက်စတိုင်းပြည်သူများအတွက် တရားမျှတမှုကို ရှာဖွေရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ”အစ္စရေးကို ကူညီတဲ့ အဲဒီအဖွဲ့အစည်းတွေဟာ သူတို့ရဲ့လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် နစ်နာကြေးပေးဖို့ ကျွန်မ အလိုရှိပါတယ်” ဟူ ဆူဇန်က ထည့်သွင်းပြောကြားခဲ့သည်။

    တရားစွဲဆိုမှုအတွင်း အဆိုပါ အကျိုးအမြတ်မယူသည့် အဖွဲ့များမှာ အမေရိကန်နှင့် နိုင်ငံတကာ ဥပဒေများအား အစ္စရေးက ချိုးဖောက်ရာတွင် တိုက်ရိုက်ကူညီနေပြီး၊ အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီကို ထိခိုက်စေကာ ပါလက်စတိုင်းများအား ပစ်မှတ်ထားသည့် မရေမတွက်နိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇ၀တ်မှုများကို အစ္စရေးက ကျူးလွန်ရာတွင် ကူညီပံ့ပိုးပေးနေသည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera