News @ M-Media

Author: Ko Lay

  • ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံ

    ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    korea

    – တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များမှာ မြောက်ကိုရီးယားရှိ ကေဆွန်စက်မှူဇုန်၌ ယနေ့မနက်တွင် တွေ့ဆုံခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများ လျော့ချရေး၊ မူအရ စစ်ဖြစ်ပွားဆဲအခြေအနေတွင် ရှိနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရေးအတွက် ဆွေးနွေးရန် ရည်ရွယ်ခဲ့သည်ဟု သိရသည်။

    အဆိုပါတွေ့ဆုံမှုမှာ နှစ်နိုင်ငံနယ်ခြားရှိ စစ်ကင်းမဲ့ဇုန်တွင် သြဂုတ်လက မြေမြှုပ်မိုင်းများ ပေါက်ကွဲခဲ့ပြီး တင်းမာမှု မြင့်တက်လာပြီးနောက်ပိုင်း ဆောင်ရွက်သည့် ခြေလှမ်းများထဲမှ တစ်ခုလည်းဖြစ်သည်။

    “တန့်နေတဲ့ ပြဿနာတွေကို ညှိနှိုင်းမှုတွေကနေတစ်ဆင့် ချောချောမွေ့မွေ့ ဆွေးနွေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ပြန်လည်ပေါင်းစည်းရေး ဒုတိယ၀န်ကြီး ဟောင်ဘူဂီက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား ဆွေးနွေးညှိနှိုင်းရေး အကြီးအကဲ ဂျွန်ဂျွန်ဆုကလည်း အေးစက်နေသည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို နွေးထွေးလာရေး နှစ်ဖက် အားထုတ်မှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    ယခုတွေ့ဆုံပွဲတွင် သီးသန့်သတ်မှတ်ထားသည့် အစီအစဉ်များ မရှိဘဲ နှစ်နိုင်ငံ မိသားစုများ ပြန်လည်ပေါင်းစည်းရေး ပိုမိုလုပ်ဆောင်သွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟုသာ မျှော်လင့်ရသည်။

    Ref: Channelnewsasia

  • ဝေးလ်မှာ အင်္ဂလန်ကို အနိုင်ကစားနိုင်သည်ဟု ဘေးလ်ပြော

    ဝေးလ်မှာ အင်္ဂလန်ကို အနိုင်ကစားနိုင်သည်ဟု ဘေးလ်ပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    wale

    – လာမည့် ယူရို ၂၀၁၆ တွင် အင်္ဂလန်နှင့် ယှဉ်ပြိုင်ကစားရခြင်းအတွက် မိမိအနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်ဘဲ အင်္ဂလန်အသင်းအား ဝေးလ်က အနိုင်ယူနိုင်မည်ဟု တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ဝေးလ်မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲကို အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ပြီး နှစ်ပေါင်း ၅၈ နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိကပြိုင်ပွဲကြီးတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ယူရို ၂၀၁၆ အုပ်စုမဲခွဲပွဲကို လာမည့်စနေနေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အင်္ဂလန်နှင့်တွေ့ပါက ဝေးလ်မှာ အနိုင်ကစားနိုင်မည်ဟု ဘေးလ်က ယုံကြည်နေသည်။

    “အင်္ဂလန်နဲ့ ကျမယ်ဆိုရင်တော့ ကျွန်တော်တို့ ပျော်ရွှင်မိမှာပါ။ ဘာ့ကြောင့် မပျော်ရမှာလဲ။ အင်္ဂလန်ကို ကျွန်တော်တို့ အနိုင်ကစားနိုင်တယ်လို့ ထင်ပါတယ်။ ပြီးတော့ သူတို့ကို ဖိအားတွေပေးနိုင်မှာပါ။ ဒါပေမယ့် ဘယ်သူနဲ့ ကစားရကစားရ ကျွန်တော်တို့ဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အပေါ်မှာ ဖိအားမရှိပါဘူး။ ပြိုင်ပွဲကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး နိုင်ငံဂုဏ်တက်ဖို့ ကြီုးစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်တာက ဒါပဲဖြစ်ပြီး ပရိတ်သတ်တွေကလည်း ဒါကိုပဲ တောင်းဆိုထားတာပါ” ဟု ဘေးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • သွေလွန်တုပ်ကွေး ကာကွယ်ဆေးကို မက္ကဆီကိုတွင် ပထမဆုံး အသုံးပြုမည်

    သွေလွန်တုပ်ကွေး ကာကွယ်ဆေးကို မက္ကဆီကိုတွင် ပထမဆုံး အသုံးပြုမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    dan

    – အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့တွင် နှစ်စဉ် လူသန်းပေါင်း ၃၉၀ ခန့်အထိ ကူးစက်မှုဖြစ်ပွားသော
    သွေးလွန်တုပ်ကွေးရောဂါပိုး တိုက်ဖျက်ရာတွင် အသုံးပြုရမည့် ကာကွယ်ဆေးများ တရားဝင် လက်ခံရရှိပြီဖြစ်ကြောင်း မက္ကဆီကို ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

    ဖဒရယ် ဆေးဘက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အေဂျင်စီကမူ အဆိုပါ ကာကွယ်ဆေးကို ကမ္ဘာတစ်ဝှမ်းရှိ လူနာ ၂၉၀၀၀ ကျော်အား စမ်းသပ်ထားသည်ဟု ပြောကြားခဲ့သည်။ ဆေးအမည်ကို မက္ကဆီကိုအာဏာပိုင်များက ဖော်ပြခဲ့ခြင်း မရှိသော်လည်း ပြင်သစ်အခြေစိုက် Sanofi Pasteur က Dengvaxia ဆေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံသို့ ရောက်ရှိလာသည့် ထိုကာကွယ်ဆေးများကို သွေးလွန်တုပ်ကွေးရောဂါပိုး အများဆုံးတွေ့ရလေ့ရှိသည့် ဒေသများ၌ အသက် ၉ နှစ်မှ ၄၅ နှစ်အတွင်း ရှိသူများအတွက် ရည်ရွယ်အသုံးပြုသွားမည် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ အဆိုပါကာကွယ်ဆေး၏ ထိရောက်မှုမှာ ပျှမ်းမျှ ၆၅ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။ ဤရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ခုအတွက် နည်းပါးသော ပမာဏဖြစ်သည်။ ၀က်သက်နှင့် ပိုလီယိုကဲ့သို့သော ကာကွယ်ဆေးသည်ပင် ၉၅ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိသည်။

    သို့သော် Dengvaxia ကာကွယ်ဆေးမှာ အထူးသဖြင့် ရောဂါပြင်းထန်မှုမှ ကာကွယ်ပေးပြီး ကိုယ်တွင်း သွေးယိုစီးခြင်း၊ ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်ခြင်းတို့ ဖြစ်ပွားမည့် အန္တရာယ်တို့မှ ထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

    “စမ်းသပ်သုံးစွဲမှုတွေကရရှိတဲ့ အထောက်အထားအရ ကာကွယ်ဆေးထိုးထားသူ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဆေးရုံတက်ပြီးကုသဖို့ လိုမှာမဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် အဓိကလျှော့ချရာမှာ ကျယ်ပြန့်စွာအသုံးပြုဖို့လိုအပ်ပါတယ်” ဟု မဲလ်ဘုန်းတက္ကသိုလ်မှ ပါမောက္ခ ကင်မရွန်ဆင်မွန်က ပြောဆိုခဲ့သည်။

    Ref: Aljazeera

  • အနိုင်ရမည့်ဖော်မြူလာ တွေ့ရှိပြီဟု နယူးကာဆယ်နည်းပြ ပြော

    အနိုင်ရမည့်ဖော်မြူလာ တွေ့ရှိပြီဟု နယူးကာဆယ်နည်းပြ ပြော

    ဒီဇင်ဘာ ၁၁၊ ၂၁၀၅
    M-Media

    news

    – မိမိတို့အသင်းမှာ ပွဲအား အနိုင်ကစားနိုင်မည့် ဖော်မြူလာတစ်ခုကို တွေ့ရှိခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ပုံစံအတိုင်း
    ကစားနိုင်ပါက ပွဲတိုင်းကို အနိုင်ရရှိလိမ့်မည်ဟု နယူးကာဆယ်နည်းပြ စတီဗ် မက္ကလာရင်က ပြောကြားလိုက်သည်။

    လီဗာပူးလ်နှင့် ကစားခဲ့သည့် ထိုပွဲတွင် နယူးကာဆယ်မှာ စကာတယ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှု၊ ဂျော်ဂီနီယို ၀စ်ဂ်ျနာလ်ဒမ်၏ သွင်းဂိုးတို့ဖြင့် ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နယူးကာဆယ်မှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ဇယား၌ အဆင့် ၁၈ နေရာတွင် ရှိနေပြီး ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် စပါးအသင်း၏ အိမ်ကွင်းသို့ သွားရောက်ကစားရမည် ဖြစ်သည်။

    “အနိုင်ရဖို့ အဓိကအကြောင်းအရာတွေထဲက တစ်ခုဟာ အလုပ်ကြိုးစားပြီး၊ အားသွန်ခွန်စိုက်ဖို့ပါ။ ပြီးခဲ့တဲ့တစ်ပတ်က အရာတော်တော်များများ ဖြစ်ပျက်ခဲ့တယ်။ ဒါပေမယ့် အဓိကအကြောင်းအရာကတော့ တည်ငြိမ်မှုနဲ့ နေရာလွတ်တွေအပါအ၀င် လီဗာပူးလ်ကို နေရာတိုင်းမှာ ကျောနိုင်ခဲ့ပါတယ်။ အသင်းက ဒါမျိုးလုပ်နိုင်တာ တိုက်ဆိုင်မှုမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုသာ ထပ်လုပ်နိုင်ရင် ပွဲတွေကိုနိုင်ဖို့ အခွင့်အရေးကောင်း ရှိလာမှာပါ” ဟု မက္ကလာရင်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီဟု မြောက်ကိုရီးကြေငြာ

    ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီဟု မြောက်ကိုရီးကြေငြာ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    north

    – မြောက်ကိုးရီးယားမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်နိုင်ခဲ့ပြီး နျူးကလီယားဒုံးကျည်ထိပ်ဖူးနှင့်အတူ တပ်ဆင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေငြာခဲ့သည်။

    “နျူကလီးယား၊ ဟိုက်ဒရိုဂျင်ဗုံးတွေနဲ့ တိုက်ခိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်နိုင်စွမ်းရှိတဲ့ နျူအင်အားကြီးနိုင်ငံ ဖြစ်လာအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါပြီ” ဟု မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ပြောကြားမှုကို ကိုးကား၍ သတင်းဌာနက ဖော်ပြခဲ့သည်။

    ထို့ပြင် ကင်ဂျုံအန်က “စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေကို တိုးတက်ဖွံဖြိုးအောင် အဆက်မပြတ် လုပ်ဆောင်သွားပါမယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါ ကြေငြာမှုမှာ မြို့တော်ပြုံးယမ်ရှိ စစ်ဘက်ဆိုင်ရာလက်နက် အဆင့်မြှင့်တင်ရေးစက်ရုံသို့ ယမန်နေ့က ကင်ဂျုံအန် သွားရောက်စစ်ဆေးပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    သို့သော်လည်း လက်ရှိအချိန်အထိ မြောက်ကိုးရီးယားသည် ဟိုက်ဒရိုဂျင်ဗုံးတီထွင်ပြုလုပ်နိုင်ကြောင်း အတည်မပြုနိုင်သေးပေ။တောင်ကိုးရီးယား ကျွမ်းကျင်ပညာရှင်များကမူ မြောက်ကိုးရီးယားမှာ ဟိုက်ဒရိုဂျင်ဗုံး တီထွင်ပြုလုပ်နိုင်လောက်သည့် သိပ္ပံဆိုင်ရာ အသိပညာ လုံလုံလောက်လောက် မရှိနိုင်သေးသည့်အတွက် ယင်းကိစ္စမှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    “နျူးကလီးယားဗုံး အသေးစား ထုတ်လုပ်မှုကိုတောင် မအောင်မြင်သေးတဲ့ မြောက်ကိုးရီးယားမှာ ဟိုက်ဒရိုဂျင်ဗုံးထုတ်နိုင်တဲ့ နည်းပညာရှိတယ်ဆိုတာ ဘယ်လိုမှ မယုံနိုင်ပါဘူး”

    ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် မြောက်ကိုးရီးယားသည် နျူးကလီးယားလက်နက်များ ဖန်တီးနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းကြေညာချက်ကို နိုင်ငံတကာအဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချခဲ့သည်။ မြောက်ကိုးရီးယားသည် နျူးကလီးယား မြေအောက်စမ်းသပ်မှုများ ပြုလုပ်နေသည်မှာ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၃ ခုနှစ်အထိ သုံးကြိမ်ရှိပြီ ဖြစ်သည်။

    Ref: RT