News @ M-Media

Author: Ko Lay

  • အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ သွားရောက်မည်

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ သွားရောက်မည်

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယ၏နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မား ဆွာရဂ်ျသည် အာဖန်ဂန်နစ္စတန်နိုင်ငံနှင့် ပတ်သက်၍ ပြုလုပ်မည့် နိုင်ငံတကာ ညီလာခံကို တက်ရောက်ရန်အတွက် ပါကစ္စတန်သို့ သွားရောက်မည်ဟု သိရသည်။

    “ဆူရှ်မားဆွာရဂ်ျ ဦးဆောင်တဲ့ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၉ ရက်နေ့ အစ္စလာမ်မာဘက်မှာပြုလုပ်မယ့် အာဖဂန်နစ္စတန်ဆိုင်ရာ ၅ ကြိမ်မြောက် အာရှဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာပါ’ ဟု နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗွီကပ်စ်ဆွာရပ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဆွာရဂ်ျမှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆာတက်ဂ်ျ အဇစ်နှင့် အစည်းအဝေးပြင်ပတွင် တွေ့ဆုံသွားဖွယ် ရှိနေပြီး ထိုတွေ့ဆုံမှုမှာ နှစ်နိုင်ငံတင်းမာမှုများအတွက် အဓိကတိုးတက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ တနင်္ဂနွေနေ့ကလည်း ဘန်ကောက်တွင် အိန္ဒိယ-ပါကစ္စတန် အမျိုးသားလုံခြုံရေး အကြံပေးအဆင့် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

    အိန္ဒိယမှ အဂျစ် ဒိုဗဲလ်နှင့် ပါကစ္စတန်မှ နစီးရ်းခန်းတို့၏ အဆိုပါဆွေးနွေးပွဲအပြီး ထုတ်ပြန်သော ကြေငြာချက်၌ မိမိတို့မှာ ငြိမ်းချမ်းရေးအကြောင်း၊ လုံခြုံရေးအကြောင်း၊ အကြမ်းဖက်မှုများအကြောင်း၊ ဂျမ်မူးနှင့် ကရှ်မီးယားအကြောင်း၊ LoC (ထိန်းချုပ်ရေးလမ်းကြောင်း) တစ်လျှောက် တည်ငြိမ်အေးချမ်းမှုများ ရှိရေး အပါအ၀င် အခြားကိစ္စများလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

    အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရီးဖ်နှင့် ပဲရစ်တွင်ကျင်းပခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ပြီးနောက် အမျိုးသားလုံခြုံရေး အကြံပေးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်

    Ref: Xinhua

  • မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ထားမှုကို အမေရိကန် ယာယီပြန်ဖွင့်ပေး

    မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ထားမှုကို အမေရိကန် ယာယီပြန်ဖွင့်ပေး

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    yangon

    – မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ကုန်သွယ်ရေး ပိတ်ဆို့မှုများကို ယာယီဖွင့်ပေးလိုက်ပြီဟု အမေရိကန်ပြည်ထောင်စု နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန၏ ငွေတိုက်ဌာနခွဲမှ ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင် စစ်အာဏာရှင်ဟောင်းလက်ထက်တွင် ကြွယ်ဝလာခဲ့သည့် ခရိုနီများ ပိုင်ဆိုင်သော ဆိပ်ကမ်းလုပ်ငန်းများ၊ အခြားသော အခြေခံအဆောက်အဦးများနှင့် ဆက်သွယ်၍ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာယီဖွင့်ပေးမှုမှာ ၆ လတာ ကြာမြင့်မည် ဖြစ်သည်။

    အမေရိကန် ဘဏ်လုပ်ငန်းများက ၎င်းတို့မှာ မူယစ်လုပ်ငန်းများနှင့် ဆက်နွယ်နေသည်ဟူသော သတင်းများကြောင့် အမည်ပျက်စာရင်းသွင်းထားသည့် စတီဗင်လော၏ ကုမ္ပဏီက ဆောင်ရွက်နေသော ရန်ကုန်မြို့ အဓိကဆိပ်ကမ်းကြီးကို ဖြတ်၍ ကုန်သွယ်မှုများကို လုပ်၍မရဟု စောဒတက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ ပိတ်ဆို့မှုကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

    အမေရိကန်အစိုးရ တာဝန်ရှိသူများကမူ ထိုကဲ့သို့ ပိတ်ဆို့မှုများကို ဖြေလျော့ပေးလိုက်ခြင်းက အမေရိကန်ဘဏ်များ၏ လုပ်ရကိုင်ရခက်မှုကို ရှင်းလင်းပေးလိုက်ဖြင်းဖြစ်ပြီး၊ ပိတ်ဆို့မှုအား ချိုးဖောက်မိမည်ကို စိုးရိမ်ခြင်းနှင့် မလိုအပ်သော ကုန်ကျစားရိတ်များ ဖြစ်လာမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ကိုင်ခြင်း မရှိမှုကို တားဆီးရန်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ထိုကဲ့သို့ ဖယ်ရှားခြင်းမှာ နောက်ပြန်ဆုတ်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

    စစ်အာဏာရှင်လက်ထက်တွင် ပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချင်အများအပြားကို ၂၀၁၂ ခုနှစ်တွင် အမေရိကန်က ဖြေလျော့ပေးခဲ့သော်လည်း စစ်အာဏာရှင်နှင့် ဆက်နွယ်နေသည့် အကြီးတန်းတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများကို အမည်ပျက်စာရင်းထဲတွင် ဆက်လက် ထည့်သွင်းထားခဲ့ကာ အမေရိကန်၏ ဘဏ္ဍာရေးစနစ်အတွင်း ပိုင်ဆိုင်မှုများမရှိရန် ဟန့်တားခြင်း၊ အမေရိကန်ကုမ္ပဏီများနှင့် အလုပ်လုပ်ကိုင်မှုအား တားမြစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ထိုကဲ့သို့ ပိတ်ဆို့ခြင်းခံထားရသော ကုမ္ပဏီများနှင့် စစ်တပ်ပိုင် ကုမ္ပဏီများမှာ မဖွံ့ဖြိုးသေးသည့် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လမ်းတံတားလုပ်ငန်းများကို အဓိက ထိန်းချုပ်ထားကြသည်။

    Ref: AP

  • ဘာကာ နိုင်ပွဲရပ်တန့်သွားခဲ့ပြီး ထိပ်ဆုံးနေရာ အကြိတ်အနယ်ရှိလာတဲ့ လာလီဂါပွဲစဉ် ၁၄

    ဘာကာ နိုင်ပွဲရပ်တန့်သွားခဲ့ပြီး ထိပ်ဆုံးနေရာ အကြိတ်အနယ်ရှိလာတဲ့ လာလီဂါပွဲစဉ် ၁၄

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာတော့ ဘာစီလိုနာက ဆွာရက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် နိုင်ပွဲရပ်တန့်သွားခဲ့ပါတယ်။

    နောက်ဆုံး ၅ ပွဲ ၁၆ ဂိုးအထိ သွင်းထားနိုင်တဲ့ ဘာကာတိုက်စစ်ဟာ ဗလင်စီယာရဲ့ ခံစစ်ကားပုံ ညက်ညောမှုကြောင့် ထိထိရောက်ရာက် ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ ၅၉ မိနစ်မှာမှ ဧည့်သည်တို့ ဦးဆောင်ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ ဆန်တီ မီနာက ချေပဂိုး သွင်းပေးခဲ့တာကြောင့် အိမ်ရှင်တို့ အဖိုးတန် ၁ မှတ် ရရှိခဲ့ပါတယ်။

    ဘကာရဲ့ အမှတ်ဆုံးရှုံးမှုကို ရီးယဲလ်နဲ့ အက်သလက်တီကိုတို့က အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ နိုင်ပွဲမရသေးတဲ့ ဂီတာဖေးကို ဘာနေဗျူးမှာ ရီးယဲလ်တို့ BBC အတွဲရဲ့ ၄ ဂိုးနဲ့ နှိပ်ကွပ်ပြခဲ့ပါတယ်။ ဘန်ဇီမာက ၂ ဂိုး သွင်းခဲ့ပါတယ်။

    ဘာစီလိုနာကို တောက်လျှောက် ဖိအားလိုက်ပေးနေတဲ့ အက်သလက်တီကိုက ဂေါ့ဒင်နဲ့ ဂရီဇ်မန်းတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃ မှတ်ရအောင် ယူနိုLaliga 2င်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ သရေပွဲ ၅ ပွဲအထိရှိခဲ့ပြီး တန်းဆင်းဇုန်မှာတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။
    ဒီတစ်ပတ်လာလီဂါ ပွဲစဉ် ၁၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ် ၄-၁ ဂီတာဖေး
    ဂရန်နာဒါ ၀-၂ အက်သလက်တီကို
    ဗလင်စီယာ ၁-၁ ဘာစီလိုနာ
    ဒီပို့တီဗို ၁-၁ ဆီးဗီးလား
    ဘက်တစ် ၁-၁ ဆဲလ်တာဗီဂို
    ဆိုစီဒက် ၂-၁ အိုက်ဘာ
    ဗီလာရီးယဲလ် ၂-၁ ဗယ်လက်ကာနို
    စပို့တင်းဂီဂျွန် ၃-၁ လက်စ်ပါးလ်မက်စ်
    ဘီဘာအို ၀-၀ မာလာဂါ
    အက်စပန်ညို ၁-၁ လီဗန်တေး

  • အမေရိကန်တွင် ဆယ်စုနှစ်တစ်ခုအတွင်း HIV ကူးစက်မှုနှုန်း ကျဆင်းသော်လည်း လိင်တူချစ်သူများတွင် ကူးစက်မှု  မြင့်တက်

    အမေရိကန်တွင် ဆယ်စုနှစ်တစ်ခုအတွင်း HIV ကူးစက်မှုနှုန်း ကျဆင်းသော်လည်း လိင်တူချစ်သူများတွင် ကူးစက်မှု မြင့်တက်

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    hiv

    – အမေရိကန်တွင် ဆယ်စုနှစ်တစ်ခုအတွင်း HIV ကူးစက်မှုနှုန်း လျော့ကျခဲ့သော်လည်း ထိုလျော့ကျမှုမှာ ဖြစ်ပွားမှုများသည့် အုပ်စုတိုင်းတွင် မဟုတ်ဟု သိရသည်။

    နိုင်ငံတစ်ဝန်း HIV ပိုး ကူးစက်မှုများသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းခန့်လျော့ကျခဲ့သည်။ သို့သော်လည်း ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာနကမူ လိင်တူချစ်သူများ၊ လိင်တူ၊ လိင်ကွဲနှစ်မျိုး ဆက်ဆံသူများနှင့် အမေရိကန်တောင်ဘက်ပိုင်းတွင် နေထိုင်သူများတွင် ကူးစက်မှုလျော့နည်းခြင်း မတွေ့ရဟု ဆိုသည်။

    နိုင်ငံလုံးဆိုင်ရာ HIV/AIDS စင်တာမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာဂျိုနသန် မာရ်မင်က HIV ကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်းခန့်သည် ယောင်္ကျားအချင်းချင်း လိင်တူဆက်ဆံသူများ ဖြစ်ပြီး မူးယစ်ဆေးထိုးသွင်းသူများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း HIV ပိုး ကူးစက်ခံရသူများ၏ ၂၄ ရာခိုင်နှုန်းမှာ လက်တင်နွယ်ဖွား မိန်းမလျာများနှင့် လိင်တူ၊ လိင်ကွဲ နှစ်မျိုးစလုံးကို ခုန်မင်သူများဖြစ်ပြီး၊ လူဖြူမိန်းမလျာများနှင့် လိင်တူ၊ လိင်ကွဲ ခုံမင်သူများတွင်မူ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

    လူမည်း မိန်းမလျာများနှင့် လိင်တူ၊ လိင်ကွဲခုံမင်သူများတွင် HIV ပိုး ကူးစက်မှုမှာ ၂၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ၂၀၁၀ မှစ၍ ထိုပမာဏမှာ ရပ်တန့်သွားသည်။

    အမေရိကန်လူဦးရေ၏ သုံးပုံတစ်ပုံခန့်နေထိုင်ရာဖြစ်သော တောင်ပိုင်းပြည်နယ်များတွင် ၂၀၁၂ တစ်နှစ်တည်း၌ HIV ကူးစက်သူ စုစုပေါင်းပမာဏ၏ ၄၄ ရာခိုင်နှုန်းခန့်ရှိကြောင်း စာရင်းများအရ သိရသည်။ တောင်ပိုင်းတွင်ရှိသော HIV ဝေဒနာရှင်များသည် အခြားနေရာများထက် သေဆုံးနှုန်း သုံးဆ ပိုမိုများပြားခဲ့သည်။

    ထို့ပြင် တောင်ပိုင်းရှိ HIV ဝေဒနာရှင်များက ၎င်းတို့မှာ ရောဂါပိုး ကူးစက်ခံနေရခြင်းကို မသိရှိသည်က များကြောင်း၊ ထိုကဲ့သို့ သိရှိမှသာလျှင် မိမိကိုယ်တိုင်နှင့် တခြားသူများအတွက်ပါ ကာကွယ်နိုင်မည်ဖြစ်ပြီး အလျင်အမြန်ကုသမှု ခံယူနိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဂျနီဖာကိတ် က ပြောကြားခဲ့သည်။

    ‘ကူးစက်ခံရတာ သိသိချင်း တန်ပြန်တိုက်ခိုက်တဲ့ ဗိုင်းရပ်စ် ထည့်သွင်းကုသနည်းနဲ့ အလျင်အမြန် ကုသသင့်ပါတယ်’ ဟု ကိတ်က ဆိုသည်။

    “တောင်ပိုင်းမှာရှိတဲ့ ပြည်သူတွေဟာ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဆင်းရဲမွဲတေမှု၊ ပညာရည်နိမ့်ကျမှု၊ ကြည့်ရှုစောင့်ရှောက်မယ့် အုပ်ထိန်းသူတွေ မရှိတာ၊ HIV မဟုတ်ဘဲ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ အခြားရောဂါတွေ ဖြစ်ပွားမှုနှုန်း မြင့်တက်တာတွေ အပါအ၀င် လူမှုစီးပွားရေးပြဿနာတွေ၊ ထိရောက်တဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု မရှိတာတွေ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • အမေရိကန်တွင် လူနှစ်ဦး အရှင်လတ်လတ် မီးရှို့ခံရ

    အမေရိကန်တွင် လူနှစ်ဦး အရှင်လတ်လတ် မီးရှို့ခံရ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် စကားများရာမှတစ်ဆင့် အရှင်လတ်လတ်မီးရှို့မှုကြောင့် လူ ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အတူအလုပ်လုပ်ကိုင်သူ ၄ ဦးမှာ ကားနှစ်စီးဖြင့် မောင်းနှင်လာကြစဉ် ၀ှိုက်မာရှ်ဒေသရှိ အဝေးပြေးလမ်း၌ တစ်စီးမှာ ဆီကုန်သွားသောကြောင့် ဆီဖြည့်ပြီးနောက် အချင်းချင်း စကားများခဲ့ကြခြင်း ဖြစ်သည်။

    ထို့နောက် ၎င်းတို့ထဲမှ အသက် ၂၈ နှစ်အရွယ် ခရစ္စတိုဖာ ဟာရစ္စန်ဆိုသူက လုပ်ဖော်ကိုင်ဖက်နှစ်ဦးအား ဓာတ်ငွေ့ဖြင့်ဖြန်းကာ မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထို့အဖြစ်အပျက်အား အခြား လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဒေးဗစ်ဝိုက်ဒနာက ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်။ ၀ိုက်ဒနာကမူ ၎င်းမှာ ရန်ဖြစ်မှုကို မှတ်တမ်းတင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မီးရှို့ခံရသူ ၂ ဦးအနက် တစ်ဦးမှာ ခန္ဓာကိုယ်၏ ၉၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ပြီး၊ အခြားတစ်ဦးမှာ ၅၀ ရာခိုင်နှုန်း မီးလောင်ခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။

    ရဲတပ်ဖွဲ့ကမူ ဟာရစ္စန်အား ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည့် စုံစမ်စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။

    Ref: CNNs