ဒီဇင်ဘာ ၇၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် စကားများရာမှတစ်ဆင့် အရှင်လတ်လတ်မီးရှို့မှုကြောင့် လူ ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အတူအလုပ်လုပ်ကိုင်သူ ၄ ဦးမှာ ကားနှစ်စီးဖြင့် မောင်းနှင်လာကြစဉ် ၀ှိုက်မာရှ်ဒေသရှိ အဝေးပြေးလမ်း၌ တစ်စီးမှာ ဆီကုန်သွားသောကြောင့် ဆီဖြည့်ပြီးနောက် အချင်းချင်း စကားများခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ၎င်းတို့ထဲမှ အသက် ၂၈ နှစ်အရွယ် ခရစ္စတိုဖာ ဟာရစ္စန်ဆိုသူက လုပ်ဖော်ကိုင်ဖက်နှစ်ဦးအား ဓာတ်ငွေ့ဖြင့်ဖြန်းကာ မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထို့အဖြစ်အပျက်အား အခြား လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဒေးဗစ်ဝိုက်ဒနာက ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်။ ၀ိုက်ဒနာကမူ ၎င်းမှာ ရန်ဖြစ်မှုကို မှတ်တမ်းတင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မီးရှို့ခံရသူ ၂ ဦးအနက် တစ်ဦးမှာ ခန္ဓာကိုယ်၏ ၉၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ပြီး၊ အခြားတစ်ဦးမှာ ၅၀ ရာခိုင်နှုန်း မီးလောင်ခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။
ရဲတပ်ဖွဲ့ကမူ ဟာရစ္စန်အား ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည့် စုံစမ်စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။
Ref: CNNs


Leave a Reply
You must be logged in to post a comment.