News @ M-Media

Author: Ko Lay

  • လီဗာပူးလ် ယူရိုပါ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည့်အတွက် ကလော့ပ် ကျေနပ်

    လီဗာပူးလ် ယူရိုပါ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည့်အတွက် ကလော့ပ် ကျေနပ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    liver

    – အသင်းမှာ ဘော့ဒိုးအား အနိုင်ကစားကာ ယူရိုပါ ရှုံးထွက်ဆင့်ကို တက်ရောက်သွားသည့်အတွက် မိမိအနေဖြင့် အလွန်ပျော်ရွှင်မိသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က အန်ဖီးလ်၌ကစားခဲ့သည့် ထိုပွဲတွင် လီဗာပူးလ်မှာ ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း ဂျိမ်းစ် မီလာ၏ ချေပဂိုးနှင့် ဘန်တီကီ၏ အနိုင်ဂိုးများဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် အုပ်စု B တွင် တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း လီဗာပူးလ်မှာ ရမှတ် ၉ မှတ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။

    “ရှုံးထွက်အဆင့် တက်သွားတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အသင်းကလည်း တော်တော် ကျေနပ်နေကြပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့လည်း ပျော်နိုင်ပါတယ်။ အုပ်စုထိပ်ဆုံးနဲ့ အဆုံးသတ်ရတာ အရေးကြီးပါတယ်။ နောက်တစ်ဆင့်မှာ အသင်းကောင်းတွေသာ ရှိမှာဖြစ်တာကြောင့် အုပ်စုထိပ်ဆုံးနေရာက သိပ်တော့ အရေးမပါဘူး” ဟု ပွဲအပြီး သတင်းစာရှင်းလင်ပွဲတွင် ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘောဇဆက်သွယ်ရေးကုမ္ပဏီက မြန်နှုန်းမြင့် ဂျူပီတာဂြိုဟ်တုစနစ်ကို သုံးမည်

    ကမ္ဘောဇဆက်သွယ်ရေးကုမ္ပဏီက မြန်နှုန်းမြင့် ဂျူပီတာဂြိုဟ်တုစနစ်ကို သုံးမည်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    myan

    ကမ္ဘောဇကုမ္ပဏီများအုပ်စု၏ ဌာနခွဲတစ်ခုဖြစ်သည့် ကမ္ဘောဇဆက်သွယ်ရေးသည် မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့် ကွန်ယက်အသစ်အတွက် လမ်းကြောင်းတစ်ခုအဖြစ် ဂျူပီတာစနစ်ကို ရွေးချယ်ထားပြီဖြစ်သည်။

    ယခုအခါ တပ်ဆင်ပြုလုပ်နေဆဲဖြစ်သည့် ဂျုပီတာ မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ထိန်းချုပ်ရေး စခန်းများကို KU နှင့် C ဂြိုဟ်တုချိတ်ဆက်မှုများဖြင့် လုပ်ငန်းလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းကြီးများ၊ စားသုံးသူပြည်သူများနှင့် ဆက်သွယ်ရေးလုပ်ငန်းများကို မြန်နှုန်းမြင့် အင်တာနက်လိုင်း ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်။

    “ဒီဟာက ကုမ္ပဏီနှစ်ခုပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ကျွန်တော်တို့နိုင်ငံအတွက် နည်းပညာတိုးတက်ရေးမှာ ပေါင်းကူးတံတားတစ်ခု ဖြစ်လာမှာပါ” ဟု ကမ္ဘောဇဆက်သွယ်ရေးအမှုဆောင်ချုပ် စတီဖိန်းလာမိုရုစ်က ပြောကြားလိုက်သည်။

    ဆက်လက်ပြီး “‘ဒါက အသစ်အဆန်းတော့မဟုတ်ပါဘူး၊ ဒီနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ သုံးစွဲသူတွေအတွက် အလွန်အရေးကြီးတဲ့ ၀န်ဆောင်မှုမျိုးဖြစ်ပြီး မြန်နှုန်းမြင့်ထောက်ပံ့ခြင်းအားဖြင့် မြန်မာပြည်ဆက်သွယ်ရေးစနစ်ကို ပိုမိုကြီးထွားအောင်မြင်စေဖို့ မောင်းနှင်အားတစ်ခုပဲဖြစ်ပါတယ်” ဟု ဆိုသည်။

    ဂျူပီတာစနစ်သည် အလွန်ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည်ဖြစ်ပြီး၊ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်နိုင်မည့် ဂြိုဟ်တုကွန်ယက် ဖြစ်သည့်အပြင် လာမည့်မျိုးဆက်ကိုလည်း စဉ်ဆက်မပြတ်သော တိုးတက်ရေးလမ်းကြောင်းပေါ် တင်ဆောင်နိုင်မည်ဖြစ်သည်။

    Ref: Stallitetoday

  • ပါလက်စတိုင်းတို့ ငြှင်းပမ်းနှိပ်စက်ခံရသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် အစ္စရေးက Google၊ YouTube တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့

    ပါလက်စတိုင်းတို့ ငြှင်းပမ်းနှိပ်စက်ခံရသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် အစ္စရေးက Google၊ YouTube တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးလွှတ်တော်မှ အဖွဲ့ဝင်ဖြစ်ပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ တီဇီပီ ဟိုတိုဗီလီမှာ ယခုသီတင်းပတ်အတွင်း YouTube နှင့် Goolge တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကာ အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသော ပါလက်စတိုင်း ပိုင်နက်များမှ ပါလက်စတိုင်းများ ရိုက်ကူးလွှင့်တင်သည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန်ကိစ္စအတွက် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ရှာဖွေရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အစ္စရေးနေ့စဉ်သတင်းစာဖြစ်သော Maariv က ဟိုတိုဗီလီမှာ Google နှင့် YoutTube တို့မှ တာဝန်ရှိသူများ ပါဝင်ကာ လှုံ့ဆော်သည်ဟု အစ္စရေးကသတ်မှတ်သော ပါလက်စတိုင်းတို့၏ ဖော်ပြမှုများကို “စောင့်ကြည့်၊ တားဆီးခြင်း” ပူးပေါင်းလုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။ ပါလက်စတိုင်းတို့အား အစ္စရေးက ဖိနှိပ်ချုပ်ချယ်မှု၊ ငြှင်းပမ်းနှိပ်စက်မှုများ ဗီဒီယိုမှတ်တမ်းများကို ဟိုတိုဗီလီက “တိုက်ခိုက်မှုနှင့် အကြမ်းဖက်ဝါဒ” ကို လှုံ့ဆော်သည့် အရာများဟု သမုတ်ခဲ့သည်။

    ဟီဘရူးဘာသာဖြင့် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဟိုတိုဗီလီက သူမမှာ YouTube စီအီးအို ဆူဆန် ၀ူဂ်ျစစ်ကီ၊ Google ၏ ပြည်သူ့ပေါ်လစီဒါရိုက်တာ ဂျနီဖာ အော့ဇစ်စကီးတို့နှင့် ဆီလီကွန်တောင်ကြားရှိ ဂူးလ်ဂဲလ်၏ ရုံးခန်းတွင် တွေ့ဆုံခဲ့သည်ဟု ကြေငြာခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း ပါလက်စတိုင်းများ၏ ဗီဒီယိုများအား အဆိုပါကုမ္ပဏီများက စောင့်ကြည့်ရန်အတွက် လုပ်ငန်းစဉ်တစ်ခုကို သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။ ပါလက်စတိုင်းများကို အစ္စရေးက ငြှမ်းပမ်းနှိပ်စက်သည့် ဗီဒီယိုများမှာ ပါလက်စတိုင်းလူငယ်များ အုံကြွကာ ဓားဖြင့် တိုက်ခိုက်မှုများကို ဖြစ်စေသည်ဟု သူမက ဆိုသည်။

    Google ကမူ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့် အပြန်အလှန် ဆက်ဆံရေးကို အားကောင်းစေရန်နှင့် လွှင့်တင်ထားသည့် ဗီဒီယိုများကို စောင့်ကြည့်ရေးနှင့် ဆင်ဆာဖြတ်ရေးတွင် နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ ပါဝင်ကာ ဆောင်ရွက်နိုင်မည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ကို တည်ဆောက်ရန် သဘောတူညီခဲ့သည်ဟု ဟိုတိုဗီလီက ထည့်သွင်းပြောကြားခဲ့သည်။

    စက်တင်ဘာလက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးစစ်သားများနှင့် ဂျူးအခြေချနေထိုင်သူများက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    ထိုဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားများနှင့် အရာရှိများက ပါလက်စတိုင်းများအား ဒဏ်ရာအနာတရ ဖြစ်အောင်လုပ်ကာ ရားလက်လွတ် သတ်ဖြတ်မှုများအပါအ၀င် ပါလက်စတိုင်းတို့အပေါ် အစ္စရေးက ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများအပြားမှာ အင်တာနက်စာမျက်နှာတွင် ပေါ်ထွက်လာခဲ့ပြီးနောက် အစ္စရေးက ယခုကဲ့သို့ ဆင်ဆာဖြတ်ရန် ကြိုးစားခြင်းဖြစ်သည်။

    အစ္စရေးက Google၊ YouTube တို့နှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်စိုးရိမ်စကာကောင်းသည့် ကိစ္စတစ်ခုဖြစ်ပြီး ဂျာနယ်လစ်များကလည်း ထိုဆောင်ရွက်မှုမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကာ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။

    အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် ၀င်ရောက်သတင်းရယူလိုသည့် နိုင်ငံခြားသတင်းထောက်များမှာ အစ္စရေးစစ်တပ်တွင် မှတ်ပုံတင်ကြရပြီး၊ ၎င်းတို့ရိုက်ကူးသမျှကိုလည်း အစ္စရေးစစ်တပ်၏ ဆင်ဆာဌာနတွင် စစ်ဆေးဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခွင့် ရကြသည်။

    သို့သော်လည်း နည်းပညာများ တိုးတက်လာပြီး ဆိုရှယ်မီဒီယာများ ခေတ်စားလာချိန်တွင် ပါလက်စတိုင်းများနှင့် အခြားသောပြည်သူများမှာ အစ္စရေး၏ ငြှင်းပမ်းနှိပ်စက် တိုက်ခိုက်မှုများကို အရှိအတိုင်း တင်ပြခွင့်ရလာကြသည်။

    အစ္စရေးကမူ ၎င်းတို့၏ ကျူးလွန်ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် နည်းလမ်းများကို ရှာဖွေနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

    Ref: IMEMC

  • မာလီအကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူများကို အာဏာပိုင်များ ဖမ်းဆီး

    မာလီအကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူများကို အာဏာပိုင်များ ဖမ်းဆီး

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    mali

    – ယခုလအစောပိုင်းက မာလီနိုင်ငံ မြို့တော် ဘာမာကိုရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို ၀င်ရောက်စီးနင်းကာ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးလိုက်သည်ဟု မာလီ လုံခြုံရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုကမူ တိုက်ခိုက်သူတစ်ဦး၏ မိုဘိုင်းဖုန်းများမှ ရရှိသော အချက်အလက်များကို အခြေခံကာ အဆိုပါသံသယရှိသူများကို စစ်ကြောရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

    ၎င်းတို့ထဲမှတစ်ဦးမှာ တိုက်ခိုက်သူများနှင့် သြဂုတ်လကတည်းက အဆက်အသွယ်ရှိပြီး အခြားတစ်ဦးကမူ ဖုန်းငွေဖြည့်ပေးခဲ့သည်ဟု သိရသည်။ ဧည်သည့်ပေါင်း ၁၇၀ ခန့်ကို ဓားစာခံလုပ်ကာ စီးနင်းခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦး၊ တိုက်ခိုက်သူ ၂ ဦးတို့ အပါအ၀င် လူပေါင်း ၂၀ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    rooney

    – အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသည့် မန်ယူတိုက်စစ်မှူး ရူနီမှာ ခေါင်းဆောင်မှုစွမ်းရည်မရှိဟု အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရှုတ်ချလိုက်ပြီး WWE နပန်းပွဲတွင် နပန်းသမားအား ပါးရိုက်ခဲ့သည့်အတွက်လည်း ဝေဖန်လိုက်သည်။

    ယနေ့မနက်တွင် ပီအက်စ်ဗီအသင်းအား ဂိုးမရှိသရေ ကျခဲ့ပြီးနောက် ဗန်ဂါးလ်၏မန်ယူမှာ အုပ်စုအဆင့်မှ တက်ရေးအတွက် မသေချာတော့ပေ။ ရူနီမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ မန်ယူအတွက် နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။

    “၀ိန်းဟာ စိတ်တည်ငြိမ်မှုမရှိသလို၊ ခေါင်းဆောင်မှု အရည်အချင်းလည်း မရှိပါဘူး။ ဒါပေမယ့် သူတစ်ယောက်တည်း အပြစ်ရှိတာတော့ မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်မှာ ၀ိန်းရဲ့ သမိုင်းကိုကြည့်ရင်တော့ မယုံနိုင်စရာပါပဲ။ ဂိုးသွင်းနှုန်းကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် အခုတော့ သူက အသင်းခေါင်းဆောင်ဖြစ်နေပြီး တာဝန်ခံနိုင်မှု ပိုရှိရပါမယ်။ ပြီးတော့ သူဟာ တော်တော်လေး ပိုလုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် နပန်းသမားတစ်ဦးအား ပါးရိုက်မှုနှင့် ပတ်သက်၍လည်း ရွိုင်ကိန်းက “ကွင်းပြင်ပမှာ ဘာတွေလုပ်လဲ ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် ကစားသမားအချို့ကိုလောက်ပဲ မေးခွန်းထုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က သူ (ရူနီ) ဟာ နပန်းသမားတစ်ယောက်ပို ပါးရိုက်လိုက်တယ်။ ‘ဘာ့ကြောင့် သူ ဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေလုပ်လဲ’ ဆိုပြီး ကျွန်တော် စဉ်းစားပါတယ်။ သူ့အတွက် ဘာမှ အကျိုးမရှိဘူးလေ” ဟု ဝေဖန်ပြောကြားခဲ့သည်။

    Ref: Goal