News @ M-Media

Author: Ko Lay

  • ယခုနှစ် Ballon d’Or ဆုကို မက်ဆီရမည်ဟု ရော်နယ်ဒိုပြော

    ယခုနှစ် Ballon d’Or ဆုကို မက်ဆီရမည်ဟု ရော်နယ်ဒိုပြော

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    rnal

    – ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီသာ ရရှိမည်ဟု ခရစ္စတီယာနို ရော်နယ်ဒိုက ၀န်ခံပြောကြားလိုက်ပြီး မိမိအနေဖြင့် အနာဂတ်တွင် ထိုဆုအား ရယူနိုင်ရန် ယုံကြည်ချက်ရှိနေသည်ဟု ဆိုသည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ ကြိမ်စလုံး ထိုဆုကို ရရှိခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီက ခြေစွမ်းပြကာ ဘာစီလိုနာအသင်းနှင့် ဖလား ၃ လုံးရရှိခဲ့သည့် မက်ဆီက ၂၀၁၅ Ballon d’Or ဆုအတွက် ရော်နယ်ဒိုထက် ပို၍ ရေပန်းစားနေသည်။

    “ဒီလိုဆုမျိုးဟာ မဲအရေအတွက်ပေါ်မှာ မူတည်ပြီး၊ မက်ဆီကလည်း အောင်ပွဲအလီလီ ရယူထားနိုင်ပါတယ်။ သူဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေကိုလည်း ရရှိထားပါတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်အရဆိုရင်တော့ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ အကောင်းဆုံးရာသီကို ကျွန်တော် ရရှိခဲ့ပါတယ်။ ဥရောပမှာလည်း ဂိုးအများဆုံးသွင်းသူ ဖြစ်ထားပါတယ်။ ကျွန်တော်တို့ ၂ ယောက်စလုံးဟာ ပြီးခဲ့တဲ့ ၈ နှစ်လုံးလုံး ဖီဖာရဲ့ ဒီဆုမှာ လွှမ်းမိုးထားပါတယ်။ အရင်က ဘယ်သူမှ ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့သာ ရှိတာပါ။ ဒါကြောင့် ဒါဟာ ကောင်းပါတယ်။ ကျွန်တော်ဟာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ပေမယ့် ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတော့ ရှိပါတယ်” ဟု ရော်နယ်ဒိုက
    ပြောကြားခဲ့သည်။

    Ref: Goal

  • လက်ဘနွန်တွင် IS က အသေခံ ဗုံးခွဲမှုများ ပြုလုပ်

    လက်ဘနွန်တွင် IS က အသေခံ ဗုံးခွဲမှုများ ပြုလုပ်

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    lebanon

    – လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ် တောင်ဘက်ရှိ ရှီအာအများစု နေထိုင်ရာဒေသတွင် ယမန်နေ့က အသေခံဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး IS အဖွဲ့က ၎င်းတို့လက်ချက်ဟု ပြောကြားလိုက်သည်။

    လူစည်ကားနေသည့်အချိန်တွင် ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုများကြောင့် အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဗုံးပေါက်ကွဲခဲ့သည့် ဘာ့ဂ်ျ အလ်-ဘာရာဂျန်ဒေသမှာ ဈေးဆိုင်များနှင့် ကော်ဖီဆိုင်များဖြင့် စည်ကားသော နေရာဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ခဲ့သည်။

    လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့မှာ ဆီးရီးယားတွင် IS အဖွဲ့အား တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယခုဗုံးပေါက်ကွဲမှုမှာ ၎င်းတို့အဖွဲ့အား IS က သတိပေးခြင်းဖြစ်သည်ဟု ဆန်းစစ်သူများက ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုဘာကလည်း မိမိတို့အနေဖြင့် အကြမ်းဖက်သမားများကို ဆက်လက် ဆန့်ကျင် တိုက်ခိုက်သွားမည်ဟု
    ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပါရာဂွေးတွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    ပါရာဂွေးတွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    paraguay

    – လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ပါရာဂွေးနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Ciudad del Este တွင် အကြီးဆုံး ဗလီဝတ်ကျောင်းတော်တစ်ခုကို နိုဝင်ဘာ ၉ ရက် တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး ပါရာဂွေးသမ္မတ ဟိုရာဇာစီယို မန်နျူယဲလ် ကာတက်စ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

    အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံရေးသမားများနှင့် နိုင်ငံရပ်ခြားမှ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။ Al-Khulafa Al-Rashidin အစ္စလာမ့်စင်တာ အလယ်တွင် ဆောက်လုပ်ထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ကန်ဒေါ်လာ ၁ သန်းခန့် ကုန်ကျခဲ့သည်။

    ပါရာဂွေးနိုင်ငံ၏ ၁၉၉၂ အခြေခံဥပဒေအရ နိုင်ငံတစ်ဝှမ်းတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ၇ သန်းသောလူဦးရေတွင် ခရစ်ယာန်ကက်သလစ်ဘာသာဝင် အများစုဖြစ်ကာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၀.၀၂ ရာခိုနှုန်း ရှိသည်။

    Ref: IINA News

  • နိုင်ဝင်ဘာ ၁၂ ရက်နေ့တွင် UEC မှ ကြေငြာသည့် ရွေးကောက်ပွဲ အနိုင်ရသူများ စာရင်း

    နိုင်ဝင်ဘာ ၁၂ ရက်နေ့တွင် UEC မှ ကြေငြာသည့် ရွေးကောက်ပွဲ အနိုင်ရသူများ စာရင်း

    ည ၉ နာရီတွင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များစာရင်း
    ==================
    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    n 1

    – နိုဝင်ဘာ ၉ ရက်နေ့ ည ၉ နာရီမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ဟာ ပြည်သူ့လွှတ်တော်နေရာ ၃၁ နေရာနဲ့ အမျိုးသားလွှတ်တော်နေရာ ၁၇ နေရာတို့အတွက် အနိုင်ရစာရင်းများကို ကြေငြာခဲ့ပါတယ်။

    ပြည်သူ့လွှတ်တော်

    ပြည်သူ့လွှတ်တော်နေရာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၅ ဦး၊ တအောင်း(ပလောင်) အမျိုးသားပါတီမှ ၂ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ၁ ဦး၊ လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁ ဦးတို့က အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

    အမျိုးသားလွှတ်တော်

    အမျိုးသားလွှတ်တော် နေရာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး အနိုင်ရရှိခဲ့ပါတယ်။

    နိုဝင်ဘာ ၁၂ ရက်နေ့ စုစုပေါင်း

    နိုဝင်ဘာ ၁၂ ရက်နေ့အတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာခဲ့တဲ့ အနိုင်ရရှိသူ ကိုယ်စားလှယ် အရေအတွက်ကတော့ ပြည်သူ့လွှတ်တော်အတွက် ၅၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၅၀ ဦးနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ၁၆၆ ဦးတို့ ဖြစ်ပါတယ်။

    ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ UEC မှ ယခုအချိန်ထိ အနိုင်ရရှိသည့်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ပြည်သူ့လွှတ်တော် (၂၇၄) နေရာ
    —————————–
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် – ၂၁၇ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ – ၂၈ ဦး ၊
    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) – ၁၂ ဦး
    ရခိုင်အမျိုးသားပါတီ – ၄ ဦး
    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ – ၃ ဦး
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၂ ဦး
    ဝ ဒီမိုကရက်တစ်ပါတီ – ၁ ဦး
    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ – ၁ ဦး
    ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ – ၁ ဦး
    တအောင်း(ပလောင်) အမျိုးသားပါတီ – ၃ ဦး
    လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) – ၁ ဦး
    တစ်သီးပုဂ္ဂလ ၁ ဦး

    အမျိုးသားလွှတ်တော် (၁၃၁) နေရာ၊
    ————————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၁၁၀ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ – ၁၂ ဦး ၊
    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၃ ဦး
    ရခိုင်အမျိုးသားပါတီ – ၂ ဦး
    မွန်အမျိုးသားပါတီ – ၁ ဦး
    ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၁ ဦး
    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ – ၁ ဦး
    တစ်အောင်း(ပလောင်) အမျိုးသားပါတီ – ၁ ဦး
    တစ်သီးပုဂ္ဂလ ၁ ဦး၊
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
    .
    တိုင်း/ပြည်နယ် လွှတ်တော် (၄၉၄) နေရာတွင်
    —————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) – ၃၈၂ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၅၄ ဦး ၊
    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၂၆ ဦး
    တစ်အောင်း(ပလောင်) အမျိုးသားပါတီ – ၆ ဦး
    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ – ၆ ဦး
    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၃ ဦး၊
    ရခိုင်အမျိုးသားပါတီ – ၃ ဦး
    ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ – ၁ ဦး
    ဝ ဒီမိုကရက်တစ်ပါတီ – ၂ ဦး
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၂ ဦး
    မွန်အမျိုးသားပါတီ – ၂ ဦး
    ကရင်ပြည်သူ့ပါတီ – ၁ ဦး
    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ – ၁
    ဒီမိုကရက်တစ်ပါတီ (မြန်မာ) – ၁ ဦး
    ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ – ၁ ဦး
    လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ – ၁ ဦး
    စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) – ၁ ဦး
    တစ်သီးပုဂ္ဂလ – ၁ ဦးတို့ ဖြစ်ပါတယ်။

  • အစ္စရေးက ပါလက်စတိုင်းရှိ ဆေးရုံထဲသို့ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်

    အစ္စရေးက ပါလက်စတိုင်းရှိ ဆေးရုံထဲသို့ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်ရှိ အလ်-အဟ်လီဆေးရုံသို့ အစ္စရေးကွန်မန်ဒိုများမှာ ယနေ့တွင်
    ရုပ်ဖျက်၍ ၀င်ရောက်စီးနင်းခဲ့ကာ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

    သေဆုံးသွားသူမှာ အဘ်ဒူလာ အလ်-ရှာလာဒက်ရှ်ဖြစ်ပြီး ၂၁ ဦးပါသော အစ္စရေးတပ်ဖွဲ့က ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ၎င်း၏ ၀မ်းကွဲညီအစ်ကို အက်ဇမ် အလ်-ရှာလာလ်ဒက်ရှ်အား ဖမ်းဆီးရန် ဆောင်ရွက်စဉ် တားမြစ်မှုအတွက် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ အစ္စရေးစစ်တပ်မှာ အဘ်ဒူလာအား ၅ ချက် ပစ်ခတ်ခဲ့သည်။

    အဇ်ဇမ်မှာလည်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ခွဲစိတ်ကုသရန် ဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အဘ်ဒူလာဟ် သေဆုံးပြီးနောက် အဇ်ဇမ်အား ရုပ်ဖျက်ထားသော အဆိုပါ စ္စရေးကွန်မန်ဒိုအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

    အလ်-အဟ်လီ ဆေးရုံမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဂျီဟတ် ရှာဝါရ်ကမူ အစ္စရေးတပ်ဖွဲ့များမှာ ဒေသစံတော်ချိန် ယနေ့မနက် ၃ နာရီခန့်တွင် ဆေးရုံသို့ ၀င်ရောက်လာကြပြီး ၎င်းတို့ထဲမှာ တစ်ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟန် ဆောင်ထားသည်ဟု ပြောကြားခဲ့သည်။

    pla 2
    လုံခြုံရေးကင်မရာမှ တွေ့ရသည့် အစ္စရေးတပ်ဖွဲ့များ

    “သူတို့ဟာ အဇ်ဇမ် အလ်-ရှာလာလ်ဒက်ရှ် ကုသနေတဲ့ ခွဲစိပ်ဆောင်ကို တန်းသွားခဲ့ပါတယ်” ဟု ဒေါက်တာရှာဝါရ်က ပြောကြားခဲ့သည်။ အဇ်ဇမ်၏ ၀မ်းကွဲညီအကို အဘ်ဒူလာမှာ သန့်စင်ခန်းထဲက ထွက်လာချိန်တွင် အစ္စရေးတပ်ဖွဲ့က ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။

    “သူတို့က ဆေးရုံဝန်ထမ်းတွေကို သေနတ်နဲ့ထောက်ပြီး ဓားစာခံလုပ်ထားတယ်။ လူနာကို ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ ၀မ်းကွဲညီအကိုကတော့ သွေးအိုင်ထဲမှာ သေဆုံးခဲ့ပါတယ်”

    ထိုဆေးရုံသို့ ၀င်ရောက်စီးနင်းမှုကိုလည်း အစ္စရေး ပြည်တွင်းလုံခြုံရေးဌာနက AFP သတင်းဌာနသို့ အတည်ပြု  ပြောကြားခဲ့သည်။

    Ref: Aljazeera