နိုဝင်ဘာ ၁၂၊ ၂၀၁၅
M-Media
– စိတ်ပျက်စရာများကို ကြုံတွေ့နေရသည့် နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီအနေဖြင့် မကြာခင် အကောင်းဆုံးပုံစံကို ပြန်လည် ရရှိလိမ့်မည်ဟု အသင်းဖော် ဆနိုက်ဒါက ပြောကြားလိုက်သည်။
ယခုနှစ်တွင် မန်ယူမှ တူရကီကလပ် ဂါလာတာစာရေးသို့ ပြောင်းရွှေ့သွားခဲ့သည့် ဗန်ပါစီမှာ သြဂုတ်လက ခြေစွမ်းမပြနိုင်ခြင်းကြောင့် လက်ရွေးစင်အသင်းခေါင်းဆောင်နေရာကို စွန့်လွှတ်ခဲ့ရပြီး ယခုလအတွင်း ကစားမည့် ဝေးလ်းနှင့် ဂျာမနီအသင်းတို့နှင့် ခြေစမ်းပွဲများအတွက်လည်း ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့ပေ။
“တကယ်လို့ ဗန်ပါစီဟာ အကောင်းဆုံးပုံစံမှာရှိနေရင် သူဟာ အသင်းမှာ ဆက်လက်ပါဝင်နေရမှာပါ။ ဒါပေမယ့် အသင်းဖော်က ဒီလိုပုံစံမှာရှိလား၊ မရှိလားဆိုတာ ကျွန်တော် ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပုံစံမျိုး ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီပြဿနာတွေရှိလာရင် လုပ်စရာနှစ်ခုသာ ရှိပါတယ်။ အရှုံးပေးမလား ဒါမှမဟုတ် ဝေဖန်သူတွေက မှားကြောင်း သက်သေပြမလား ဆိုတာပါပဲ။ ကျွန်တော်ကတော့ ဒုတိယနည်းလမ်းကို ရွေးပါတယ်။ ဗန်ပါစီလည်း ဒီအတိုင်းပဲလုပ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းရရင်တော့ ငရဲခံနေရသလို ဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်” ဟု စနိုက်ဒါက ပြောကြားခဲ့သည်။
Ref: Goal









