News @ M-Media

Author: Ko Lay

  • မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် ချီးကျူး၊ ဒီမိုကရေစီအတွက် အဟန့်အတားများ ရှိနေသည်ဟု ဆို

    မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် ချီးကျူး၊ ဒီမိုကရေစီအတွက် အဟန့်အတားများ ရှိနေသည်ဟု ဆို

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    jhon

    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲကို အမေရိကန်က ကြိုဆိုလိုက်ပြီး ပြည့်ဝသည့် ဒီမိုကရေစီဖော်ဆောင်ရေးအား ကဖျက်ယဖျက်လုပ်ရန် စနစ်တကျ ဖန်တီးထားသည့် အဟန့်အတားများနှင့် ပတ်သက်၍လည်း သတိပေးပြောကြားလိုက်သည်။

    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာရယူနိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆနေကြသည့် အဆိုပါ ရွေးကောက်ပွဲမှာ “ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူများ ပြသခဲ့သော ရဲစွမ်းသတ္တိနှင့် အနစ်နာခံမှုများ၏ ပဋိဥာဏ်” ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆိုသည်။

    “ရှေ့ဆက်ဖို့အတွက် ဒီရွေးကောက်ပွဲဟာ အရေးကြီးပေမယ့် ဒါဟာ မပြည့်စုံဘူးဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ပြည်ဝတဲ့ ဒီမိုကရေစီကျင့်သုံးရေးနဲ့ အရပ်သားအစိုးရ ပေါ်ထွက်လာဖို့နေရာမှာ သေသေချာချာ၊ စနစ်တကျ ဆောင်ရွက်ထားတဲ့ ခလုတ်တံသင်းတွေလည်း ရှိနေပါသေးတယ်” ဟု ဆိုပြီး လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့် စစ်တပ်ကိုယ်စားလှယ်များ ရှိနေခြင်း၊ ရိုဟင်ဂျာများကဲ့သို့ လူနည်းစုများအား မဲပေးခွင့် ပိတ်ပင်ခြင်းနှင့် အချို့သော ကိုယ်စားလှယ်လောင်းများကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ပယ်ချခြင်းတို့ကို ဂျွန်ကယ်ရီက ထောက်ပြခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် မဲရေတွက်မှု လုပ်ငန်းစဉ်ကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံးက မဲရလဒ်တွက်ချက်မှု ပွင့်လင်းမြင်သာစေရေးနှင့် ယုံကြည်စိတ်ချမှုရှိစေရေး တိုင်ကြားမှုများကိုလည်း သင့်တော်သောနည်းလမ်းဖြင့် ပွင့်လင်းမြင်သာစွာ အလျင်အမြန် ဖြေရှင်းရေးတို့တွင် ကူညီကြရန် ဂျွန်ကယ်ရီက ထည့်သွင်းတိုက်တွန်းခဲ့သည်။

    Ref: Channelnewsasia

  • IS၊ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် စီအိုင်အေ၏ ငြှင်းပမ်းမှုအကြောင်းကို စနိုးဒင် ထပ်မံဖွင့်ချ

    IS၊ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် စီအိုင်အေ၏ ငြှင်းပမ်းမှုအကြောင်းကို စနိုးဒင် ထပ်မံဖွင့်ချ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    – အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်မှုအတွက် မိမိအနေဖြင့် သက်တောင့်သက်သာရှိသည်ဟု NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်က ဆွီဒင်သတင်းစာ Dagens Nyheter နှင့် အင်တာဗျူးတွင် ပြောကြားလိုက်ပြီး စီအိုင်အေ၏ ညှင်းပန်းနှိပ်စက်မှုများ၊ IS အဖွဲ့နှင့် အမေရိကန်ထောက်လှမ်းရေး၏ လျှို့ဝှက်စောင့်ကြည့်မှု အစီအစဉ်များကိုလည်း ထပ်မံဖွင့်ချခဲ့သည်။

    စနိုးဒင်မှာ လွန်ခဲ့သည့် ၂ နှစ်ခွဲမှ စတင်ကာ NSA မှ အထာက်အထားများကို မီဒီယာများသို့ ဖွင့်ချခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဖွင့်ချမှုကြောင့် အမေရိကန်အစိုးရက လျှို့ဝှက်ပြုလုပ်နေသော ထောက်လှမ်းရေးအစီအစဉ်များကို ကမ္ဘာကြီးက သိရှိခဲ့ရသည်။ လက်ရှိတွင် စနိုးဒင်မှာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် နေထိုင်နေသည်။

    အင်တာဗျူးတွင် စနိုးဒင်က အမေရိကန်အစိုးရနေဖြင့် ၎င်းတို့၏ အမှားများကို ဖြေရှင်းခြင်းထက် အရှက်တကွဲအကျိုးနည်းဖြစ်မှုကို ရှောင်ရှားရန် ထိုအမှားများအား ဖုံးကွယ်ခဲ့သည်ဟု အပြစ်တင်ခဲ့သည်။ စီအိုင်အေ၏ ငြှင်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍လည်း အမေရိကန်အစိုးရက ကိုင်တွယ်မှုမှာ ရူးနှမ်းသည့်ပုံစံမျိုး ဖြစ်နေသည်ဟု ဆိုသည်။

    “စီအိုင်အေက ၀န်ထမ်းတွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ချချင်တဲ့ အနေအထားတွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့က စိတ်လေးနေကြတယ်။ တစ်ချို့တွေဆိုရင် သူတို့မြင်နေတွေ့နေရတာတွေကို မခံစားနိုင်တော့လို့ ပြောင်းရွှေ့ပေးဖို့တောင် တောင်းဆိုကြတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း သူတို့ တစ်ခုခု လုပ်ချင်ကြပါတယ်။ ဒါပေမယ့် အဲဒီ ကျင့်ဝတ်ဖောက်ဖျက်မှုတွေကို ဖွင့်ချဖို့ လမ်းကြောင်းဖော်ပေးရမယ့်အစား တကယ့်လက်တွေ့မှာတော့ စီအိုအေက ဒီကျူးလွန်မှုတွေကို မှတ်တမ်းမတင်ဖို့ပဲ လုပ်ခိုင်းနေပါတယ်” ဟု စနိုးဒင်က ပြောကြားခဲ့သည်။

    ဒရုန်းကိစ္စ

    အောက်တိုဘာလတွင် Intercept ၀ဘ်ဆိုက်က ယီမင်၊ ပါကစ္စတန်နှင့် အာဖဂန်တို့တွင် အမေရိကန်မှ ပြုလုပ်နေသော ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ ပစ်မှတ်ထားသူများထက် ပြည်သူများကိုသာ ပိုမိုသေဆုံးစေခဲ့သည်ဟု လျှို့ဝှက်မှတ်တမ်းမျာကို ကိုးကား၍ ဖော်ပြခဲ့ပြီး စနိုးဒင်ကမူ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ခြင်းမှာ တိကျသည့် သတင်းများဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ ဖုန်းခေါ်ဆိုမှု အချက်အလက်ဖြင့်သာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “အကြမ်းဖက်သမားက ဖုန်းကိုင်တာလား၊ သူ့အမေက ဖုန်းကိုင်တာလား သူတို့မသိပါဘူး။ ဒါ့ကြောင့်ပဲ သူတို့ရဲ့ တိုက်ခိုက်မှုတွေက လွဲချော်ခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်တွေကို သွားသွားထိနေတာပါ။ ဒရုန်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ကျွန်တော် မြင်ရတဲ့အခါ ဒီကိစ္စဟာ တစ်နှစ်တာအတွက် အရေးကြီးတဲ့ လုံခြုံရေး ကိစ္စလားလို့တောင် ကျွန်တော့်စိတ်ထဲမှာ မရှိခဲ့ပါဘူး”

    ထို့ပြင် စနိုးဒင်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်သမားများကို လျော့မသွားစေဘဲ ပို၍ပင် များပြားလာစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    IS လည်း အမေရိကန်လက်ချက်

    IS နှင့်ပတ်သက်၍လည်း စနိုးဒင်က ထိုအယူအဆမျိုးပင် ရှိနေပြီး အမေရိကန်က ကျူးကျော် သိမ်းပိုက်ခြင်း မပြုမီ IS အဖွဲ့မှာ မရှိဟု ဆိုသည်။

    “လက်ရှိ အရှေ့အလယ်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြီးဆုံးခြိမ်းခြောက်မှု (IS) က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပေါ်လစီကနေ ပေါ်ထွက်လာတာပါ” ဟု စနိုးဒင်က ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ စိတ်ခံစားမှုအတွက်သာ စဉ်းစားပြီး အသိအဥာဏ်ကို အခြေမခံဘဲ အဓိပ္ပါယ်မရှိသည့် တုန့်ပြန်မှုမျိုးကိုသာ ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

    Ref: RT

  • ဥရောပပြိုင်ပွဲတွင် တောင့်တင်းသည့်အသင်းဖြင့် ယှဉ်ပြိုင်မည်ဟု ကလော့ပ်ပြော

    ဥရောပပြိုင်ပွဲတွင် တောင့်တင်းသည့်အသင်းဖြင့် ယှဉ်ပြိုင်မည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    klop

    – ယူရိုပါလိဂ်ပြိုင်ပွဲ လူရွေးချယ်မှုနှင့်ပတ်သက်၍ မိမိအနေဖြင့် တောင့်တင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပရီးမီးယားလိဂ် ရလဒ်များနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    နည်းပြဟောင်း ဘန်ဒန်ရော်ဂျာလက်ထက်တွင် ဥရောပပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်ထက် အားနည်းသည့် လူစာရင်းကိုသာ ထုတ်ပြန်လေ့ရှိပြီး ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွင် ကစားသမားများ၏ ကြံ့ခိုင်မှု ထိပ်ဆုံး၌ ရှိနေအောင် ဆောင်ရွက်ခဲ့သည်။

    “ချန်ပီယံလိဂ်ကစားရင် အမြဲတမ်း ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့မှာ ပွဲတွေကို ကစားရမှာပါ။ ရီးယဲလ်လိုအသင်းမျိုးကို ၁၇ နှစ်အရွယ် (အတွေ့အကြုံမရှိတဲ့) ကစားသမားတွေနဲ့ ရင်ဆိုင်မယ်လို့ ဘယ်သူမှ မပြောပါဘူး။ ဒါက သူတို့အတွက်လည်း မျှတမှု မရှိပါဘူး။ အဲဒီလိုကစားရင် ဒီလူငယ်လေးတွေ အတွေ့အကြုံတော့ရမယ်။ ဒါပေမယ့် အဲဒီအတွေ့အကြုံက သူတို့ မရသင့်တဲ့ဟာမျိုးပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံတကာ တီထွင်ဆန်းသစ်မှု ပြိုင်ပွဲတွင် ဆော်ဒီက ဆုတံဆိပ်များ ဆွတ်ခူး

    နိုင်ငံတကာ တီထွင်ဆန်းသစ်မှု ပြိုင်ပွဲတွင် ဆော်ဒီက ဆုတံဆိပ်များ ဆွတ်ခူး

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    saudi

    – ဂျာမနီနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကုန်စည်ပြပွဲပြိုင်ပွဲ (iENA-2015) တွင် ဆော်ဒီရှိ ပညာရှင်အဖွဲ့မှ ဆု ၇ ခု ရရှိခဲ့သည်ဟု သိရသည်။

    အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါပြပွဲ၏ အဓိပ္ပါယ်အရှည်မှာ Ideas, Inventions, New Products (အတွေးအခေါ်၊ တီထွင်ဖန်တီးမှုနှင့် ထုတ်ကုန်သစ်) ဖြစ်ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ပညာရှင် အမြောက်အများက ၎င်းတို့၏ တီထွင်ဖန်တီးမှုပေါင်း ၇၀၀ ခန့်ကို လာရောက်ပြသခဲ့ကြသည်။

    ဆော်ဒီမှသွားရောက်သည့် ပညာရှင်အုပ်စုတွင် နိုင်ငံတစ်ဝှမ်း စက်မှူအသင်းများနှင့် တက္ကသိုလ်ကောလိပ်များမှ ပါဝင်ပြီး Technical and Vocational Training Corporation (TVTC) အဖွဲ့အမည်ခံ၍ ယှဉ်ပြိုင်ခဲ့ကြကာ ရွှေ ၂ ခု၊ ငွေ ၃ ခုနှင့် ကြေး ၂ ခု ဆွတ်ခူးနိုင်ခဲ့သည်။

    ရွှေတံဆိပ်ကို ဆန်းသစ်သည့် လွန်ဖောက်စက် တီထွင်ပြသခဲ့သော ရိုင်ယန် မူဘာရက် အလ် ဒိုဆာရီနှင့် အော်တို အ၀တ်လျှော်စက်ကို ဖန်တီးခဲ့သည့် အီဘရာဟ် ဟသ်လူ အလ်-အန်ဇီတို့က ရရှိခဲ့ခြင်းဖြစ်သည်။ ငွေတံဆိပ် ၃ ခုကိုမူ filter များအား သန့်စင်သည့်ပစ္စည်း၊ ဓာတ်ငွေ့ဖြည့်ပေးသည့်နေရာများတွင် အန္တရာယ်ကင်းသည့် အဆောက်အဦးနှင့် မသန်စွမ်းသူများအတွက် ထိုင်ခုံများကို တီထွင်ခဲ့သူများက အသီးသီး ရရှိခဲ့ကြသည်။ လုံခြုံရေး အာရုံခံစနစ်နှင့် ရေအပူပေးစက် တီထွင်သူတို့မှာ ကြေးတံဆိပ်များ ရရှိခဲ့ကြသည်။

    “ဒီအောင်မြင်မှုတွေဟာ တီထွင်ဆန်းသစ်မှု နယ်ပယ်အတွက် အသင်းအဖွဲ့တွေကနေတစ်ဆင့် ခေါင်းဆောင်မှုပိုင်းက ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့တာကို ရောင်ပြန်ဟပ်တာပါပဲ” ဟု TVTC ၏ အုပ်ချုပ်ရေးမှူး အလီ အလ်-ဂါဖစ်က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာ ပြိုင်ပွဲများတွင် ထိုကဲ့သို့ ပါဝင်မှုက ကောလိပ်များနှင့် အသင်းအဖွဲ့များမှ ရွက်ပုံးသီး တီထွင် ဆန်းသစ်သူများကို မြေတောင်မြှောက်ပေးခြင်း
    ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    iENA-2015 ကုန်စည်ပြပွဲပြိုင်ပွဲကို ရိုမေးနီးယား၊ ဘော့စနီးယား၊ ဂျာမနီ၊ ထိုင်ဝမ်၊ သြစတြီးယားတို့ အပါအ၀င် နိုင်ငံတကာ တီထွင်ဆန်းသစ်မှု အဖွဲ့အစည်းများက ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

    Ref: Arabnews

  • ပုံရိပ်အသုံးပြုမှုအတွက် CNN သတင်းဌာနကို ရီဘာရီ တရားစွဲ

    ပုံရိပ်အသုံးပြုမှုအတွက် CNN သတင်းဌာနကို ရီဘာရီ တရားစွဲ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    rbr

    – cryotherapy (အအေးကုထုံး) နှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်တွင် ၎င်း၏ ပုံရိပ်ကို ဖော်ပြမှုအတွက် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဖရန့် ရီဘာရီက အမေရိကန် သတင်းဌာန CNN ကို တရားစွဲဆိုလိုက်ပြီး နစ်နာကြေး ကန်ဒေါ်လာ ၁.၅ သန်း တောင်းခံလိုက်သည်ဟု သိရသည်။

    အဆိုပါ cryotherapy ကုထုံးဖြင့် ကုသနေစဉ် သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦး၏ သတင်းကို CNN က Twitter စာမျက်နှာတွင် ဖော်ပြရာ၌ cryotherapy ကုသခန်းတွင် ကုသနေသည့် ရီဘာရီ၏ ပုံကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

    “မစ္စတာရီဘာရီဟာ သူ့ရဲ့ အဲဒီပုံရိပ်ကို အသုံးပြုခွင့် မပေးခဲ့သလို ဒီလိုအသုံးပြုတာကို သဘောလည်း မတူပါဘူး။ ရီဘာရီနဲ့ သူ့ရဲ့မိသားစုက သူတို့ကို ထိခိုက်မှုအတွက် အနည်းဆုံး ကန်ဒေါ်လာ ၁.၅ သန်း ရရှိအောင် ပြင်သစ်တရားရုံးမှာ တရားစွဲဖို့ ကျွန်တော့်ကို ညွှန်ကြားခဲ့ပါတယ်” ဟု ၎င်း၏ ရှေ့နေဖြစ်သူက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal