News @ M-Media

Author: Ko Lay

  • ပြည်သူများအား အကြမ်းဖက်မည်ဟု ဘူရန်ဒီသမ္မ၏ ပြောဆိုမှုကို နိုင်ငံတကာက ရှုတ်ချ

    ပြည်သူများအား အကြမ်းဖက်မည်ဟု ဘူရန်ဒီသမ္မ၏ ပြောဆိုမှုကို နိုင်ငံတကာက ရှုတ်ချ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    burandi

    – လုံခြုံရေးဆိုင်ရာ အခြေအနေ ဆိုးရွားနေသည့် အချိန်တွင် ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ပြောဆိုပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခဲ့သည့် ဘူရန်ဒီအစိုးရအား နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချပြောဆိုလိုက်သည်ဟု သိရသည်။

    သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာက ပြည်သူများအနေဖြင့် စနေနေ့တွင် နောက်ဆုံးထား၍ လက်နက်များကို အပ်နှံကြရန်နှင့် ထိုသို့မအပ်နှံပါက နိုင်ငံတော်ရန်သူအဖြစ် သတ်မှတ်ကာ နှိမ်နင်းသတ်ဖြတ်သွားမည်ဟု ကြေငြာခဲ့သည်။ ဘူရန်ဒီပြည်သူများမှာ အခြေခံဥပဒေအား ချိုးဖောက်ကာ တတိယအကြိမ်မြောက် သမ္မတတာဝန်ယူခဲ့သည့် ပီယာရီအား ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့်လများအတွင်း ဆန့်ကျင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

    နိုင်ငံတကာမှ ဝေဖန်သူများကမူ အဆိုပါ နောက်ဆုံးရက် ကုန်ဆုံးပြီးနောက် အာဏာပိုင်များက လက်နက်များကို စီးနင်းရှာဖွေမှု ပြုလုပ်ပါက အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ထို့ပြင် ကုလအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘူရန်ဒီအစိုးရအနေဖြင့် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်ရမည်ဖြစ်ပြီး၊ အစိုးရက အကြမ်းဖက်ရန် လူသိရှင်ကြား ပြောကြားမှုမှာ တရားစွဲဆိုရန် လုံလောက်သည့် အထောက်အထားဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

  • မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်

    မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    morinho

    – ပြီးခဲ့သည့် တစ်ပတ်ကျော် ၀က်စ်ဟမ်းအသင်းနှင့်ပွဲ အပြုအမူကြောင့် ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခံထားရပြီးနောက် မိမိအနေဖြင့် ပွဲအားချဉ်းကပ်မှုကို လုံးဝပြောင်းလဲသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ထိုပွဲတွင် ဒိုင်လူကြီးကို ဆဲရေးတိုင်းထွာခဲ့သောကြောင့် မော်ရင်ဟိုမှာ ပွဲကစားချိန်အတွင်း ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီး ဂျွန် မို့စ်၏ အစီရင်ခံစာတွင်လည်း ထိုကိစ္စကို ထည့်သွင်းဖော်ပြခဲ့သောကြောင့် FA က မော်ရင်ဟိုအား ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခဲ့သည်။

    “ပွဲမှာ ကွင်းအတွင်းက ထုတ်ခံခဲ့ရပြီး နောက်ပိုင်းမှာလည်း ကွင်းအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်အလုပ်ကို ရပ်တန့်လိုက်တာပါပဲ။ ဒီအဖြစ်အပျက်က ကျွန်တော့်ကို ပြောင်းလဲစေခဲ့ပါတယ်။ အားလုံးကို ပြောင်းလဲပစ်လိုက်တာပါ။ အဲဒီအတွက် ကျွန်တော့်ရဲ့အဖြေကတော့ ကျွန်တောဟာ အရင်ကနဲ့ မတူတော့ဘူး ဆိုတာပါပဲ။ ပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပါဝင်မှုက လုံးဝ ခြားနားသွားတော့မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • အီဂျစ်၌ ပျက်ကျသည့် ရုရှားလေယာဉ် ဗုံးကြောင့်ဖြစ်သည်ဟူသော ယူဆချက် ခိုင်မာလာ

    အီဂျစ်၌ ပျက်ကျသည့် ရုရှားလေယာဉ် ဗုံးကြောင့်ဖြစ်သည်ဟူသော ယူဆချက် ခိုင်မာလာ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    russia

    – ပြီးခဲ့သည့်တစ်ပတ်က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပေါက်ကွဲပျက်ကျသွားခဲ့သည့် ရုရှား ခရီးသည်တင်လေယာဉ်၏ Black Box များကို စစ်ဆေးမှုအရ ဗုံးကောက်ကွဲမှုကြောင့်ဖြစ်သည်ဟု ညွှန်ပြနေကြောင်း စုံစမ်စစ်ဆေးမှုနှင့် နီးစပ်သည့် ရင်မြစ်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သည့် အဆိုပါ အဖြစ်အပျက်တွင် လေယာဉ်မှာ ပင်လယ်နီ အပန်းဖြေမြို့ဖြစ်သော ရှမ် အလ်-ရှိခ်မှ ပျံတက်ပြီးနောက် ၂၄ မိနစ်အကြာသည်အထိ လေယာဉ်အခြေအနေအားလုံးမှာ ပုံမှန်အတိုင်းသာရှိပြီး နောက်ပိုင်း လုံးဝငြိမ်သွားသည်ဟု Black Box မှတ်တမ်းများအရ သိရသောကြောင့် “ရုတ်တရက် ပေါက်ကွဲခြင်း” ကြောင့်သာ လေယာဉ် ပျက်ကျခြင်းဖြစ်သည်ဟု ရင်းမြစ်တစ်ခုက ဆိုသည်။

    စုံစမ်းစစ်ဆေးသူများကမူ လေယာဉ်ပေါ်တွင် ဗုံးထောင်ခံခဲ့ရပြီး ထိုဗုံးကြောင့် လေယာဉ်မှာ လေပေါ်တွင် ပေါက်ကွဲပျက်ဆီးခြင်းဖြစ်သည်ဟု စောစောပိုင်းက ပြောကြားထားပြီး ယခုတွေ့ရှိချက်က ထိုယူဆချက်ကို ထောက်ခံနေသည်။အခြားရင်းမြစ်တစ်ခုကမူ လေယာဉ်မှာမှာ ရုတ်တရက် အောက်သို့ စိုက်ကျကာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လေယာဉ်ပျက်ကျပြီးနောက် IS အဖွဲ့က ထိုကိစ္စမှာ မိမိတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ရုရှားနှင့် အီဂျစ်အာဏာပိုင်များက ငြင်းဆိုခဲ့သည်။ ထို့ပြင် လေယာဉ်ပေါ်၌ ဗုံးထောင်ခဲ့သည်ဆိုသော ယူချက်ကိုလည်း ရုရှားအစိုးရက ငြင်းပယ်ထားပြီး ယခုသီတင်းထွက်လာပြီးနောက် ရုရှားလေကြောင်းလိုင်းအားလုံးကို ရှမ် အလ်-ရှိခ်သို့ သွာရောက်ခြင်းမပြုရန် သမ္မတပူတင်က ယမန်နေ့တွင် အမိန့်ပေးခဲ့သည်။

    သို့သော်လည်း ထိုအမိန့်က လေယာဉ်တိုက်ခိုက်ခံရခြင်းဟု မိမိတို့ ယုံကြည်သည်ဟု မဆိုလိုဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသည်ဟု ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • အသက် ၇၀ ကျော် ပါလက်စတိုင်းအဖွားအိုကို အစ္စရေးပစ်သတ်ပြန်

    အသက် ၇၀ ကျော် ပါလက်စတိုင်းအဖွားအိုကို အစ္စရေးပစ်သတ်ပြန်

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    pal

    – ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်နေစဉ် အစ္စရေးစစ်တပ်မှာ ယမန်နေ့ နေ့လည်ပိုင်းက အသက် ၇၂ နှစ်အရွယ်ရှိ ပါလက်စတိုင်းအဖွားအို တစ်ဦးအား ပစ်သတ်ခဲ့သည်ဟု သိရသည်။

    သာဝါရတ် အက်ရှ်ရာဝီဆိုသည့် အဘွားအိုဖြစ်ပြီး ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်ဒေသ ဟာဟူလ်မြို့ရှိ ဓာတ်ဆီဆိုင်တွင် ဆီဖြည့်ရန် ကားမောင်းဝင်လာစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    အစ္စရေးစစ်တပ်ကမူ သူမမှာ ကားအား စစ်သားများဘက်သို့ တိုက်ရိုက်မောင်းဝင်လာခြင်းကြောင့် ထိုကဲ့သို့ ပစ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း မိသားစုဝင်များကမူ အက်ရှ်ရာဝီမှာ ကားဓာတ်ဆီဖြည့်ရန်သာ သွားရောက်ခဲ့ခြင်းဟု ဆိုသည်။ သူမမှာ ယမန်နေ့က အစ္စရေးစစ်တပ်မှ ပစ်သတ်ခဲ့သော ဒုတိယမြောက် ပါလက်စတိုင်းပြည်သူလည်း ဖြစ်သည်။

    ဂါဇာကမ်းမြှောင်ရှိ ခန်ယူနစ်ဒေသတွင် ယမန်နေ့က ပါလက်စတိုင်းများ ဆန္ဒပြစဉ် အသက် ၂၃ နှစ်အရွယ် ဆာလာမာဟ် အဘူ ဂျမားကို အစ္စရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သည်ဟု ဂါဇာ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရဖ် ကွီဒရာက ပြောကြားခဲ့သည်။

    စက်တင်ဘာလအတွင်းက အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းများမှာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    အောက်တိုဘာ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်များရှိ တရားမ၀င်အိမ်ယာများတွင် နေထိုင်သော ဂျူးများ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၆ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲတွင် ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ၊ ဘေးတွင်ရပ်ကြည့်သူများ၊ လက်နက်မဲ့ ဆန္ဒပြသူများနှင့် ကလေးငယ်များ ပါဝင်ခဲ့သည်။ ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ရွေးကောက်ပွဲကာလတွင် မြန်မာ-ထိုင်းနယ်ခြားကို မပိတ်ဟု ဒီကေဘီအေပြော

    ရွေးကောက်ပွဲကာလတွင် မြန်မာ-ထိုင်းနယ်ခြားကို မပိတ်ဟု ဒီကေဘီအေပြော

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    dkba

    – မြန်မာ-ထိုင်းနယ်စပ်တွင် အရေးပါသည့် လမ်းကြောင်းကို ထိန်းချုပ်ထားသော ဒီကေဘီအေအဖွဲ့က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကာလအတွင်း နယ်စပ်ဖြတ်ကျော်ဂိတ်ကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ဒီကေဘီအေနှင့် အစိုးရတပ်များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မြ၀တီနှင့် မဲဆောက်ကြားရှိ နယ်ခြားဂိတ်ကို ပိတ်ပစ်ခဲ့ရသော်လည်း လက်ရှိအချိန် ငြိမ်းချမ်းသော ဆက်ဆံရေးကြောင့် ရွေးကောက်ပွဲရလဒ် မည်သို့ထွက်သည်ဖြစ်စေ ကူးလူးဆက်ဆံမှုမှာ ပုံမှန်အတိုင်း ရှိမည်ဟု ဒီကေဘီအေမှ ဗိုလ်ကြီး စောဆက်မင်းက ပြောကြားခဲ့သည်။

    “မပိတ်ပါဘူး။ မြစ်ရဲ့ ဟိုဘက်ဒီဘက် ပြည်သူတွေဟာ ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ၂၀၁၀ လို ပိတ်မယ်လို့ ထင်နေကြပါတယ်။ ၂၀၁၅ မှာတော့ ဘာပြဿနာမှ မရှိတဲ့အတွက် ဒီလိုပိတ်စရာ မလိုပါဘူး”

    ပြီးခဲ့သည့်လက မြန်မာအစိုးရနှင့် ဒီကေဘီအေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အချို့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဒီကေဘီအေနှင့် တိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီး နှစ်ဖက် တင်းမာမှုများ ပြန်လည်မြင့်တက်လာသည့် လက္ခဏာလည်းဖြစ်သည်။

    Ref: