News @ M-Media
Author: Ko Lay
  • ဖီဖာချစားမှုပြဿနာ ထင်ထားသည်ထက် ပိုဆိုးနိုင်
    ဖီဖာချစားမှုပြဿနာ ထင်ထားသည်ထက် ပိုဆိုးနိုင်
    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media
    fifa
    – ဖီဖာကျင့်ဝတ်ကော်မတီမှ ရရှိခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေး အထောက်အထားအသစ်များအရ ဖီဖာဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီတို့မှာ ဘောလုံးလောကမှ နှစ်ပေါင်းများစွာ အနားယူရနိုင်သည်ဟု ဖီဖာ၏ အကြီးတန်း တာဝန်ရှိသူတစ်ဦးက The Mail သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။
    “အခုအချိန်မှာ ဇာတ်ရှိန်က မြင့်နေပြီး လူတွေ ထင်ထားတာထက်ကို ပိုပြီး ဆိုးရွားပါတယ်။ တကယ်တမ်း ဒီကိစ္စဟာ ပုံပျက်ပန်းပျက်တာထက်ကို ကျော်ပြီး ရာဇ၀တ်မှုဆိုင်ရာ ကိစ္စ ဖြစ်သွားနိုင်ပါတယ်” ဟု ကျင့်ဝတ်ကော်မတီနှင့် နီးစပ်သည့် အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။
    ပလာတီနီနှင့် ဘလတ္တာတို့မှာ လက်ရှိအချိန်တွင် ငွေကြေးကိစ္စနှင့် ပတ်သက်၍ ရက်ပေါင်း ၉၀ ရာထူးမှ အနားပေးခြင်းခံထားရပြီး နှစ်ဦးစလုံးက ၎င်းတို့မှာ အပြစ်မရှိဟု ငြင်းဆိုထားကြသည်။ ချစားမှုပြဿနာများနှင် ရင်ဆိုင်နေရသည့် ဖီဖာမှာ လာမည့် ဖေဖော်ဝါရီတွင် ဥက္ကရွေးချယ်ပွဲရှိနေပြီး ယခုပြဿနာကြောင့် ထိုရွှေးကောက်ပွဲမှာလည်း မရေရာဖြစ်နေသည်။
    Ref: Dailymail
  • အမေရိကန်-အီးယူ ကုန်သွယ်ရေးဇုန် ဆွေးနွေးမှုကို ဂျာမန်ပြည်သူများ ကန့်ကွက်
    အမေရိကန်-အီးယူ ကုန်သွယ်ရေးဇုန် ဆွေးနွေးမှုကို ဂျာမန်ပြည်သူများ ကန့်ကွက်
    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media
    Consumer rights activists take part in a march to protest against the Transatlantic Trade and Investment Partnership (TTIP), mass husbandry and genetic engineering, in Berlin, Germany, October 10, 2015.   REUTERS/Fabrizio Bensch
    – လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရေးအတွက် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ဆွေးနွေးမှုကို ဆန့်ကျင်သည့်အနေဖြင့် သောင်းနှင့်ချီသော ဂျာမန်ပြည်သူများက ယမန်နေ့တွင် မြို့တော်ဘာလင်၌ ဆန္ဒပြခဲ့ကြသည်။
    နိုင်ငံရေးပါတီများ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သော အဖွဲ့များ စုစုပေါင်း ၂ သောင်းကျော်ခန့် တက်ရောက်ခဲ့ကာ အဓိက ရထားဘူတာမှ ကုန်သွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်သော ကျွေးကြော်သံများကို ကျွေးကြော်ကာ မြို့တစ်လျှောက် လှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
    ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အမေရိကန်နှင့် ဥရောပ ၂၈ နိုင်ငံတို့၏ အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက် ရရှိပါက ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်သွယ်ရေးဇုန်ကြီး ဖြစ်လာမည်ဖြစ်ပြီး ထောက်ခံသူများကမူ အဆိုပါ သဘောတူညီချက်က စီးပွားရေး တိုးတက်စေမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ကြသည်။
    Ref: Aljazeera
  • ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၃ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံး
    ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၃ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံး
    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media
    plas
    – ယနေ့မနက် ဂါကမ်းမြှောင်တွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ကိုယ်ဝန် ၅ လဆောင်ထားသည့် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၃ နှစ်အရွယ် သမီးငယ်တို့ သေဆုံးခဲ့ကြသည်ဟု သိရသည်။
    သေဆုံးသွားသူများမှာ အသက် ၃၀ အရွယ် နူရ် ဟာဆန်နှင့် သူမ၏ သမီး ရှဟ်ဒ်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့အိမ်အနီးရှိ ဟားမက်စ်၏ လေ့ကျင့်ရေးစခန်းနှစ်ခုကို အစ္စရေးက ဗုံးကြဲမှုအတွင်း ၎င်းတို့၏ အိမ်ပါ ပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
    အစ္စရေးစစ်တပ်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လက်နက်ထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အခြား ပါလက်စတိုင်း ၃ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ပါလက်စတိုင်း ကယ်ဆယ်ရေးအဖွဲ့များကမူ အပျက်အစီးများကြားတွင် ဆက်လက် ရှာဖွေလျက် ရှိနေသည်။
    ယမန်နေ့ကလည်း ဂါဇာရှိ ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း ဆယ်ကျော်သက်များကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့ပြီး ၂၄ နာရီအတွင်း ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့သည်။ ဂါဇာ၌ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများ ယမန်နေ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက အတည်ပြုခဲ့သည်။
    အောက်တိုဘာ ၁ ရက်နေ့နောက်ပိုင်း အစ္စရေးစစ်တပ်မှ ပစ်သတ်၍ သေဆုံးခဲ့သည့် ပါလက်စတိုင်းပြည်သူများမှာ ၂၀ ဦး ရှိသွားပြီး ၉ ဦးမှာ ဂါဇာ၌ဖြစ်ကာ၊ ၁၁ ဦးမှာ အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် ဖြစ်သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ၎င်းတို့၏ Facebook စာမျက်နှာ၌ ဖော်ပြခဲ့သည်။
    နူရ်ဟာဆန်နှင့် သူမ၏သမီးငယ်တို့ သေဆုံးမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၂ ဦး ရှိခဲ့ပြီဖြစ်သည်။
    Ref: Aljazeeras
  • အာဖဂန်ဆေးရုံ တိုက်ခိုက်မှုအတွက် အမေရိကန်က နစ်နာကြေးပေးမည်
    အာဖဂန်ဆေးရုံ တိုက်ခိုက်မှုအတွက် အမေရိကန်က နစ်နာကြေးပေးမည်
    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media
    IMG_20151011_1
    – အာဖဂန်မြောက်ပိုင်း ကန်ဒက်ဇက်မြို့တွင် နယ်စည်မခြားဆရာဝင်များအဖွဲ့MSF က ကြီးကြပ်နေသော ဆေးရုံအား ပြီးခဲ့သည့်တစ်ပတ်တွင် မေရိကန်က လေကြောင်းမှ မှားယွင်းဗုံးကြဲမှုအတွင်း သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရ ရသူများအတွက် နစ်နာကြေးပေးသွားမည်ဟု အမေရိကန် ပြောကြားလိုက်သည်။
    ထိုတိုက်ခိုက်မှုအတွင်း ၀န်ထန်းများနှင့် လူနာ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။ MSF ကမူ ထိုတိုက်ခိုက်မှုအား စစ်ရာဇ၀တ်မှုမြောက်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာ ခုံရုံးတစ်ခုဖွဲ့၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။
    “ကာကွယ်ရေးဝန်ကြီးဌာနဟာ MSF ဆေးရုံက ဒီဆိုးရွားတဲ့ အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲရလဒ်ကို ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    သေဆုံးသွားသူများ၏ မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများကို နစ်နာကြေးပေးမယ့်အပြင် အဆိုပါဆေးရုံ ပြန်လည် ဆောက်လုပ်ရေးအတွက်လည်း အမေရိကန်က ရန်ပုံငွေ ပေးအပ်သွားမည်ဖြစ်သည်။
    Ref: BBC
  • ဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ၏ သားကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံတွင် ထိန်းသိမ်းထား
    ဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ၏ သားကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံတွင် ထိန်းသိမ်းထား
    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံမှ ထင်ရှားသည့် လူ့အခွင့်အရေးသမား ရှေ့နေအမျိုးသမီး ၀မ်ယူ၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူအား တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြန်မာနိုင်ငံတွင် ထိန်းသိမ်းထားသည်ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောကြားလိုက်သည်။
    ဖမ်းဆီးခံရသူမှာ အသက် ၁၆ နှစ်အရွယ် ဘောင်ဇူရှန်းဆိုသူဖြစ်ပြီး တရုတ်နိုင်ငံမှ ထွက်ပြေးရန် ကြိုးစားစဉ် အင်္ဂါနေ့က နယ်စပ်မြို့တစ်ခုရှိ တည်းခိုခန်းတွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဓားစားခံအဖြစ် တရုတ်အစိုးရက အသုံးချနေသည်ဟု ၀မ်ယူမိသားစု၏ မိတ်ဆွေဖြစ်သူ ဇူဖန်ဆူက AFP သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။
    တရုတ်ပြည်မှ မထွက်ပြေးခင် မိသားစုနှင့်အတူ ဘောင်ဇူရှန်းနေထိုင်ခဲ့သော မွန်ဂိုလီးယားအတွင်းပိုင်းမှ ရဲတပ်ဖွဲ့ကမူ ဇူရှန်း ဖမ်းဆီးခံရသည့်အကြောင်းကို မကြားမိဟု ဆိုသည်။ တရုတ်အစိုးရက ၎င်းတို့အား တော်လှန်သည်ဟု ယူဆသော ရှေ့နေများကို ဖမ်းဆီးမှုအတွင်း ၀မ်ယူနှင့် ၎င်း၏ ခင်ပွန်း နှစ်ဦးစလုံး ပါဝင်ခဲ့ပြီး ဘောင်ဇူရှန်းမှာလည်း ဇူလိုင်လတွင် နိုင်ငံကူးလက်မှတ် အသိမ်းခံခဲ့ရသည်။
    လက်ရှိတွင်မူ ဘောင်ဇူရှန်းအား မြန်မာအစိုးရနှင့် နှစ်ပေါင်းများစွာ ပဋိပက္ခများဖြစ်နေသည့် သူပုန်များတည်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်း မိုင်းလမြို့တွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။ ၎င်းအား ကူညီနေသည့် လူငယ်နှစ်ဦးကိုလည်း ထိုမြို့တွင်ပင် ဖမ်းဆီးထားသည်ဟု ဇူက ၎င်းတို့နေထိုင်သည့် တည်းခိုခန်းပိုင်ရှင်၏ ပြောကြားမှုကို ကိုးကား၍ ပြောဆိုခဲ့သည်။
    ဘောင်ဇူရှန်းနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရသော လူငယ်နှစ်ဦး၏ အိမ်ကိုလည်း နောက်ပိုင်းတွင် တရုတ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။
    အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုတွင် နေထိုင်သည့် ဇူကမူ မိမိမှာ ဘောက်ဇူရှန်းအား ထိုင်းနိုင်ငံတွင် တွေ့ဆုံရန်နှင့် ထို့နောက် အမေရိကန်၌ ခိုလှုံခွင့်ရရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။
    Ref: Bangkokpost