News @ M-Media

Author: Ko Lay

  • ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် လူ ၂ ဦးသေ

    ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် လူ ၂ ဦးသေ

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    japan

    – ဂျပန်နိုင်ငံအနောက်ပိုင်းတွင် အင်အားပြင်းထန်သော နန်ကာတိုင်ဖုန်းမုန်တိုင်း ၀င်ရောက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေကာ အာဏာပိုင်များက ပြည်သူ ၂၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း တိုတိုရီစီရင်စုသို့ ယနေ့တွင် မုန်တိုင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီ ၁၅ ကီလိုမီတာနှုန်းဖြင့် မြောက်ဘက်သို့ ရွေ့လျားနေကာ ဂျပန်ပင်လယ်ပြင်သို့ ဦးတည်နေသည်ဟု ဂျပန် မိုးလေ၀သ အေဂျင်စီက ပြောကြားခဲ့သည်။

    နန်ကာတိုင်ဖုန်းမုန်တိုင်းမှာ ယမန်နေ့ညက ဂျပန်နိုင်ငံ၏ အဓိကကျွန်းမကြီးဖြစ်သော ဟွန်ရှူကျွန်းသို့ တစ်နာရီ ၁၂၆ ကီလိုမီတာနှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ရှင်ကာကူကျွန်းရှိ ကိပ်မူရိုတိုရိုသို့ ကြာသာပတေးနေ့နှောင်းပိုင်းက ၀င်ရောက်ခဲ့သည်။

    အဆိုပါ မုန်တိုင်းကြောင့် ခရီးသွားလာရေး အခက်အခဲဖြစ်ခဲ့ကာ လေကြောင်းခရီးစဉ် ၉၄ ခုကိုလည်း ရပ်ဆိုင်းခဲ့ရသည်။ ထို့ပြင် ဂျပန်နိုင်ငံအနောက်ပိုင်း နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိနေသည်။

    ဟိုဂိုစီရင်စုရှိ အာဝါဂျီကျွန်းတွင် အသက် ၇၁ နှစ်အရွယ် အဖွားအိုတစ်ဦးနှင့် ရှင်ဆိုကျွန်းတွင် ယာခင်းများအား စစ်ဆေးရန် သွားရောက်သည့် အသက် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးနေကြသည်ကို ယမန်နေ့က တွေ့ရှိခဲ့ရသည်။

    အာဏာပိုင်များကမူ မုန်တိုင်းလမ်းကြောင်းတွင် ကျရောက်နေသည့် ဒေသများမှ လူပေါင်း ၂၃၀၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းတားပြီး မုန်တိုင်းကြောင့် ဒဏ်ရာရသူမှာ အနည်းဆုံး ၃၉ ဦးရှိသည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အစ္စလာမ်ဘာသာဝင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် သမ္မတအိုဘားမား နှုတ်ခွန်းဆက် ဆုတောင်း

    အစ္စလာမ်ဘာသာဝင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် သမ္မတအိုဘားမား နှုတ်ခွန်းဆက် ဆုတောင်း

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    us

    – တစ်လတာ ရမ်ဇာန်ဥပုသ်လအပြီးမှာ ကျရောက်မယ့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်မှာ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ဇနီးမောင်နှံက နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

    အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ အဲဒီ ဆုတောင်းစာမှာ အိုဘားမားက သူတို့ရဲ့ ဇနီးမောင်နှံနှစ်ဦးဟာ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ရှိကြတဲ့ မွတ်စလင်တွေကို အနွေးထွေးဆုံး ဆုတောင်းမေတ္တာ ပို့သကြောင်း၊ ရမ်ဇာန်ဥပုသ်လဟာ သီလဆောက်တည်တာ၊ လူ့အဖွဲ့အစည်း တည်ဆောက်တာ၊ ချို့တဲ့သူတွေကို ကူညီတာတွေကို လုပ်ဆောင်ကြတဲ့ အချိန်ဖြစ်ကြောင်း၊ အီးဒ်ပွဲတော်ကို ရမ်ဇာန်လကုန် အထိမ်းအမှတ်အဖြစ် ဆင်နွှဲကြတာဖြစ်သလို မွတ်စလင်တစ်ဦးချင်းစီတိုင်းအတွက် ဘ၀သစ်စတင်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း အိုဘားမားက ဆိုပါတယ်။

    “သန်းပေါင်းများစွာသော မွတ်စလင်တွေအတွက်တော့ အီးဒ်နေ့မနက်ကို ဆုတောင်းသံတွေနဲ့ ဆင်နွှဲကြပြီး ကမ္ဘာတစ်ဝှမ်းလုံးက မြို့တွေ၊ ရွာတွေမှာ ပဲ့တင်ထပ်နေပါတယ်။ မွတ်စလင် သန်းပေါင်းများစွာကလည်း ဒေသတွင်းက ဗလီဝတ်ကျောင်းတော်တွေကို ၀တ်ပြုဆုတောင်းဖို့အတွက် သွားရောက်ပြီး အဲဒီနောက်မှာတော့ လူတွေစုပေါင်းကာ ပွဲတော်ဆင်နွှဲတာ၊ လက်ဆောင်ပဏ္ဍာတွေ
    လဲလှယ်ကြတာ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေ၊ မိသားစုဝင်တွေနဲ့ စားကြသောက်ကြတာတွေကို ပြုလုပ်ကြပါတယ်”

    အီးဒ်နေ့မြင်ကွင်းကိုလည်း အိုဘားမားက သူ့ရဲ့ စာထဲမှာ ဖော်ပြခဲ့ပါသေးတယ်။

    “၀တ်ပြုဆုတောင်းဖို့အတွက် တန်းစီရပ်နေကြတဲ့ လူအုပ်ကြီးက အရောင်အသွေးစုံလင်တဲ့ အ၀တ်အစားနဲ့ ၀တ်ဖြူစင်ကျယ်တွေ၊ ဈေးတွေနဲ့ ပတ်ဝန်းကျင်တွေမှာ ထွန်းညှိထားတဲ့ မီးအိမ်တွေ၊ အလှအပလေးတွေ၊ အမျိုးသမီးငယ်လေးတွေနဲ့ အမျိုးသမီးကြီးတွေရဲ့ လက်မှာ (ဒန်းရွက်ကိုကြိတ်ပြီး) ဆိုးလေ့ရှိတဲ့ လှပတဲ့ ဒီဇိုင်းတွေ၊ အလျှံပယ်ဖြစ်နေတဲ့ စားချင်စဖွယ်အစားသောက်တွေ၊ မွှေးကြိုင်တဲ့ ဟင်းလျာတွေ စတဲ့ အီးဒ်ပွဲတော်ရဲ့ အနှစ်သာရနဲ့ စိတ်လှုပ်ရှားမှုတွေရဲ ဖမ်းစားခြင်းကနေ မြူးမြူးကြွကြွ ပုံရိပ်တွေကို ခြယ်သထားကြတဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ ကမ္ဘာတစ်ဝှမ်းမှာ ကျွန်တော်တို့ မြင်တွေ့ရပါတယ်”

    ဒီအီးဒ်နေ့ဟာ ဘာသာအယူဝါဒအားလုံးအကို လေးစားခြင်းရဲ့ အရေးကြီးမှုအတွက်အမေရိကန်နိုင်ငံသားတိုင်းကို အသိပေးတဲ့ အားလပ်ရက်ဖြစ်တယ်လို့လည်း အိုဘားမားက ဆိုပါတယ်။

    နောက်ပြီး အီးဒ်နေ့ကို တရားဝင်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့တဲ့ နယူးယောက်မြို့က ကျောင်းတွေကို အိုဘားမားက ချီးကျူးခဲ့ပြီး၊ မတူညီတဲ့ အလူ့အဖွဲ့အစည်းတွေအတွင်း ပိုမိုနားလည်မှုနဲ့ စည်းလုံးညီညွတ်မှုရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြတဲ့
    လေးစားအားကျစရာကောင်းတဲ့ အမေရိကန်မွတ်စလင်တွေကို အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ အစ်ဖ်သာရ်ဝါဖြေပွဲမှာ တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့က လူမည်းခရစ်ယာန်ဘုရားရှိခိုးကျောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ လူမည်းခရစ်ယာန်ဘုရားကျောင်းတွေ ပြန်လည်ပြင်ဆင်ဖို့အတွက် အစ်ဖ်သာရ်ဝါဖြေပွဲ တက်ရောက်လာကြတဲ့ မွတ်စလင်လူငယ်တွေထဲမှ တစ်ဦးက ဦးဆောင်ကာ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီး ကန်ဒေါ်လာ ၇၅၀၀၀ ကျော် ရရှိခဲ့ကြောင်း၊ အယူဝါဒပေါင်းစုံကို ယုံကြည်ကိုးကွယ်ကြတဲ့ အမေရိကန်တွေဟာ မိမိတို့ရဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့နဲ့ တစ်နိုင်ငံလုံး စုစည်းခိုင်မာစေဖို့ အတူတကွ ရပ်တည်ရမှာဖြစ်ကြောင်း အိုးဘားမားက အဒီနှုတ်ခွန်းဆက် ဆုတောင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

    နောက်ဆုံးမှာတော့ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

    “အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ရှိနေတဲ့ သင်တို့ရဲ့အိမ်တွေကို ဒီနေ့ (အီးဒ်နေ့) က ပျော်ရွှင်မှုတွေ ဆောင်းကျဉ်းပေးမယ်လို့ မီချဲလ်နဲ့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ‘အီးဒ်မုဘာရက်ပါ’ လို့ ကျွန်တော်တို့ မိသားစုက ဆုတောင်းပေးလိုက်ပါတယ်”

  • လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲအတွက် မေ၀ယ်သာ လေ့ကျင့်

    လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲအတွက် မေ၀ယ်သာ လေ့ကျင့်

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    may 1

    – လာမယ့်စက်တင်ဘာလမှာ လက်ဝှေ့သက်တမ်းရဲ့ နောက်ဆုံးပွဲ ထိုးသတ်မယ်လို့ ကြေညာထားတဲ့ အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာတစ်ယောက် လေ့ကျင့်မှုတွေကို မနေ့ကစပြီး လက်စ်ဗီးဂက်စ်မှာ ပြန်လည်ပြုလုပ်နေပါတယ်။

    အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေ၀ယ်သာဟာ မေလဆန်းက ပက်ကွီအိုနဲ့ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့ နောက်ပိုင်းက ဒီလိုကြေညာခဲ့တာပါ။ အဲဒီပွဲဟာ သူ့ရဲ့ လက်ဝှေ့သက်တမ်းတစ်လျှောက် ၄၈ ပွဲ မြောက်ဖြစ်ပြီး ရှုံးပွဲမရှိ စံချိန်ကိုလည်း တင်ထားနိုင်ပါတယ်။

    သူလေ့ကျင့်နေတဲ့ပုံတွေကို သူရဲ့ ဆိုရှယ်အကောင့်ကနေလွှင့်တင်ခဲ့တာဖြစ်ပေမယ့် စက်တင်ဘာ ၁၂ ရက်နေ့လို့သတ်မှတ်ထားတဲ့ သူ့ရဲ့ နောက်ဆုံးပွဲကို ဘယ်သူနဲ့ ထိုးသတ်မယ်ဆိုတာကိုတော့ ကြညာခြင်း မရှိသေးပါဘူး။

    ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက မေ၀ယ်သာနဲ့ ထိုးသတ်ဖို့ စိတ်အားထက်သန်နေပေမယ့် မေ၀ယ်သာကတော့ အန်ဒရေ ဘာတို၊ တီမောသီ ဘရက်ဒလေတို့ထဲက တစ်ဦးဦးနဲ့ ထိုးသတ်မယ်လို့ မကြာသေးမီက ကြေညာထားပါတယ်။

    ဘာတိုကတော့ “ဒီပွဲအတွက် လျာထားခံရတာကို ကျွန်တော်ပျော်ပါတယ်။ ဒီစိန်ခေါ်မှုအတွက်လည်း လုံးဝ ရင်ဆိုင်သွားမှာပါ။ တကယ်လို့ ဒီပွဲဖြစ်ခဲ့ရင် ပွဲကောင်းတစ်ပွဲဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်

    မေ၀ယ်သာရဲ့ နောက်ဆုံးပြိုင်ဘက်ဟာ အမီးရ်ခန်း၊ ကာနီလို အလ်ဗာရက်ဇ်၊ တီမောသီ ဘရက်ဒလေ၊ ကိသ် သူမန်နဲ့ ကဲလ် ဘရော့တိုတွေထဲက တစ်ဦးဦးလည်း ဖြစ်နိုင်ပေမယ့် ရေပန်းအစားဆုံးကတော့ လက်ရှိ WBA ၀ယ်ဝိတ် ချန်ပီယံဖြစ်ပြီး ၃၃ ပွဲမှာ ၃ ပွဲသာရှုံးထားတဲ့ အန်ဒရေဘာတို ဖြစ်နေပါတယ်။

    Ref: Dailymail

  • အစ္စရေးအား စစ်ရေးအကူအညီ အမေရိကန်တိုးမြှင့်မည်

    အစ္စရေးအား စစ်ရေးအကူအညီ အမေရိကန်တိုးမြှင့်မည်

    ဇွန် ၁၇၊ ၂၀၁၅
    M-Media

    us

    – အီရန်နျူအရေး သဘောတူညီချက်ရရှိမှုနှင့် ပတ်သက်၍ တင်းမာမှုများကို ပြေလျော့စေရန်အတွက် အမေရိကန်မှာ အစ္စရေးအား စစ်ဘက်ဆိုင်ရာ အကူအညီ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁.၅ ဘီလီယံ တိုးမြှင့်ပေးအပ်သွားမည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

    ထိုကိစ္စအတွက် ဆွေးနွေးရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာရ်မှာ လာမည့်သီတင်းပတ်တွင် တဲလ်အဗီးသို့ သွားရောက်လည်ပတ်ရန် ရှိနေသည်။

    အဆိုပါ တိုးမြှင့်မည့် အစီအစဉ်တွင် အစ္စရေးမှာ F35 တိုက်လေယာဉ်များ ရရှိမည်ဖြစ်ပြီး၊ ဒုံးကျည်ကာကွယ်ရေးစနစ်များ သုတေသနပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းတို့အတွက် ရန်ပုံငွေလည်း ရမည်ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်က ဂါဇာအား ဗုံးကြဲတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော လက်နက်ခဲယမ်းများအတွက် ထပ်ဖြည့်ခြင်းလည်း ပါဝင်မည်ဟု အစ္စရေးသတင်းရင်းမြစ်များက Jerusalem Post သို့ ပြောကြားခဲ့သည်။

    အမေရိကန်နှင့် အစ္စရေးတို့၏ လက်ရှိသဘောတူညီချက်အတွက် အစ္စရေးမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ကြေးရရှိနေပြီး ထိုငွေကြေးများမှ အများစုကို တိုက်လေယာဉ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကဲ့သို့ အမေရိကန်ထုတ် လက်နက်များကို ၀ယ်ယူရာတွင် အသုံးပြုရသည်။

    အစ္စရေးနှင့် အမေရိကန်အာဏာပိုင်များမှာ စစ်ဘက်ဆိုင်ရာအကူညီပေးရေး ပမာဏကို ကန်ဒေါ်လာ ၄.၂ မှာ ၄.၅ ဘီလီယံကြားအထိ တိုးမြှင့်သွားရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု အစိုးရနှင့် နီးစပ်သူများက နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်အသစ်မှာ ၂၀၁၈ ခုနှစ်တွင် သက်ရောက်မည်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်မည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီ ကာတာရ်မှာ အစ္စရေး၏ ကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်နှင့် တွေ့ဆုံရန်ရှိနေသည်ဟု အစ္စရေးသတင်းရင်းမြစ်များက ဆိုသည်။

    Ref: RT

  • မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော

    မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    mu

    – လာမည့် ပရီးမီးယားလိဂ်ရာသီတွင် မိမိတို့အသင်းမှာ ပိုမိုကောင်းမွန်စွာဖြင့် စတင်ရန်လိုအပ်သည်ဟု မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် နွေရာသီတွင် မန်ယူအသင်းမှာ ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲခဲ့သော်လည်း ရာသီအစ ၁၀ ပွဲတွင် ရမှတ် ၁၃ မှတ်သာ ရရှိခဲ့ပြီး ရာသီကုန်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည်။

    ယခုနှစ်အပြောင်းအရွှေ့တွင်လည်း ဗန်ဂါးလ်မှာ ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရှဝိုင်းစတိုင်ဂါ၊ မမ်ဖစ်ဒီပေးနှင့် မော်ဂန်ရှနိုက်ဒါလင်တို့အား ခေါ်ယူခဲ့သည်။ ရွိုင်ယန်ဂစ်ကမူ အသင်းအား ရာသီအသစ်၌ အောင်မြင်စေချင်နေသည်။

    “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချယ်ဆီးအသင်းဟာ တော်တော်ဝေးဝေးသွားနိုင်တာကို ခင်ဗျား တွေ့ခဲ့မှာပါ။ ပြီးတော့ ကျွန်တ်ေတို့ရဲ့ စဉ်းစားပုံကို ပြောင်းလဲရမှာဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ ရာသီအစ အထမနှေးရအောင် လုပ်ရပါမယ်။ စိန်ခေါ်သူတွေနဲ့ ပြိုင်ဘက်တွေအားလုံးက ထက်ထက်မြက်မြက်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ရွိုင်ယန်ဂစ်က Manchester Evenig News သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဗန်းဂါးလ်က ရမှတ် ၃၀ တွင် ၁၂ မှတ်သာရခြင်းမှာ မလုံလောက်ကြောင်း ထိုကဲ့သို့ အထနှေးမှုမှာ ခက်ခဲပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် ရာသီသစ်အား စတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဂစ်က ဆိုသည်။

    “ဒီရက်တွေမှာတော့မဟုတ်ပါဘူး။ ဖာဂူဆန်အရင်က ပြောခဲ့ဖူးတာက “နောက်ပိုင်းမှ ကစားတာပေါ့လို့ မျှော်လင့်လို့ မရဘူး။ ထိပ်ဆုံးရောက်နေရမယ်၊ ရာသီအစ ပထမဆုံးပွဲကတည်းက အဆင်သင့်ဖြစ်နေရမယ်” တဲ့။ ဒါမျိုး ကျွန်တော်တို့ လုပ်ရမှာပါ”

    Ref: Goal