ဇူလိုင် ၁၇၊ ၂၀၁၅
M-Media
– လာမည့် ပရီးမီးယားလိဂ်ရာသီတွင် မိမိတို့အသင်းမှာ ပိုမိုကောင်းမွန်စွာဖြင့် စတင်ရန်လိုအပ်သည်ဟု မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ် နွေရာသီတွင် မန်ယူအသင်းမှာ ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲခဲ့သော်လည်း ရာသီအစ ၁၀ ပွဲတွင် ရမှတ် ၁၃ မှတ်သာ ရရှိခဲ့ပြီး ရာသီကုန်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည်။
ယခုနှစ်အပြောင်းအရွှေ့တွင်လည်း ဗန်ဂါးလ်မှာ ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရှဝိုင်းစတိုင်ဂါ၊ မမ်ဖစ်ဒီပေးနှင့် မော်ဂန်ရှနိုက်ဒါလင်တို့အား ခေါ်ယူခဲ့သည်။ ရွိုင်ယန်ဂစ်ကမူ အသင်းအား ရာသီအသစ်၌ အောင်မြင်စေချင်နေသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချယ်ဆီးအသင်းဟာ တော်တော်ဝေးဝေးသွားနိုင်တာကို ခင်ဗျား တွေ့ခဲ့မှာပါ။ ပြီးတော့ ကျွန်တ်ေတို့ရဲ့ စဉ်းစားပုံကို ပြောင်းလဲရမှာဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ ရာသီအစ အထမနှေးရအောင် လုပ်ရပါမယ်။ စိန်ခေါ်သူတွေနဲ့ ပြိုင်ဘက်တွေအားလုံးက ထက်ထက်မြက်မြက်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ရွိုင်ယန်ဂစ်က Manchester Evenig News သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဗန်းဂါးလ်က ရမှတ် ၃၀ တွင် ၁၂ မှတ်သာရခြင်းမှာ မလုံလောက်ကြောင်း ထိုကဲ့သို့ အထနှေးမှုမှာ ခက်ခဲပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် ရာသီသစ်အား စတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဂစ်က ဆိုသည်။
“ဒီရက်တွေမှာတော့မဟုတ်ပါဘူး။ ဖာဂူဆန်အရင်က ပြောခဲ့ဖူးတာက “နောက်ပိုင်းမှ ကစားတာပေါ့လို့ မျှော်လင့်လို့ မရဘူး။ ထိပ်ဆုံးရောက်နေရမယ်၊ ရာသီအစ ပထမဆုံးပွဲကတည်းက အဆင်သင့်ဖြစ်နေရမယ်” တဲ့။ ဒါမျိုး ကျွန်တော်တို့ လုပ်ရမှာပါ”
Ref: Goal


Leave a Reply
You must be logged in to post a comment.