News @ M-Media

Author: Ko Lay

  • ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့

    ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    fifa

    – အခြားသူများ၏ ကျရှုံးမှုများအတွက် မိမိမှာ ဓားစားခံဖြစ်နေရပြီး ကမ္ဘာကြီးပူနွေးလာမှုအတွက်ပင် မိမိမှာ အပြစ်တင်ခံရလိ့မ်မည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ထေ့ငေါ့ ပြောကြားလိုက်သည်။

    အဖွဲ့အတွင်း ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသော်လည်း ငါးကြိမ်မြောက် ဥက္ကဌအဖြစ် မေလက ရွေးချယ်ခြင်းခံခဲ့ရသည့် ဘလတ္တာမှာ လေးရက်အကြာတွင်ပင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။

    ဖီဖာရှိ အကြီးတန်းအရာရှိအချို့မှာ ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်း ခံနေရသော်လည်း ဘလတ္တာမှာ ပါဝင်ခြင်းမရှိသောကြောင့် အချို့က ဝေဖန်မှုများ ရှိနေပြီး ဘလတ္တာကမူ ထိုသို့ဝေဖန်မှုများက မိမိအား မမျှမတ မလိုမုန်းထားခြင်းဖြစ်ကာ ဖီဖာမှ ၀န်ထမ်းတစ်ဦးချင်းဆီတိုင်း၏ လုပ်ရပ်အတွက် မိမိမှာ တာဝန်မယူနိုင်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် အားလုံးကို လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ မကြာခင်က ကမ္ဘာ့ဖလားမှာ အင်္ဂလိပ် အမျိုးသမီးကစားသမား ကိုယ့်ဂိုးကိုယ်သွင်းတာ၊ အဲဒါတွေအားလုံးကို ကျွန်တော် တာဝန်ယူရမှာလား။ ရာသီဥတုပြောင်းလဲတာကိုရော ကျွန်တော် တာဝန်ယူရမှာလား” ဟု Reuters သို့ ဘလတ္တာက ပြောကြားခဲ့သည်။

    လူများက ၎င်းအပေါ် မနာလိုဝန်တိုမှု ထားရှိနေသည်ဟု ဘလတ္တာက ထင်မြင်ယူဆနေသည်။

    “အားကျမှုဟာ နှစ်နဲ့ချီအောင်းနေတာပါ။ အဲဒီ အားကျမှုက မနာလိုဝန်တိုမှုကို အခိုင်အမာ ဖြစ်စေပါတယ်။ ပြီးတော့ မနာလိုမှုက ချစ်ခြင်းမေတ္တာမှာ သွားပြီး အမြစ်တည်ပါတယ်။ ဒါက အမုန်းကို ပြောင်းသွားနိုင်ပြီး ကျွန်တော်တို့ ကွန်ဂရက်မလုပ်ခင် ၂ ရက်အရင်က ၀ရုန်းသုန်းကားဖြစ်လာတဲ့အခါ ပေါ်လာတော့တာပါပဲ”

    FBI မှာ ဖီဖာမှ တာဝန်ရှိသူ ၁၄ ဦးကို ၁၉၉၁ ခုနှစ်မှ စတင်ခဲ့သည့် ချစားမှုစွဲချက်များဖြင့် ဖမ်းဆီးထားပြီး ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Goal

  • အမေရိကန် မွတ်စလင်ပရဟိတအဖွဲ့ အရီဇိုနားရှိ ချို့တဲ့သူများအား အစားအသောက်များ လှူဒါန်း

    အမေရိကန် မွတ်စလင်ပရဟိတအဖွဲ့ အရီဇိုနားရှိ ချို့တဲ့သူများအား အစားအသောက်များ လှူဒါန်း

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    us

    – နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရမ်ဇာန်ပရဟိတ အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် အမေရိကန်ရှိ ထိပ်တန်း အစ္စလာမ့် ပရဟိတအဖွဲ့ဖြစ်သော Islamic Relief USA မှာ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ချို့တဲ့သူများအတွက် အစားအသောက်များ လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဒီလရဲ့ နာမ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုက ဘ၀တိုက်ပွဲဝင်နေရတဲ့ တစ်ဦးတစ်ယောက်ရဲ့ နေရာမှာ အစားဝင်ကြည့်တာပါပဲ။ စာလောင်မွတ်သိပ်နေမှုကို ခံစားရတာ၊ ပြီးတော့ စာနာနားလည်မှုကို တိုးမြှင့်ရတာတွေဟာ လူတွေ ပရဟိတပိုလုပ်ဖို့အတွက် တွန်းအားဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု Islamic Relief USA အစီအစဉ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မင်ကိုင်လူ ဂျာလိုဟ်က ဇူလိုင်လ ၇ ရက်နေ့တွင် ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Islamic Relief USA အဖွဲ့မှာ ဖီးနစ်မြို့ရှိ ချို့တဲ့သူများအား ဝေငှနိုင်ရန်အတွက် အင်္ဂါနေ့က အလေးချိန် ပေါင် ၃၀ ခန့်ရှိမည့် အစားသောက်အထုတ် ၃၀၀၀ ကို မြို့အခြေစိုက် အစားအသောက်ဘဏ်သို့ ပေးပို့ခဲ့သည်။

    ဂျာလိုဟ်၏ ပြောကြားမှုအရ အဆိုပါ အထုတ်တစ်ထုတ်စီတွင် ခေါက်ဆွဲခြောက်၊ ဆန်၊ ပဲ၊ ဆီ၊ စည်သွတ်ဘူး၊ ချီစ်နှင့် စွံပလွန်သီးတို့ ပါဝင်ပြီး ယခုလအစောပိုင်းက ဗာဂျီးနီးယားပြည်နယ် စပရင်းဖီးလ်ဒ်ရှိ စေတနာ့ဝန်ထမ်းများက ပါကင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ရမ်ဇာန်လအတွင်းမှာ အလှူအတန်းတွေ ပိုလုပ်ဖို့ တိုက်တွန်းထားပါတယ်” ဟု ဂျာလိုဟ်က ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လဖြစ်သော ရမ်ဇာန်ဥပုသ်လတွင် အရွယ်ရောက်ပြီးသည့် အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ ဥပုသ်သီလဆောက်တည်ရန် မလုပ်မနေရအဖြစ် အစ္စလာမ်က သတ်မှတ်ထားသည်။

    သို့သော်လည်း ကျန်းမာရေးမကောင်းသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားမည်ကို စိုးရိမ်ရသောသူများအတွက် ပလပ်ခွင့်ရှိသည်။

    ဥပုသ်သီလဆောက်တည်ခြင်း၏ ရည်ရွယ်ချက်များမှာ ခန္တီတရား လက်ကိုင်ထားတတ်စေရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာတို့ကို ထိန်းချုပ်နိုင်စေရန်နှင့် ၀တ်ပြုခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းနှင့် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်မှု ရယူရန်အတွက် ဖြစ်သည်။

    “တကယ်လို့များ လူတွေဟာ သတင်းတွေမှာ ဘယ်လို ကြားရတာမျိုးကိုမှ ဂရုမထားဘဲ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ အပြန်အလှန် ဆက်သွယ်အကျိုးပြုမှုရှိမယ်၊ ပိုပြီး ထဲထဲဝင်ဝင်ရှိမယ်ဆိုရင် စံချိန်စံညွှန်းတွေက ဒါမျိုးဆိုတာ သူတို့ တွေ့ရမှာပါ” ဟု ဂျာလိုဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    Islamic Relief USA ၏ မိခင်အဖွဲ့ဖြစ်သော Islamic Relief Worldwide (IRW) မှာ ကမ္ဘာတစ်ဝှမ်းတွင် ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး မွတ်စလင်အဖွဲ့အစည်း ၁၅ ဖွဲ့ပါဝင်ကာ ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး ပြည်သူများကို ဖေးမကူညီမှုပေးရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

    ၁၉၈၄ ခုနှစ်တွင် ယူကေ၌ စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့က မိမိတို့၏ လုပ်ငန်းစဉ်မှာ အသားအရောင်၊ မျိုးနွယ်၊ အယူဝါဒတို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ထိခိုက်ခံစားရသူများ၊ ဆာလောင်မွတ်သိပ်သူများ၊ ပညာမတတ်သောသူများနှင့် ရောဂါဝေဒနာ ခံစားနေရသောသူများအား အားပေးကူညီရေးဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ Islamic relief အဖွဲ့မှာ ယခုအချိန်တွင် အနောက်ကမ္ဘာတစ်ခြမ်း၌ အကြီးဆုံး မွတ်စလင် ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဖြစ်နေပြီဖြစ်သည်။

    Ref: Onislam

  • ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ်  ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း

    ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ် ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၅
    M-Media

    mala

    – ကလေးငယ်များအား ၁၂ နှစ်ကြာ အခမဲ့ပညာရေး ပေးအပ်နိုင်ရန်အတွက် ၈ ရက်စာ စစ်အသုံးစားရိတ်ကို ဖယ်ထုတ်ပေးရန် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာယူစွဖ်ဇိုင်က ကမ္ဘာ့ခေါင်းဆောင်များအား အင်္ဂါနေ့တွင် တိုက်တွန်းခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း ကလေးများ တစ်နှစ်စာ ပညာသင်ယူနိုင်ရေးအတွက် ရန်ပုံငွေမှာ ကန်ဒေါ်လာ ၃၉ ဘီလီယံရှိသည်ဟု မာလာလာတည်ထောင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Malala Fund က ခန့်မှန်းတွက်ချက်ခဲ့သည်။

    “ဒီပမာဏဟာ တော်တော်ကြီးမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလောက် မများပါဘူး။ တကယ်တော့ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီ ၃၉ ဘီလီယံကို စစ်ဘက်မှာ ၈ ရက်လောက်နဲ့ သုံးနေတာပါပဲ” ဟု နော်ဝေနိုင်ငံ အော်စလိုတွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလ၏ ပညာရေးထိပ်သီးအစည်းအဝေးတွင် မာလာလာက ပြောကြားခဲ့သည်။

    အိန္ဒိယရှိ ကလေးငယ်များအရေး လှုပ်ရှားသူ ကိုင်လက်ရှ် ဆက်ယာသီနှင့် ပြီးခဲ့သည့် ဒီဇင်ဘာက နိုဘယ်ဆု အတူယူခဲ့ပြီးနောက် မာလာလာမှာ နော်ဝေသို့ ပထမဆုံး ပြန်ရောက်လာခြင်းလည်း ဖြစ်သည်။

    မာလာလာမှာ ဇွန်လအတွင်းကလည်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဂျင်မ် ယုံ ကင်နှင့် တွေ့ဆုံခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ရန် ကုလက စီစဉ်ထားသည့် “ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက်” အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် အဆိုပါရည်မှန်းချက်များ ပြည့်မီရေးအတွက် ဘဏ္ဍာငွေရှာဖွေရန် နည်းလမ်းများနှင့် ပတ်သက်၍ လာမည့်သီတင်းပတ်၌ အီသီယိုးပီးယားတွင် အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသည်။

    “ကျွန်မပေးချင်တဲ့ မက်ဆေ့ခ်ျက ဒီရည်ရွယ်တွေမှာ ပါရှိတဲ့ အလယ်တန်းပညာရေး ရည်မှန်းချက်ကို အသေအချာ ဆောင်ရွက်ရမယ် ဆိုတာပါပဲ။ ကလေးတစ်ယောက်ကို ၁၂ နှစ်လောက် မူလတန်းနဲ့ အလယ်တန်းပညာရေး သင်ပေးဖို့ ပိုက်ဆံတွေက အဲဒီမှာ (စစ်အသုံးစားရိတ်မှာ) ရှိနေပြီးပါပြီ” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၀၀ ခုနှစ်က စတင်ခဲ့သည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းကို အစားထိုးမည့် အဆိုပါ ရည်မှန်းချက်အသစ်များကို ဦးတည်နိုင်ငံများအနေဖြင့် လာမည့် ၁၅ နှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်လားဆိုသည်ကို စက်တင်ဘာလတွင် ကုလက ချိန်ဆ ဆန်းစစ်သွားမည်ဖြစ်သည်။

    ထောင်စုနှစ်ရည်မှန်းချက်တွင် သန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်သော ကုလ၏ အစီရင်ခံစာ၌ ဖော်ပြထားပြီး ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အလွန်ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်နေရသော အရေအတွက်မှာ ၁.၉ ဘီလီယံမှ ၈၃၆ သန်းအထိ ကျင်ဆင်းခဲ့ကာ ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။

    ထိုကာလအတွင်း အသက် ၅ နှစ်အောက်ကလေးငယ်များ သေဆုံးမှုမှာလည်း လူ ၁၀၀၀ တွင် ၉၀ မှ ၄၃ ဦးအထိ လျော့ကျခဲ့သည်။

    “ဒါပေမယ့် တိုးတက်မှုက ဒေသတွေနဲ့ နိုင်ငံတွေကြားထဲမှာ အညီအမျှ မဖြစ်သေးဘဲ သိသာတဲ့ ကွာဟချက်တွေ ရှိနေပါတယ်။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခတွေဟာ အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်နေပြီး၊ ပြိုကွဲကာ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေဟာ ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးကို ကြုံတွေ့ခံစားနေရပါတယ်” ဟု ကုလ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Dawn

  • တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားသည့် IS နှင့် အဆက်သွယ်ရှိသူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားသည့် IS နှင့် အဆက်သွယ်ရှိသူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    ဇူလိုင် ၉၊ ၂၀၁၅
    M-Media

    Untitled-1

    – IS အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူ နိုင်ငံသား နှစ်ဦးကို မြို့တော် ကွာလာလမ်ပူတွင် ဖမ်းဆီးခဲ့သည်ဟု မလေရှားရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

    ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါနှစ်ဦစလုံးမှာ နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    သံသယရှိသူ ပထမတစ်ဦးကို ဇူလိုင်လ ၂ ရက် ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ကွာလာလမ်ပူ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် အဆိုပါအမျိုးသားမှာ ဥရောပတွင် IS အဖွဲ့သားများနှင့် ထိတွေ့ခဲ့ပြီး ၎င်းတို့က ကလန်းဗာလီဒေသရှိ ဖျော်ဖြေရေးအဆောက်အဦးများနှင့် မြို့တော်အတွင်းရှိ အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို တိုက်ခိုက်မှုများ ပြုလုပ်ရန်
    ညွှန်းကြားခဲ့သည်ဟု ယုံကြည်ရသည်။

    ဒုတိယမြောက်တစ်ဦးမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဆီးရီးယားတွင် IS အဖွဲ့နှင့် သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဒဏ်ရာရကာ မလေးရှားသို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်။

    ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းအပြင် အစွန်းရောက်အတွေးအခေါ်များကို ရေးသားထားသော စာရွက်စာတမ်းများ၊ ကိရိယာတန်ဆာပလာ ၀ယ်ယူထားသည့် ဘောက်ချာများကို သိမ်းဆည်းရမိခဲ့သည်။

    မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲကမူ ထိုအဖြစ်အပျက်အတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့ပြီး IS ၏ အကြီးတန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် ဒေသခံများမှာ အကြမ်းဖက်တိုက်ခိုက်မှုများ စီစဉ်ရန် အခြေအနေ မြင့်တက်လာမှုကို ရောင်ပြန်ဟပ်စေသည်ဟုလည်း ဆိုသည်။

    Ref: Channelnewsasia

  • ရှယ်ယာရှင်များ ရှယ်ယာထုတ်မရောင်းရန် တရုတ် အမိန့်ထုတ်

    ရှယ်ယာရှင်များ ရှယ်ယာထုတ်မရောင်းရန် တရုတ် အမိန့်ထုတ်

    ဇူလိုင် ၉၊ ၂၀၁၅
    M-Media

    china

    – အစိုးရမှ သတ်မှတ်ထားသည့် ကုမ္ပဏီများမှ အဓိကရှယ်ယာရှင်များနှင့် အမှုဆောင်အရာရှိများမှာ ၎င်းတို့၏ ရှယ်ယာများကို နောက်ထပ် ၆ လအတွင်း ရောင်းချခြင်းမပြုရန် တရုတ်အစိုးရက ကန့်သတ်လိုက်ပြီး ဈေးကွက်ပြိုလဲမှုများကို ရပ်တန့်ရန်အတွက် တရုတ်အစိုးရထံမှ
    နောက်ဆုံးပေါ်ထွက်လာသည့် ဆောင်ရွက်ချက်လည်းဖြစ်သည်။

    ရှန်းဟိုင်းစတော့ဈေးကွက် အညွှန်းကိန်းမှာ ယနေ့မနက်တွင် ၃.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဈေးကွက်ပြိုလဲမှုကို ရှောင်ရှားရန် အစိုးရက ဆောင်ရွက်မှုများ ပိုမိုပြုလုပ်နေသော်လည်း ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

    Shanghai Composite အညွှန်းကိန်းမှာ ၁၂၉.၉၄ ပွိုင့်ကျဆင်းခဲ့ကာ ၃၃၇၇.၂၅ သို့ ရောက်ရှိခဲ့ပြီး၊ Shenzhen Composite အညွှန်းကိန်းမှာလည်း ၁၃.၉၁ ပွိုင့် ကျဆင်းခဲ့ကာ ၁၈၇၀.၅၄ သို့ ရောက်ရှိခဲ့သည်။

    ဂျပန်စတော့ဈေးကွက်ဖြစ်သော Nikkei မှာ ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သော်လည်း ဟောင်ကောင်၏ Hang Seng စတော့ဈေးကွက်မှာမူ ၀.၆၁ ရာခိုင်နှုန်း တက်လာခဲ့သည်။

    ပြီးခဲ့သည့် ဇွန်လအလယ်ပိုင်းက စတင်ခဲ့သည့် တရုတ်စတော့ဈေးကွက် ပြိုလဲမှုကြောင့်ယခုအချိန်တွင် ၃.၂ ထရီလီယံ ဆုံးရှုံခဲ့ရပြီး ဖြစ်သည်။

    “ဈေးကွက်က မသေချာသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်တွေကထက် ပိုကောင်းလာပါတယ်” ဟု
    ဈေးကွက်စောင့်ကြည့်သူတစ်ဦးဖြစ်သည့် ကွီယန်မင်းက ပြောကြားခဲ့သည်။

    ရှယ်ယာများ နောက်ထပ် ၆ လအတွင်း ထုတ်ရောင်းခြင်းမပြုရဟူသော အစိုးရ၏ ယခုအစီအစဉ်မှာ ဈေးကွက်ကို တည်ငြိမ်စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ဥပဒေအရ ရပိုင်ခွင့်ကို ပြည့်ပြည့်၀၀ ကာကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တရုတ်ဈေးကွက် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော CSRC က ယမန်နေ့ညပိုင်းတွင် ပြောကြားခဲ့သည်။

    Ref: Aljazeera