News @ M-Media

Author: Ko Lay

  • အမေရိကန်၏ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း အခြေအနေများကို စိုးရိမ်ဟု ဖော်ပြ

    အမေရိကန်၏ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း အခြေအနေများကို စိုးရိမ်ဟု ဖော်ပြ

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    rhg

    – မြန်မာနိုင်ငံတွင် “ထင်ထင်ရှားရှားရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ” အတွက် မိမိတို့အနေဖြင့် စိုးရိမ်မိသည်ဟု အမေရိကန် ယမန်နေ့တွင် ပြောကြားလိုက်ပြီး လူနည်းစု ရိုဟင်ဂျာအပေါ် ဆက်လက်ရှိနေသည့် အနိုင်ကျင့်မှုများကိုလည်း မီးမောင်းထိုးပြခဲ့သည်။

    “ နိုင်ငံရေးအကျဉ်းသားတွေကို ၂၀၁၂ ခုနှစ်မှာ လွှတ်ပေးတာ အကျဉ်းထောင်အတွင်း အခြေအနေတွေ ဆောင်ရွက်တာနဲ့ ရေရှည်ခံတဲ့ အပစ်ရပ်ရေးရဖို့ ဆွေးနွေးမှုတွေ ဆက်လုပ်နေတာတွေ အပါအ၀င် ၂၀၁၁ ခုနှစ်ကတည်း တိုးတက်မှုလားရာ ကျယ်ပြန့်လာမှုနဲ့အတူ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုဟာဆိုးဆိုးဝါးဝါးဆက်ရှိနေပါတယ်” အမေရိကန်အစိုးရ၏ ကမ္ဘာ့တစ်ဝှမ်း လူ့အခွင့်အရေးတိုးတက်မှု နှစ်စဉ်သုံးသပ်ချက်တွင် ဖော်ပြထားသည်။

    မျှော်လင့်ချက်ကင်းမဲ့နေသည့် ထောင်ပေါင်းများစွာသော ရွှေပြောင်းအခြေချသူများအား အာဆီယံရေပိုင်နက်တွင် ယိုင်နဲ့နဲ့ သင်္ဘောများဖြင့် မကြာသေးမီ သီတင်းပတ်များအတွင်း ကယ်တင်ခဲ့ရပြီးနောက် ရခိုင်ပြည်နယ်တွင် အများစုနေထိုင်သည့် ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခများမှာ
    ကမ္ဘာက အာရုံစူးစိုက်မှုကို ရခဲ့သည်။

    “နိုင်ငံမဲ့ရိုဟင်ဂျာတွေအတွက် တူညီပြီး၊ ခွဲခြားမှုမရှိခြင်းကို အခြေခံတဲ့ ပြည့်ဝတဲ့နိုင်ငံသားဖြစ်ခွင့် ရရှိရေးအတွက် မျှတတဲ့လုပ်ငန်းစဉ်ကို မြန်မာအစိုးရက ဆောင်ရွက်မပေးခဲ့ပါဘူး” ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာနှင့် အခြားသော မွတ်စလင်လူ့အဖွဲ့အစည်းများအား ကူညီရန်အတွက် ထိရောက်သည့် အားထုတ်မှုများကို ရခိုင်ပြည်နယ် အာဏာပိုင်များက ဆောင်ရွက်ခြင်းမရှိဟုလည်း အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

    အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ ၁၄၀၀၀၀ ကျော်မှာ ဒုက္ခသည်စခန်းများနှင့် ပိတ်လှောင်ခံထားရပြီး အဆိုပါစခန်းများက ရိုဟင်ဂျာနှင့် ရခိုင်လူ့အဖွဲ့အစည်းတို့အား သီးသန့်ခွဲခြားထားကာ ရိုဟင်ဂျာများမှာ အနိုင်ကျင့်မှုနှင့် ငွေညှစ်မှုတို့ကို ခံရစေသည်။

    မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များမှ တစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် ငြှင်းပန်းနှိပ်စက်ခံ ရိုဟင်ဂျာမွတ်စလင်လူ့အဖွဲ့အစည်းတို့အကြား အကြမ်းဖက်မှုများ အချိန်မရွေး ဖြစ်ပွားနိုင်သည့် တင်းမာမှုမျိုး ရှိနေသည်။

    အမေရိကန်၏ အဆိုပါ လူ့အခွင့်အရေးအစီရင်ခံစာတွင် အစိုးရတပ်ဖွဲ့များမှာ အပြစ်ပေးခြင်းမခံရဘဲ ကျူးလွန်မှုများကို ဆောင်ရွက်ခွင့်ရနေပြီး တရားမဲ့သတ်ဖြတ်မှုများ၊ ငြှင်းပန်းနှိပ်စက်မှုများနှင့် စိတ်ထင်တိုင်း ဖမ်းဆီးထိန်းသိမ်းမှုများကို ပြုလုပ်နေကြသည်ဟု အပြစ်တင်ထားသည်။

    ထို့ပြင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များရှိ ဆိုးရွားသော အခြေအနေများကို ရှုတ်ချထားသော်လည်း အလုပ်စခန်းများရှိ အခြေအနေမှာ ယေဘုယျအားဖြင့် တိုးတက်လာကာ အချို့နေရာများတွင် အသက်အန္တရာယ်ခြိမ်းခြောက်မှု အလားအလာပင် ရှိသည်ဟု ဖော်ပြခဲ့သည်။

    စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းနှင့် မြေယာသိမ်းယူခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခြင်းကလည်း ပြဿနာပင်ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖောပြခဲ့သည်။

    ၂၀၀၁ ခုနှစ်က စစ်အာဏာရှင်စနစ် နိဂုံးချုပ်၍ ပြုပြင်ပြောင်းလဲမှုများကို စတင်လာကတည်းက မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှုကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အမေရိကန်က တစ်ဖြည်းဖြည်းခြင်း ထောက်ခံခဲ့သည်။

    သို့သော်လည်း လေ့လာသူများအစုကမူ အဆိုပါ ပြုပြင်ပြောင်းလဲမှုများမှာ လက်ရှိအချိန်တွင် ရပ်တန့်သွားပြီဟု ပြောကြားခဲ့သည်။

    Ref: Tribune, RFA

  • အစ္စရေး၏ စစ်ရာဇ၀တ်မှု ကျူးလွန်မှုဖိုင်ကို ICC သို့ ပါလက်စတိုင်း တင်သွင်း

    အစ္စရေး၏ စစ်ရာဇ၀တ်မှု ကျူးလွန်မှုဖိုင်ကို ICC သို့ ပါလက်စတိုင်း တင်သွင်း

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    bb

    – အစ္စရေးက စစ်ရာဇ၀တ်မှုကျူးလွန်မှုများနှင့်ပတ်သက်၍ စစ်တမ်းပြုထားသည့် ပထမဆုံး ဖိုင်တွဲတစ်ခုကို ပါလက်စတိုင်းက နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC သို့ ယမန်နေ့တွင် တင်သွင်းခဲ့ပြီး ပြီးခဲ့သည့်နှစ် ဂါဇာကမ်းမြှောင်အား တိုက်ခိုက်မှုအတွင်း အစ္စရေး၏ ကျူးလွန်မှုများအတွက် ICC ၏ စုံစမ်းမှုကို တိုးမြှင့်ရန် ကမ်းလှမ်းမှုလည်း ဖြစ်ခဲ့သည်။

    ICC ၏ တရားသူကြီးချုပ် ဖာတူ ဘန်ဆူဒါနှင့် တွေဆုံပြီးနောက် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီအက်ဒ် မာလီကီက မိမိမှာ ဂါဇာတိုက်ခိုက်မှု၊ ပါလက်စတိုင်းပိုင် နယ်မြေများတွင် အစ္စရေးက တရားမ၀င်အိမ်ရာများ တည်ဆောက်မှုနှင့် အစ္စရေးက ဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသားများအား ငြှင်းပန်းနှိပ်စက်မှုတို့နှင့် ပတ်သက်သော ဖိုင်တွဲတစ်ခုကို ဘန်ဆူဒါအား ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေရဲ့ ယုံကြည်စိတ်ချရမှုအတွက် ပါလက်စတိုင်းက စမ်းသပ်မှုတစ်ခုပါ။ ပြီးတော့ ကမ္ဘာကြီးက ကျရှုံးလို့မရတဲ့ စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ပါလက်စတိုင်းက တရားမျှတမှုကို တောင်းဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်စားချေဖို့ မဟုတ်ပါဘူး” ဟု မာလီကီက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တင်သွင်းခြင်းကြောင့် အစ္စရေးမှာ ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းမလား၊ သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ်မလားဆိုသည်ကို ဝေခွဲရ ခက်စေမည်ဖြစ်သည်။

    နယ်သာလန်အခြေစိုက် ICC မှာ ဂါဇာတိုက်ခိုက်မှုတွင် ပါလက်စတိုင်းလက်နက်ကိုင်အုပ်စုနှင့် အစ္စရေးတို့မှာ စစ်ရာဇ၀တ်မှု ကျူးလွန်မှုများ ရှိခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ ဆန်းစစ်မှုများ ပြုလုပ်နေသော်လည်း အစ္စရေးထံမှ အချက်အလက်များ တောင်းယူ၍ မရခဲ့ပေ။

    ယမန်နေ့က တင်သွင်းသည့် ပါလက်စတိုင်းတို့၏ အဆိုပါဖိုင်မှ အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ခြင်း မပြုခဲ့သော်လည်း ထိုဖိုင်တွင် အစ္စရေး၏ တရာမ၀င်အိမ်ရာများ ဆောက်လုပ်ခြင်းနှင့် နိုင်ငံတကာဥပဒေအား ချိုးဖောက်သည်ဟု အဘယ်ကြောင့် ပါလက်စတိုင်းတို့က ရှုမြင်ရခြင်းဆိုသည့် အကြောင်းအရာများပါဝင်သည်ဟု သိရသည်။

    အစ္စရေးမှာ ICC ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘဲ ICC ၏ လုပ်ပိုင်ခွင့်ကိုလည်း ငြင်းဆိုသည့်နိုင်ငံဖြစ်သည်။

    ပြီးခဲ့သည့်နှစ် ဂါဇာအား တိုက်ခိုက်မှုတွင် ၎င်းတို့စစ်တပ်မှ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟူသော ပြောဆိုမှုများကို အစ္စရေးက ငြင်းဆိုထားပြီး၊ အစ္စရေးဘက်ကို ဒုံးကျည်များပစ်ခဲ့သည့် ဟားမက်စ်ကိုသာ အပြစ်တင်ခဲ့သည်။

    ထိုတိုက်ခိုက်မှုတွင် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကမူ ပါလက်စတိုင်း၏ ထိုကဲ့သို့ တင်သွင်းခြင်းမှာ ICC အား ထောင်ချောက်ဆင်ရန် ကြိုးစားမှုသာဖြစ်သည်ဟု ပြောကြားခဲ့ပြီး တရားသူကြီးများအနေဖြင့် ထိုထောင်ချောက်ထဲသို့ ကျရောက်မည်မဟုတ်ဟု မျှော်လင့်ကြောင်း
    ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဆင်နယ်မှာ မနှစ်ကခြေစွမ်းရလျှင် ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မည်ဟု ၀ဲလ်ဘတ်ဆို

    အာဆင်နယ်မှာ မနှစ်ကခြေစွမ်းရလျှင် ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မည်ဟု ၀ဲလ်ဘတ်ဆို

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    ars

    – ပြီးခဲ့သည့်ရာသီ အဆုံးပိုင်းက အခြေအနေအတိုင်း ရာသီသစ်ကို စတင်နိုင်ပါက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် ပိုမိုစိန်ခေါ်နိုင်မည်ဟု အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ်က ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က ၃၂ နှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေဖြင့် ရာသီအား စတင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ခြေစွမ်းများ ပြလာနိုင်ခဲ့ကာ အဆင့် ၃ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့ပြီး FA ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

    မန်ယူမှ ပေါင် ၁၆ သန်းဖြင့် ပြောင်းရွှေ့လာပြီး ဒဏ်ရာများဖြင့် ရုန်းကန်နေရသည့် ၀ဲလ်ဘတ်ကမူ ချယ်ဆီးအသင်း၏ စွမ်းဆောင်ရည်နှင့် တည်ငြိမ်မှုအတွက် ချီးကျူးခဲ့ပြီး၊ ကစားပုံမကောင်းသည့် အချိန်များတွင်လည်း လိုအပ်သည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ မိမိတို့မှာမူ နောက်ပိုင်းမှ ကောင်းလာခဲ့သည်ဟုဆိုသည်။

    “အာဆင်နယ်အကြောင်းပြောရရင် ကျွန်တော်တို့ဟာ ရာသီအစတုန်းက ရသင့်သလောက်အမှတ်တွေကို မယူနိုင်ခဲ့ပါဘူး။ ပြီးတော့ ဒါက ကျွန်တ်ာတို့ကို အောက်ခြေကို ဆွဲချသွားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကိုတော့ လျော့မထားပါဘူး။ ကျွန်တော်တို့
    တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်ချင်ခဲ့ပါတယ်။ ရာသီဝက်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ဆက်သွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ကိုင်နိုင်တွယ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ တစ်ဖြည်းဖြည်း အနိုင်တွေရခဲ့ပြီး ၃ မှတ်ပြီး ၃ မှတ် ယူနိုင်ခဲ့ပါတယ်” ဟု ၀ဲလ်ဘတ်က Rabona မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအချင်းအရာကို လာမည့်ရာသီတွင် မိမိတို့ လုပ်နိုင်မည်ဟုထင်ကြောင်း၊ အသင်း ဆက်လက်တိုးတက်ရေးအတွက် မိတို့အားလုံး စိတ်ပိုင်းဖြတ်ထားပြီး လာမည့်ရာသီတွင် ပိုမိုတောင့်တင်းစွာဖြင့် ပြန်လာမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • တစ်ကမ္ဘာလုံး အခမဲ့ Wifi  သုံးနိုင်မယ့် Google ရဲ့ စီမံကိန်း နယူးယောက်ကနေ စပြီ

    တစ်ကမ္ဘာလုံး အခမဲ့ Wifi သုံးနိုင်မယ့် Google ရဲ့ စီမံကိန်း နယူးယောက်ကနေ စပြီ

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    gg

    – အားလုံးစုပြုံ ၀ိုင်းသုံးနေကြပြီး ဖြူကာပြာကာကျနေတဲ့ အင်တာနက်လိုင်းတစ်ခုကို သုံးရဖို့အတွက် ဈေးတင်ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော်တို့ ၀ယ်သောက်စရာမလိုတော့မယ့်အချိန် သိပ်မကြာခင် ရောက်လာပါတော့မယ်။

    ဘာ့ကြောင့်လည်းဆိုတော့ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်သွားမယ့် ဂူးဂဲလ်ရဲ့ အခမဲ့ ၀ိုင်ဖိုင်လိုင်း အစမ်းထုတ်လွှင့်မှုကို နယူးယောက်မြို့မှာ မကြာခင် စတင်မှာကြောင့်ပဲ ဖြစ်ပါတယ်။

    Sidewalk Labs လို့ခေါ်တဲ့ ဒီအစီအစဉ်ကို အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ ဂူးဂဲလ်က နှစ်မြှုပ်လုပ်ကိုင်နေတာ တော်တော်ကြာပါပြီ။

    ဘယ်လိုလဲဆိုတော့ ဂူးဂဲလ်ဟာ ရှေးဟောင်း လမ်းဘေးဖုန်းရုံတွေကို “Wi-Fi pylons” ဆိုတဲ့ ကြော်ညာတွေကပ်ပြီး ဒီဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်။

    ဒီပြောင်းလဲထားတဲ့ ဖုန်းရုံတွေမှာ ဖုန်းအားသွင်းတာ၊ ပြည်တွင်းဖုန်း အလကားခေါ်တာတွေလည်း ဆောင်ရွက်လို့ရပြီး မြို့အကြောင်းနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အချက်အလက်တွေကို ကြည့်ရှုနိုင်မယ့် touch screen တစ်ခုကိုလည်း ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။

    Bloomberg သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ အဲဒီ pylon တွေဟာ နယူးယောက်မြို့တစ်ဝှမ်း ဒီနှစ်ဆောင်းဦးမှာ ရောက်လာမယ်လို့ ဆိုပါတယ်။

    Ref: Metro

  • ကလပ်နှင့် နိုင်ငံအတွက် ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်ချင်

    ကလပ်နှင့် နိုင်ငံအတွက် ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်ချင်

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    rooney

    – ဘောလုံးလောကမှ အနားမယူခင်အချိန်အတွင်း မန်ယူနှင့် အင်္ဂလန်အသင်းတို့၏ ဂိုးအများဆုံးသွင်းသူ ဖြစ်ချင်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ရူနီမှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ စလိုဗေးနီးယားနှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ပြီး ထိုဂိုးမှာ အင်္ဂလန်အသင်းအတွက် ၎င်း၏ ၄၈ ဂိုးမြောက်ဖြစ်ကာ ဂိုးအများဆုံးသွင်းထားသည့် ဘော်ဘီချာလ်တန်ကို လိုက်မီရန် ၁ ဂိုးသာ လိုတော့သည်။

    မန်ယူတွင်လည်း ဘော်ဘီချာလ်တန်မှာ စုစုပေါင်းသွင်းဂိုး ၂၄၉ ဂိုးဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးအဖြစ် စံချိန်တင်ထားနိုင်ပြီး ပြီးခဲ့သည့်ရာသီက ၁၄ ဂိုးသွင်းယူနိုင်ခဲ့သည့် ရူနီမှာ ဂိုးပေါင်း ၂၃၀ ရှိနေပြီဖြစ်သည်။

    ရူနီကမူ ကစားသမားဘ၀မှ အနားမယူခင်အချိန်အတွင်း အဆိုပါ စံချိန်များကို ချိုးဖျက်ရန် စိတ်အားထက်သန်နေသည်။

    “ကျွန်တော့်ရဲ့ တစ်ကိုယ်ရေသွင်းဂိုးတွေဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေအတွက် ကျွန်တော့်ရဲ့ အကာင်းဆုံး စွမ်းရည်ကို ပြဖို့ပါပဲ။ ပြီးတော့ ကျွန်တော်ဖြစ်နိုင်တဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်အဖြစ် သေချာစေဖို့ပါပဲ။ ကျွန်တော့်ရဲ့ စံချိန်စံညွှန်းတွေကို တတ်နိုင်သလောက် ခပ်မြင့်မြင့်မှာပဲ ထားပါတယ်။ ဒါဟာ မပြောင်းလဲပါဘူး။ မန်ယူနဲ့ အင်္ဂလန် နှစ်သင်းစလုံးကို လာမယ့်နှစ်မှာ ဖလားတွေရအောင် ကျွန်တော် ကူညီချင်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေး ရပါလိမ့်မယ်” ဟု ၎င်း၏ တရားဝင် ၀ဘ်ဆိုက်တွင် ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနေဖြင့် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့အတွက် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာစေရန် ရည်မှန်းချက် စိတ်ထဲတွင် တစ်ချိန်လုံးရှိကြောင်း၊ သို့သော်လည်း မိမိ၏ အဓိကဦးစားပေးမှာ ကလပ်နှင့် နိုင်ငံအသင်းတို့အား ကူညီရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal