News @ M-Media

Author: Ko Lay

  • သေဒဏ်ဖြင့် ထောင်တွင် နှစ် ၃၀ နေခဲ့ရပြီးမှ အမေရိကန်တစ်ဦး အပြစ်မရှိ၍ ပြန်လွတ်

    သေဒဏ်ဖြင့် ထောင်တွင် နှစ် ၃၀ နေခဲ့ရပြီးမှ အမေရိကန်တစ်ဦး အပြစ်မရှိ၍ ပြန်လွတ်

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    Anthony Ray Hinton is greeted by family outside the Jefferson County Jail in Birmingham, Alabama

    – သေဒဏ်ကျခံနေရပြီး နှစ်ပေါင်း ၃၀ ကြာ အကျဉ်းထောင်ထဲတွင် နေခဲ့ရသည့် အလာဘားမားပြည်နယ်မှ အမေရိကန်တစ်ဦးမှာ ၎င်းအား စွဲဆိုထားသော အမှုအတွက် အပြစ်မရှိကြောင်း လျှောက်ထားနိုင်ခဲ့ပြီး သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်ဟု သိရသည်။

    အသက် ၅၈ နှစ်အရွယ် ရေးဟင်တန်ဆိုသူဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက ဘာမင်ဂမ်ရှိ အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်ကာ မိသားစုများက မျက်ရည်လည်ရွဲဖြင့် ကြိုဆိုခဲ့ကြသည်။

    “ကျွန်တော်ဟာ နှစ်ပေါင်း ၃၀ လောက် သေဒဏ်နဲ့ အချုပ်မခံရခဲ့သင့်ပါဘူး။ သူတို့လုပ်ခဲ့တဲ့အရာက သေနတ်ကို ဆန်းစစ်တာပါပဲ” ဟု ဟင်တန်က ပြောကြားခဲ့သည်။

    ဟင်တန်မှာ ၁၉၈၅ ခုနှစ်က ဘာမင်ဂမ်ရှိ အမြန်စား စားသောက်ဆိုင် မန်နေဂျာ ၂ ဦးကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချခံခဲ့ရခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာတွင် တွေခဲ့ရသည့် ကျည်ဆံများကြောင့် ဟင်တန်မှာ ထိုအမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ခေတ်ပေါ်နည်လမ်းများဖြင့် အဆိုပါ ကျည်ဆံများအား ပြန်လည်စစ်ဆေးပြီးနောက် ထိုကျည်ဆံမှာ ဟင်တန်၏ အိမ်တွင်ရှိသည့် ခြောက်လုံးပြူးမှ ထွက်လာသည့် ကျည်ဆံမျိုးမဟုတ်ဘဲ ထိုကဲ့သို့သော သေနတ်ကပင် ထွက်လာခြင်းမဟုတ်ဟု တရားသူကြီးများက ယခုတစ်ပတ်တွင် ပြောကြားခဲ့သည်။

    ဟင်တန်ကမူ သေဆုံးသူများ၏ မိသားစုများအတွက် ဆုတောင်းပေးမည်ဟုဆိုပြီး ၎င်းတို့မှာလည်း တရားရေးဌာန၏ မှားယွင်းမှုကို ခံစားခဲ့ရသည်ဟု ဆိုသည်။

    တရားစီရင်မှုအတွင်း ဟင်တန်မှာ လုံလောက်သည့် ဥပဒေရေးရော အကြံပေးမှု မရရှိခဲ့ဟု အမေရိကန် တရားရုံးချုပ်က ပြီးခဲ့သည့်နှစ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဟင်တန်၏ အမှုအား ပြန်လည်စစ်ဆေးရန် အမိန့်ပေးခဲ့သည်။ တရားသူကြီးများကလည်း ထိုအမှုအား တရားရုံးသို့ ပြန်တင်ခဲ့ပြီး ကျည်ဆံများအား ပြန်လည်စစ်ဆးခဲ့ကာ ယခုကဲ့သို့ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

    ဟင်တန်၏ ရှေ့နေဖြစ်ပြီး အလာဘားမားအခြေစိုက် တရားရေးညီမျှမှု ရှေ့ဆောင်အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဘရိုင်ယန် စတီဗန်ဆန်က သေနတ်အား ပြန်လည်စစ်ရန် ပြည်နယ်တရားရေးဌာနအား နှစ်ပေါင်းများစွာ ဖိအားပေးခဲ့ပြီး တာဝန်ရှိသူများက ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ထိုအမှုက တရားရေးစနစ်၏ ပြဿနာများကို ထင်ရှားစေသည်ဟုလည်း ဆိုသည်။

    ထို့ပြင် ဟင်တန်မှာ တရားရင်ဆိုင်နေစဉ်အတွင်း ၎င်းတွင် အပြစ်မရှိကြောင်း သက်သေပြရန် ငွေမရှိသောကြောင့် ဆိုးရွားသော သိပ္ပံစမ်းသပ်မှုအပေါ် အခြေခံကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “သူဆင်းရဲ့လို့ ပြစ်ဒဏ်ကျခံရတာပါ”

    Ref: Aljazeera

  • FA ၏ ငယ်မွေးခြံပေါက်ကစားသမားအစီအစဉ် ပူးလစ်ကန့်ကွက်

    FA ၏ ငယ်မွေးခြံပေါက်ကစားသမားအစီအစဉ် ပူးလစ်ကန့်ကွက်

    ဧပြီ ၄၊ ၂၀၁၅
    M-Media

    tony-pulis-west-brom-southampton-premier-league-28022015_zu2c6ckhreb01vtuv5ri1wi9j

    – ပရီးမီးယားလိဂ်တွင် ပြည်တွင်းမှ ငယ်မွေးခြံပေါက် ကစားသမားများ သတ်မှတ်ချက်ဖြင့် ထည့်သွင်းရေး FA ၏ အဆိုပါပြုချက်ကို ၀က်စ်ဘရွန်းနည်းပြ တူနီပူးလစ်က ကန့်ကွက်လိုက်ပြီး လူငယ် ကစားသမားများမှာ အောက်တန်းလိဂ်များတွင်သာ ကစားသင့်သည်ဟု ပြောကြားလိုက်သည်။

    FA အကြီးအကဲဖြစ်သူ ဒိုက်ကီက အင်္ဂလန်လက်ရွေးစင်အသင်းတိုးတက်ရေးအတွက် အင်္ဂလိပ်ကစားသမားများမှာ ပြည်တွင်းအမြင့်ဆုံးလိဂ်ဖြစ်သော ပရီးမီးယားလိဂ်တွင် ပိုမိုပါဝင်ရမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း အကြံပြုခဲ့သည်။

    သို့သော်လည်း ပူးလစ်ကမူ အဆိုပါအယူအဆကို သဘောမတူဘဲ အငယ်တန်းလိဂ်များတွင် ချိတ်ဆက်ကစားခြင်းကသာ ပါရမီရှိ ကစားသမားများ တိုးတက်ဖြစ်ပေါ်လာရေးအတွက် ပိုကောင်းသည့် နည်းလမ်းဖြစ်သည်ဟု ဆိုသည်။

    “အင်္ဂလိပ်ကစားသမား ၁၂ ယောက်လောက်ကို အသင်းမှာခေါ်ထားတာ သူတို့ကို (ပရီးမီးယားလိဂ်အသင်းတွေမှာ) အငှားချထားတာဟာ မကောင်းပါဘူး။ အင်္ဂလိပ်ကစားသမားတွေအတွက် ဖြစ်သင့်တာက သူတို့ကို အသင်းငယ်တွေမှာ အငှားချပြီး ဒုတိယနဲ့ တတိယအဆင့် လိဂ်တွေမှာသင်ယူစေဖို့ပါပဲ။ ဟယ်ရီကန်း ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ကြည့်ပါ” ဟု ပူးလစ်က ပြောကြားခဲ့သည်။

    အင်္ဂလိပ်ကစားသမားများ ပရီးမီးယားလိဂ်တွင် နေရာမရခြင်းမှာ နိုင်ငံခြားကစားသမားများ ကြီးစိုးမှုကြောင့်ဟု ဝေဖန်မှုများရှိနေပြီး ပူးလစ်ကမူ နိုင်ငံခြားကစားသမားများ ၀င်ရောက်ခြင်း
    ရပ်တန့်သွားအောင်လုပ်ခြင်းမှာအင်္ဂလိပ်ကစားသမားများ နေရာရလာရေးအတွက် နည်းလမ်းဟု မမြင်ကြောင်း၊ နိုင်ငံခြားသား
    ထိပ်တန်းကစားသမားများက ကစားသမားကောင်းဖြစ်လာရေး လေးစားအားကျမှုသာ ဖြစ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အင်္ဂလိပ်အသင်းများ၏ ဘောလုံးအကယ်ဒမီစနစ်များကိုလည်း ဝေဖန်ခဲ့ပြီး ယူ ၂၁ လူငယ်အသင်းများ၏ ကစားပွဲများကလည်း ကစားသမားများ တိုးတက်ရေးအတွက် လုံလောက်အောင် ကောင်းမွန်းခြင်းမရှိဟု ဆိုသည်။

    Ref: Goal.com

  • နှစ် ၉၀ ကြာ ပိတ်ထားခဲ့ရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ရုရှားတွင် ပြန်ဖွင့်

    နှစ် ၉၀ ကြာ ပိတ်ထားခဲ့ရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ရုရှားတွင် ပြန်ဖွင့်

    ဧပြီ ၄၊ ၂၀၁၅
    M-Media

    3-4-15_Mosque-Restored-After-90-Years-of-Closure

    – ဆိုဗီယက်ခေတ်က ကွန်မြူနစ်တို့၏ ဖိနှိပ်မှုကြောင့် ပိတ်ပစ်ခဲ့ရကာ ရုပ်ရှင်ရုံ၊ အရက်ချက်စက်ရုံအဖြစ် ပြောင်းလဲခြင်းခံခဲ့ရသည့် Red Juma ဗလီဝတ်ကျောင်းတော်ကို နှစ်ပေါင်း ၉၀ ကျော် ကြာပြီးနောက်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ၀တ်ပြုမှုများကို စတင်နိုင်ခဲ့ပြီဟု သိရသည်။

    ရုရှားနိုင်ငံ တော့မ်စ်က် ဒေသတွင်ရှိသည့် အဆိုပါဗလီဝတ်ကျောင်းတော် ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် သီတင်းပတ် သောကြာနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော့မ်စ်က် အုပ်ချုပ်ရေးမှူး ဆာဂျီ ဂျေဗာက်ခ်ျကင်၊ မြို့တော်ဝန် အိုင်ဗန် ကလီယင်၊ ချေချင်းညာ ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ဥက္ကဌ ဒူကူဗာ အဒူရာခမ်အာနော့ဗ်နှင့် ချေချင်းညာ မွဖ်သီ ဆာလာဟ် ဟာစီ မီစီဗ်တို့ တက်ရောက်ခဲ့ကြသည်။

    မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ၀မ်းမြောက်စရာဖြစ်သည့် အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဒေသတွင်းရှိ မွတ်စလင်ကိုယ်စားလှယ်များနှင့် ၀တ်ပြုသူ မွတ်စလင်အရေအတွက် ရာနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။

    ဖွင့်ပွဲအခမ်းအနားတွင် တော့မ်စ်က်ဒေသ ရှေ့ဆောင်အီမာမ်ဖြစ်သူ အိုဇော့တ်မွတ်ဒင် အူမာယက်ဗ်က ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈာယ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ရှိခ်နာဖီဂွလ္လာဟ် အဟ်စီရော့ဗ်က မိန့်ခွန်းပြောကြားခဲ့ကာ တက်ရောက်လာသူများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    အုပ်ချုပ်ရေးမှူး ဂျာဗက်ခ်ျကင်ကမူ ဗလီဝတ်ကျောင်းတော် ပြုပြင်မှုကို ကူညီပေးခဲ့ကြသည် တော့မ်စ်က် လူ့အဖွဲ့အစည်းနှင့် ချေချင်းညာဒေသ ခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ Red Juma ဗလီဝတ်ကျောင်းတော်ကို ၁၉၀၁ ခုနှစ်တွင် ယခုဗလီဝတ်ကျောင်းတော်ရှိသော နေရာ၌ သစ်သားဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပျက်ဆီးသွားခဲ့ရသည်။ ထို့နောက် ၁၉၀၄ ခုနှစ်တွင် ဒေသတွင်းမွတ်စလင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ခဲ့သည်။

    ကွန်မြူနစ်ဝါဒ ခေါင်းထောင်ထလာသည့် ၁၉၂၀ ပြည့်နှစ်များတွင် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ အစိုးရ၏ ပိတ်သိမ်းခြင်းကို ခံခဲ့ရပြီး ရုပ်ရှင်ရုံ၊ နောက်ပိုင်းတွင် အရက်ရောင်းသည့် စားသောက်ဆိုင်အဖြစ် ပြောင်းလဲခြင်း ခံခဲ့ရသည်။ ထိုကာလအတွင်း ဗလီဝတ်ကျောင်းတော် အဆောက်အဦးမှာ လုံးဝ ပျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်တွင် မင်နာရတ်နှင့် အမိုးခုံးများမရှိဘဲ ၂၀၀၂ ခုနှစ်တွင် ဒေသတွင်းရှိ မွတ်စလင်များလက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

    ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်သာသနာပြီးလျှင် အစ္စလာမ်မှာ ရုရှား၏ ဒုတိယအကြီးဆုံး အယူဝါဒဖြစ်ပြီး ရုရှားလူဦးရေ ၁၄၅
    သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၂၃ သန်းရှိကာ နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းရှိသည်။
    အစ္စလာမ်ဘာသာဝင်အများစုမှာ ကော့ကေးရှပ်ဒေသ မြောက်ပိုင်းတွင် နေထိုင်ကြသည်။

    Ref: Onislam

  • အီရန်နှင့် အင်အားကြီးနိုင်ငံတို့ နျူအရေး သဘောတူညီချက် ရရှိ

    အီရန်နှင့် အင်အားကြီးနိုင်ငံတို့ နျူအရေး သဘောတူညီချက် ရရှိ

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    40aa82c1c4b64c1ba81eca8505142037_18

    – အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့ နျူအရေး သဘောတူညီချက် ရရှိခဲ့မှုအတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးကျူးလိုက်ပြီး မိမိတို့နှင့် မဟာမိတ်နိုင်ငံများမှာ သမိုင်းဝင် နားလည်မှုတစ်ခုကို ရရှိခဲ့ပြီဟု ပြောကြားခဲ့သည်။

    ဆွဇ်လန်နိုင်ငံ Lausanne မြို့တွင် ၈ ရက်ကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးနောက် အီရန်နှင့် အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံတို့မှာ နျူကလီးယားဆိုင်ရာ မူဘောင်သဘောတူညီချက်တစ်ခုကို သဘောတူညီနိုင်ခဲ့ခြင်း ဖြစ်သည်။ သမ္မတအိုဘာမားကမူ အဆိုပါ သဘောတူညီချက်မှာ ကောင်းမွန်သော သဘောတူညီချက်ဖြစ်ပြီး အီရန်နိုင်ငံ၏ နျူကလီးယား ရည်ရွယ်ချက်နှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖြေရှင်းသွားနိုင်မည်ဟု အိမ်ဖြူတော်မှတစ်ဆင့် ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်အရ အီရန်၏ Natanz နျူစက်ရုံရှိ ဆောင်ရွက်မှုများကို ကန့်သတ်သွားမည်ဖြစ်ပြီး၊ လာမည့် ၁၅ နှစ်အတွင်း ယူရေနီယံ သန့်စန်ခြင်း ရည်ရွယ်ချက်အတွက် အဆောက်အအုံအသစ်များ ဆောက်လုပ်ခြင်းမပြုရန်လည်း အီရန်က သဘောတူခဲ့သည်။ အပြန်အလှန်အားဖြင့် အမေရိကန်၊ ကုလနှင့် အနောက်နိုင်ငံများက အီရန်အပေါ် ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးရန်ဖြစ်သည်။ အီရန်နျူအရေးအတွက် နောက်ဆုံးသဘောတူညီချက်ကို လာမည့်ဇွန်လ ၃၀ ရက်နေ့တွင် ချုပ်ဆိုသွားမည်ဖြစ်သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ အဆိုပါ သဘောတူညီချက်မှာ win-win ရလဒ်ဖြစ်ပြီး နောက်ဆုံးသဘောတူညီချက် ရရှိပြီးနောက် နှစ်ပေါင်းများစွာကြာ ပြုလုပ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် မိမိတို့နိုင်ငံက ကတိရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါသဘောတူစာချုပ်ကို ဖောက်ဖျက်ပြီး စနစ်ဟောင်းသို့ ပြန်သွားမည့် မည်သည့်ဆင်ခြေကိုမှ မိမိတို့ခွင့်မပြုဟုလည်း သတိပေးခဲ့သည်။

    ထိုကဲ့သို့ သဘောတူညီချက်ရရှိခဲ့ခြင်းအတွက် အမေရိကန်မှ ရီဘက်ဘလစ်ကန်အမတ်များက ကန့်ကွက်ခဲ့ကြပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားထံသို့ ဖုန်းခေါ်ကာ ထိုသဘောတူညီချက်မှာ အစ္စရေး၏ ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိကြေင်း၊ မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ သဘောတူညီချက်က နျူကလီးယားပြန့်ပွားရေးအန္တရာယ်များနှင့် ဆိုးရွားသည့် စစ်ပွဲအန္တရာယ်များကို တိုးလာစေနိုင်သည်ဟု ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

    အိုဘားမားကမူ ထိုပြောဆိုမှုကို ပယ်ချခဲ့ပြီး ယခုကဲ့သို့ အပြန်အလှန်သဘောတူညီချက် ရရှိခဲ့ခြင်းက ရေရှည်ခံပြီး ပြီးပြည့်စုံသည့် အဖြေအတွက် ထင်ရှားသော တိုးတက်မှုဖြစ်သည်ဟု ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် လကလည်း နေတန်ယာဟုမှာ အမေရိကန်ကွန်ဂရက်တွင် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူအရေး ဆွေးနွေးပွဲကို လမ်းကြောင်းပြောင်းသွားစေရန် ရည်ရွယ်သော ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ကမူ အစ္စရေးဝန်ကြီးချုပ်နှင့် ၎င်းအား ထောက်ခံသူများမှာ စိတ်ကစဥ့်ကလျားနှင့် အကြောက်တရား လွှမ်းမိုးသောအသိုက်အ၀န်းတစ်ခုကို ဖန်းတီးနေခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒါနဲ့ပတ်သက်ပြီး ရှင်းရမယ်ဆိုရင် အချို့လူတွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ယူဆကြပါတယ်။ တစ်ကယ်လို့ ခင်ဗျားအနေနဲ့ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ မယုံကြည်မှုတွေနဲ့ ပြဿနာတွေ မရှာဘူးဆိုရင် ဒီသဘောတူညီချက်က ဘယ်သူ့ကိုမှ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး”

    Ref: Aljazeera, Press TV

  • ဘာသာရေးပွဲတော်ကို အစ္စရေး၏ ကန့်သတ်မှုအတွက် သည်းခံမည်ဟုတ်ဟု ပါလက်စတိုင်း ခရစ်ယာန်များပြော

    ဘာသာရေးပွဲတော်ကို အစ္စရေး၏ ကန့်သတ်မှုအတွက် သည်းခံမည်ဟုတ်ဟု ပါလက်စတိုင်း ခရစ်ယာန်များပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    plst easter

    – မိမိတို့၏ အီစတာပွဲတော် ကျင်းပမှုကို အစ္စရေးစစ်တပ်က ထပ်မံကန့်သတ်ခြင်းနှင့် ယခင်နှစ်များတွင် ဖြစ်ပွားသကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခြင်းတို့အတွက် မိမိတို့မှ လုံးဝ သည်းခံမည်မဟုတ်ဟု ပါလက်စတိုင်း ခရစ်ယာန်များက ပြောကြားလိုက်သည်။

    Good Friday ဖြစ်သော ယနေ့မှ စတင်ကာ ခရစ်ယာန်တို့၏ အီစတာပွဲတော် သီတင်းပတ်ဖြစ်ပြီး အစ္စရေး၏ ကန့်သတ်ချက်များက ပွဲတော်ဆင်နွှဲမှုအား အတားအဆီးဖြစ်လိ့မ်မည်ကို စိုးရိမ်ကြောင်း ပါလက်စတိုင်းရှိ ခရစ်ယာန်လူ့အဖွဲ့အစည်း ခေါင်းဆောင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    “ဒီနှစ်က အဓိကပြောင်းလဲမှုတစ်ခု ရှိပါတယ်။ ဒါကတော့ ပါလက်စတိုင်းဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ အဖွဲ့ဝင်ဖြစ်လာတဲ့
    ဧပြီ ၁ ရက်ပါပဲ။ (မြင့်မြတ်ရာနေရာတွေ ၀င်ခွင့်) ကျွန်တော်တို့ ငြင်းပယ်ခံရမယ်ဆိုရင် အဲဒီလို လွတ်လပ်စွာကိုးကွယ်ခွင့်ကို ငြင်းပယ်ခြင်းဟာ ကျွန်တော်တို့ တရားစွဲဆိုသွားမည့် ကိစ္စပါပဲ” ဟု ယခင်ပါလက်စတိုင်း စီးပွားရေးဝန်ကြီးဟောင်းဖြစ်သူ ဂျေရုစလင်မှ အောသိုဒေါ့စ် ခရစ်ယာန်ဘာသာဝင် ဘက်ဆင်းမ် ခူရီက ပြောကြားခဲ့သည်။

    ပါလက်စတိုင်း၌ အီစတာပွဲတောင်ကျင်းပတိုင်း ခရစ်ယာန်များအား ဂျေရုစလင်ရှိ မြင့်မြတ်ရာ နေရာများသို့ ၀င်ရောက်ခွင့်ကို အစ္စရေးက တားမြစ်ပိတ်ပင်မှုကြောင့် ခရစ်ယာန်များနှင့် အစ္စရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလေ့ရှိသည်မှာ ဆယ်စုနှစ်နှင့်ချီခဲ့ပြီဖြစ်သည်။

    “၂၀၀၅ ခုနှစ်ကတည်းက ဂျေရုစလင်မြို့ဟောင်းအတွင်း ကျွန်တော်တို့ ၀င်ရောက်ခွင့်ကို အစ္စရေးက ပိတ်ခဲ့တာပါ။ ကျွန်တော်တို့ဟာ Palm Sunday နဲ့ Holy Friday ပွဲတော်ကျင်းပဖို့ လာတိုင်း ၀င်ပေါက်တံခါးတွေ ပိတ်ထားပြီး အစ္စရေးစစ်သားတွေက လမ်းတစ်လျှောက်မှာ စောင့်ကြပ်နေပါတယ်” ဟု ဂျေရုစလင်ရေးရာ ပါလက်စတိုင်းဝန်ကြီးဟောင်း ဟင်ဒ် ခူရီက ပြောကြားခဲ့သည်။

    ယခုနှစ် အီစတာပွဲတော်မှာ ဂျူးတို့၏ Passover ပွဲတော်နှင့် တိုက်နေသောကြောင့် အစ္စရေးက ဂျေရုစလင်ရှိ မြင့်မြတ်ရာဒေသများသို့ ပါလက်စတိုင်း ခရစ်ယာန်များနှင့် မွတ်စလင်များ ၀င်ရောက်ခွင့်ကို ပို၍ တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့သည်။

    Ref: Aljazeera