ဧပြီ ၁၄၊ ၂၀၂၀
M-Media
ဒုတိယသမ္မတ ၂ နှင့် မိသားစု၊ နီးစပ်သူ ၃၀ ခန့်ကို Covid-19 ရှိ၊ မရှိ စစ်ဆေးမည်
News Source – BBC Burmese
ဧပြီ ၁၄၊ ၂၀၂၀
M-Media
ဒုတိယသမ္မတ ၂ နှင့် မိသားစု၊ နီးစပ်သူ ၃၀ ခန့်ကို Covid-19 ရှိ၊ မရှိ စစ်ဆေးမည်
News Source – BBC Burmese
ဧပြီ ၁၄၊ ၂၀၂၀
M-Media
-ရွေ့လျားသွားလာမှုကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ သင်္ကြန်ပွဲကျင်းပတဲ့ မြန်မာနိုင်ငံသား ၆၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မလေးရှား သတင်းဌာနတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။
Covid-19 ပြန့်နှံ့ကူးစက်မှုကြောင့် မလေးရှားဟာ တိုင်းပြည်ကို မတ်လ အလယ်ပိုင်းလောက်ကတည်းက တံခါးပိတ်ထားပြီး ပြည်သူတွေ လှုပ်ရှားသွားလာမှု၊ လူစုလူဝေး လုပ်ဆောင်မှုတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ကန့်သတ်ထားတာပါ။
မြို့တော် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ဆီပန်းမြို့က စက်ရုံတစ်ခုရဲ့ အလုပ်သမားအဆောင်မှာ မြန်မာနိုင်ငံသားတွေဟာ သင်္ကြန်အကြိုနေ့က ရေသဘင်ပွဲတော် ကျင်းပခဲ့ကြပြီး မိနစ် ၃၀ ကြာမြင့်တဲ့ ဗီဒီယိုတစ်ခုလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။
ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ဝမ် ကမာရွလ် အဇ်ရန် ဝမ် ယူဆွဖ်က စက်ရုံ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ အကူအညီပေးမှုနဲ့အတူ ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ သံသယရှိသူ ၆၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီအထဲက ၂ ဦးဟာ သင်္ကြန်ပွဲတော် ကျင်းပပုံတွေကို ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးပြီး Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့တယ်လို့ ဝန်ခံခဲ့ကာ အချို့တွေကလည်း ပွဲတော်မှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံကြောင်း၊ စစ်ဆေးမေးမြန်းပြီး နောက်ထပ်ပါဝင်သူတွေကို ရှာဖွေဖမ်းဆီးဖို့ လုပ်ဆောင်နေကြောင်း ဝမ် ယူဆွဖ်က ဆိုပါတယ်။
အခု ဖမ်းဆီးထားတဲ့ မြန်မာ ၆၀ ကျော်ကိစ္စကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၉၊ ၅၀၅ (ဂ)၊ ကူးစက်ရောဂါ တားဆီးနှိမ်နှင်းရေးဆိုင်ရာ အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
သင်္ကြန်ပွဲကျင်းပတဲ့ ဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့သွားပြီးတဲ့နောက် မလေးရှားနိုင်ငံသားတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
Ref: Malay Mail
ဧပြီ ၁၃၊ ၂၀၂၀
M-Media
-ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့နေတဲ့ အခုကာလအတွင်း ပြည်သူတွေ အိမ်ထဲမှာ နေထိုင်ဖို့အတွက် အင်ဒိုနီးရှားက ရွာတစ်ရွာမှာ သရဲခြောက်တဲ့ နည်းလမ်းကို အသုံးပြုလာပြီး အတော်အသင့် အောင်မြင်မှုရနေပါတယ်။
ဂျာဗားကျွန်းက ကေပူဆိုတဲ့ရွာမှာဖြစ်ပြီး ပိတ်ဖြူဖတ်ထားကာ မျက်နှာကို ပေါင်ဒါတွေလိမ်းထားတဲ့ သရဲတွေဟာ ညဘက်ဆိုရင် ရွာမှာ လှည့်ပတ်နေတာဖြစ်ပါတယ်။
“ကြောက်လန့်စရာကောင်းတဲ့ သရဲကို အသုံးပြုပြီး လူတွေကို အိမ်ထဲမှာနေအောင် ဖန်တီးထားတာ ဖြစ်ပါတယ်” လို့ ရွာရဲ့ ကာလသားခေါင်း Anjar Pancaningtyas က ပြောကြားခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ ရဲတွေနဲ့ပူးပေါင်းပြီး ဒီနည်းလမ်းကို အခုလအစောပိုင်းမှာ စတင်အကောင်အထည်ဖော်တာပါ။ သရဲတွေကို တစ်နေရာထဲမှာထိုင်စေတဲ့ အစပိုင်းက လူတွေဟာ စူးစမ်းလိုစိတ်နဲ့ လာရောက်ကြည့်ရှုကြတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ ခုန်ဆွခုန်ဆွနဲ့ ရွာကိုလှည့်ပတ်နေတဲ့စနစ်ကို ကျင့်သုံးခဲ့ပြီး အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ သရဲယောင်ဆောင်ဖို့အတွက် ရွာကလူတွေဟာ အလှည့်ကျ စေတနာ့ဝန်ထမ်း တာဝန်ယူပေးကြတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မနေ့ကအထိ Covid-19 ကူးစက်သူ ၄၂၄၁ ဦးရှိပြီး သေဆုံးသူက ၃၇၃ ဦး ရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြီးတဲ့နောက် အာရှမှာ သေဆုံးမှုနှုန်း အများဆုံးလည်း ဖြစ်ပါတယ်။
လက်ရှိ မြို့တော်ဂျကာတာမှာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားပေမယ့် တစ်နိုင်ငံလုံးမှာ ဒီအမိန့် ထုတ်ပြန်မှာမဟုတ်သေးဘူးလို့ သမ္မတ ဂျိုကိုကို ဝီဒိုဒိုက ပြောကြားထားပြီး၊ ပြည်သူတွေအနေနဲ့ အိမ်မှာသာနေဖို့ လူစုလူဝေးမလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref: Reuters
ဧပြီ ၁၃၊ ၂၀၂၀
M-Media
-ဗလီအပါအဝင် အစ္စလာမ့်သာသနိကအဆောက်အဦးတွေမှာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းမှုတွေ၊ ဘာသာရေးအခမ်းအနားတွေ ပိတ်ပင်ထားမှု မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးတဲ့ အမိန့်တစ်ခုကို မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်စော်ဘွား ဆူလ်တန် ရှာရာဖူဒင် အီဒရစ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မလေးရှားရဲ့ နိုင်ငံရေးစနစ်အရ အစ္စလာမ်ဘာသာရေးဆိုင်ရာ အခွင့်အာဏာကို ပြည်နယ်စော်ဘွားတွေထံ အပ်နှင်းထားတာပါ။ အခုအမိန့်ထုတ်လိုက်တဲ့ ဆီလန်ဂေါပြည်နယ်ဟာ မြို့တော်ကွာလာလမ်ပူတည်ရှိရာ လူနေထူထပ်တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
အခုအမိန့်ကြောင့် ဧပြီလနှောင်းပိုင်းမှာ စတင်ကျရောက်မယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်လတာ ရမ်ဇာန်ဥပုသ်လမှာ လူစုလူဝေးနဲ့လုပ်တဲံ ဝတ်ပြုဆုတောင်းမှုတွေ ဘာသာရေးအခမ်းအနားတွေလည်း ကျင်းပခွင့် ရတော့မှာ မဟုတ်ပါဘူး။
စော်ဘွားရဲ့ အတွင်းရေးမှူး ဒါတွတ် မိုဟာမက် မူနီရ် ဘာနီကနေတစ်ဆင့် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို တားမြစ်ရတာဟာ ဆီလန်ဂေါပြည်သူတွေကို Covid-19 ရန်ကနေ ကာကွယ်ဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူစုလူဝေးနဲ့မလုပ်ဖို့ တားမြစ်ထားတဲ့ ဘာသာရေးအခမ်းအနားတွေထဲမှာ သောကြာနေ့ ဝတ်ပြုမှု၊ တရားဒေသနာဟောကြားမှုတွေ၊ ဘာသာရေးသင်ခန်းစာ ပို့ချမှုတွေအပြင် ရမ်ဇာန်ဥပုသ်လမှာ သီးသန့်ဝတ်ပြုရတဲ့ သာရာဝီ ဝတ်ပြုမှုလည်း ပါဝင်ပါတယ်။
သာရာဝီဝတ်ပြုမှုကိုတော့ မိမိတို့အိမ်တွေမှာသာ ဝတ်ပြုကျဖို့ ဆူလ်တန် အီဒရစ်ရဲ့ အမိန့်မှာ တိုက်တွန်းထားပါတယ်။
“အိမ်မှာနေတာ၊ တစ်ကိုယ်သန့်ရှင်းမှုကိုအလေးထားတာ၊ လူစုလူဝေး မလုပ်တာတွေလို ကပ်ရာဂေါကျော်လွှာရေး အစီအမံတွေကို နိုင်ငံသားတိုင်းက သေသေချာချာ လိုက်နာရပါမယ်”
Covid-19 ပြန့်နှံ့မှုကို ထိန်းသိမ်းဖို့အတွက် မလေးရှားဟာ မတ်လ အလယ်ပိုင်းကစလို့ နိုင်ငံကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားပြီး ဧပြီလ ၂၈ ရက်နေ့အထိ ဖြစ်ပါတယ်။
ဆူလန်ရဲ့ အတွင်းရေးမျူး ဒါတွတ် မူနီရ် ဘာနီက သောကြာနေ့ စုဝေးဝတ်ပြုမှုကို အခြားနေ့တွေလို ပုံမှန်ဝတ်ပြုနေတဲ့ ဇူဟိုရ် မွန်းလွဲဝတ်ပြုမှုနဲ့ အစားထိုးမှာဖြစ်ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကို စောစောစီးစီး ထိန်းသိမ်းနိုင်ရင် အမိန့်သစ်တစ်ခု ထပ်ထုတ်ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေ၊ လမ်းညွှန်ချက်တွေကို ပြည်သူအားလုံးက လိုက်နာဖို့လိုအပ်လိုပြီး၊ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ သတင်းမှားတွေကို မယုံကြဖို့လည်း ဆူလ်တန် အီဒရစ်က တိုက်တွန်းခဲ့ပါတယ်။
ရမ်ဇာန်ဥပုသ်လမှာ မလေးရှားနိုင်ငံတစ်ဝှမ်း ဖွင့်လှစ်လေ့ရှိ ရမ်ဇာန်ညစျေးတွေကို မဖွင့်လှစ်ဖို့ အစိုးရက ပြည်သူတွေကို ညွှန်ကြားထားပါတယ်။
Ref: The Star
ဧပြီ ၁၃၊ ၂၀၂၀
M-Media
-Covid-19 လူလူချင်းကူးစက်မှုဟာ တရုတ်နိုင်ငံမှာ ဒီဇင်ဘာလ အလယ်ပိုင်းလောက်ကတည်းက ဖြစ်ပေါ်နေပေမယ့် တရုတ်အစိုးရက ကမ္ဘာကို နောက်ကျမှ အသိပေးတယ်လို့ အမေရိကန်သမ္မတရဲ့ ကိုရိုနာဆိုင်ရာအကြံပေး ဒေါက်တာ အန်သိုနီ ဖောင်စီက ပြောကြားလိုက်ပါတယ်။
ဝူဟန်မြို့မှာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားနေကြောင်း တရုတ်ဆိုရှယ်မီဒီယာမှာ အစောဆုံးရေးသားခဲ့တဲ့ ဆရာဝန် ၈ ဦးကို တရုတ်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီး အဲဒီအထဲက တစ်ဦးဆိုရင် ဝါဒမဖြန့်ဘူးလို့ ခံဝန်လက်မှတ်ပါ ထိုးပေးခဲ့ရပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေကြောင်းကိုတရုတ်က ဇန်နဝါရီလရောက်မှ ကမ္ဘာကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်က တရုတ်အစိုးရဟာ ကူးစက်ပြန့်နှံ့မှုကို စောစောအသိမပေးဘဲ ဖုံးကွယ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် တားဆီးတိုက်ဖျက်ရေးအဖွဲ့က အဓိကအဖွဲ့ဝင် ဒေါက်တာ ဖောင်စီက ဗိုင်းရပ်စ်ဟာ လူလူချင်းမကူးဘဲ တိရစ္ဆာန်ကနေ လူကိုသာကူးတာဖြစ်တယ်၊ ဇန်နဝါရီလ အလယ်ပိုင်းလောက်ကမှ လူအများအပြားကို ကူးစက်သွားတာဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ပြောကြားချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ Fox News သတင်းဌာရဲ့ တနင်္ဂနွေနေ့ အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“ဒီပြောဆိုချက် ၂ ခုစလုံးမှာ မမှန်ပါဘူး။ အစကတည်းက သတင်းမှန်မရတာပါ။ ဝါဒဖြန့်ထားတဲ့ သတင်းတွေကိုသာ အစကတည်းက ကျွန်တော်တို့ ကြားခဲ့ရတာပါ”
Ref: Washington Times