News @ M-Media

Author: Ko Lay

  • ဂျာနယ်လစ်ကားကို ဒုံးကျည်နဲ့ထုတဲ့ အစ္စရေး

    ဂျာနယ်လစ်ကားကို ဒုံးကျည်နဲ့ထုတဲ့ အစ္စရေး

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    -အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မြင်တွေ့ရတဲ့ ကားတစ်စီးဖြစ်ပါတယ်။

    ဒီကားဟာ ဂျာနယ်လစ်တွေ လိုက်ပါသွားတဲ့ ကားဖြစ်ပြီး မနေ့က ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့မှာ အစ္စရေးက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကို သတင်းယူဖို့ အသွားမှာ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ 

    ဂါဇာက အလ်ဂျာဇီးရားသတင်းဌာနအကြီးအကဲရဲ့သားဖြစ်သူ ဂျာနယ်လစ် ဟမ်ဇာနဲ့ အခြားသတင်းထောက်တစ်ဦး အပါအ၀င် လူအချို့ သေဆုံးခဲ့ပါတယ်။ 

    အစ္စရေးက ဂါဇာမှာ သတ်ဖြတ်ခဲ့တဲ့ ဂျာနယ်လစ် စုစုပေါင်း ၁၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အာကာသစူးစမ်းမှုတွင် မှတ်တမ်းသစ် တင်နိုင်ခဲ့ပြန်သည့် အိန္ဒိယ

    အာကာသစူးစမ်းမှုတွင် မှတ်တမ်းသစ် တင်နိုင်ခဲ့ပြန်သည့် အိန္ဒိယ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    -အိန္ဒိယရဲ့ နေစူးစမ်းလေ့လာရေး ဂြိုဟ်တု Aditya-L1 ဟာ မနေ့က နေပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး ဒါဟာ အိန္ဒိယ အာကာသစီမံကိန်းရဲ့ နောက်ထပ် အောင်မြင်တစ်ခု ဖြစ်ပါတယ်။ 

    Aditya-L1 ဂြိုဟ်တုကို စက်တင်ဘာလမှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၄ လတာကြာမြင်ခဲ့ပြီးတဲ့နောက် နေပတ်လမ်းကြောင်းထဲ ၀င်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ကမ္ဘာနဲ့ နေကြား အကွာအ၀ေးရဲ့ ၁၀၀ ပုံ ၁ ပုံဖြစ်တဲ့ မိုင်ပေါင်း ၉ သိန်း ၃ သောင်းအထိ ရောက်ရှိခဲ့တာပါ။ Lagrange Point 1 ဆိုတဲ့နေရာကနေ နေကိုလှည့်ပတ်ကာ နေရဲ့ အပြင်ဆုံးအလွှာကို လေ့လာသွားမှာ ဖြစ်ပါတယ်။ 

    အာကာသရာသီဥတုအပေါ် နေရဲ့ သက်ရောက်မှု၊ နေနဲ့ ကမ္ဘာကြား ဆက်နွယ်ပတ်သက်မှု လျှို့၀ှက်ချက်တွေကိုလည်း ဒီဂြိုဟ်တုကနေ သိရှိရမှာဖြစ်ပါတယ်။ 

    Aditya-L1 ဂြိုဟ်တုရဲ့သက်တမ်းဟာ ၅ နှစ်ရှိမှာဖြစ်ပါတယ်။ 

    အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လရဲ့တောင်ဘက်၀င်ရိုးစွန်းကို စူးစမ်းရေးယာဥ် ပို့ဆောင်နိုင်တဲ့ ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပြီး၊ အခုတစ်ကြိမ်မှာလည်း နေရဲ့ပတ်လမ်းအတွင်း လေ့လာရေးယာဥ်လွှတ်နိုင်တဲ့ ပထမဆုံး အာရှနိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေး၏ သတ်ဖြတ်မှုကိုခံရသူ ဂျာနယ်လစ် ၁၀၀ နီးပါးရှိလာ

    ဂါဇာတွင် အစ္စရေး၏ သတ်ဖြတ်မှုကိုခံရသူ ဂျာနယ်လစ် ၁၀၀ နီးပါးရှိလာ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် ဂျာနယ်လစ် မူစတာဖာ သူရာယာ၏ အလောင်း)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ဒီကနေ့ ပါလက်စတိုင်းဂျာနယ်လစ် ၂ ဦး အသတ်ခံခဲ့ရပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲမှာ အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၁၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    ဂါဇာမီဒီယာရုံးက ဒီသတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားမှု မအောင်မြင်တာကြောင့် အစ္စရေးက ဂျာနယ်လစ်တွေကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

    ဂါဇာမှာ အကာအကွယ်မဲ့နေတဲ့ ဂါဇာပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်ဖို့လည်း ဂါဇာမီဒီယာရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media


    -အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူ ၃၄ ဦးထဲက ၁၅ ဦးကို တရားရုံးမတင်ခင် အကျဥ်းချထားလိုက်တယ်လို့ တူရကီက ထုတ်ပြန်ပါတယ်။ 

    ဒီသူလျှိုတွေဟာ အစ္စရေးထောက်လှမ်းရေးအတွက် နိုင်ငံရးနဲ့  စစ်ရေး သူလျှိုလုပ်မှု၊ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲဖို့ စီစဥ်မှုတွေအတွက် ဖမ်းဆီးခဲ့တာလို့ တူရကီက ပြောပါတယ်။ 

    အဲဒီအထဲက ၈ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၁၁ ဦးကို ခံ၀န်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ တူရကီ တရားရေး၀န်ကြီး ယီလ်မဇ် တူနက်က ထုတ်ပြန်ပါတယ်။ 

    ၁၅ ဦးကိုတော့ တရားရုံးမတင်ခင် အကျဥ်းထောင်ထဲ ထိန်းသိမ်းထားပါတယ်။ 

    အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်ဟာ တူရကီမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းတွေနဲ့ ဆီးရီးယားနိုင်ငံသားတွေကို သူလျှိုလုပ်ဖို့ စုဆောင်းခဲ့ပြီး၊ ပါလက်စတိုင်းနိုင်ငံသားတစ်ချို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ပြန်ပေးဆွဲဖို့ ကြံစည်ထားတယ်လို့ တရားရုံးမှတ်တမ်းတွေကို ကိုးကားပြီး တူရကီ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    တူရကီထောက်လှမ်းရေးဟာ မြို့တော် အစ္စတန်ဘူလ်နဲ့ အခြားပြည်နယ် ၇ ခုက နေရာပေါင်း ၅၇ နေရာကို ၀င်ရောက်စီးနင်းကာ အစ္စရေး သူလျှိုတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Euro News 

  • အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ICJ ထံ တိုင်ကြားလိုက်တဲ့ တောင်အာဖရိက

    အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ICJ ထံ တိုင်ကြားလိုက်တဲ့ တောင်အာဖရိက

    ဇန်န၀ါရီ ၆၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက်များရှိ လက်နက်ကိုင် ဂျူးအရပ်သားများ)

    -ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ တောင်အာဖရိကနိုင်ငံက နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) ထံ တင်ပြ တိုင်ကြားလိုက်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က တင်သွင်းတဲ့ တိုင်ကြားစာမှာ “အစ္စရေးရဲ့ လုပ်ရပ်တွေဟာ ပါလက်စတိုင်းတွေရဲ့ အမျိုးသား အမှတ်လက္ခဏာ၊ လူမျိုးရေးဖြစ်တည်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တာဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ ၀ိသေသလက္ခဏာ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ 

    “ဂါဇာမှာ ပါလက်စတိုင်းတွေကို သတ်ဖြတ်တာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်စေတာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးစေဖို့ ရည်ရွယ်ပြီး ဘ၀ရပ်တည်မှု လိုအပ်ချက်တွေကို ဖျက်လိုဖျက်ဆီးလုပ်တာတွေ ပါ၀င်ပါတယ်”

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးက လုပ်ဆောင်တဲ့ အကြမ်းဖက်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက် ၂၃၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးနဲ့ ဂျူးအစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးရသူ ပါလက်စတိုင်းအရေအတွက်ဟာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ၃၀၀ ကျော်လာပါပြီ။ 

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ အရင် တောင်အာဖရိကမှာ လူဖြူတွေကြီးစိုးစဥ် လုပ်ဆောင်ခဲ့တဲ့ ခွဲခြားဖိနှိပ် ညှင်းပမ်းမှုမျိုးဖြစ်တယ်လို့ တောင်အာဖရိက သမ္မတ ဆိုင်ရီလ် ရာမာဖိုဆာက ပြောပါတယ်။ 

    အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲဟာ ကုလရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တိုက်ဖျက်ရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ တောင်အာဖရိကရဲ့ တိုင်ကြားစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    “ဂါဇာကမ်းမြှောင်က အစ္စရေးရဲ့ လက်ရှိတိုက်ခိုက်မှုတွေမှာ အရပ်သားတွေကိုအပေါ် အင်အားသုံးတာ၊ ဌာနေတွေကို အဓမ္မ မောင်းထုတ်တာတွေကြောင့် ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေအတွက် တောင်အာဖရိကက အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    “လုံး၀အပစ်ရပ်ရေးကို ချက်ခြင်းဆောင်ရွက်ဖို့၊ ပါလက်စတိုင်းကို ရန်လိုသိမ်းပိုက်နေမှုကြောင့် ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်စေမယ့် ဆွေးနွေးပွဲတွေ ဆောင်ရွက်ဖို့ တောင်အာဖရိကက ဆက်လက် တိုက်တွန်းလိုက်ပါတယ်”

    တောင်အာဖရိကရဲ့ ဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    Ref: Aljazeera