News @ M-Media
Author: Ko Lay
  • သေဒဏ်ကျနေသည့် IS အကြမ်းဖက်သမားများကို ချက်ခြင်းကွပ်မျက်ရန် အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်
    သေဒဏ်ကျနေသည့် IS အကြမ်းဖက်သမားများကို ချက်ခြင်းကွပ်မျက်ရန် အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    – IS အဖွဲ့က အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး သေဒဏ်ပေးထားသူတွေကို ချက်ခြင်း ကွပ်မျက်ဖို့အတွက် အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက မနေ့မှာ အမိန့်ပေးခဲ့ပြီး IS က သူတို့ဖမ်းထားတဲ့ ဓာစားခံ ၈ ဦး သတ်ပစ်လိုက်တာကို လက်တုန့်ပြန်တာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ စစ်တပ်တို့ဟာ ဒီအကြမ်းဖက်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် လက်စားချေသွားမှာပါ။ ရာဇ၀တ်မှု ကျူးလွန်ထားတဲ့ သူတို့လူတွေကို ကွပ်မျက်မယ်၊ ဖမ်းဆီးသွားမယ်လို့ ကျွန်တော်တို့ ကတိပြုပါတယ်” လို့ အာဘာဒီက စစ်တပ်၊ ရဲတပ်ဖွဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
    IS က ဖမ်းသွားတဲ့ လူ ၈ ဦးရဲ့ ရုပ်အလောင်းတွေကို ဆာလာဟ်ဟက်ဒင်ပြည်နယ် တလ် ရှာရက်ဖ်မြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ပါတယ်။ ဒီလူတွေဟာ အီရတ်ရဲတပ်ဖွဲ့ ဒါမှမဟုတ် ပြည်သူ့စစ်အဖွဲ့ကသူတွေ ဖြစ်တယ်လို့ IS က စောစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
    အီရတ်ဟာ နိုင်ငံခြားအမျိုးသမီး ၁၀၀ အပါအ၀င် လူ ၃၀၀ ကို IS နဲ့ဆက်နွယ်မှု၊ အားပေးထောက်ခံမှုအတွက် သေဒဏ် ချမှတ်ထားပြီး၊ တစ်သက်တစ်ကျွန်းချမှတ်ထားသူတွေက ရာနဲ့ချီ ရှိပါတယ်။
    နိုင်ငံရဲ့ ဒုတိယမြို့တော် မူဆိုးလ်ကို ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် IS အကြမ်းဖက်ကို အောင်နိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အီရန်အစိုးရက ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဆီးရီးယားနဲ့ကပ်နေတဲ့ နယ်စပ်မှာ IS အဖွဲ့ကို တိုက်ဖျက်တဲ့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
    Ref: Aljazeera
  • မလေးဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် မကြာခင် တရားစွဲဆိုခံရမည်
    မလေးဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် မကြာခင် တရားစွဲဆိုခံရမည်
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မကြာခင်မှာ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    မလေးရှားအာဏာပိုင်တွေဟာ ၀န်ကြီးချုပ်ဟောင်းနာဂျစ်ကို နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေတွေ ပျောက်ဆုံးမှု၊ မွန်ဂိုလီးယားမော်ဒယ် အလ်တန်တူယာ ရှာရီဘူ အသတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။
    “နာဂျစ်ဟာ မကြာခင်မှာ တရားရုံးကို ရောက်ဖို့ရှိပါတယ်။ အချိန်ဒီလောက် ကြာနေတာတောင် ဘာဖြစ်လို့ အရေးမယူတာလဲလို့ တော်တော်များများက ပြောကြတယ်။ သူ့ကို ၀န်ကြီးချုပ်ဟောင်းတစ်ယောက်လို ကိုင်တွယ်နေလို့ ဖြစ်ပါတယ်။ တရားရုံးတင်ဖို့ဆိုတာ သက်သေအခိုင်အမာလိုအပ်ပြီး ဒါမှ အနိုင်ရမှာပါ” လို့ အင်ဒိုနီးရှားကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မဟာသီက မလေးရှားသံရုံး တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
    1MDB ကိစ္စမှာ နာဂျစ်၊ သူ့ဇနီး၊ စီးပွားရေးလုပ်ငန်းရှင် ဂျိုလိုတို့ ပါဝင်ပတ်သက်နေမှု ကိစ္စအတွက် စုံစမ်းစစ်ဆေးသူတွေဟာ ‘ခိုင်မာတဲ့ အထောက်အထား’ ကို သေသေချာချာ ပြင်ဆင်နေပြီး ဒါမှသာ တစ်ဖက်ကရှေ့နေ့က ပြန်မချေပနိုင်မှာ ဖြစ်ကြောင်း၊ မွန်ဂိုလီးယားမော်ဒယ် အသတ်ခံရမှုကိစ္စကို ပြန်လည်ကြားနာသွားမှာဖြစ် သလို၊ အရင်အစိုးရက အမှားတွေ အများကြီးလုပ်ခဲ့တာကြောင့် ဒါတွေကိုဖြေရှင်းဖို့ သူတို့အစိုးရဟာ အချိန်လိုကြောင်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    ပျောက်ဆုံးထိုင်းကလေးများရှာဖွေမှု မျှော်လင့်ချက်နည်းလာ
    ===============
    ထိုင်းမြန်မာနယ်စပ်က လှိုဏ်ဂူထဲမှာ ပျောက်ဆုံးသွားတဲ့ လူ ၁၃ ဦးကို ရှာဖွေဖို့ ရေငုပ်သမားတွေရဲ့ ဒီကနေ့ ကြိုးစားမှုဟာ ဂူအတွင်း ရေစီးအလွန်သန်နေတာကြောင့် အရာမရောက် ဖြစ်နေပါတယ်။ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတစ်ဦး စုစုပေါင်း ၁၃ ဦးပါဝင်တဲ့ သူတို့အဖွဲ့ ပျောက်ဆုံးသွားတာ ၆ ရက်မြောက်လာခဲ့ပါပြီ။ ကယ်ဆယ်ရေးသမားတွေက ဂူအတွင်း ရေတက်လာမှုကြောင့် သူတို့အဖွဲ့ဟာ ဂူအပေါ်က အကန့်တွေမှာ ပိတ်မိနေမယ်လို့ ယူဆနေကြပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ဒီကနေ့မှာ အဲဒီဂူကို လာရောက်ခဲ့ပြီး ပူဆွေးသောကရောက်နေတဲ့ မိသားစုတွေကို နှစ်သိမ့်ခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် မနေ့ကလည်း ရှာဖွေမှုကို နာရီအတော်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။
    အမေရိကန် သတင်းစာတိုက်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၅ ဦးသေဆုံး
    ==========
    အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့က Capital Gazette သတင်းစာတိုက်နဲ့ အခြား သတင်းစာရုံးခန်းတွေရှိတဲ့ အဆောက်အဦးမှာ မနေ့နေ့လည်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်သူဟာ အသက် ၃၈ နှစ်အရွယ် ဂျာရိုဒ် ရာမို့စ်ဆိုသူဖြစ်ပြီး အသရေဖျက်မှုကိစ္စအတွက် ၂၀၁၅ ခုနှစ်မှာ Capital Gazette သတင်းစာကို အမှုရှုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရာမို့စ်ဟာ Capital Gazette က ၀န်ထမ်းတွေကို ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
    ထရမ့်-ပူတင် ထိပ်သီးအစည်းအဝေး ဇူလိုင် ၁၇ ရက်နေ့တွင် လုပ်မည်
    ============
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဇူလိုင်လ ၁၆ ရက်နေ့ ဖင်လန်နိုင်ငံ ဟယ်လင်စကီးမြို့မှာ ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပမယ်လို့ အိမ်ဖြူတော်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့အချိန် ဒီလို ထိပ်သီးဆွေးနွေးပွဲ ပေါ်ပေါ်လာတာပါ။ ဆီးရီးယား၊ ယူကရိန်းနဲ့ အခြားကိစ္စတွေအကြောင်း ဆွေးနွေးဖို့ရှိနေပြီး ရလဒ်က အပြုသဘောဆောင်လိ့မ်မယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
    ဆော်ဒီမှ မလေးရှားတပ်များ ပြန်လည်ရုပ်သိမ်းမည်
    ====================
    အရှေ့အလယ်ပိုင်းပြဿနာမှာ မပါဝင်ချင်တာကြောင့် ဆော်ဒီမှာရှိတဲ့ သူတို့တပ်တွေကို ရုပ်သိမ်းသွားမယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ယီမင်က မလေးနိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက် ၂၀၁၅ မှာ မလေးရှားတပ်တွေကို ဆော်ဒီကို ပို့ဆောင်ခဲ့တာပါ။ ဒါပေမယ့် အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ မသိရပါဘူး။ ဆာဘူးက မလေးရှားအနေနဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေ၀ါဒကို အမြဲတမ်းကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
    Ref : Aljazeera, CNA
  • ကြာသာပတေးနေ့ ကမ္ဘာ့ဖလား သတင်းများ
    ကြာသာပတေးနေ့ ကမ္ဘာ့ဖလား သတင်းများ
    ဇွန် ၂၈၊ ၂၀၁၈
    M-Media
    လူမျိုးရေး ခွဲခြားစော်ကားခံရသည့် ဆွီဒင်ကွင်းလယ်လူ ဂျင်မီ ဒူရ်မက်ဇ်
    အုပ်စု H မှာ ကိုလံဘီယာနဲ့ ဂျပန်တို့ နောက်တစ်ဆင့်တက်
    ============
    ကမ္ဘာ့ဖလား အုပ်စု H ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ် ၂ ပွဲကို ဒီကနေ့ညနေမှာ တစ်ချိန်တည်း ကစားခဲ့ပြီး ကိုလံဘီယာနဲ့ ဂျပန်တို့က ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ကိုလံဘီယာဟာ ဆီနီဂေါကို ၁ ဂိုး ဂိုး မရှိနဲ့နိုင်ကာ ၆ မှတ်နဲ့ အုပ်စုပထမရခဲ့ပြီး၊ ဂျပန်က ပိုလန်ကို ရှုံးပေမယ့် ၄ မှတ်နဲ့ အုပ်စုဒုတိယ ရခဲ့ပါတယ်။
    ဆီနီဂေါကလည်း ၃ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ ၄ မှတ်ရခဲ့ပေမယ့် အ၀ါကဒ် ပြသခံရမှုမှာ ဂျပန်ထက် ၂ ကဒ်ပိုများနေတာကြောင့် Fair Play စည်းမျဉ်းအရ ဂျပန်ကို အုပ်စုဒုတိယနေရာ ပေးလိုက်ရပါတယ်။
    အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကို ပီတာခရော့ခ်ျ ချီးကျူး
    ===============
    ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းရဲ့ လက်ရှိအောင်မြင်မှုတွေအတွက် သက်ကြီးကစားသမားတွေကို ရဲရဲဝံ့ဝံ့ ချန်ထားခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့ ပြတ်သားတဲ့လုပ်ရပ်ကို တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျက ချီးကျူးလိုက်ပါတယ်။ ဆောက်ဂိတ်ဟာ တိုက်စစ်မှူး ရူနီ၊ ဂိုးသမား ဂျိုးဟတ်တို့လို သြဇာရှိတဲ့ ကစားသမားတွေကို ဖယ်ကာ လူငယ်သွေးသစ်တွေကို ရွေးချယ်ခဲ့ပါတယ်။ ခရော့ခ်ျက ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်ကြောင်း၊ အသင်းဟာ နုပျိုတက်ကြွနေပြီး စိတ်လှုပ်ရှားစရာကောင်းနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အင်္ဂလန်ဟာ ၂ ပွဲကစား ၆ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဒီနေ့ည ဘယ်လ်ဂျီယံနဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲဟာ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ် ဖြစ်ပါတယ်။
    လူမျိုးရေးခွဲခြားမှုကို ဆွီဒင်ဘောလုံးပရိသတ်များ ဆန့်ကျင်
    ==============
    ဆွီဒင်အသင်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်ရောက်မှုအတွက် ပရိတ်သတ်တွေဟာ အောင်ပွဲခံမှုနဲ့အတူ လူမျိုးရေးခွဲခြားမှုကိုပါ တစ်ပြိုင်နက်တည်း ဆန့်ကျင်ခဲ့ကြပါတယ်။ ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုဒုတိယပွဲမှာ နောက်ဆုံးမိနစ် ဂျာမနီ ဒုတိယဂိုးရရှိနိုင်မယ့် ပြစ်ဒဏ်ကို ကျူးလွန်ခဲ့တဲ့ အက်ဆီရီယန်နွယ်ဖွားေ
    တာင်ပံကစားသမား ဂျင်မီ ဒူရ်မက်ဇ်ကို ပရိတ်သတ်တစ်ချို့က ဆိုရှယ်မီဒီယာမှာ လူမျိုးရေးခွဲခြား စော်ကားခဲ့ပါတယ်။ မနေ့က မက္ကဆီကိုကို ၃ ဂိုးပြတ်နဲ့နိုင်ကာ နောက်တစ်ဆင့်တက်ရောက်သွားပြီးတဲ့နောက်ပိုင်း ဆွီဒင်ပရိတ်သတ်တွေက Twitter စာမျက်နှာမှာ #WeAreSweden ခေါင်းစဉ်နဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ေ
    ကြာင်း ရေးသားခဲ့ကြပါတယ်။
    ဘာစီလိုနာမှာကဲ့သို့ အာဂျင်တီးနားတွင် မက်ဆီမကစားသင့်ဟု အသင်းဖော်ပြော
    ===============
    တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာမှာ ကစားတဲ့ပုံစံမျိုး အာဂျင်တီးနားမှာ ကစားလို့မရဘူးလို့ ဘာစီလိုနာအသင်းဖော် ဆမ်မြူယဲလ် အွမ်တီတီက ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနားဟာ နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်ပေမယ့် မက်ဆီကတော့ ခြေစွမ်းအတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။ အွမ်တီတီက အာဂျင်တီးနားမှာ ကစားသမားကောင်းတွေ ရှိနေပေမယ့် ဘာစီလိုနာမှာ မက်ဆီကို ပံ့ပိုးပေးတဲ့ ကစားသမားတွေလိုမျိုးမဟုတ်ဘဲ ကစားပုံလည်းမတူကြောင်း၊ မက်ဆီအနေနဲ့ တစ်ချို့ကိစ္စတွမှာ တစ်ယောက်တည်း မစွမ်းနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
    Ref: BBC, Goal
  • အစွန်းရောက်အုပ်စုတွေကြောင့် ညှိုးနွမ်းလာတဲ့ ဗုဒ္ဓသာသနာ
    အစွန်းရောက်အုပ်စုတွေကြောင့် ညှိုးနွမ်းလာတဲ့ ဗုဒ္ဓသာသနာ
    ဇွန် ၂၅၊ ၂၀၁၈
    M-Media
    သီရိလင်္ကာမှ အစွန်းရောက်ဘုန်းကြီးများနှင့်အတူ တွေ့ရသည့် ဦးဝီရသူ
    ခန္တီစ သည်းခံခြင်းတရား၊ မေတ္တာဂရုဏာတို့ဆိုတာ ဗုဒ္ဓဘာသာနဲ့ မကြာခနဆိုသလို ယှဉ်တွဲတွေ့မြင်ရတဲ့ အရည်အချင်းကောင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာတရားဟာ ခြိမ်းခြောက်ခံနေရပြီး၊ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လာပြီဆိုတဲ့ အယူအဆကို အခြေခံကာ ဗုဒ္ဓဘာသာရေးရာ လှုပ်ရှားမှုအသစ်တွေ အာရှဒေသတစ်ဝှမ်း ပေါ်ထွက်လာပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်တိုက် မြင်လာရပါတယ်။ ဗုဒ္ဓဘာသာရဲ့ အမှတ်သညာ ခိုင်မာရေးဆိုတဲ့ အယူအဆကို အမျိုးသားရေးနဲ့ လူမျိုးရေး စိုးရိမ်ကြောင့်ကြမှုတွေ ထပ်ပိုးထားတဲ့ ဒေသမှုပြု ဒီ ဗုဒ္ဓဘာသာပုံစံဟာ ငြိမ်းချမ်းမှု၊ ဉာဏ်အလင်းပေါက်မြောက်မှုဆိုတဲ့ ဗုဒ္ဓသာသနာရဲ့ မူလဘူတ သဘောတရားနဲ့ လုံးလုံးဆန့်ကျင်တဲ့ သည်းမခံနိုင်မှု၊ ခွဲခြားဆက်ဆံမှု သဘောထားတွေကို ဖြစ်ပေါ်စေပါတယ်။
    ပြီးခဲ့တဲ့နှစ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ ထောင်နဲ့ချီ အသတ်ခံရ၊ ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်အုပ်စုတွေဟာ သူတို့ရဲ့ အမှတ်သညာဆိုင်ရာ ပြဿနာတွေအတွက် အစွန်းရောက်နည်းလမ်းတွေနဲ့ တုန့်ပြန်လာကြပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးတစ်ခုက ‘အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်း’ လို့ခေါ်တဲ့ ‘မဘသ’ အဖွဲ့ကို ဖွဲ့စည်းမှု ဖြစ်ပါတယ်။ ထင်ရှားတဲ့ဘုန်းကြီး အရှင်ဝီရသူ ဦးဆောင်တဲ့ အဲဒီအဖွဲ့ဟာ “ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း” အဖြစ် အမည်ပြောင်းခဲ့ကာ ထောက်ခံမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန် ရရှိထားပါတယ်။
    “၉၆၉ လှုပ်ရှားမှု” အပါအ၀င် စောစောပိုင်းက ရှိခဲ့တဲ့ အဖွဲ့အမျိုးအမျိုးကနေ သန္ဓေတည်ပြီး မဘသအဖွဲ့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
    “၉၆၉ လှုပ်ရှားမှု” က ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးဖို့၊ ဗုဒ္ဓဘာသာဝင်ပိုင်ဆိုင်တယ်လို့ ဖော်ပြနေတဲ့ ၉၆၉ အမှတ်တံဆိပ်ကပ် ဆိုင်တွေက ကုန်ပစ္စည်းတွေကို ၀ယ်ယူဖို့အတွက် တိုက်တွန်းအားပေးပါတယ်။ ဒီလှုပ်ရှားမှုရဲ့ သင်္ကေတဟာ သာသနာ့အလံပေါ်မှာ ၉၆၉
    တံဆိပ် ရိုက်နှိပ်ထားတာ ဖြစ်ပါတယ်။
    “မဘသ” လို အုပ်စုတွေ၊ ၉၆၉ လှုပ်ရှားမှုတွေဟာ လူမျိုးရေးနဲ့ အမျိုးသားရေးအမှတ်သညာကို အဓိကအခြေတည်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို အယူဝါဒရေးရာ မောင်းနှင်အားတစ်ခုအဖြစ် အသုံးပြုတဲ့ ထူခြားတဲ့အခြေအနေတစ်ရပ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် လူမျိုးရေးနဲ့ ဘာသာရေး ပေါင်းစပ်ထားတဲ့ြ
    ဖစ်တည်မှုအပေါ် အခြေခံကာ ပဋိပက္ခတွေ၊ သည်းမခံနိုင်တဲ့၊ ခွဲခြားဆက်ဆံတဲ့ သဘောထားတွေ၊ တစ်ခါတစ်ရံမှာ သိသာတဲ့ အစ္စလာမ်ကြောက်ရောဂါတွေအထိ ဦးတည်သွားပါတယ်။ ဒါဟာ ‘ပိဋကတ်တော်’ လို့ခေါ်တဲ့ ဗုဒ္ဓဘာသာဝင်အများစု လက်ခံထားတဲ့ ဗုဒ္ဓဒေသနာ မဟုတ်ပါဘူး။ ဉာဏ်ပညာနဲ့ စိတ်ငြိမ်းချမ်းမှုရရှိေ
    အာင် ကြိုးပမ်းဖို့၊ မေတ္တာတရားပွားများဖို့ထက် ဗုဒ္ဓဘာသာ (သာသနာ) ကို ထိန်းသိမ်းကာကွယ်ဖို့ကို ပိုမိုအလေးပေးတဲ့ ၀ါဒမျိုး ဖြစ်ပါတယ်။ (ထေရ၀ါဒဆိုတာ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကျင့်သုံးတဲ့ ဗုဒ္ဓဘာသာ ကျောင်းတော်ဝါဒတစ်ခု ဖြစ်ပါတယ်။)
    ဒါဟာ လူအများ မြတ်နိုးတန်ဖိုးထားတဲ့ ဗုဒ္ဓသာသနာရဲ့ အယူအဆနဲ့လည်း ကိုက်ညီမှု မရှိပါဘူး။ တကယ်လို့ ဗုဒ္ဓသာသနာရဲ့ အင်မတန်နှစ်လိုဖွယ်ကောင်းတဲ့ အယူအဆကို ပစ်ပယ်လိုက်ရင် ဗုဒ္ဓဘာသာထဲက အခုမှပေါ်ပေါက်လာတဲ့ အယူအဆတွေဟာ ကျွန်တော်တို့အတွက် ဘယ်လောက် အံ့အားသင့်စရာကောင်းသလဲ ကြည့် ရအောင်။ အခုပေါ်ထွက်လာတဲ့ ဗုဒ္ဓဘာသာပုံစံသစ်ကို ထည့်မတွက်ဘူးဆိုရင်လည်း သမိုင်းတစ်လျှောက် ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းတွေမှာ လူသားအားလုံး တန်းတူညီမျှရေးဝါဒ၊ လစ်ဘရယ်ဝါဒ၊ လူမျိုးစုံဘာသာစုံဝါဒ၊ ဘာသာရေးမနွယ်တဲ့ဝါဒတွေ ထွန်းကားတယ်ဆိုတဲ့ အထောက်အထားဟာ မရှိသလောက်ပါပဲ။ ဒါဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုမှာ မဘသလို အစွန်းရောက် လှုပ်ရှားမှုတွေ ပုံမှန်ရှိခဲ့တယ်ဆိုတာမျိုး ညွှန်းဆိုတာ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှာ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အမှတ်သညာတွေကို ဦးစားပေးတဲ့ သဘောထားမျိုး မရှိဘူးလို့လည်း ငြင်းမရပါဘူး။ အချိန်ကာလ ကြာလာတဲ့အမျှ ဒီသဘောထားတွေဟာ ကျွန် တော်တို့ လက်ခံထားတဲ့ ဗုဒ္ဓဘာသာရဲ့ ရိုးရှင်းလွယ်ကူတဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့ ရှုပ်ထွေးတဲ့ သဘောထားတွေ ဖြစ်လာစေပါတယ်။
    ဗုဒ္ဓဘာသာဝင်တွေဟာ အကြမ်းဖက်လာပြီ၊ ဒါမှမဟုတ် လူမျိုးကြီးဝါဒကို ထောက်ခံလာပြီဆိုရင် “စစ်မှန်တဲ့ ဗုဒ္ဓသာသနာ” ကနေ သွေဖီသွားပြီလို့ မှတ်ယူလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓစ်အစွန်းရောက်ဝါဒ မြင့်တက်လာတာက စစ်မှန်တဲ့ ဗုဒ္ဓသာသနာကို ထိခိုက်လာပြီး၊ ဒီအခြေအနေကို နားလည်အောင် ဖော်ပြဖို့အတွက် ဗုဒ္ဓသာသနာနဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်းမရှိတဲ့ အသုံးအနှုန်းအသစ်တွေကို သုံးလာရတဲ့အထိ ဖြစ်လာပါတယ်။ ဗုဒ္ဓစ်အကြမ်းဖက်မှု၊ ဗုဒ္ဓစ်အမျိုးသားရေးဝါဒ၊ မတရားမှု၊ ခွဲခြားဆက်ဆံမှု ဒါတွေဟာလုံးဟာ ဗုဒ္ဓစ်အစွန်းရောက်ဝါဒကို ဖြစ်တည်စေတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ခေတ်သစ်အာရှက ဗုဒ္ဓသာသနာကို နားလည်ဖို့ဆိုရင် ကျွန်တော်တို့ဟာ ဒီအယူအဆတွေကို လက်ခံဖို့ အခုအချိန်မှာ လိုအပ်လာပါပြီ။
    မြန်မာနိုင်ငံနဲ့ အာရှက ဗုဒ္ဓဘာသာထွန်းကားတဲ့ အခြားဒေသတွေမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေကို ခွဲခြားဖော်ပြတဲ့ လူမျိုးရေးနဲ့ အမျိုးသားရေး အမှတ်သညာတွေ၊ ယဉ်ကျေးမှုနဲ့ လူမျိုးရေးဆိုင်ရာ ၀ိသေသလက္ခဏာတွေကို နည်းလမ်းမျိုးစုံနဲ့ အသုံးချကြပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ “အမျိုး၊ သာသနာ၊
    တော်ဝင်မိသားစု” ဆိုတဲ့ အယူအဆရှိပြီး မြန်မာနိုင်ငံမှာ “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်ခုစလုံးကိုကြည့်ရင် အမှတ်သညာဖြစ်တည်လာဖို့ အကြောင်းအချက်တွေထဲမှာ ဗုဒ္ဓဘာသာကို လိုက်နာဖို့၊ သစ္စာရှိဖို့အဆိုတဲ့ အယူအဆလည်း ပါဝင်ပါတယ်။ ဘာသာတရားကို ကာကွယ်တာဟာ အမျိုးသားရေးနဲ့ လူမျိုးရေးဆိုင်ရာ အမှတ်သညာရဲ့ အခြားအကြောင်းအရာတွေကို ကာကွယ်တာနဲ့ ဆက်စပ်နေပါတယ်။ တစ်ခုကို ကာကွယ်တာဟာ နောက်တစ်ခုကို ကာကွယ်တာမျိုးပါ။
    အာရှက ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အများစုဟာ သူတို့ဘာသာကို အစ္စလာမ်ဘာသာက ခြိမ်းခြောက်နေတယ်လို့ မှတ်ယူကြပါတယ်။ အရှင်ဝီရသူလို ဗုဒ္ဓဘာသာခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် အမွှမ်းတင်ကြပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ်မယ်လို့ ကျွေးကျော်ကြတဲ့ ဒီပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေကို ကာကွယ်ဖို့အတွက် ရန်လိုတဲ့နည်းလမ်းတွေကို အသုံးပြုတာ တရားကြောင်း အကြောင်းပြချက်တွေ ပေးကြပါတယ်။ ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေးအမှတ်သညာအကြား ဆက်နွယ်မှုလို့ မြန်မာနိုင်ငံမှာ လတ်တလော ကျယ်ကျယ်လောင်လောင် ပြောကြားမှုမှာ ဗုဒ္ဓဘာသာကို ကာ ကွယ်ရေးဆိုတာ အဓိကသော့ချက်တစ်ခု ဖြစ်နေပါတယ်။ နောက်ပြီး ဗမာဗုဒ္ဓ အမျိုးသားရေးဝါဒီတွေရဲ့ အဆက်မပြတ် တိုက်တွန်းဆော်သြမှုတွေကို ဖြစ်စေသလို၊ မြန်မာပီသရေးကို ရည်ရွယ်ရာမှာလည်း ဒါက အဓိက ဖြစ်နေပါတယ်။
    ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေအပေါ် အကြမ်းဖက်တာဟာ တရားကြောင်း တစ်ချို့သော ဗုဒ္ဓဘာသာခေါင်းဆောင်တွေက အကြောင်းပြချက် ပေးကြပါတယ်။ သီတဂူဆရာတော်ဟာ မြန်မာနိုင်ငံမှာ လေစားကြည်ညိုခံရဆုံး ဆရာတော်တွေထဲက တစ်ပါးဖြစ်ပြီး သူ့ရဲ့တရားတွေ၊ ပရဟိတလုပ်ငန်းတွေကြောင့် ကျော်ကြားပါတယ်။ မကြာသေးခင်က ဟောကြားခဲ့တဲ့ တရားမှာ သူက ဗုဒ္ဓဘာသာမဟုတ်သူတွေဟာ ဗုဒ္ဓဘာသာရဲ့ အယူအဆတွေကို လက်မခံ၊ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရိပ်အာဝသအောက်၊ ဗုဒ္ဓရဲ့ သင်ကြားမှုအောက်၊ ရဟန်းသံဃာတွေရဲ့ သွန်သင်ဆုံးမမှုအောက်မှာ မခိုလှုံသူတွေ ဖြစ်တာကြောင့် လူသားမမည်ဘဲ သူတို့ကို သတ်ဖြတ်တာဟာ တရားကြောင်း ရှင်းရှင်းလင်းလင်းကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်ရင် သူတို့အပေါ် အကြမ်းဖက်တာဟာ တရားတယ် ဆိုတာမျိုးပါ။
    ဒီလို အကြမ်းဖက်မှုဖြစ်လာဖို့ မျိုးစေ့တွေဟာ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွေမှာ ခိုင်ခိုင်မာမာ ပါဝင်နေပါတယ်။ ဥပမာအားဖြင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားဒေသနာတွေ ဆုတ်ယုတ်ကျဆင်းကာ၊ တစ်ဖြည်းဖြည်းနဲ့ တစ်ချိန်ကျရင် ပျောက်ကွယ်သွားမယ် ဆိုတာမျိုးပါ။ ဒီအချက်ကို အသုံးချကာ မျိုးဆက်သစ်တွေအတွက် ဗုဒ္ဓဘာ
    သာကို ထိန်းသိမ်းရမယ်၊ တိုက်ခိုက်မှုတွေကနေ ဗုဒ္ဓဘာသာကို ကာကွယ်ရမယ်ဆိုတာမျိုး ဖြစ်လာတာပါ။ ဒေသတစ်ခုမှာသာ ကျန်ရှိတော့မယ့် စစ်မှန်တဲ့ ဗုဒ္ဓဘာသာကို ထိန်းသိမ်းရမယ်ဆိုတဲ့ ကျမ်းဂန်လာ အယူအဆတစ်ရပ်လည်း ရှိပြီး အဲဒီအယူအဆမှာ ဗုဒ္ဓဘာသာကို စော်ကားမှု၊ မလေးမစားလုပ်မှုကနေ ကာကွယ်ဖို့ ပါဝ
    င်ပါတယ်။ ဒီအချက်တွေဟာ ဗုဒ္ဓဘာသာကို အလျင်အမြန်ကာကွယ်စောင့်ရှောက်ရေး၊ ဗုဒ္ဓစ်အကြမ်းဖက်မှု ဖြစ်လာရေးတွေအထိ ဦးတည်သွားပါတယ်။ လက်ရှိအချိန်အထိ ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုက်ခိုက်မှုမှာ အဓိကပစ်မှတ်ဟာ အစ္စလာမ်ဘာသာ ဖြစ်နေပေမယ့် အခြား လူနည်းစုတွေအတွက်လည်း အာမခံချက် မရှိပါဘူး။ြ
    မန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေတင်မကဘဲ ခရစ်ယာန်ဘာသာဝင် ကချင်တွေအပေါ်မှာ လူမျိုးတုန်း တိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
    ဗုဒ္ဓစ်အစွန်းရောက် လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံမှာ ဆက်လက်ကြီးထွားလာမယ့် အလားအလာ ရှိနေပါတယ်။ အဲဒီလှုပ်ရှားမှုက အကြောင်းပြချက်တွေကို အမျိုးသားရေးအုပ်စုတွေက အသုံးချပြီး မျိုးချစ်စိတ်၊ ဘာသာတရားအပေါ် သစ္စာရှိမှုဆိုတာတွေနဲ့ ရောနှောကာ လူပြိန်းကြိုက်ဝါဒတစ်ခုကို ဖန်တီးကြပါတယ်။ မြန်မာ့နိုင်ငံရေးစင်မြင့်မှာ သူတို့ဟာ တကယ်ကို အသုံးချလို့ကောင်းတဲ့သူတွေဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိကနေရာကနေ ပါဝင်လာမယ့် အလားအလာလည်း ရှိနေပါတယ်။
    လတ်တလော ကျွန်တော်တို့ လက်တွေ့မျက်မြင် ကြုံနေရတဲ့ မြန်မာနိုင်ငံက သွေးချောင်းစီးမှုတွေ၊ သီရိလင်္ကာမှာ လူနည်းစုတွေအပေါ် ဟိုတစ်စ ဒီတစ်စ တိုက်ခိုက်မှုတွေ၊ ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုတဲ့ အမှတ်သညာကို ခိုင်မာအောင် လုပ်ဆောင်လာမှုတွေဟာ အာရှတိုက်အနေနဲ့ ရှေ့လျှောက် ရင်ဆိုင်ကြုံတွေ့လာရမယ့် ဗုဒ္ဓဘာသာရဲ့ ပိုမိုဆိုးရွားတဲ့ပုံစံက နမိတ်လက္ခဏာတွေဖြစ်ပြီး ကမ္ဘာကြီးကလည်း ဗုဒ္ဓဘာသာ အယူအဆသစ်တစ်ရပ်ကို မျက်ဝါးထင်ထင် မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။
    Ref: South China Morning Post
    (South China Morning Post တွင် ဆောင်းပါးရှင် Paul Fuller ရေးသားထားသည့် BLOOD SUTRA: WHATEVER HAPPENED TO BUDDHISM, RELIGION OF PEACE AND COMPASSION? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ ရေးသားချက်များသည့် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)