News @ M-Media

Author: YinYin

  • တရားဥပဒေစိုးမိုးရေးကို လိုလားသည့် တောင်သူလယ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်

    တရားဥပဒေစိုးမိုးရေးကို လိုလားသည့် တောင်သူလယ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media
    သီရိ

    DSC00324

    ရန်ကုန်  ။        ။ ဧရာဝတီတိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ တောင်သူလယ်သမားတို့သည် လယ်ယာမြေမတရားသိမ်းဆည်းခံရမှုများ ဖြေရှင်းပေးရန် နှင့် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ထောင်သွင်းအကျဉ်းချထားသူများအား ချက်ချင်းပြန်လွှတ်ပေးရန် အတွက်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလ ပန်းခြံပတ်လမ်းတွင် ဇန်န၀ါရီ ၁၈ မနက် ၁၀း၀၀-နာရီမှ စတင်ကာ တောင်သူလယ်သမားအခွင့်ရေးကော်မတီမှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

    “တရားရုံးကိုလည်း ကျွန်တော်တို့စာတင်ထားပါတယ်၊ တရားမျှတတဲ့ နည်းလမ်းတွေကိုလည်း မကျင့်သုံးပါဘူး၊ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ငြိမ်ခံမနေတော့ပါဘူး၊ သမ္မတကြီးပြောတဲ့ ဆင်းရဲသားလျှော့ချရေးကလည်း မှေးမှိန်နေပါတယ်၊ လယ်တွေကိုလည်း ဘာမှမပြောပဲ အတင်းသိမ်းသွား တယ်၊ နှစ်ရှည်လများ ဒုက္ခတွေကို ခံစားလာရတာ ဖြစ်နေပါပြီ” ဟု ဆန္ဒပြသနေသူ တောင်သူလယ်သမား တစ်ဦးမှ ပြောကြားခဲ့သည်။

    တောင်သူလယ်သမားများသည် ဖမ်းဆီးခံလယ်သမားများအား ပြနလည်လွှတ်ပေးရေး၊ နိုင်ငံဝန်ထမ်း မပါသော လယ်ယာ စီမံခန့်ခွဲမှု ကော်မတီ ပြန်ဖွဲ့ပေးရေး၊ ဘက်လိုက်မှု ကင်းသော တရားဥပဒေစိုးမိုးရေး ရရှိရေးတို့ကို အဆိုပါ ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည်။

    အဆိုပါ ဆန္ဒပြပွဲသို့ တောင်သူလယ်သမား အင်အား ၂၀၀၀-၀န်းကျင် ပါဝင် ဆန္ဒပြခဲ့ကြသည်။

  • ရခိုင်ပြည် နတလနှင့် သာသနာ့နုဂ္ဂဟအသင်းသို့ ဒေါက်တာခင်ရွှေ သိန်း ၃၀၀ လှူ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media
    ဇာဏီ

    ဓါတ်ပုံ - ကြေးမုံသတင်းစာ
    ဓါတ်ပုံ – ကြေးမုံသတင်းစာ

    ရခိုင် ။     ။    ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းသို့ အလှူငွေများကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာ ခင်ရွှေက ဇန်န၀ါရီလ ၁၈-ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ရာ သင်တန်းကျောင်းအုပ်ဆရာကြီးနှင့် ဒေါက်တာအေးမောင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

    ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ လှူဒါန်းရာတွင် ၎င်းသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့သည်။

    ထို့နောက် မြန်မာနိုင်ငံ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်းသို့ အလှူငွေပေးအပ်ပွဲကို စစ်တွေမြို့ မဏိရတနာကျောင်းတိုက်၌ ပြုလုပ်ရာ ကျောင်းတိုက် နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ဆောက်တည်ပြီး အသစ်ပြန်လည်ဖွဲ့စည်းသည့် အသင်းအမှုဆောင် စာရင်းကို ဒေါက်တာ အေးမောင်က အတည်ပြုချက်ယူပြီး အလှူငွေကို ဒေါက်တာခင်ရွှေထံမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

    ကိုးကား – ကြေးမုံသတင်းစာ

  • ချီလီဘောလုံးကလပ်တစ်ခုက ၎င်းတို့၏ ဂျာစီတွင်  ပါလက်စတိုင်း မြေပုံ ထည့်သွင်း

    ချီလီဘောလုံးကလပ်တစ်ခုက ၎င်းတို့၏ ဂျာစီတွင် ပါလက်စတိုင်း မြေပုံ ထည့်သွင်း

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media

    ချီလီနိုင်ငံတွင် လူကြိုက်များသည့် ဘောလုံးအသင်းတစ်ခုဖြစ်သည့် ဒီပို့တီဗို ပါလက်စတီနိုအသင်းမှာ ၂၀၁၄-ခုနှစ် ၎င်းတို့ဝတ်ဆင်မည့် ဂျာစီများ ရှိ နံပါတ် ၁ နေရာများတွင် ပါလက်စတိုင်း မြေပုံဖြင့် အစားထိုးခဲ့သည်ဟု သိရသည်။

    ထိုမြေပုံမှာ ၁၉၄၈ ခုနှစ် အစ္စရေးက မသိမ်းပိုက်ခင် ပါလက်စတိုင်းတို့ ပိုင်ဆိုင်သော မြေပုံဖြစ်ပြီး အသင်းပရိတ်သတ်များကလည်း နှစ်သက်ကြသည်။ ဒီပို့တီဗို ပါလက်စတီနိုအသင်းမှာ ၁၉၂၀ ခုနှစ်တွင် မြို့တော် ဆန်တီယာဂို၌ အခြေစိုက်ကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ၁၉၅၅နှင့် ၁၉၇၈ ခုနှစ်များတွင် အမှတ်ပေးပြိုင်ပွဲ၌ ၂-ကြိမ်တိုင်တိုင် ဗိုလ်စွဲနိုင်ခဲ့သည်။ အသင်းဂျာစီအရောင်များအား ပါလက်စတိုင်း အလံတွင်ပါဝင်သည့် အနက်၊ အဖြူ၊ အစိမ်းနှင့်
    အနီရောင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်။

    အဆိုပါ ဘောလုံးအသင်း၏ ထိုဆုံးဖြတ်ချက်ကို ချီလီပြည်တွင်းနှင့် နိုင်ငံတကာရှိ ဂျူးခေါင်းဆောင်များက ကန့်ကွက်ခဲ့ကြပြီး ထိုကဲ့သို့ ပါလက်စတိုင်း မြေပုံအား ဖော်ပြထားခြင်းမှာ ဂျူးလူ့အဖွဲ့အစည်းအား စော်ကားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ချီလီရှိ ပါလက်စတိုင်းအသင်းကမူ ထိုကိစ္စနှင့် ပက်သက်၍ အပြစ်တင်မှုများအား ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး၊ ထိုမြေပုံမှာ အသိမ်းပိုက်ခံ နယ်မြေအား အငြင်းပွာဖွယ်နယ်မြေအဖြစ် ပြောဆိုကြခြင်းသာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ချီလီနိုင်ငံမှာ ပါလက်စတိုင်းမှ အခြေချနေထိုင်သူအများစုရှိရာ နိုင်ငံများမှ တစ်ခုဖြစ်ပြီး၊ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်ပေါ်လာရေးအား
    အသိအမှတ်ပြုကြောင်း ချီလီနိုင်ငံက ၂၀၁၁ခုနှစ်တွင် တရားဝင်ပြောကြားထားသည်။

    ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပမှ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာပြီး ပါလက်စတိုင်းများအား သတ်ဖြတ် မောင်းထုတ်ကာ ၁၉၄၈-ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့သည်။ ထို့နောက် ၁၉၆၇ ခုနှစ်တွင် အီဂျစ်ပိုင် ဆိုင်းနိုင်းကျွန်းဆွယ်နှင့် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသအား ကျူးကျော် သိမ်းပိုက်ခဲ့သည်။ ထို့ပြင် ၁၉၆၇ စစ်ပွဲနောက်ပိုင်း ကုလသမဂ္ဂက တရားဝင် သတ်မှတ်ပေထား သည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ ဂျေရုစလင်တို့ကိုလည်း တစ်စတစ်စ သိမ်းပိုက်ခဲ့ပြီး ဂျူးအခြေချအိမ်ရာများအား
    ဆောက်လုပ်လျက်ရှိနေသည်။

    Ref : Onislam

  • ဗြိတိန်ရဲတပ်ဖွဲ့ဝင်များမှာ ရာဇ၀တ်မှုများတွင် ပါဝင်သည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဗြိတိန်ရဲတပ်ဖွဲ့ဝင်များမှာ ရာဇ၀တ်မှုများတွင် ပါဝင်သည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media

    လွန်ခဲ့သည့် ၃-နှစ်တာကာလအတွင်း ယူကေတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိများမှာ ရာဇ၀တ်မှု ၂၀၀ နီးပါးအား ကျူးလွန်ခဲ့ကြသည်ဟု စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

    ထိုစစ်တမ်းအား The Independent သတင်းစာမှ ကောက်ယူထားခြင်းဖြစ်ပြီး ဗြိတိန်ရဲအရာရှိများ ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် လိင်ပိုင်းဆိုင်ရာ
    စော်ကားမှုများ၊ ကိုးကိန်း လက်ဝယ်ထားရှိမှုများ၊ အာဏာအလွန်အကျွံသုံးစွဲမှုများနှင့် မုဒိမ်မှုများ ပါဝင်သည်ဟု ရေးသားထားသည်။

    ထို့ပြင် ရဲတပ်ဖွဲ့ဝင်များမှာ အရွယ်မရောက်သေးသူများ ပါဝင်သရုပ်ဆောင်ထားသည့် အပြာဇာတ်လမ်းများ လက်ဝယ်ထားရှိခြင်း၊ ပြည့်တန်ဆာအိမ် များအား သွားရောက်ခြင်းနှင့် လက်နက်ရောင်းဝယ်မှုများပြုလုပ်ခြင်း စသည့် ပြစ်မှုများကိုလည်း ကျူးလွန်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဒါဇင်နှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များမှာ ကားအမြန်မောင်းခြင်းနှင့် ရာထူးအားအသုံးချ၍ သွားလာခြင်းတို့ကိုလည်း ပြုလုပ်ကြကြောင်း ထည့်သွင်းဖော်ပြ ထားသည်။

    ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်မှုမှာ အင်္ဂလန်နှင့် ဝေးလ်နိုင်ငံတို့ရှိ ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးများက အချို့သော ရဲတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ အလုပ်တွင် ပုံရိပ်ကောင်းများရရှိရန်အတွက် ရာဇ၀တ်မှုများအား ကြိုးကိုင်ကြသည်ဟု ပြောဆိုပြီးနောက်ပိုင်းထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    Ref : Press TV

  • လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ စည်းလုံးမှုကို အထူးလိုလား

    လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ စည်းလုံးမှုကို အထူးလိုလား

    ဇန်န၀ါရီ ၁၈၊၂၀၁၄
    M-Media
    သီရိ

    DSC00286

    ရန်ကုန် ။       ။        လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ ၏ သမိုင်းဆိုင်ရာတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ယနေ့ နံနက် ၁၀-နာရီ တွင် ပြုလုပ်ခဲ့သည်။

    အဆိုပါ ရှင်းလင်းပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့သည်။

    လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ တပ်မတော်မှ အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းခဲ့သော ဗ.က.သ ၏ တာဝန်ပေးချက်အရ ဖွဲ့စည်း ခဲ့သော အဖွဲ့စည်းတစ်ခု ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ဦးအောင်ဇော်မိုး ဦးဆောင် ပါဝင်သည့် အဖွဲ့မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမည်ဖြင့် ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    ပထမအကြိမ်ညီလာခံဗဟိုကော်မတီဝင်များ၊ ရဲဘော်အသစ်များ ပါဝင်သောအုပ်စု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် ဦးဇေယျ ဦးဆောင်သော လူ့ဘောင်ဒီမိုကရက်တစ်ပါတီ တို့သည် တစ်စုတစ်ဖွဲ့တည်းပေါင်းစည်းကာ တရားဝင်မှတ်ပုံတင်နိုင်ရေးကို ကြိုးပမ်းနေသောကာလ ဖြစ်သောကြောင့် ဦးအောင်ဇော်မိုး ပါဝင်သောအဖွဲ့ ပါတီမှတ်ပုံတင်ခွင့်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ ပေးပို့ထား ကြောင်းသိရသည်။

    “ဒီအဖွဲ့ဟာ ဒီမိုကရေစီကို ကိုယ်စားပြုတဲ့ အဖွဲ့စည်းတစ်ရပ်ပါ၊ တစ်ချိန်မှာ မြန်မာ့မြေပေါ်မှာ ကောင်းစွာရပ်တည်နိုင်ရမယ်၊ ပေါင်းစည်းရေးကိုပဲ ကျွန်တော်တို့လိုလားတာပါ။ ပေါင်းစည်းမှုကိုမပြုလုပ်နိုင်ဘူးဆိုရင်တော့ ဒီနာမည်ကိုလုံးဝမသုံးကြပါနဲ့” ဟု ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ ဦးမိုးသီးဇွန် မှ ပြောကြားခဲ့သည်။

    ပါတီညီလာခံမှ ဥက္ကဌတစ်ဦးဖြစ်သူ ဦးအောင်ဇေယျမှ “ဗ.က.သ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီ တစ်ခုပါ။ ပါတီမူဝါဒတွေကို လွဲဖယ်အောင်ပျောက်ပျက်အောင် ပြုလုပ်နေတာကို လက်မခံနိုင်ပါဘူး၊ သူတို့တွေကို ကျွန်တော်တို့ အဆုံးထိ ညှိခဲ့ပါတယ်။ သူတို့ဘက်က လုံးဝ လက်မခံခဲ့ပါဘူး” ဟုပြောကြားခဲ့ပါသည်။

    လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်ဟောင်းများသည် အဖွဲ့ပေါင်းစည်းရေး၊ ပါတီတစ်ခုတည်းဖြစ်ရေး၊ ပြန်လည်စုစည်းရေးကို အထူးလိုလား လျက်ရှိနေကြပြီး ၎င်းတို့ဘက်မှ ယနေ့အထိ ပေါင်းစည်းရေးကို မျှော်လင့်လျှက်ရှိနေကြောင်းကိုလည်း သိရှိရသည်။