News @ M-Media
Author: YinYin
  • အလုပ်သမားသမဂ္ဂများ ကိုယ်စားပြု ညီလာခံ လာမည့်သုံးလအတွင်းကျင်းပမည်
    အလုပ်သမားသမဂ္ဂများ ကိုယ်စားပြု ညီလာခံ လာမည့်သုံးလအတွင်းကျင်းပမည်
    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    A.N.Lay
    ဓါတ်ပုံ - အင်တာနက်မှ ရယူသည်။
    ဓါတ်ပုံ – အင်တာနက်မှ ရယူသည်။
    ရန်ကုန်   ။       ။            အလုပ်သမား သမဂ္ဂများအားလုံးအား ကိုယ်စားပြုနိုင်သည့်ညီလာခံတစ်ရပ်ကို လာမည့် သုံးလအတွင်း အကောင်ထည်ဖော်နိုင်ရန် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(ယာယီ)က ကြိုးပမ်းသွားမည်ဟု သတင်းရရှိပါသည်။
    ဆက်လက်ပြီး ရန်ကုန်တကက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂအတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “တစ်နိုင်ငံလုံးက အလုပ်သမားတွေကို ကိုယ်စားပြုနိုင်တဲ့ ညီလာခံတစ်ခုကို သုံးလလောက်အတွင်း အကောင်အထည်ဖော်နိုင်အောင်ကြိုးစားနေပါတယ်။ ဒီညီလာခံကြီးကနေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့အတွက်ပါ ကြိုးစားသွားမှာပါ” ဟုပြောကြားခဲ့သည်။
    မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ ညီလာခံကို နိုဝင်ဘာ ၁၀-ရက်နေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင်ပြုလုပ်ခဲ့ပြီး ယခုထက် အလုပ်သမားများ ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်သည့် ညီလာခံ တစ်ခုထပ်မံပြုလုပ်နိုင်အောင် ကြိုးစားသွားမည်ဟု ရည်ရွှယ်ထားကြောင်းလည်း သိရှိရသည်။
    ၎င်းနောက် အဆိုပါ ညီလာခံသို့တက်ရောက်လာကြသည့်အလုပ်သမားသမဂ္ဂ ၃၀၀ ကျော်အနက်မှ ထောက်ခံသည့်အဖွဲ့ ၁၄၇ ဖွဲ့ဖြင့် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ကို အတည်ပြုဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။
  • နိုဝင်ဘာ ၁၂၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    နိုဝင်ဘာ ၁၂၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    OIC အဖွဲ့ ခရီးစဉ်အား မြန်မာ ဗုဒ္ဓဘာသာဝင်များ ကန့်ကွက်ဆန္ဒပြ
    မြန်မာပြည်ရဲ့မြေကို မြန်မာပြည်ရှိ လူကြီးများမှ ဖြေရှင်းသည်ကိုသာလိုလားပြီး နိုင်ငံတကာပြင်ပအဖွဲ့အစည်းတွေ ၀င်ရောက်စွက်ဖက်မှုအား အလိုမရှိကြောင်း၊ ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၃၀ အရ ကိုက်ညီမှုမရှိတာကြောင့် တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိတာကြောင့် OIC မြန်မာနိုင်ငံ လာရောက်မှုနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း OIC လာရောက်မှုအား ဆန္ဒပြရာတွင် ပါဝင်လှုပ်ရှားသူ မကွေးပရိယတ္တိစာသင်တိုက်မှ
    ဆရာတော် ဥူးပါမောက္ခကပြောကြားကြောင်းနှင့် OIC အဖွဲ့ ခရီးစဉ်အား သံဃာတော်များအပါအ၀င် ဗုဒ္ဓဘာသာဝင် ရာချီပြီး ယနေ့ နေ့လည် ၁-နာရီမှ ၃-နာရီအထိ ရွှေတိဂုံဘုရားမှ ဆူးလေဘုရားထိ လမ်းလျှောက် ချီတက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း ဧရာဝတီသတင်းမှ တဆင့် သိရှိရပါတယ်။
    _______________________
    ချင်းအမျိုးသားများ ဘုံသဘောတူမှုရရန် ကြိုးပမ်းမည့် ညီလာခံ စတင်
    နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများတွင် ချင်းလူမျိုးများ၏ ဘုံသဘောထား ဖော်ထုတ်နိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ချင်းလူမျိုးများ၏ ဆွေးနွေးမည့် အကြောင်းအရာများ ကို ရှာဖွေရန်၊ ပြန့်ကျဲနေသည့် ချင်းလူမျိုးစုကြားမှာ ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်သည့် ချင်းနိုင်ငံရေးပါတီများ၊ ချင်းလက်နက်ကိုင်အဖွဲ့နှင့် ချင်းလူထုပါဝင်သော ချင်းအမျိုးသားညီလာခံတစ်ရပ်ကို ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပနေပြီး ချင်းအမျိုးသားများ၏ ဘုံသဘောထားကို ဖော်ထုတ်မည်ဟု ညီလာခံဖြစ်မြောက်ရေး
    ကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငယ်ပီးက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
    ______________________
    မီတာခတိုးမြှင့်မှုအး လျှပ်စစ်ဝန်ကြီးဌာန ယာယီရပ်ဆိုင်း
    လျှပ်စစ်ဝန်ကြီးဌာနက တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိသော မီတာခများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လျှပ်စစ် ၀န်ကြီးဌာနသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်နိုင်ငံလုံး မီးပေးနိုင်ရေး အရှုံးခံဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင်မှ ပြည်ထောင်စုလွှတ်တော်နှင့် ညှိနှိုင်းပြီး မီတာခများ စိစစ်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
    လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားလိုက်ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    ______________________
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက် တိုက်ခိုက်ခံရ
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက်နှင့် သမ္မတအိမ်တော်မှ လွှင့်တင်ထားသော ၀ဘ်ဆိုက်တို့မှာ ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူ လူ ၅ ဦးအား စင်ကာပူရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်ဟုသိရသည်။
    ထိုကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း တိုင်ချက်ကို နိုဝင်ဘာ ၈-ရက်နေ့တွင် ရဲတပ်ဖွဲ့က ရရှိခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ တိုက်ခိုက်သူမှာ ၀ဘ်ဆိုဒ်၏ အားနည်း ချက်အား အသုံးချကာ ထိုစာမျက်နှာတွင် အခြားသော အင်တာနက်ရင်းမြစ်များမှ ပုံရိပ်များပေါ်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ထုတ်ပြန်ခဲ့သော ရဲတပ်တပ်ဖွဲ့၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    Ref : Channelnewsasia
    1__________________________
    ရဲတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် ကမ္ဘောဒီးယားတွင် ဆန္ဒပြသူ တစ်ဦးသေဆုံး
    မကျေနပ်မှုများကြောင့် ဆန္ဒပြနေကြသည့် ကမ္ဘောဒီယားအထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူတစ်ဦးသေဆုံးကာ ၆-ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    မြို့တော် ဖနွမ်းပင် အရှေ့တောင်ပိုင်း Meanchey ခရိုင်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီယားပိုင် SL Garment Processing အထည်ချုပ် စက်ရုံမှ လုပ်သားများမှာ ၎င်းတို့အား လုပ်ခလစာများ တိုးမြှင့်ပေးရေးနှင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခြေအနေများအတွက် တောင်းဆိုရန် ၀န်ကြီးချုပ် ဟန်ဆန်၏ နေအိမ်သို့ ချီတက်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
    သုံးနာရီကြာဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများအတွင်း ရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ ရာဘာကျည်ဆန်များ၊ မီးခိုးဗုံးများအသုံးပြုကာ လူစုခွဲခဲ့ကြပြီး၊ ဆန္ဒပြသူများ ကလည်း ကျောက်တုံးများ ဖြင့်ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ၊ အခြား ၆ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
    သေဆုံးသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး အစားအသောက်များဝေငှသည့် ယာယီမဏ္ဍပ်အရှေ့တွင်ရပ်နေစဉ် ရဲတပ်ဖွဲ့မှပစ်ခတ်သော ရာဘာကျည်ဆံ ရင်ဘတ်တွင် ထိမှန်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များမှာ ကျည်ဆန်အစစ်များဖြင့်လည်း ပစ်ခတ်သည်ဟု မျက်မြင် သက်သေများက ထွက်ဆိုခဲ့ကြသည်။
    Ref : Xinhua
    __________________________
    စွမ်းအင်ကဏ္ဍအတွက် ဗီယက်နမ်နှင့် ရုရှားတို့ ပူးပေါင်းဆောင်ရွက်မည်
    နိုင်ငံ၏ စွမ်းအင်ကဏ္ဍအပါအ၀င် ဗီယက်နမ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု ဗီယက်နက် ၀န်ကြီးချုပ် ငုယင်တန်ဒေါင်က ပြောကြားလိုက်သည်။
    တန်ဒေါင်မှာ ရုရှားနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် Gazprom Neft ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ အလက်ဇန်းဒါး ဂျူကော့ဗ်နှင့် ယမန်နေ့က မြို့တော်ဟနွိုင်းတွင် တွေ့ဆုံခဲ့ပြီး မကြာသေးမီနှစ်များအတွင်းက ဗီယက်နမ် အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PetroVietnam နှင့် Gazprom Neft ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှုများကို ကျေနပ်နှစ်သက်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Gazprom Neft အပါအ၀င် ရုရှားနိုင်ငံရှိ စွမ်းအင် ကုမ္ပဏီများနှင့် PetroVietnam တို့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်အတွက် ဗီယက်နမ်အစိုးရက အားပေးထောက်ခံကြောင်း ဒေါင်က အတည်ပြုပြောကြားခဲ့သည်။
    ထို့ပြင် တန်ဒေါင်ကာ ဗိယက်နမ်နိုင်ငံသို့ မကြာမီလာရောက်မည့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ထိုကဲ့သို့ လာရောက် လည်ပတ်ခြင်းက နှစ်နိုင်ငံ အပြန်အလှန် ပြည့်ဝသော မိတ်ဖက်နိုင်ငံများအဖြစ် ပိုမိုနက်ရှိုင်းစေလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref : Xinhua
    __________________________
    အီရန်၏ နျူးကလီးယားကိစ္စဆွေးနွေးမှုမှာ အပြန်အလှန်ယုံကြည်မှုပေါ်တွင် အခြေအခံသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော
    နိုင်ငံ၏ နျူးကလီယား ကိစ္စအပေါ် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့ အကြား ညှိနှိုင်းဆွေးနွေးမှုများမှာ အပြန်အလှန် ယုံကြည်မှုအပေါ်တွင် အခြေခံသင့်သည် ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်သည်။
    “ဆွေးနွေးပွဲဟာ အပြန်အလှန်ယုံကြည်မှုအပေါ်မှာ အခြေခံသင့်ပြီး၊ တူညီတဲ့ ခြေလှမ်းတွေပေါ်မှာပဲ ဖြစ်သင့်ပါတယ်။ အီရန်အပေါ် အခြေအနေတစ်ခုကို ပြဌာန်းပေးတာ၊ ပါတီတစ်ခုက အမိန့်ပေးတာမျိုးတွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ယမန်နေ့ညပိုင်းက IRIB ရုပ်သံနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဇာရစ်ဖ်က ပြောကြား ခဲ့သည်။
    ထို့ပြင် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့၏ အီရန်အား ဆက်ဆံသည့်ပုံ မတူညီမှု ကိုလည်း ဇာရစ်ဖ်က ထောက်ပြပြောဆိုသွားခဲ့သည်။
    အီရန်နိုင်ငံ၏ နျူးကလီးကိစ္စနှင့် ပက်သက်၍ ဆွေးနွေးကြည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့၏ အစည်းအဝေးကို ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၇-ရက်နေ့မှ ၉-ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မည်သည့် သဘောတူညီချက်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။
    Ref : Press TV
    __________________________
     သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    လက်ဝှေ့အားကစားသမားတစ်ဦး၏ အကူအညီကြောင့် သြစတေးလျ နာမည်ကြီး ရဘ်ဘီကစားသမားတစ်ဦးဖြစ်သည့် ဘလက် ဖာဂူဆန်မှာ အစ္စလာမ်ဘာသာ အတွင်းသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့် သောကြာနေ့က ဆစ်ဒနီမြို့ရှိ Zetland ဗလီဝတ်ကျောင်းတော်တွင် သြစတေးလျ လက်ဝှေ့ကစားသမား မွန်ဒိုင်းနှင့်အတူ ၀တ်ပြုဆုတောင်းနေသည့် ဖာဂူဆန်၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် သတင်းများက ဖာဂူဆန်မှာ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ကြောင်း ဖော်ပြခဲ့ကြသည်။
    ဖာဂူဆန်က အစ္စလာမ်မှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည့် ၎င်း၏ဘ၀အား ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီနိုင်မည်ဟု ယူဆသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အယူဝါဒအသစ်သို့ ပြောင်းလဲခြင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    ဖာဂူဆန်မှာ အစ္စလာမ်သို့ ပြောင်းလဲဝင်ရောက်လာသည့် ပထမဆုံး ရဘ်ဘီကစားသမားမဟုတ်ဘဲ၊ လွန်ခဲ့သည့်ငါးနှစ်က နယူးဇီလန် ရဘ်ဘီအကျော်အမော် ဘီလ် ၀ီလီယံမှာ ဆစ်ဒနီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင် လာခဲ့သည့် ပထမဦးဆုံး ရဘ်ဘီကစားသမားဖြစ်သည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးလျှင် သြစတေးလျရှိ ဒုတိယအကြီးဆုံးအယူဝါဒတစ်ခုဖြစ်ပြီး သြစတေးလျလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာ ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။
    Ref : Islam RU
    __________________________
    တောင်အာဖရိကတွင် ခရီးသည်တင် ဘတ်စ်ကားမတော်တဆမှုဖြစ်ပွား လူ ၂၉ ဦးသေဆုံး
    တောင်အာဖရိကနိုင်ငံတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီနှင့် ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့မှုကြောင့် လူ ၂၉ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တောင်အာဖရိက အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
    နိုင်ငံအရှေ့ပိုင်း Mpumalanga ပြည်နယ်တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။
    တောင်အာဖရိကနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် ခရီးသည်မြောက်များစွာ သေဆုံးမှုမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ဂရုစိုက်မှုအားနည်းသည့် ယာဉ်မောင်းသူ များနှင့် ဆိုးရွားသောလမ်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
    ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း မြို့တော် ကိပ်တောင်းအနီးရှိ စပျစ်သီးစိုက်ပျိုးသည့် ဒေသတွင် ယဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၄ ဦးသေဆုံး ခဲ့ရ သည်။
    Ref : Foxnews
    __________________________
  • စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက် တိုက်ခိုက်ခံရ
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက် တိုက်ခိုက်ခံရ
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    1
    စင်ကာပူဝန်ကြီးများရုံးဝဘ်ဆိုက်နှင့် သမ္မတအိမ်တော်မှ လွှင့်တင်ထားသော ၀ဘ်ဆိုက်တို့မှာ ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူ လူ ၅ ဦးအား စင်ကာပူရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်ဟုသိရသည်။
    ထိုကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း တိုင်ချက်ကို နိုဝင်ဘာ ၈-ရက်နေ့တွင် ရဲတပ်ဖွဲ့က ရရှိခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ တိုက်ခိုက်သူမှာ ၀ဘ်ဆိုဒ်၏ အားနည်း ချက်အား အသုံးချကာ ထိုစာမျက်နှာတွင် အခြားသော အင်တာနက်ရင်းမြစ်များမှ ပုံရိပ်များပေါ်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ထုတ်ပြန်ခဲ့သော ရဲတပ်တပ်ဖွဲ့၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    Ref : Channelnewsasia
  • အီရန်၏ နျူးကလီးယားဆွေးနွေးမှု အပြန်အလှန်ယုံကြည်မှုပေါ်တွင် အခြေခံသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော
    အီရန်၏ နျူးကလီးယားဆွေးနွေးမှု အပြန်အလှန်ယုံကြည်မှုပေါ်တွင် အခြေခံသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    334200_Iran talks
    နိုင်ငံ၏ နျူးကလီယား ကိစ္စအပေါ် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့ အကြား ညှိနှိုင်းဆွေးနွေးမှုများမှာ အပြန်အလှန် ယုံကြည်မှုအပေါ်တွင် အခြေခံသင့်သည် ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်သည်။
    “ဆွေးနွေးပွဲဟာ အပြန်အလှန်ယုံကြည်မှုအပေါ်မှာ အခြေခံသင့်ပြီး၊ တူညီတဲ့ ခြေလှမ်းတွေပေါ်မှာပဲ ဖြစ်သင့်ပါတယ်။ အီရန်အပေါ် အခြေအနေတစ်ခုကို ပြဌာန်းပေးတာ၊ ပါတီတစ်ခုက အမိန့်ပေးတာမျိုးတွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ယမန်နေ့ညပိုင်းက IRIB ရုပ်သံနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဇာရစ်ဖ်က ပြောကြား ခဲ့သည်။
    ထို့ပြင် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့၏ အီရန်အား ဆက်ဆံသည့်ပုံ မတူညီမှု ကိုလည်း ဇာရစ်ဖ်က ထောက်ပြပြောဆိုသွားခဲ့သည်။
    အီရန်နိုင်ငံ၏ နျူးကလီးကိစ္စနှင့် ပက်သက်၍ ဆွေးနွေးကြည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့၏ အစည်းအဝေးကို ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၇-ရက်နေ့မှ ၉-ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မည်သည့် သဘောတူညီချက်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။
    Ref : Press TV
  • သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    Aussie-Rugby-Star-Seeks-New-Life-in-Islam_0
    လက်ဝှေ့အားကစားသမားတစ်ဦး၏ အကူအညီကြောင့် သြစတေးလျ နာမည်ကြီး ရဘ်ဘီကစားသမားတစ်ဦးဖြစ်သည့် ဘလက် ဖာဂူဆန်မှာ အစ္စလာမ်ဘာသာ အတွင်းသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့် သောကြာနေ့က ဆစ်ဒနီမြို့ရှိ Zetland ဗလီဝတ်ကျောင်းတော်တွင် သြစတေးလျ လက်ဝှေ့ကစားသမား မွန်ဒိုင်းနှင့်အတူ ၀တ်ပြုဆုတောင်းနေသည့် ဖာဂူဆန်၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် သတင်းများက ဖာဂူဆန်မှာ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ကြောင်း ဖော်ပြခဲ့ကြသည်။
    ဖာဂူဆန်က အစ္စလာမ်မှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည့် ၎င်း၏ဘ၀အား ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီနိုင်မည်ဟု ယူဆသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အယူဝါဒအသစ်သို့ ပြောင်းလဲခြင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    ဖာဂူဆန်မှာ အစ္စလာမ်သို့ ပြောင်းလဲဝင်ရောက်လာသည့် ပထမဆုံး ရဘ်ဘီကစားသမားမဟုတ်ဘဲ၊ လွန်ခဲ့သည့်ငါးနှစ်က နယူးဇီလန် ရဘ်ဘီအကျော်အမော် ဘီလ် ၀ီလီယံမှာ ဆစ်ဒနီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင် လာခဲ့သည့် ပထမဦးဆုံး ရဘ်ဘီကစားသမားဖြစ်သည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးလျှင် သြစတေးလျရှိ ဒုတိယအကြီးဆုံးအယူဝါဒတစ်ခုဖြစ်ပြီး သြစတေးလျလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာ ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။
    Ref :  OnIslam & Newspapers
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]