News @ M-Media

Category: ပညာရေး

  • ဂျာမနီတွင် အစ္စလာမ့်ရေးရာ လေ့လာမှု ဘွဲ့ဆည်းပူး နိုင်ပြီး

    ဂျာမနီ၌ ပထမ ဆုံးအကြိမ် ဖြစ်သော အစ္စလာမ့် ရေးရာလေ့လာမှု ဘွဲ့ဒီကရီအတန်းအား ဖရန်က်ဖတ် တက္ကသိုလ်တွင်စ တင်ဖွင့်လှစ် လိုက် ပါသည်။ ဂျာမနီရှိ တက္ကသိုလ်များ တွင် ခရစ်ယာန် ၊ဂျုး ဘာသာရေး ဘွဲ့များကိုသာ ယခင်က ရယူနိုင်ခဲ့ သောလည်း ယခုအခါ အစ္စ လာမ်ဘာသာရေး ဘွဲ့ကိုပါ သင် ယူနိုင်ပြီဖြစ် သည်။ လွန်ခဲ့သောနှစ်ကစ၍ အစ္စလာမ့်လေ့လာရေး အစီစဉ်များ၊ ရှေ့ဆောင်အီမာမ်မွမ်းမံမှု သင်တန်းများကို ဂျာမနီတက္ကသိုလ်များတွင် စတင်ပို့ချပေးနိုင် ခဲ့သည်။ ဖရန်က်ဖာတ် တက္ကသိုလ် က အဆိုပါ အစ္စလာမ့်ရေး ရာလေ့ လာမှု ဘွဲ့ဒီကရီအတန်းအား ဗဟိုအစိုးရ၏ ထောက်ပံ့မှု မခံယူပဲ ကိုယ်ထူကိုယ်ထ စတင်ွားမည်ဟု သိရသည်။

    ဂျာမနီ မွတ်စလင်ကျောင်းသားများ အစ္စလာမ်သာသနားအားနက်နက်ရှိုင်းရှိုင်း သင်ယူလေ့လာနိုင်ရန် စိတ်အား ထက်သန်နေကြပြီး အဆိုပါ ဘွဲ့ဒီကရီအတန်း ၏ ပတမ semester အတွက် ကျောင်းသား ပေါင်း ၁၀၀ ခန့် လျှောက်တင်ခဲ့ကြကြောင်းသိရသည်။ ပုံမုန် အားဖြင့်တော့ ဗလီမှာ ကုရ်အာန်စာသင်ကျောင်းမှာ ကြားနေ ရတာက ကျွန်တော့်မိခင်ဘာသာစကား(တူရကီ ) နဲ့ပဲလေ အခုနောက်ဆုံး တော့ အစ္စလာမ့် ဘာသာရေးကို ဂျာမနီဘာသာနဲ့လေ့လာရပါတော့မယ် ဟု တူရကီ လူမျိုးကျောင်းသား Abdullah Takim က ပြောပါ သည်။ ဒီဘွဲ့ဒီကရီအစီအစဉ်က သင်ယူဆည်းပူးခဲ့ရတာတွေကို နောက်မျိုးဆက်ဒါမှဟုတ် တခြား လူ့အဖွဲ့ အစည်းဆီ ကို ပြန်လည်းမျှ ဝေနိုင်ခွင့်ရပါလိမ်မယ် ဟု ၎င်းက သုံးသပ်သည်။

    ယင်းအစီစဉ်တွင် အစ္စလာမ့် လေ့လာမှုအား ခေတ်မှီသင်ကြားရေး စနစ်ဖြင့်မွတ်စလင် ပါမောက္ခများက ပို့ချမည်ဖြစ်သည်။ဒီမှာ သင်ကြာမဲ့ ဘာသာရပ်တစ်ချို့ အသစ်ဖြစ်လိမ့်မယ် ခေါင်းစဉ် တစ်ခုကို ကို အစ္စလာမ့် ရှုထောင့်သုံးသပ်သုတေသနပြုပေးရမှာဖြစ်သလို ယဉ်ကျေးမှု ၊ လူမှုသိပ္ပံ ၊ လူသားဝါဒ စတဲ့ရှုထောင့်တွေကပါ သုတေသနပြု လေ့လာ ဆည်းပူးရမှပါ ယခုဖွင့်လှစ် လိုက်တဲ့ အစီစဉ်က မွတ်စလင်တွေချည်း သက်သက်ကိုသာမက စိတ်ဝင်စားတဲ့ ဘယ်သူမဆို သင်ယူနိုင်ပါတယ် ဟု အ စ္စလာမ့်လေ့ လေရေးဘွဲ့ဒီ ကရီနှင့်ပတ် သက်ပြီး ပြောကြားခဲ့သည်။

    ဂျာမနီတွင်ကြီးပြင်းလာကြသော မွတ်စလင်လူငယ်များအနေဖြင့် အစ္စလာမ့်ေ၇းရာအသိပညာများအား ခေတ်မှီ သင်ကြားစနစ်များ ၊နေ ထိုင်ကြီးပြင်ရာ နိုင်ငံ ဘာသာစကားဖြင့် လေ့လာလိုကြောင်း လျှောက်ထားသူ ဂျာမနီ မွတ်စလင်လူငယ်များက ဆိုပါသည်။ ကျွန်မ ကိုယ် တိုင် က မွတ်စလင်ဖြစ်နေလို့ပဲ ဖရန်က်ဖတ် တက္ကသိုလ် က ဖွင့်လှစ်တဲ့ အတန်းမှာ တက်ဖြစ်တာပါ ကျွန်မ ဘာသာတရား နဲ့ပတ် သက် လို့ သိပ်မသိသေးဘူးလေ၊ သာသနာပညာရပ်တွေကို တဖြေးဖြေး နဲ့သင် ယူနိုင်မယ်လို့ တော့ မျှော်လင့်ပါတယ် ရှင် ဟု မွတ်စလင် အမျိုး သမီး ငယ်တစ်ဦးက ဆိုသည်။ အစ္စလာမ့်လေလာမှုပညာရပ်များဖြစ်သော ကုရ်အာန် ၊ဟာဒီးဆ် ၊ ဖိကဟ် ဆီရဟ် ဘာသာရပ် များ အပါအ ၀င် သမိုင်း ၊ယဉ်ကျေးမှု ဘာသာရပ်များပါဝင်ကြောင်း ၄င်းက ဆိုပါသည်။

    ဂျာမနီ မွတ်စလင် ကျောင်းသား ငယ် Abdullah Takim ကယင်း အစ္စလာမ့် ဘွဲ့ဒီဂရီ အတန်း မှ မျိုးဆက်သစ် အစ္စလာမ့်ပညာရှင်များ ပေါ်ထွန်းလာစေရန် ရည် ရွယ် ထားပြီး ဂျာမနီ၌ ထွန်းလင်းလာသော အစ္စလာမ့်ရောင်ခြည်ကို သရုပ်ဖေါ်နေ မည်ဟုဆိုပါ သည်။ ဂျာမနီတွင် အစ္စလာမ်ဘာသာကိုးကွယ်သူ ၄သန်းခန့် နေထိုင် လျက်ရှိကြသည်။ german-info.com

  • နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်) မှ ညနေပိုင်း ဘာသာစကား သင်တန်းများဖွင့်တော့မည်

    မြန်မာလူငယ်များအကြား ရေးပန်စားနေသော နိုငှ်ုခြားဘာသာတက္ကသိုလ်(ရန်ကုန်) ၏ ညနေပိုင်း ဘာသာစကား သင်တန်း( ဘာသာပြန် ၊ စကားပြန် ) အား ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၃ရက်နေ့တွင် ဖွင့်လှစ်မည်ဟု နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသာရေးရာ ဌာနမှ ပြောပါသည်။ အဆိုပါ သင်တန်များတွင် အ၈င်္လိပ်၊တရုတ် ၊ကိုးရီးယား၊ ဂျပန် ၊ပြင်သစ် ၊ ဂျာမန်၊ ရုရှား၊ ထိုင်းဘာသာ တိုအား အရည်အချင်းပြည့် ပညာရှင်များကနေ ပိုချပေးမည်ဟုသိရသည်။ ဘာသာပြန်၊ စကားပြန်သင်တန်း များသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း ၂၈.၁၂.၂၀၁၀ နေမှ ၃၁.၁၂.၂၀၁၀ နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကာ အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာ နေများတွင် ညနေ ၅း၂၀မှ ၇နာရီအထိ ပို့ချမည်ဖြစ်သည်။ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့မဟုတ် ) အမှတ်စာရင်း မူရင်း နှင့်မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ် မူရင်၊မိတ္တ နှင့် ဓါတ်ပုံ ၃ပုံ လိုအပ်သည်။ ၃လကြာမြင့်မည့် ယင်းသင်တန်း၏ သင်တန်းကြေကို ကျောင်းသာရေးရာတွင်စုံစမ်းပေးသွင်းနိုင်ကြောင်း သိရသည်။ ၊အင်္ဂလိပ်ဘာသာ အတွက် သတ်မှတ်ထားသောသင်တန်းသား အရေအတွက် ပြည့်သည့်ရက်သည် နောက်ဆုံးလက်ခံမည့်ရက် ဟု ကြေငြာထားသဖြင့် လျှောက်ထားလိုသူများသည် လျှောက်လွှာစတင်လက်ခံမည့် ၂၈.၁၂.၂၀၁၀ နံနက် အစောဆုံး သွားရောက်လျှောက်ထား သင့်ကြောင်း နောက်ဆုံး အပတ်စဉ် ၏ အင်္ဂလိပ်စာ သင်တန်းတွင် လက်ခံခဲ့သည့် သင်တန်းသား ဦးရေမှာ ၅၀၀ ဖြစ်ကြောင်း ယခင်အပတ်စဉ်တွင် လျှောက်ထားချိန်နောက်ကျသဖြင့် တက်ခွင့်မရလိုက်သေည့် လူငယ်တစ်ဦးက ပြောပါသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်၏ အဆိုပါသင်တန်များနှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက ဖုံးနံပါတ် ၅၁၄၇၃၁ လိုင်းခွဲ ၂၀၂ သို့ ဆက်သွယ်နိုင်ပါသည်။

  • လမ်းပေါ်ရောက် ကလေးများအား ဘ၀မြင့်တင့်ရေး အစီအစဉ် အင်ဒိုနီးရှား တွင်စတင်

    ကံအကြောင်း မလှဖြစ်နေရသော လမ်းပေါ်ရောက် ကလေးငယ်များအား Pensantren ဟုခေါ်ဆိုသောအစ္စလာမ် ဘာသာရေးစာသင် ကျောင်းများ သို့ ပို့လွှတ်  ရေးအစီစဉ်ကို ကမ္ဘာမွတ်စလင် အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားတွင် အစိုးရအစီစဉ်ဖြင့် အကောင်အထည်ဖေါ် နေပြီဖြစ်ကြောင်း onislam သတင်း တစ်ရပ်တွင်ဖေါ်ပြထားပါသည်။ Pesantren တွေမှာတက်ရောက်ဖို့ ပထမဆုံးအနေနဲ့ အဆင့်မှီသူတွေကို ရွေးချယ်နေတာပါ.. ဂျာကတာမြို့ကနေ ကျောင်းသားပေါင်း ၅၀၀၀ကျော်ကို ရှာဖွေစုဆောင်နေပါတယ်  ဟု လူမှုရေးဝန်ကြီးဌာန ပြောခွင့်ရသူ Sapto Waluya ပြောပါသည်။ အင်ဒိုနီးရှားအစိုးရအနေဖြင့် လူမှုကူညီရေးအဖွဲ့အစည်း(NGO )များ၊ စီပွားရေးလုပ်ငန်းရှင်များ အား အဆိုပါ စီမံချက် အောင်မြင်ရေး အတွက် ဖိတ်ခေါ်ထားကြောင်း ၊ အခြေနေမဲ့ကလေး ငယ်ပေါင်းနှစ်သိန်း ကျော်အနက် ၁၂၀၀၀ သည် ဂျာကာတာမြိုတစ်ခုမှာတင် ရှိနေကြောင်း ၊ ၄င်းကပြောပါသည်။ အဆိုပါစီမံချက်အား လူမှုရေး၊ ဘာသာရေး၊ ပညာရေးနှင့် အမျိုးသမီးနှင့် ကလေးငယ် အရည်သွေးမြင့်တင်ရေး ၀န်ကြီးဌာန များက ပူးတွဲဆောင်ရွက်ခြင်းဖြစ်သည်။ လမ်းပေါ်ရောက် ကလေးငယ်တွေ  ဘာသာရေးစာသင်ကျောင်း တွေဆီ ပို့ဆောင်ရေး စီမံ ချက် မှာ နိုင်ငံတော်ဘက်ဂျက်ကနေ ဒေါ်လာ ၅၀၀၀၀၀ ကို သုံးစွဲဖို့ လျာထားပါတယ် ဟု ၄င်းကရှင်းပြ ပြောဆို ပါသည်။ လေ့လာမှုများအရ လမ်းပေါ် ရောက်နေ သောကလေး များသည် တစ်နေ့လျှင် ၅နာရီ ခန့် ကြာ တောင်းရမ်း ၊ခိုးဝှက်ခြင်း၊ ဈေးရောင်းခြင်း အမှိုက်ကောက်ခြင်း များဖြင့် သက်၇ှင် နေထိုင်ကြသည်။ လမ်းပေါ် ရောက်ကလေးငယ်များ အနက် သင့် တော် သူများကို ရွေးချယ်ပြီး ဘာသာရေး ကျောင်းများသို့ ပို့လွတ်မည်ဖြစ်ကာ အခြား သင့်တော်သူများအား လက်မှုပညာ သင်ကြားပေး မည်ဖြစ် ကြောင်း သူတို့၏ ထွက်ကုန်များကို လည်း ပြည်တွင်းကုန်တိုက်များ တွင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း  Sapto Waluya က ပြောပါ သည်။ ထို့ပြင် လမ်ပေါ်ရောက်ခဲ့သော ကလေးငယ် များအတွက် အထူးစီမံရေးဆွဲထားသော သင်ရိုး ဖြင့် နဒ၀ါသွလ်အိုလမာအဖွဲ့က သင်ကြားပေး၇န် ကလေး ၁၅၀၀ဦးကို ရွေးချယ်ထားသည် ဟု သိရသည်။ ထောင်ချီသောကလေးများ အား ဆင်းရဲ ဒုက္ခ တွင်းထဲကကယ်ထုတ်ရေးမှာ မလွယ်ကူသော လုပ်ငန်ဖြစ်သော်လည်း လာမည့် ၂၀၁၄ တွင် လမ်းပေါ်တွင် ကလေးများ လုံးဝပပျောက်အောင် ရည်မှန်းထားကြောင်း အမျိုးသမီးနှင့် ကလေးငယ် ကာကွယ် စောင့်ေ၇ှာက်ရေး ၀န်ကြီး Linda Amalia က ဆိုပါသည်။  Pesantren Bina Insan Mandiri  အစ္စလာမ် ဘာသာ ရေး ကျောင်း ၏ အုပ်ချုပ်သူ Nur Rohim Siswanto က  ဒီကျောင်းမှာတော့  မူလတန်းကနေ အထက် တန်း ပညာေ၇း အထိပို့ချပေး နေပါ တယ် သူတို့ လေးတွေထဲက အများစုက အိမ်ထောင်ပြို ကွဲ တဲ့ အဖြစ်  ၊ တရားမ၀င် လက်ထက်တဲ့အဖြစ် တွေရဲ့ မြေစာပင် လို့ ဆို ရပါမယ် ၊ သူတို့ တွေ ကိုမိဘကိုယ်စား ဂရုစိုက် အလေးထားနိုင် ရပါမယ် ဟု သုံးသပ်ပြောကြားပါသည်။ မိဘမဲ့ ကလေးငယ် တွေရဲ့ ပြဿနာအရင်းခံကို ပထမ ဆုံး ရှာဖွေသုံးသပ်ပြီးမှ ပညာရေးကို စဉ်စားရမယ် ဟု ၄င်း က အကြံပေးခဲ့ပါသည်။ Siswanto ၏ အစ္စလာမ်မစ်ဖောင်ဒေရှင်းသည် ဇကားသ် အဖွဲ့အ စည်း များ ၊အန်ဂျီအိုများ၊နှင့် သီးခြားလှူဒါန်မှုများဖြင့် ရပ်တည်နေသည်။ onislam

  • မြန်မာ အပါအ၀င် အာရှနိုင်ငံများနှင့် အစ္စလာမ့်ပညာရေး ပူးပေါင်း ဆောင်ရွက်မည်ဟု အင်ဒိုနီးရှား ဆို

    မြန်မာနိုင်ငံအပါဝင် အခြား အာရှနိုင်ငံများနှင့် အစ္စလာမ့် ပညာရေးတွင် တိုးမြင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သာသနာရေးရာ ၀န်ကြီး Suryadharma Ali က ပြောကြားလိုက်ပါသည် “  အင်ဒိုနီးရှားက ပျော့ပျောင်းပြီး အလယ်လတ်ကျတဲ့အစ္စလာမ်ကို ကျင့်သုံးနေတဲ့အတွက် အရှေ့အလယ်ပိုင်းမဟုတ်တဲ့နိုင်ငံတွေက ဒီမှာ အစ္စလာမ်ကို   လေ့လာဆည်းပူလိုကြပါတယ် ‘ ဟု ၄င်းက ဆိုပါသည်။  အင်ဒီုနီးရှားသည် ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊မြန်မာ စသောနိုင်ငံ အစ္စလာမ့်နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း ၊ အင်ဒိုနီးရှား သာသနာရေးရာ ၀န်ကြီး ဌာနသည် နိုင်ငံများစွာရှိ မွတ်စလင်အသိုင်းများနှင့် လက်တွဲပြီး ဟဂ်ျရေးရာ၊ အစ္စလာမ့်ပညာရေး နှင့်အကြမ်းဖတ်တိုက်ဖျက်ရေးတွင် ပူးပေါင်းလျက်ရှိပါကြောင်းသတင်းထောက်များအား ပြော ပါသည်။ ‘လက်ရှိကာလမှာတော့ ရုရှားနဲ့ဟဂ်ျရေးရာတွေမှာပူးပေါင်းနေတာရှိပါတယ် ၊ ရုရှားကျောင်းသား ၁၀ဦးကိုလည်း အင်ဒိုနီးရှားမှာ အစ္စလာမ်ရေးရာသင်ကြားရေးအတွက် ပညာသင်ဆုပေးအပ်ထားပါတယ’် ဟု ၄င်းပြောကြားခဲ့သည်။ antaranews

  • ကွန်ပြူတာ၊ အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

    မြန်မာလူငယ်များ ဂလိုဘယ်ခေတ်၏ စိန်ခေါ်မှုများကျော်လွှား နိုင်ရန်ရည်ရွယ်ပြီး အဆင့်မြင့် အင်္ဂလိပ်စာဒီပလိုမာ သင်တန်း နှင့် ကွန်ပြုတာ ဒီပလိုမာ သင်တန်းအား တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ အတွက် သမ၀ါယမကောလိပ်(ရန်ကုန်) မှ ဖွင့်လှစ်မည် ဟုသိရပါသည်။ အဆိုပါသင်တန်းသည် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့ထိ နာမည်ကျော် ပညာရှင်များက ပို့ချမည်ဟု သိရသည်။ ယင်းဒီပလိုမာ သင်တန်းများအား ၁၅.၁၁.၂၀၁၀ တွင်စတင်ဖွင့်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့်  သမ၀ါယမကောလိပ် (ရန်ကုန်) ၀၁-၅၅၄၁၇၃ နှင့် ၀၁-၅၄၂၈၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။