မြန်မာလူငယ်များအကြား ရေးပန်စားနေသော နိုငှ်ုခြားဘာသာတက္ကသိုလ်(ရန်ကုန်) ၏ ညနေပိုင်း ဘာသာစကား သင်တန်း( ဘာသာပြန် ၊ စကားပြန် ) အား ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၃ရက်နေ့တွင် ဖွင့်လှစ်မည်ဟု နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသာရေးရာ ဌာနမှ ပြောပါသည်။ အဆိုပါ သင်တန်များတွင် အ၈င်္လိပ်၊တရုတ် ၊ကိုးရီးယား၊ ဂျပန် ၊ပြင်သစ် ၊ ဂျာမန်၊ ရုရှား၊ ထိုင်းဘာသာ တိုအား အရည်အချင်းပြည့် ပညာရှင်များကနေ ပိုချပေးမည်ဟုသိရသည်။ ဘာသာပြန်၊ စကားပြန်သင်တန်း များသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း ၂၈.၁၂.၂၀၁၀ နေမှ ၃၁.၁၂.၂၀၁၀ နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကာ အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာ နေများတွင် ညနေ ၅း၂၀မှ ၇နာရီအထိ ပို့ချမည်ဖြစ်သည်။ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့မဟုတ် ) အမှတ်စာရင်း မူရင်း နှင့်မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ် မူရင်၊မိတ္တ နှင့် ဓါတ်ပုံ ၃ပုံ လိုအပ်သည်။ ၃လကြာမြင့်မည့် ယင်းသင်တန်း၏ သင်တန်းကြေကို ကျောင်းသာရေးရာတွင်စုံစမ်းပေးသွင်းနိုင်ကြောင်း သိရသည်။ ၊အင်္ဂလိပ်ဘာသာ အတွက် သတ်မှတ်ထားသောသင်တန်းသား အရေအတွက် ပြည့်သည့်ရက်သည် နောက်ဆုံးလက်ခံမည့်ရက် ဟု ကြေငြာထားသဖြင့် လျှောက်ထားလိုသူများသည် လျှောက်လွှာစတင်လက်ခံမည့် ၂၈.၁၂.၂၀၁၀ နံနက် အစောဆုံး သွားရောက်လျှောက်ထား သင့်ကြောင်း နောက်ဆုံး အပတ်စဉ် ၏ အင်္ဂလိပ်စာ သင်တန်းတွင် လက်ခံခဲ့သည့် သင်တန်းသား ဦးရေမှာ ၅၀၀ ဖြစ်ကြောင်း ယခင်အပတ်စဉ်တွင် လျှောက်ထားချိန်နောက်ကျသဖြင့် တက်ခွင့်မရလိုက်သေည့် လူငယ်တစ်ဦးက ပြောပါသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်၏ အဆိုပါသင်တန်များနှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက ဖုံးနံပါတ် ၅၁၄၇၃၁ လိုင်းခွဲ ၂၀၂ သို့ ဆက်သွယ်နိုင်ပါသည်။
Leave a Reply
You must be logged in to post a comment.