News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား

    အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်က ကရီမွလ်ဟက်ဆိုသူဟာ ‘လူနာတင်ဘိုးဘိုး’ လို့ အမည်တွင်နေပါတယ်။

    ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ သူ့ရဲ့ရွာနဲ့ ပတ်ဝန်းကျင်ဒေသတွေက ဆေးရုံတက်ဖို့လိုတဲ့သူတွေကို သူ့ဆိုင်ကယ်နဲ့ မြို့ကဆေးရုံကို အချိန်မီလိုက်ပို့ပေးရင်း ဒီနာမည် တွင်သွားတာဖြစ်ပါတယ်။

    သူ့ရဲ့ ဒီအခမဲ့ လူနာပို့ဆောင်ပေးတဲ့လုပ်ငန်းဟာ ၁၅ နှစ်ကျော် ရှိလာပြီဖြစ်ပြီး လူပေါင်း ၄၀၀၀ ကျော်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ ဇနီးနဲ့ သားတွေကပါ သူ့ရဲ့ ဒီ ပရဟိတလုပ်ငန်းမှာ ပါဝင်နေကြပါတယ်။

    ဒီလို လူသားအကျိုးပြုလုပ်ငန်းအတွက် ဘယ်အရာက ကရီမွလ်ဟက်ကို တွန်းအားပေးခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရသလဲ၊ ဘယ်သူ့အထောက်အပံ့နဲ့ ရပ်တည်နေတာလဲ၊ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်က ဘာလဲ စတာတွေကို ဒီဗီဒီယိုမှာ ရှုစားရမှာ ဖြစ်ပါတယ်။

    ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ မြန်မာနိုင်ငံရဲ့ ဝေလံခေါင်ဖျားဒေသ၊ ကျေးလက်ဒေသတွေမှာ ဒီလိုလုပ်ငန်းမျိုးကို အတုယူလုပ်ဆောင်လာနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ M-Media က စာတမ်းထိုးတင်ဆက်ပေးတာ ဖြစ်ပါတယ်။

  • ကမ္ဘာ့အကြီးဆုံးကျောက်ကပ် ခွဲထုတ်မှုအတွက် ယူအေအီးဆေးရုံတစ်ခု ဂင်းနစ်မှတ်တမ်းဝင်

    ကမ္ဘာ့အကြီးဆုံးကျောက်ကပ် ခွဲထုတ်မှုအတွက် ယူအေအီးဆေးရုံတစ်ခု ဂင်းနစ်မှတ်တမ်းဝင်

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက Dubai Hospital ဆေးရုံဟာ ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကို ခွဲထုတ်ပေးခဲ့တဲ့အတွက် ဂင်းနစ်စံချိန်မှာ မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

    အသက် ၅၆ နှစ်အရွယ် အဟ်မဒ် စအစ်ဆိုတဲ့ အမျိုးသားဆီက ၁၃ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကျောက်ကပ်ကို ခွဲထုတ်ခဲ့ရတာပါ။ အဲဒီအရွယ်အစားဟာ ၁၅၀ ဂရမ်သာရှိတဲ့ သာမန် ကျောက်ကပ်ထက် အဆ ၄၀ ပိုကြီးနေတာဖြစ်ပါတယ်။

    ခွဲစိပ်မှုကို ဦးဆောင်ခဲ့တဲ့ ဆေးရုံရဲ့ ဆီးဘက်ဆိုင်ရာဌာန အကြီးအကဲ ဒေါက်တာ ဖာရီဘော့ဇ် ဘဂ်ဟီရီက မစ္စတာ စအစ်ဟာ မျိုးရိုးဗီဇ မူမမှန်မှုကြောင့် Polycystic Kidney Disease လို့ခေါ်တဲ့ ကျောက်ကပ်အရွယ်အစားကြီးတဲ့ ရောဂါကို မွေးဖွားစဉ်ကတည်းက ခံစားခဲ့ရတာဖြစ်ပြီး သတမ်းတစ်လျှောက်လုံး ကျောက်ကပ်ဆေးပြီး နေထိုင်လာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    သာမန် ကျောက်ကပ်တစ်လုံးရဲ့ အရွယ်အစားဟာ ၁၂ စင်တီမီတာသာရှိပေမယ့် စအစ်ဆီက ခွဲထုတ်လုပ်လိုက်တဲ့ ကျောက်ကပ်က တစ်ခုကို ၃၄ စင်တီမီတာရှိပြီး အချင်းက ၁၇ စင်တီမီတာ ရှိပါတယ်။ ဘယ်ဖက်ကျောက်ကပ်ရဲ့ အလေးချိန်က ၆.၁ ကီလိုဂရမ်ရှိကာ၊ ညာဘက်ကျောက်ကပ်ကတော့ ၆.၆ ကီလိုဂရမ်ရှိပါတယ်။ ညာဘက်ကျောက်ကပ်ဟာ အရည်စစ်သွားတဲ့အချိန်မှာ ၂.၂၅ ကီလိုဂရမ်ရှိပြီး ဆေးရုံရဲ့ ခန္ဓာဗေဒဌာနမှာ သိမ်းဆည်းထားပါတယ်။

    ဂင်းနစ်မှတ်တမ်းဝင်တဲ့ကျောက်ကပ်ကတော့ ညဘက်ကျောက်ကပ်ဖြစ်ပြီး နောက်ဆုံးစံချိန်ဖြစ်တဲ့ ၂.၂၄ ကီလိုဂရမ်ထက်ကို ၂ ဆလောက် ပိုကြီးနေတာဖြစ်ပါတယ်။

    ဒူဘိုင်းက ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဆိုင်ရာ အကြီးအကဲ တာလာလ်အိုမာရ်က မိမိတို့အနေနဲ့ ဒီကိစ္စ စာရင်းသွင်းဖို့အတွက် လပေါင်းများစွာကြာ ဆေးဘက်မှတ်တမ်းတွေကို ရှာဖွေဖတ်ရှုခဲ့ရကြောင်း၊ အခုအချိန်မှာ တွက်ချက်မှု ပြီးဆုံးသွားပြီဖြစ်ပြီး ဒူဘိုင်းက ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ခွဲစိပ်ပေးတဲ့ စံချိန်ကို ရရှိသွားကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ကော်ဖီများများသောက်ခြင်းက အသက်ပိုရှည်နိုင်

    ကော်ဖီများများသောက်ခြင်းက အသက်ပိုရှည်နိုင်

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – တစ်နေ့ကို ကော်ဖီသုံးခွက် သောက်မယ်ဆိုရင် အသက်ပိုရှည်နိုင်ဖွယ်ရှိတယ်လို့ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီနဲ့ Imperial ကောလိပ်တို့ဟာ ဥရောပနိုင်ငံပေါင်း ၁၀ နိုင်ငံက အသက် ၃၅ နှစ်ကျော် လူသန်းဝက်နီးပါးကို လေ့လာခဲ့တာဖြစ်ပြီး ကော်ဖီများမျာသောက်ခြင်းဟာ နှလုံးရာဂါလို ရောဂါမျိုးတွေ ဖြစ်ပွားမှုကို တားဆီးပေးနိုင်ကာ အသက်သေဆုံးမှုအန္တရာယ် လျော့ကျမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် တစ်ချို့ပညာရှင်တွေကတော့ ကော်ဖီသာက်ခြင်းဟာ ရောဂါဘယ ကာကွယ်ရေးဆိုင်ရာမှာ ကောင်းပေမယ့် ကျန်းမာတဲ့ဘ၀နေထိုင်မှု ရမယ်ဆိုတာမျိုး မဟုတ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။

    သုတေသနမှာ ပါဝင်သူတွေကို ပထမဆုံး တစ်နေ့ ကော်ဖီဘယ်နှစ်ခွက်သောက်လဲဆိုတာကို မှတ်တမ်းတင်ခဲ့ပြီး နောက်ထပ် ၁၆ နှစ်အရောက်မှာ အဲဒီထဲကလူတွေရဲ့ သေဆုံးမှုကို လေ့လာခဲ့တာပါ။

    နေ့စဉ် ကော်ဖီ သောက်သုံးသူတွေနဲ့ မသောက်သုံးသူတွေရဲ့ နိုင်းယှဉ်ချက်၊ တစ်နေ့ကို ကော်ဖီ ၃ ခွက်သောက်နိုင်တဲ့အခြေအနေမျိုးဟာ ချမ်းသာသူတွေမှာ ပိုဖြစ်နိုင်တာကြောင့် သူတို့ရဲ့ ကျန်းမာရေး ကာကွယ်မှု ဆောင်ရွက်ချက် စတာတွေလို အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစားထားခြင်း မရှိတာကြောင့် အခုတွေ့ရှိမှုဟာ ယေဘူယျသဘောတရားသာ ဖြစ်ပါတယ်။

    လေ့လာမှုမှာ ကော်ဖီပိုသောက်မှုနဲ့ အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်မှု ဆက်စပ်နေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

    သုတေသနပညာရှင်တွေဟာ သာမန်လူတွေကိုသာ စမ်းသပ်ခဲ့တာဖြစ်ပြီး နှလုံးရောဂါရှိသူတွေ၊ ဆီးချိုးရှိသူတွေ၊ လေဖြတ်နေသူတွေ မပါဝင်ပါဘူး။ ဒါ့ကြောင့် နေမကောင်းတဲ့လူတွေအနေနဲ့ ကော်ဖီသောက်ရင် ဘယ်လို ရိုက်ခတ်မှုမျိုး ရှိမလဲဆိုတာကို မသိရှိခဲ့ပါဘူး။

    Ref: BBC

     

  • ကိုလက်စထရောလျှော့ချနိုင်မည့် ထိုးဆေး လူသားတွင် စမ်းသပ်တော့မည်

    ကိုလက်စထရောလျှော့ချနိုင်မည့် ထိုးဆေး လူသားတွင် စမ်းသပ်တော့မည်

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    – နှလုံးရောဂါ ဖြစ်ပွားမှုကို တားဆီးရေး အကူအညီဖြစ်စေမယ့် ကိုလက်စထရော လျော့ကျစေတဲ့ ကာကွယ်ဆေးဟာ ကြွက်တွေမှာ အောင်မြင်ခဲ့ပြီး လူသားတွေမှာ စမ်းသပ်တော့မယ်လို့ သြစတြီးယား ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တစ်ခုက ပြောကြားလိုက်ပါတယ်။

    သွေးလွှတ်ကြာတွေမှာ အဆီတွေ ပိတ်နေတာကို တားဆီးဖို့ ရည်ရွယ်ထားတဲ့ အဲဒီ ထိုးဆေးကို Medical University of Vienna တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူပေါင်း ၇၂ ဦးမှာ စမ်းသပ်မှာဖြစ်ပါတယ်။ လက်ရှိမှာ လေဖြတ်မှု၊ ရင်အောင့်မှုနဲ့ နှလုံးရောဂါ အန္တရာယ်တွေကို လျှော့ချဖို့အတွက် နေ့စဉ် ဆေးလုံးတွေ သောက်သုံးရပြီး အခု ထိုးဆေးကတော့ အခြား ရွေးချယ်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒီကာကွယ်ဆေးဟာ လူသားတွေမှာ အန္တရာယ်ကင်းလား၊ ထိရောက်မှုရှိလားဆိုတာကို သိရှိဖို့အတွက် နှစ်အနည်းငယ် ကြာမြင့်မယ်လို့ ဒေါက်တာ ဂူအန်သာ စတက်ဖ်လာက ပြောကြားခဲ့ပါတယ်။

    ၆ နှစ်တာကာလအတွင်းမှာ ဒီဆေး အောင်မြင်သွားမယ်ဆိုရင်လည်း ကိုလက်စထရော လျော့ဖို့အတွက် လူတွေဟာ လေ့ကျင့်ခန်းလုပ်တာ အဆီနည်းတဲ့ အစားအစာတွေကို လျော့ပြီးစားသုံးတာတွေကိုတော့ လုပ်ရလိမ့်မယ်လို့လည်း သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    အခု ဒီ ကိုလက်စထရော လျော့ချတဲ့ဆေးဟာ သွေစီးဆင်းမှု လမ်းကြောင်းတွေမှာ ပိတ်ဆို့လေ့ရှိတဲ့ LDL ကို လက်စထရောကို ဖြစ်စေတဲ့ PCSK9 ပရိုတိန်းကို တန်ပြန်ဖို့ ကိုယ်ခံအားစနစ်ကို အားကောင်းစေမှာဖြစ်ပါတယ်။

    သုတသနပညာရှင်တွေကတော့ လူနာတွေအနေနဲ့ ဒီကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့အတွက် ဒီဆေးကို တစ်နှစ်ကိုတစ်ကြိမ်လောက် ထိုးရလိမ့်မယ်လို့ဆိုပါတယ်။ ကြွက်တွေကို စမ်းသပ်မှုမှာတော့ ၁၂ လအတွင်းမှာ ဒီကိုယ်ခံအားစနစ်ဟာ ၅၀ ရာခိုင်နှုန်းလောက်တက်လာတာကို တွေ့ခဲ့ရပါတယ်။

    Ref: BBC