News @ M-Media

Category: မိုးလေ၀သ

  • ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်

    ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်

    ဧပြီ ၆၊ ၂၀၁၆
    M-Media

    climat

    – ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ဘဏ္ဍာရေးလုပ်ငန်းတန်ဖိုး ဒေါ်လာ ထရီလီယံဒေါ်လာပေါင်းများစွာ ဆုံးရှုံးနစ်နာနိုင်တယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ပိုထိရောက်တဲ့ ထိန်းချုပ်ကန့်သတ်မှုမျိုး လုပ်နိုင်ဖို့ လိုနေပြီလို့ သတိပေးလိုက်ပါတယ်။

    အဲဒီလေ့လာမှု ရလဒ်ကို လန်ဒန်စီးပွားရေးတက္ကသိုလ်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ဘဏ္ဍာရေးလုပ်ငန်းတွေက ဒ်ါလာ ၂.၅ ထရီလီယံကနေ ၂၄ ထရီလီယံလောက်အထိ ထိခိုက်ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

    မိုးခေါင်ခြောက်သွေ့မှု၊ ရေကြီးမှု၊ အပူလှိုင်းတွေနဲ့ ဆက်နွယ်နေတဲ့ အပူချိန်မြင့်တက်မှု၊ ရာသီဥတုဖောက်ပြန်မှု စတာတွေကြောင့် စတော့ရှယ်ယာနဲ့ ငွေကြေးစာချုပ်တွေကို ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေးကြီးထွားနှုန်းကိုလည်း နှေးကွေးစေတာပါ။

    “ဒီတွေ့ရှိချက်က ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့အရေး အသိတရားရစေတဲ့အပြင် နောက်နောင်ဒီလိုလုပ်ဖို့ နောက်တွန့်သွားစေမှာ ဖြစ်တယ်” လို့ ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ပါမောက္ခ ဆိုင်မွန် ဒိုင်းယက်ဇ်က ပြောကြားခဲ့ပါတယ်။

    ဒီဇင်ဘာလအတွင်းက ပဲရစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ လက်ရှိအပူချိန်ကို စက်မှုမထွန်းကားခင်အချိန်ကထက် ၂ ဒီဂရီဆဲလ်စီးယက်စ်လောက် ပိုအောင်သာ ထားရှိဖို့ ရည်မှန်းချက် သတ်မှတ်ခဲ့ကြပါတယ်။

    ဒါပေမယ့် တကယ်လို့များ ကမ္ဘာ့အပူချိန်မြင့်မားမှုကို ၂၁၀၀ ရောက်တဲ့အချိန် ၂ ဒီဂရီဆဲလ်စီးယက်စ်အထိ ကန့်သတ်ထားမယ်ဆိုရင်တော့ ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁.၇ ထီရီယံ ရှိမှာဖြစ်ပါတယ်။ ၀.၅ ဆဲလ်စီးယက်စ် ဆက်တက်ခဲ့မယ်ဆိုရင်တော့ ဆုံးရှုံးမှုတန်ဖိုးဟာ ၂.၅ ထရီလီယံအထိ မြင့်တက်လာနိုင်ပါတယ်။

    Ref: Reuters

  • ကာဘွန်ထုတ်လွှတ်မှု နှစ်ပေါင်း ၆၆ သန်းတွင် အမြင့်ဆုံးဖြစ်လာပြီး သဘာဝအန္တရာယ်များ ပိုမိုရင်ဆိုင်ရနိုင်

    ကာဘွန်ထုတ်လွှတ်မှု နှစ်ပေါင်း ၆၆ သန်းတွင် အမြင့်ဆုံးဖြစ်လာပြီး သဘာဝအန္တရာယ်များ ပိုမိုရင်ဆိုင်ရနိုင်

    မတ် ၂၇၊ ၂၀၁၆
    M-Media

    carbon

    – လူသားတွေရဲ့ ပယောဂကြောင့် ထွက်ရှိတဲ့ ကာဘွန်ပမာဏက နှစ်ပေါင်း ၆၆ သန်းအတွင်း ကမ္ဘာကြီးက သဘာဝအတိုင်းထွက်ရှိတဲ့ ကာဘွန်ပမာဏထက် ၁၀ ဆ ပိုများနေတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ ဒီလို ကာဘွန်ထုတ်လွှတ်မှု အရှိန်မြင့်လာခြင်းက ကမ္ဘာကြီးရဲ့ အပူချိန်ကို ၅ ဒီဂရီလောက် တက်လာစေခဲ့ပြီး သမုဒ္ဒရာရေတွေကိုလည်း အက်စစ်ဓာတ်ပေါက်စေကာ ရေနေသတ္တ၀ါတွေကို ထိခိုက်ပျက်ဆီးစေတယ်လို့ ဆိုပါတယ်။

    “ဒိုင်နိုဆောတွေကို သေဆုံးစေခဲ့တဲ့ ကြီးမားတဲ့ ရာသီဥတုပြောင်းလဲမှု အခြေအနေတွေကို ထည့်မတွက်ရင် အခုတွေ့မြင်နေရတဲ့ ရာသီဥတုဖောက်ပြန်မှုဟာ နှစ်သန်းပေါင်း ၆၆ နှစ်အတွင်းမှာ အမြန်ဆုံးနှုန်းတစ်ခု ဖြစ်နေပါတယ်” လို့ အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ်တက္ကသိုလ်က ဇလဗေဒပညာရှင် အန်ဒီ ရစ်ဒ်ဝဲလ်က ပြောကြားခဲ့ပါတယ်။

    ကာဗွန်ထုတ်လွှတ်မှု အရမ်းများတာကြောင့် ကမ္ဘာကြီးပူနွေးမှုဟာ အလျင်အမြန် မြင့်တက်လာပြီး တိရစ္ဆာန်မျိုးစိတ် တော်တော်တော်များများ ပျောက်ဆုံးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆ သန်းအရင်ကတော့ အဲဒီလို မျိုးသုဉ်းပျောက်ကွယ်မှုက သမုဒ္ဒရာအတွင်းမှာသာ ဖြစ်ပွားပေမယ့် လက်ရှိအချိန်မှာတော့ ၆ ကြိမ်မြောက် မျိုးသုဉ်းမှု အခြေအနေကြီးဟာ မြေပြင်ပေါ်နဲ့ ရေထုအတွင်းမှာ ဖြစ်ပေါ်နေပါတယ်။

    ကာဘွန်ထုတ်လွှတ်မှုကို မလျှော့ချဘူးဆိုရင်တော့ ယခုရာစုအတွင်းမှာ အပူချိန်ဟာ ၄.၈ ဆဲလ်စီးယက်စ်လောက်အထိ မြင့်တက်လာနိုင်ပြီး ရေကြီးတာ၊ မိုးခေါင်တာနဲ့ အင်အားကြီးမားတဲ့ မုန်တိုင်းတွေလို သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလိမ့်မယ်လို့လည်း ကုလသမဂ္ဂရဲ့ လေ့လာမှုအရ သိရပါတယ်။

    Ref: IINA

  • နှစ် ၂၀ အတွင်း သဘာဝဘေးအန္တရာယ်ဒဏ် အခံရဆုံး နိုင်ငံသုံးနိုင်ငံတွင် မြန်မာပါဝင်

    နှစ် ၂၀ အတွင်း သဘာဝဘေးအန္တရာယ်ဒဏ် အခံရဆုံး နိုင်ငံသုံးနိုင်ငံတွင် မြန်မာပါဝင်

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    myan

    – နှစ်ပေါင်း ၂၀ အတွင်း လူပေါင်း သန်းဝက်ခန့် သေဆုံးခဲ့ရသော မုန်တိုင်း၊ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှု စသည့် သဘာဝဘေးအန္တရာယ်များကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် နိုင်ငံများမှာ ဟွန်ဒူးရပ်စ်၊ မြန်မာနှင့် ဟေတီတို့ ဖြစ်ကြသည်ဟု ရာသီဥတု ပညာရှင်များက ပြောကြားလိုက်သည်။

    Germanwatch အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၁၆ ကမ္ဘာ့ရာသီဥတုအန္တရာယ် အညွှန်းကိန်းတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာကြီး အပူလွန်ကဲလာမှုကို မလျှော့ချနိုင်ပါက ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ပိုမို ရင်ဆိုင်ရမည်ဟုလည်း ထိုအဖွဲ့က သတိပေးခဲ့သည်။

    ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဟွန်ဒူးရပ်စ်၊ မြန်မာနှင့် ဟေတီတို့မှာ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များကို အခံရဆုံး နိုင်ငံများဖြစ်ခဲ့ပြီး ၎င်းတို့နောက်တွင် ဖိလစ်ပိုင်၊ နီဂါရာကွာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဂွာတီမာလာတို့က အသီးသီး ရှိနေကြသည်။

    ထိုကဲ့သို့ ရာသီဥတုဆိုးဝါးမှုမှ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များမှာ နှစ် ၂၀ ကာလအတွင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး လူပေါင်း ၅၂၅၀၀၀ ကျော်ကို သေဆုံးစေခဲ့သည်။ ထိုအစီရင်ခံစာတွင် ဘေးအန္တရာယ်ကို တိုက်ရိုက်ထိခိုက်ခံစားရမှုများကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး အပူလှိုင်များကြောင့် ဖြစ်လာသော မိုးခေါင်မှု၊ စားနပ်ရိက္ခာရှားပါးမှုတို့ကဲ့သို့ သွယ်ဝိုက်ထိခိုက်ခံစားရမှုများမှာလည်း ပိုမိုဆိုးဝါးနိုင်သည်။

    Germanwatch အဖွဲ့၏ သိပ္ပံပညာရှင်များကမူ လူသားများအနေဖြင့် ကာဘွန်ထုတ်လွှတ်ခြင်းကို မလျှော့ချနိုင်ပါက မုန်တိုင်း၊ ရေကြီးမှု၊ မိုးခေါင်မှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို ပိုမိုကြုံတွေ့ရနိုင်သည်ဟုလည်း ထောက်ပြခဲ့သည်။

    Ref: ABC

  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မလေးရှားရှိ ပြည်နယ် ၈ ခုတွင် ရေကြီးနေ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၄
    M-Media

    10516753_816053448437127_6409205003081306450_n

    – နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မလေးရှားနိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနောက်ဆုံး နီဂရီဆမ်ဘီလန်ပြည်နယ်တွင်ပင် ရေကြီးနေသည်ဟု သိရသည်။

    နီဂရီဆမ်ဘီလန်ပြည်နယ်မှာ ရေကြီးမှုဒဏ်ကို ခံစားရသည့် ၈ ခုမြောက် ပြည်နယ်ဖြစ်လာခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအထိ ထိုပြည်နယ်မှ လူပေါင်း ၃၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကာ နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် ကယ်ဆယ်ထားရသူ အရေအတွက်မှာ ၁၃၂၆၈၄ ဦးအထိ ရှိလာပြီဖြစ်သည်။

    အခြား ပြည်နယ်များဖြစ်သည့် ကလန်တန်း၊ တရန်ဂါနူ၊ ပါဟန်း၊ ဂျိုဟိုးနှင့်
    ပဲရက်ပြည်နယ်များတွင် ရေကြီးမှုအခြေအနေမှာ ဆိုးရွားနေပြီး ပဲရ်လစ်နှင့်
    ကဒါ့ဟ်ပြည်နယ်များတွင် အခြေအနေမှာ အနည်းငယ်တည်ငြိမ်လာပြီ ဖြစ်သည်။
    ကလန်တန်းပြည်နယ်မှာ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံးခံရသည့် ပြည်နယ်ဖြစ်ပြီး လူပေါင်း ၅၅၉၆၀ မှာ ကယ်ဆယ်ရေးစင်တာများတွင် နေထိုင်နေရသည်။ မိုးများမှာ ယခုအချိန်အထိ အချို့ပြည်နယ်များ၌ ဆက်လက် ရွာသွန်းနေသည်။

    ရေးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရအပါအ၀င် လူငယ်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့များစွာက အင်တိုက်အားတိုက် လုပ်ဆောင်နေသည်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ကလည်း ယနေ့နံနက်ပိုင်းတွင် ကလန်တန်း ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား အားပေးခဲ့သည်။

    Ref : channelnewsasia, newsstraittime