ဇွန်-၃၊ ၂၀၁၃
M-Media
နိုင်ငံအနှံ့ဖြစ်ပေါ်လျှက်ရှိသာ လူမျိုးရေး/ဘာသာရေး အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကယားပြည်နယ်နှင့် ကယန်းဒေသရှိ ပြည်သူလူထုသို့ ကယားအဖွဲ့အစည်းပေါင်းစုံစုပေါင်းပြီး ၏ ပန်ကြားချက် တစ်စောင် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။
မေ-၃၁-၂၀၁၃
M-Media
၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက် တရပ်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရပါသည်။
ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
Unity for Peace Networks
စာအမှတ် ၁/၂၀၁၃
၃၁-၅-၂၀၁၃
၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက်
၁။၂၀၁၃ ခုနှစ်၊မေလ ၂၈ရက်တွင်ဖြစ်ပွားခဲ့သော မူးယစ်ဆေးစွဲစိတ်ဝေဒနာရှင်တ
၂။ အထက်ပါရာဇဝတ်မှုကိုအခွင့်ကော
၃။ လားရှိုးမြို့နေပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရခြင်းနှ
၎။ပဋိပက္ခနှင့်အကြမ်းဖက်မှုမျ
၅။လက်ရှိဖြစ်ပွားနေသောအကြမ်
၆။ လှုံ့ဆော်သူများ၊ အကြမ်းဖက်ကျူးလွန်သူများနှင
၇။ ဘာသာတရားများ၏ မူရင်း အဆုံးအမများဖြစ်ကြသော ငြိမ်းချမ်းရေး၊ မေတ္တာတရားတို့နှင့် ဆန့်ကျင် သွေဖည်သော အမုန်းတရားများကို ဘာသာသာသနာခေါင်းစဉ်တပ်ကာ ရိုးသားဖြူစင်သော အများပြည်သူတို့အား ဟောပြောစည်းရုံးလှုံ့ဆော်ခြင
၈။ လားရှိုးမြို့နေပြည်သူများ အနေဖြင့်လည်း နှစ်ပေါင်းများစွာ ဘိုးစဉ် ဘောင်ဆက် အချင်းချင်း ချစ်ကြည် ရင်းနှီးစွာဖြင့် အတူယှဉ်တွဲနေထိုင်လာကြသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြပါရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။
၉။ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ဒုက္ခရောက်သူများကို စာနာနားလည်စွာဖြင့် အကူအညီပေးခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရဟန်းရှင်လူ ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်
၁၀။ ဒီမိုကရေစီနိုင်ငံတော်သစ်ဖေ
မေ-၃၀၊၂၀၁၃
M-Media
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင်ဖြစ်ပွါးနေသော ဘာသာရေးပဋိပက္ခနှင့်ပတ်သက်၍ သျှမ်း တိုင်းရင်းသား များအားလုံး ဤပဋိပက္ခတွင်ပါဝင်ခြင်းမပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လားရှိုးမြို့က ကြေငြာ ချက်ထုတ်ပြန်လိုက်ပါသည်။
မေလ ၃၀ ရက် ၂၀၁၃ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် ၃ ချက်ပါဝင်ပါသည်။
မေလ-၁၄၊ ၂၀၁၃
M-Media
သုတ
ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေး ဆောင်ရွက်နေသော အရပ်ဖက် လူမှုအဖွဲ့အစည်းများစုပေါင်း၍ မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော သဘောထားကြေညာချက်ထုတ်ပြန်
ရန်ကုန် ။ ။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သဘောထားကြေညာထုတ်တစ်စောင်ကို ယနေ့ မေလ ၁၄-ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ သဘောထားကြေညာချက်ကို ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်းသဘောတူညီချက်ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ယင်း သဘောထားကြေညာချက်အား နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာသံရုံးများ၊ သတင်းမီဒီယာများနှင့် United Nations Representative Office သို့ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သဘောထားထုတ်ပြန်ကြေညာချက်
၁။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ အထွဋ်အမြတ်ဖြစ်သည့် နိုင်ငံတော်အလံကို မည်သည့်အကြောင်းဖြင့်ဖြစ်စေ နှိမ့်ချစော်ကားသော မည်သည့်အပြုအမူမဆို ကျွန်ုပ်တို့ ဘာသာပေါင်းစုံ လူငယ်များမှ လုံးဝဆန့်ကျင် ရှုံ့ချကြောင်း အသိပေးကြေညာအပ်ပါသည်။
၂။ အစ္စလာမ့်ကုရ်အာန်ကျမ်းလာ ဂျီဟာဒ်အမည်အား အလွဲသုံးစားပြုကာ ပြည်ပမှ အကြမ်းဖက်မှုများလုပ်ဆောင်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်လူငယ်များအပါအ၀င် ဘာသာပေါင်းစုံလူငယ်များအနေဖြင့် လုံးဝ(လုံးဝ)လက်မခံပါ။
၃။ ဗုဒ္ဓ၏အဆုံးအမကို ဆန့်ကျင်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်လူငယ်များအပါအ၀င် ဘာသာပေါင်းစုံ လူငယ်များအနေဖြင့် လုံးဝ(လုံးဝ)လက်မခံပါ။
၎။ မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံလူငယ်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများသည် မည်သည့်အကြမ်းဖက်မှုကိုမှ မလိုလားသဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေအောက်တွင် ဘာသာလူမျိုးမခွဲခြားပဲ တန်းတူအခွင့်အရေးရရှိနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအလေးထားဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား တောင်းဆိုသည်။
၅။ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ပိုမိုဆိုးရွာစေရန် နည်းအမျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်သူများနှင့် အဆိုပါပုဂ္ဂိုလ်များ၏ လှုံ့ဆော်သော လှုပ်ရှားမှုမှန်သမျှကို ဘာသာပေါင်းစုံလူငယ်များမှ လုံးဝဆန့်ကျင်ရှုံ့ချသည်။
၆။ မိမိတို့ သက်ဆိုင်ရာ ဘာသာ သာသနာကို ထိန်းသိမ်းသော၊ သက်ဆိုင်ရာ ဘာသာ၏ အဆုံးအမကို လိုက်နာသော ငြိမ်းချမ်းစွာနေလိုသူ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများနှင့် ဘာသာအသီးသီး၏ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၊ လူငယ်များကို လုံးဝထောက်ခံပြီး တစ်သားတည်း တည်ရှိနေကြောင်း အသိပေးကြေညာအပ်ပါသည်။
၇။ အကြမ်းဖက် ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူများအား အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအား လေးနက်စွာ တောင်းဆိုအပ်ပါသည်။
ပူးပေါင်းပါဝင်သော အရပ်ဖက် လူမှုအဖွဲ့အစည်းများ
1. American Center Interfaith Club (ACIC)
2. Brave New Burma
3. Burma Partnership
4. Chin Youth Forum
5. Community Management Center
6. Community Response Group (Com Reg)
7. CSOs-IFI-Watch-Myanmar
8. Gender and Development Initiative – Myanmar
9. Interfaith Youth Coalition on Aids in Myanmar (IYCA – Myanmar)
10. Kachin Peace Network
11. Kachin Women Peace Network
12. Mizzima Youth Network (MYN)
13. Myanmar Environment & Social Network
14. Myanmar ICT Development Organization (MIDO)
15. Myanmar Muslim Students & Youth (MMSY)
16. Myanmar Youth Contributive Organization (MYCO)
17. Myanmar Youth Empowerment Programme (Myanmar YEP)
18. Myanmar Youth Resource Society (MYRS)
19. National Good-governance Individuals (NGI)
20. Peace Cultivation Network (PCN)
21. Peace Machine Group
22. Pray For Myanmar
23. Public Welfare Network
24. Radiance Alliance For Social Care
25. Rainfall Gender Support Group
26. Safety Net
27. Smile Education
28. Spectrum Sustainable Development knowledge Network (Spectrum SDKN)
29. Triangle Women Support Group
30. Vatan Resource Center
31. Volunteer Action Group (VAG)
32. Women Organization Network
33. Yangon Youth Network
34. Youth Resource Development Programme (YRDP Myanmar)
35. ကဗျာချစ်သူများအသင်း
36. ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့
37. ခေတ်သစ်လူငယ်
38. ဇမ္ဗူသီရိ
39. ပန်းပျိုးလက်
40. မေတ္တာ Campaign
41. ရွှေခြင်္သေ့
42. သိက္ခာမြန်မာ
43. သွေးမေတ္တာပရဟိတအဖွဲ့(ရန်ကုန်)
44. အစ္စလာမ့်တံခွန်
45. အလင်းစေတမန်
46. အဖြူရောင်တွဲလက်များ
47. အဖြူရောင်ဧရာဝတီလူငယ်များ
48. အောင် Network
မေ-၄၊ ၂၀၁၃
ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များကို အစွန်းရောက် အုပ်စုတစုမှာ သတ်ဖြတ်တိုက်ခိုက်နေမှု့များ အပေါ် ပြည်ပ အခြေစိုက် မြန်မာမွတ်စလင်မ် အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာမွတ်စလင်မ် အစည်းအရုံးမှ ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း
မေ-၄၊ ၂၀၁၃
၁။ အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသားမွတ်စလင်များကို စော်ကားနှိမ့်ချသော စာရွက်စာတန်းများ၊ ဗီဒီယိုခွေများကို ဖြန့်ချိခြင်း၊ တရားပွဲများ ကျင်းပပြုလုပ်ခြင်းများကို ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မကြုံစဖူး များပြားစွာ နိုင်ငံနှင့်တဝှမ်း ပြုလုပ်လာကြသည်။
၂။ ခလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုပါမကျန် မြန်မာမွတ်စလင်များကို နှုတ်ဖြင့်စော်ကားမှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ လုယက်မှု၊ မီးရှို့မှုစသည့် ရာဇဝတ်မှုများသည်လည်း မြန်မာ့သမိုင်းတွင် အများဆုံးစံချိန်တင်အောင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာမှ ဖြစ်ပွါးလျှက်ရှိသည်။
၃။ ငြိမ်းချမ်းစွာ ကိုယ့်လယ် ကိုယ်ထွန်သော လက်ပံတောင်းတောင် လယ်သမားများကို ပစ်ခတ်နှိမ်နင်းသော ဦးသိန်းစိန်အစိုးရသည် မိတ္ထီလာမြို့နေ မွတ်စလင်များကို ခလေးသူငယ်ပါမချန် မိမိရှေ့မှောက်တွင် ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ပြီး မသေမရှင် မီးရှို့နေကြသော အကြမ်းဖက်သမားများကိုမူ ရပ်ကြည့်နေခဲ့သည်မှာ ဗီဒီယိုမှတ်တမ်းများအရ မြန်မာသိ၊ ကမ္ဘာသိဖြစ်ပေ၏။
၎။ သမ္မတဦးသိန်းစိန်သည် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုလှုံ့ဆော်သူများကို ထိရောက်စွာ အရေးယူမည်ဟု မိန့်ခွန်းများ အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း မုန်းတီးမှုများကို ဦးဆောင်လှုံ့ဆော်နေသော သံဃာများ၊ နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များကို ယနေ့တိုင် သိလျက်နှင့် အရေးမယူ တမင်လစ်လျူရှုလျှက်ရှိသည့်အပြင် အကြမ်းဖက်မှုများဖြစ်ပွါးမည်ကို သိရှိတိုင်ကြားသော်လည်း မတားဆီးပေးခြင်း၊ အကြမ်းဖက်နေစဉ်လည်း လုံလောက်စွာ အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့ကို ဆက်ခါ ဆက်ခါ ပြုလုပ်လျှက်ရှိ၏။
၅။ အစ္စလာမ်သာသနာနှင့် အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဦးသိန်းစိန်အစိုးရ၏ ကာလရှည်ကြာစွာ လစ်လျူရှုမှုများကြောင့် နိုင်ငံတကာတွင် အမိမြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာများကျဆင်းလျှက် ရှိရုံသာမက အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်လာသည်အထိ ဖြစ်ရခြင်းမျိုးကို မြန်မာမွတ်စလင်များက လုံးဝ မလိုလားပါ။ အကြမ်းဖက်မှု မှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်။ အင်ဒိုနီးရှားအစိုးရက အင်ဒိုနီးရှားရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးသကဲ့သို့ လည်းကောင်း၊ ဘင်္ဂလားဒေရှ့်အစိုးရက သူ့နိုင်ငံတွင်းရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ ဘုရားကျောင်းကန်များ၊ အသက်အိုးအိမ်များကို ထိရောက်စွာ အကာအကွယ်ပေးပြီး အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား နှိမ်နင်းသကဲ့သို့ လည်းကောင်း ဦးသိန်းစိန်အစိုးရမှ သိက္ခာရှိသော အရေးယူမှုများကို လုပ်ဆောင်ပြရန် လိုအပ်သည်။
၆။ မြန်မာမွတ်စလင်များသည် မည်သို့သောအခြေအနေတွင်မှ အကြမ်းဖက်နည်းလမ်းကို ရွေးချယ်မည် မဟုတ်သည့်အပြင် မိမိတို့၏ ပြည်တွင်းရေးပြသနာများကို နိုင်ငံသားအချင်းချင်း တန်းတူရည်တူ အပြန်အလှန်လေးစားသော အခြေခံများအားဖြင့်သာ ဖြေရှင်းနိုင်သည်ဟု အခိုင်အမာယုံကြည်သည်။ မိမိတို့လူမျိုးနှင့် မိမိတို့သာသနာကို ဧည့်သာသနာနှင့် ဧည့်နိုင်ငံသားအဖြစ် အချောင်အာဏာသိမ်းခဲ့သော စစ်ဗိုလ်လက်တစ်ဆုပ်စာက ၁၉၈၂ခုနှစ်တွင် တရားမဲ့ သမိုင်းဖျောက် သတ်မှတ်ခဲ့ခြင်းကို မြန်မာပြည်ရှိ တိုင်းရင်းသား မွတ်စလင်များက မည်သည့်အခါမှ လက်ခံမည် မဟုတ်ပါ။ လူမျိုးပေါင်းစုံ သွေးစပ်၍ ဖြစ်ပေါ်လာရသော တိုင်းရင်းသားလူမျိုးတိုင်းတွင် တရုပ်စပ်သူများက ဝန်ကြီးဖြစ်နေချိန်တွင် အိန္ဒိယစပ်သူများကို နိုင်ငံမဲ့ ဧည့်သည်များသဖွယ် အဆင့်အတန်းခွဲခြား ဖိနှိပ်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားမည်။
၇။ ကာလရှည်ကြာစွာ စနစ်တကျ အစီအစဉ်ရှိရှိ တစ်ဖက်သတ် တိုက်ခိုက်သတ်ဖြတ်နေမှုများကြောင့် အသက်အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည့်အပြင် ပိုမိုပြင်းထန်ဆိုးရွားစွာ ဆက်လက်တိုက်ခိုက်ဦးမည့် အခြေအနေများ နိုင်ငံအနှံ့ တိုးတက်များပြားလာနေသဖြင့် မြန်မာမွတ်စလင်များသည် နေ့စဉ်နှင့်အမျှ လုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်သောကများ ဖိစီးနေသော်လည်း ပုဂ္ဂိုလ်အနည်းငယ်မျှလောက်ကလွဲ၍ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနယ်ပါယ်က ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလည်များထံမှ စိတ်ပိုင်းဆိုင်ရာ စာနာမှုများကိုပင် ပြည့်ဝလုံလောက်စွာ မရရှိခြင်းတို့ကြောင့် မြန်မာမွတ်စလင်များသည် ကြီးမားသော စိတ်ဒါဏ်ရာများကို ခံစားလျှက်ရှိနေကြောင်းကိုလည်း အတိအလင်း မှတ်တမ်းတင်အပ်သည်။
၈။ မြန်မာမွတ်စလင်ဆယ်ဦး တောင်ကုတ်တွင် နေ့ခင်းကြောင်တောင် သွေးအေးအေးနှင့် သတ်ဖြတ်မှုကို မဖေါ်ထုတ်နိုင်ခြင်း၊ ရိုဟင်ဂျာလူမျိုးများကို လူဆိုး၊ နိုင်ငံမဲ့၊ လူလိမ်၊ ခိုးဝင်လာသူများအဖြစ် စော်ကားရေးသားခြင်း၊ ရခိုင်ပဋိပက္ခ၏ လက်သည်တရားခံ လူမျိုးရေး ဘာသာရေးမုန်းတီးမှုလှုံ့ဆော်သူ ရခိုင်အစွန်းရောက်များကို လစ်လျူရှုထားခြင်းစသည်တို့ကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကိုလည်း ပြင်းထန်စွာ ရှုံ့ချသည်။
၉။ မြန်မာမွတ်စလင်များ၏ အကျိုးစီးပွါးသည် နိုင်ငံတော်၏ အကျိုးစီးပွါးဖြစ်၏။ မြန်မာမွတ်စလင်များ၏ လုံခြုံမှုသည် နိုင်ငံတော်၏ လုံခြုံမှုဖြစ်၏။ ထို့ကြောင့် မြန်မာမွတ်စလင်များ၏ အသက်အိုးအိမ်များကို အကာအကွယ်ပေးရန် နိုင်ငံတော်အစိုးရတွင် အပြည့်အဝ တာဝန်ရှိသည်။ လူမျိုးကိုစွဲ၍လည်းကောင်း၊ ကိုးကွယ်သော သာသနာကိုစွဲ၍လည်းကောင်း အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ ရာဇဝတ်မှုဆောင်သော ပြစ်မှုကြီးဖြစ်သဖြင့် အချိန်မီထိရောက်စွာ မတားဆီးပေးနိုင်ပါက နိုင်ငံတော်အစိုးရတွင်သာ တာဝန်ရှိသွားမည်ဖြစ်ကြောင်းကို လေးနက်စွာ သတိပေးလိုက်သည်။
မြန်မာမွတ်စလင် အစည်းအရုံး မေလ ၄၊ ၂၀၁၃
Media Contact;
ဒေါ်မော်လီ +1 416 516 7383 Canada [email protected]; ကိုကျော်စွာ +44 782 842 6801(UK) [email protected]; Ma Yasmin +1 408 250 6227(USA) [email protected]; ကိုကျော်ဝင်း +44-740-345-2378(UK) [email protected]