News @ M-Media

Category: ကြေငြာချက်

  • မောင်းတော အကြမ်းဖက်မှုနှင့် ပတ်သက်၍ BMA ကြေညာချက်ထုတ်

    ဇန်နဝါရီ ၃၀၊ ၂၀၁၄
    M-Media

    မောင်းတော ဒုချီရာတန်း မှ ရိုဟင်ဂျာ မွတ်စလင်များ အသတ်ခံရမှု နှင့် ပတ်သက်၍  မြန်မာမွတ်စလင် အစည်းအရုံး မှ သဘောထားကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နေစွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    BMA

    မောင်းတော အစုအပြုံလိုက် လူသတ်မှုနဲ့ပတ်သက်၍ မြန်မာမွတ်စလင်အစည်းအရုံး၏ သဘောထားထုတ်ပြန်ချက်

    ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ဒုတိယပတ် အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုချီရာတန်းကျေးရွာတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်လူသတ်မှုကြီး ထပ်မံဖြစ်ပွားခဲ့သည့်အတွက် မြန်မာမွတ်စလင်အစည်းအရုံးမှ လွန်စွာပင် စိုးရိမ်မကင်းဖြစ်ရပါသည်။ ဒေသခံများမှတဆင့်ရရှိသော သတင်းများအရ ရိုဟင်ဂျာပြည်သူများ၏ အသက်အန္တရာယ်မှာ အင်မတန်မှစိုးရိမ်ဖွယ်ရာများဖြင့် ကြုံတွေ့နေသည်ဟု သုံးသပ်ရပါသည်။

    ယင်းအကြမ်းဖက်မှုကြီးမှာ ၂၀၁၂ ခုနှစ်အတွင်း ရိုဟင်ဂျာများအား လူမျိုးတုန်းသန့်စင်ရေးအခြေအနေသို့ တွန်းပို့ပေးခဲ့သည့် ဖြစ်ရပ်ကဲ့သို့ပင် ရဲအရာရှိ တစ်ဦးအား ရိုဟင်ဂျာများ သတ်ဖြတ်ရာမှ စတင်ခဲ့သည်ဟု မြန်မာအစိုးရမှ တုန့်ပြန်စွပ်စွဲကာ ဖြစ်ရပ်မှန်အား ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ကိုလည်း သတိပြုမိပါသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုချီရာတန်း အကြမ်းဖက်မှုတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ရိုဟင်ဂျာ ၄၀ ကျော် အသတ်ခံရသည်ဟု ထုတ်ဖော်ပြောဆိုနေသော်လည်း မြန်မာအစိုးရမှာ ဖုံးကွယ်နေဆဲဖြစ်သည်။

    ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်တွင် မောင်တောမြို့နယ်အတွင်း ၉၆၉ ဘာသာရေးအစွန်းရောက် ဘုန်းကြီးများ၏ သွေးထိုးလှုပ်ဆော်မှု လုပ်ငန်းစဉ်အား အစိုးရအာဏာပိုင်များမှ တရားဝင်ခွင့်ပြုခဲ့ပါသည်။ လူမျိုးရေး-ဘာသာရေး တင်းမာနေသည့် နေရာဒေသအတွင်း ယင်းကဲ့သို့သော လူမျိုးရေး အစွန်းရောက်သည့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ကြည့်လျင် အစိုးရ အာဏာပိုင်များ၏ လုပ်ရပ်မှာ သံသယရှိဖွယ်ရာဖြစ်ပါသည်။

    ဒုချီရာတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအား စုံစမ်းစစ်ဆေးပေးရန် အမေရိကန်နှင့် အင်္ဂလန်အစိုးရတို့၏ ပူးတွဲ ထုတ်ပြန်ကြေညာချက်အား မြန်မာမွတ်စလင် အစည်းအရုံးမှ ကြိုဆိုပါသည်။ သို့သော်လည်း ရိုဟင်ဂျာများအား တဖက်သတ် ဖိနှိပ်နေသည့် မြန်မာ အစိုးရ၏ စုံစမ်းစစ်ဆေးရေး ရလဒ်မှာလည်း အဖြေရှိရာသို့ ဦးတည်နေမည်မဟုတ်ပေ။

    မြန်မာနိုင်ငံတော်အစိုးရမှ ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိစေရန်နှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်းများအား အကာအကွယ်ပေးရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့ကြောင်း ဒုချီရာတန်း ဖြစ်ရပ်အား သက်သေအဖြစ်မြင်တွေ့ရပါသည်။ ထို့ကြောင့် ယင်းသို့စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ယုံကြည့်စိတ်ချရသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်သင့်သည်ဟု ယုံကြည်ပါသည်။

    ၂၀၁၂ တွင် ရိုဟင်ဂျာများအား လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုကြီးစတင်ပြုလုပ်ခဲ့ချိန်မှ၍ ၎င်းတို့၏ အခြေနေမှာ ပိုမိုဆိုးရွားလာပါသည်။ ရိုဟင်ဂျာပြည်သူများအပေါ် ပိတ်ပင်တားမြစ်မှုများ၊ ညင်းပန်းနှိပ်စက်မှုများနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများလည်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်လာပါသည်။

    ဤကဲ့သို့သောအကြမ်းဖက်မှုများအား မြန်မာအစိုးရမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းခြင်း မပြုနိုင်ခဲ့သောကြောင့် ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုကြီးမှာ မြန်မာနိုင်ငံအနှံ့သို့ လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများသို့လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံများသို့လည်းကောင်း ပျံ့နှံ့ကူးစက်သွားခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရပြီးဖြစ်ပါသည်။

    ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကြီးနေဖြင့် ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် လူနည်းစု အစ္စလာမ်ဘာသာဝင်များ၏ အသက်အန္တရာယ်အား အကာအကွယ်ပြုပေးရန်၊ နှင့် အခြားသော လူမျိုးစုများနည်းတူ လူ့အခွင့်အရေးအာမခံချက်ရရှိစေရန် လက်တွေ့ကျကျ ကိုင်တွယ်ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

    မြန်မာမွတ်စလင် အစည်းအရုံး                                ဇန္နဝါရီ ၂၈၊ ၂၀၁၄

    Media Contact; –
    ကိုကျော်စွာ +44 782 842 6801(UK) [email protected]; ကိုမျိုးဝင်း 0950 70304 (မြန်မာ) [email protected]; ကိုကျော်ဝင်း +44-740-345-2378(UK) [email protected]; ဒေါ်မော်လီ +1 416 516 7383 Canada [email protected]; Ma Yasmin +1 408 250 6227(USA) [email protected];

    BMA - Statement (Burmese) 28th Jan 2014.pdf-page-001 BMA - Statement (Burmese) 28th Jan 2014.pdf-page-002

  • အနောက် နိုင်ငံ သံအမတ်တွေ ရခိုင်သွားပြီးနောက် US သံရုံးကြေညာထုတ်

    နိုဝင်ဘာ-၁၄ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ပေါက်တော နှင့် မြေပုံမြို့များသို့ အမေရိကန်၊ ဆွစ်ဇာလန် သံအမတ်ကြီးများနှင့် ဗြိတိသျှသံအရာရှိများ မြန်မာဝန်ကြီး နှစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီတို့နှင့်အတူ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁မှ ၁၂ရက်အထိ သွားရောက်လေ့လာခဲ့ပြီး အမေရိကန် သံရုံးက ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါသည်။

    တနှစ်ခွဲ ကျော်ရှိနေပြီဖြစ်သော အကြမ်းဖက်ခံ မွတ်စလင်မ်များအရေး လေ့လာဖြေရှင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိုအိုင်စီအဖွဲ့ ရခိုင်ခရီးစဉ်မစတင်ခင်မှာ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    US statement 2

    US statement 1

  • မလေးရှားရှိ မြန်မာအဖွဲ့များနှင့် မြန်မာမှ INEB အဖွဲ့များတို့၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကြေညာချက် ထုတ်ပြန်

    မလေးရှားရှိ မြန်မာအဖွဲ့များနှင့် မြန်မာမှ INEB အဖွဲ့များတို့၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကြေညာချက် ထုတ်ပြန်

    နိုဝင်ဘာ ၅ ၂၀၁၃
    M-Media
    မလေးရှားရောက် မြန်မာပြည်သားများအရေးအတွက် လူမှုအဖွဲ့အစည်းတွေ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါကြေညာချက်တွင် မလေးရှားမှ မြန်မာနိုင်ငံသား ပြည်တော်ပြန်သူတို့ အကြောင်းကို အချက်တချက် အနေဖြင့် ဇွန်လ နောက်ပိုင်းပြန်သူတို့မှာ  လုံခြုံရေး စိုးရိမ်ရခြင်းကြောင့် မဟုတ်တော့ဘဲ ကျန်းမာရေးချို့တဲ့မှု၊ စာရွက်စာတမ်းမခိုင်လုံမှု၊ လုပ်ငန်း အဆင်မပြေမှုတို့ကြောင့် ပြန်ကြသကဲ့သို့ မြန်မာနိုင်ငံမှ အလုပ်သမား များစွာမှာလည်း နေ့စဉ် မလေးရှားနိုင်ငံသို့ လေကြောင်း ခရီးစဉ်များဖြင့် တရားဝင် ၊ ၀င်ရောက် လျက်ရှိကြောင်း ထည့်သွင်းပါရှိတာကို တွေ့ရှိရပါသည်။

    မလေးရှားနိုင်ငံရှိ မြန်မာအသင်း အဖွဲ့များနှင့် မြန်မာနိုင်ငံမှ INEB Conference သို့ တက်ရောက်လာကြသော ပြည်တွင်းအခြေစိုက် အရပ်ဖက်အသင်း အဖွဲ့များ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ပူးတွဲ ကြေညာချက်

    ကွာလာလမ်ပူမြို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၄)ရက်

    ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၄ ထိ International Network of Engaged Buddhist (INEB) မှဦးစီးကျင်းပခဲ့သော 2013 (Inter-faith Dialog for Peace and Sustainability) ညီလာခံသို့  မြန်မာနိုင်ငံမှ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များပါဝင်သော အောက်ပါ ပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံး အမျိုးသားညီညွတ်ပေါင်းစည်းရေး ဌာန (Department of National Unity and Social Integration) ကလည်း မလေးရှားနိုင်ငံတွင် ပဋိပက္ခလျှော့ချ ပပျောက်ရေး ဆောင်ရွက်ချက်များကို ပူထရာဂျာယာမြို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖိတ်ကြား ရှင်းလင်းခဲ့ပါသည်။ မလေးရှားနိုင်ငံ Institute of Islamic Understanding (IKIM) သုတေသနဌာနတွင်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက် နေ့က International Buddhism and Muslim Forum တစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။

    သီးခြားအစီအစဉ်တရပ်အနေဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များသည် ညီလာခံကျင်းပစဉ် အတွင်း နိုဝင်ဘာ (၃ – ၄)ရက် နေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာအသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသားတို့အကျိုးငှာ ယခုကြေညာချက်ကိုထုတ်ပြန်လိုက်ပါသည်။

    ၁။ မြန်မာနိုင်ငံအတွင်း ဘာသာရေး/လူမျိုးရေး အသွင်ဆောင်သော အကြမ်းဖက်မှုများကြောင့် ဇွန်လအတွင်းတွင် မလေးရှားနိုင်ငံရှိ  မြန်မာနိုင်ငံသားများအတွက် မတည်ငြိမ်မှုအချို့ကြုံတွေ့ခဲ့ရသဖြင့် လုံခြုံရေးအရစိုးရိမ်ရသော ကြောင့် မြန်မာနိုင်ငံသားအချို့ အမိနိုင်ငံသို့ ပြန်ခဲ့ကြပါသည်။ လူမှုကူညီရေးအဖွဲ့  အစည်း အသီးသီးတို့မှ အမိနိုင်ငံသို့  ပြန်လိုသော မလေးရှားရှိ မြန်မာနိုင်ငံသားများအား အခမဲ့ကူညီစီစဉ်ပေးလျက်ရှိပါသည်။

    ဇွန်လ နောက်ပိုင်းမြန်မာနိုင်ငံသို့ ပြန်သူတို့မှာ လုံခြုံရေး စိုးရိမ်ရခြင်းကြောင့် မဟုတ်တော့ဘဲ ကျန်းမာရေးချို့တဲ့မှု၊ စာရွက်စာတမ်းမခိုင်လုံမှု၊ လုပ်ငန်း အဆင်မပြေမှုတို့ကြောင့် ပြန်ကြသကဲ့သို့ မြန်မာနိုင်ငံမှ အလုပ်သမားများစွာမှာလည်း နေ့စဉ် မလေးရှားနိုင်ငံသို့ လေကြောင်းခရီးစဉ်များဖြင့် တရားဝင် ၊ ၀င်ရောက် လျက်ရှိနေကြပါသည်။

    ၂။ မလေးရှားနိုင်ငံရောက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် အကျိုးစီးပွား ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် မလေးရှားနိုင်ငံရှိ ဘာသာပေါင်းစုံ မြန်မာအသင်းအဖွဲ့များ အချင်းချင်း  ကွန်ရက်ဖွဲ့၍၊ INEB ညီလာခံသို့ တက်ရောက်လာသော အသင်းအဖွဲ့များနှင့်လည်း ကွန်ရက်ချိတ်ဆက်ကာ သတင်းမှန်ထုတ်ပြန်ရေး၊ ပဋိပက္ခ တားဆီးခြင်းလုပ်ငန်းများ၊ အလုပ်သမားရေးရာများ၊ လူမှုစီးပွားရေးကိစ္စများနှင့် ဘာသာရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ ကြပါသည်။

    ၃။ သို့ပါသောကြောင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှု ရေရှည်တည်တံ့ရေး၊ သဟဇာတဖြစ်ရေးတို့ကိုအခြေခံသော  ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိရေးအတွက် ဘာသာပေါင်းစုံ မြန်မာနိုင်ငံသားများအကြား ပူးပေါင်း ဆောင်ရွက် ပေးကြပါရန်နှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများအရေး ကူညီပေးကြပါရန် တိုက်တွန်းလျက် ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ရပါသည်။

    မြန်မာနိုင်ငံတွင်းအခြေစိုက်ပုဂ္ဂိုလ်များနှင့်အသင်းအဖွဲ့များ

    ၁) ဦးစိန္တိတ – အာရှအလင်းရောင် ဖောင်ဒေးရှင်း (ပြင်ဦးလွင်)
    ၂) ဦးပညာသီဟ – သီတဂူ (ရန်ကုန်)
    ၃) ဦးသောဘိတ – IBEC (စစ်ကိုင်း)
    ၄) ဦးဥတ္တမသာရ – မန္တလေးမြို့
    ၅) ဦးဝိဇ္ဇာနန္ဒ – အင်းလေး
    ၆) ဦးဥက္ကံသ – Buddhist and Pali University, Sri Lanka
    ၈) ဦးခေမာစာရ – မန္တလေးမြို့
    ၉) ဒေါ်ဥာဏမာလာ – အတုလဇေယျဝံသီ – သီလရှင်ကျောင်း, မန်ကောင်းကျောင်းတိုက်၊ လားရှိုးမြို့။
    ၁ဝ) သိက္ခာတော်ရ ဆရာတော် ဦးဇော်ဝင်းအောင် – Methodist Church (Upper Myanmar)
    ၁၁) ဦးနေဝင်း – (YMCA မန္တလေး)
    ၁ဝ) ကိုတာ (စာရေးဆရာ)
    ၁၁) ဦးမြင့်ဆွေ – ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့-မြန်မာ (Religions for Peace-Myanmar)
    ၁၂) ဒေါက်တာဝင်းမြင့် – နာယက (ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ မန္တလေး)
    ၁၃) Alternative Education for Social Engagement
    ၁၄) ဦးဇော်မင်းလတ် – Pray for Myanmar
    ၁၅) ဒေါက်တာကျော်သူ – ပေါင်းကူး
    ၁၆) ဦးအောင်ဇော်မြင့် – ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် (PCN)
    ၁၇) မဇ္ဈိမ
    ၁၈) ဒေါက်တာမြင့်သိန်း – မြန်မာမွတ်စလင်မ် ကွန်ရက် (မြန်မာ)
    ၁၉) ဦးမျိုးဝင်း – Smile Education and Development Foundation
    ၂ဝ) ComReG
    ၂၁) ဒေါ်ဝါဝါယု – ဂျူးဖောင်ဒေးရှင်း
    ၂၂) ကိုဖြိုးဝင်းလတ် (မြန်မာ)
    ၂၃) ဟိန်းရာဇာ (မိတ္ထီလာ၊ မြန်မာ)
    ၂၄) ဝေဖြိုးအောင် (ကယား၊မြန်မာ)

    မလေးရှားနိုင်ငံအခြေစိုက်ပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များ

    ၁) ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့  – မလေးရှား (လူမှုကွန်ယက်)
    ၂) သီတဂူ အထောက်အကူပြုအဖွဲ့  – မလေးရှား
    ၃) နှလုံးလှ ပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့  – မလေးရှား
    ၄) Burma Muslim Youth Network-Malaysia (BMY-Network Malaysia)
    ၅) Save The Aged – Malaysia
    ၆) Myanmar Migrant Rights Center – Malaysia
    ၇) ဝံသာနု ပရဟိတနာရေးကူညီမှုအသင်း (ကလန်းမြို့)
    ၈) မြန်မာမွတ်စလင်မ်အသင်း မလေးရှား (MMA-M)
    ၉) Burma Muslim Community (BMC-Malaysia)

     

  • ယခုရက်ပိုင်းအတွင်း ဆက်တိုက်တွေ့ရှိနေသော ဗုံးများအတွက် သတိပြုရန်

    ယခုရက်ပိုင်းအတွင်း ဆက်တိုက်တွေ့ရှိနေသော ဗုံးများအတွက် သတိပြုရန်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media

    Shrithu Aung ဖေ့ဘွတ်မှ ကူးယူမျှဝေပါသည်။

     ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် ယနေ့ တွေ့ရတဲ့ မပေါက်ကွဲသေးသောမိုင်းတခု၊  ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
    ဓါတ်ပုံအညွှန်း – ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် မနေ့က တွေ့ရသည့် မပေါက်ကွဲသေးသောမိုင်းတခု၊
    ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့


    လက်လုပ်မိုင်း(ဗုံး) နှင့် အန္တရာယ် ရှိနိုင်သော မြို့တွင်း နေရာဒေသများ

    – လူစည်ကားရာ ဈေးများ

    – ယာဉ်ရပ်နားရာ နေရာများ

    – လမ်းဘေး အမှိုက်ပုံများ

    – ခြုံနွယ်ထူထပ်သော လမ်းဘေးများ

    – ရုပ်ရှင်ရုံ နှင့် ဟိုတယ်အ၀င်လမ်းများ

    – ခရီသည်တင်ယာဉ်လူတင်လူချရာနေရာများ

    – အဝေးပြေးကားကွင်းများ

    – မီးရထားဘူတာရုံ

    – လေဆိပ်

    – အများသုံးအိမ်သာများ

    – မီးလောင်လွယ်သည့် သိုလှောင်ရုံးအနီးဒေသများ

    – ကုန်တိုက်များ

    – လူကူးဂုံးကျော်တံတားများ

    (အထက်ဖော်ပြပါ နေရာတွေကိုအထူးသတိပြုသင့်ပါတယ်)

    ထင်ရှားနိုင်သည့် အမှတ်အသားများ

    – ပလပ်စတစ်အိတ်အမဲ/လုံးထွေးထားသည့်ပီနံအိတ်အပြဲအစုတ်

    – လက်ကိုင်အိတ်/လွယ်အိတ်/မျက်မှန်ထည့်သည့်ဗူးခွံ/စက္ကူဖြင့်ထုပ်ပိုးပြီး တိတ်ဖြင့်ပတ်ထားသည့် အထုပ်များ

    – သာမာန်စွန်ပစ်ပစ္စည်းမဟုတ်သည့် ရေဒီယီု/ကက်ဆက်/ဖုန်း/စားပွဲတင်နာရီများ/ခရီးဆောင်အိတ်များ/ ပုံမှန်မဟုတ်သည့်အမှိုက်သရိုက်အစုအပုံများ

    – ၀ါယာကြိုးအစများ/ဓါတ်ခဲမှ အခွံပလပ်စတစ်အစများ/ပုံမှန်မဟုတ်သည့် သစ်ရွက်စုပုံသဏ္ဍာန်များ/သံဗူးများ/ တိတ်အ၀ါအစအနများ/သံပိုက်လုံးများ/ယမ်းဟုယူဆ ရသောအမှုန်.များ/ပုံပျက်နေသည့် မြေသဏ္ဍာန်များ
    ( အထက်ဖော်ပြပါ အနေအထားတို့ကို တွေ.ရှိတတ်ပါသည်)

     

    အထူးသတိပြုရန်

    ( မိမိ မမြင်ဖူးသော(သို.) မသင်္ကာသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန် နှင့် တာဝန်ရှိသူများသို. သတင်းပေးရန်အထူးအရေးကြီးပါသည် )
    *  ကံကောင်းသည့် အချက်မှာ ဒေသန္တရ လက်လုပ်မိုင်း များသာများပြီး စနစ်တကျထုတ်လုပ်ထားသည့် မိုင်း(ချိန်ကိုက်မိုင်း) ဖျက်အားပြင်း မိုင်းများ မဟုတ်ခြင်းပင်ဖြစ်သည်။

    အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍

    –  သတင်းများ၊ မသင်္ကာဖွယ်ရာလူများ၊ သံသယဖြစ်ဖွယ်ရာပစ္စည်းများ တွေ့ရှိပါက –

    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၁-၂၃၀၂၁၉၉၊
    နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၆၇-၅၅၀၃၃၃၊
    မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၂-၆၁၄၄၄၊
    ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဖုန်း ၀၅၂-၂၃၉၉၉ သို့ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရှိရသည်

  • ထူးချွန်မြန်မာကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ် University of Vermont မှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ စတင်လျှောက်ထားနိုင်

    ထူးချွန်မြန်မာကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ် University of Vermont မှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ စတင်လျှောက်ထားနိုင်

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    ဆူးထက်

    ဓါတ်ပုံအညွန်း - crowneducation
    ဓါတ်ပုံအညွန်း – crowneducation

    ရန်ကုန်   ။        ။    အမေရိကန်တက္ကသိုလ်များမှ မြန်မာကျောင်းသားများအား ပညာသင်ထောက် ပံ့ကြေးများပိုမိုပေးအပ်လျက် ရှိရာ ထူးချွန်သည့်(၁ဝ)တန်းအောင် (သို့) IGCSE အောင်မြင်သူများ အတွက် University of Vermont မှ Scholarship US$ 10,000 အထိပေးအပ် မည်ဖြစ်ကြောင်း၊ CROWN Education တာဝန်ရှိသူတစ်ဦးမှ ပြောကြားလိုက်သည်။

    အဆိုပါ Scholarship 10,000 အတွက်သီးသန့်လျှောက်ထားရန်မလိုအပ်ပဲ(၁ဝ)တန်း(သို့) IGCSE အမှတ်နှင့် အင်တာဗျူးဖြေဆိုမှုကိုဆုံးဖြတ် ၍ ချီးမြင့်မည် ဖြစ်ကြောင်း၊University of Vermont သို့ဝင်ခွင့်ရပါက ကျန်စာသင်နှစ်များတွင်သတ်မှတ်အရည်အချင်းပြည့်မှီသူများအနေဖြင့် ထပ်မံ၍ ပညာသင် ထောက်ပံ့ကြေးများ ရရှိနိုင်ကြောင်းသိရသည်။

    University of Vermont ကို ၁၇၉၁ တွင်တည်ထောင်ခဲ့ပြီး အမေရိကန်အစိုး ရမှရန်ပုံငွေထောက်ပံ့မှုရရှိထား သော တက္ကသိုလ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ၏ အရှေ့မြောက်ပိုင်း၊ဘေးကင်းလုံခြုံမှု အရှိဆုံးVermont ပြည်နယ်တွင်တည်ရှိသည်။ ဘွဲ့ကြိုဘာသာရပ်ပေါင်း ၁ဝဝ ကျော်၊ ဘွဲ့လွန် ၄၈ ခု နှင့် ပါရဂူဘွဲ့ ၂၁ ခု ပို့ချပေးကာ ကျောင်းသားကျောင်းသူပေါင်း ၂ဝဝဝဝ ကျော်သင်ယူနေပါသည်။ Alumni (ကျောင်းသူကျောင်းသားဟောင်းပေါင်း) ၉ဝဝဝဝ ကျော် ရှိပြီး ဆေးပညာ နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရ ပုဂ္ဂိုလ်များပေါ် ထွက်သည့်ကျောင်းဖြစ်သည်။ US News and World Report အရ အမေရိကန် ထိပ်တန်းတက္ကသိုလ် အဆင့်(၉၂)ဖြစ်ကြောင်း သိရသည်။

    ၁ဝ-တန်းအောင်(သို့)IGCSE အောင်မြင်သူများအနေဖြင့် SAT ရမှတ်မလိုပဲ အမေရိကန်တက္ကသိုလ် ပထမနှစ်နှင့်ညီမျှသော Global Gateway Program ကိုလျှောက်ထားနိုင်ပါသည်။ အဆိုပါ Global Gateway Program သည် နိုင်ငံတကာကျောင်းသားကျောင်းသူများအတွက် ဝင်ခွင့်ခေါ်ယူခြင်းဖြစ်ပြီး အမေရိကန်တက္ကသိုလ် ပညာရေးစနစ်တွင်လိုအပ်မည့် Academic Skills များကိုသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

    (၁ဝ)တန်းအောင်(သို့) IGCSE ကျောင်းသားများအနေဖြင့်ရွေးချယ် သင်ယူနိုင်သော ဘာသာရပ် နယ်ပယ်များ- Agriculture & Life Sciences၊ Arts & Sciences ၊ Business Administration၊ Education & Social Services၊ Engineering & Mathematical Sciences၊ Environment & Natural Resources၊ Nursing & Health Sciences တို့ဖြစ်သည်။

    ဝင်ခွင့်ဆိုင်ရာ အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 ရှိရန်လိုအပ်ပြီး Global Gateway Program မှာ(၈)လ ကြာမြင့်မည်ဖြစ်ကာ၊ ပြီး မြောက်ပါ က ဒီဂရီဒုတိ ယနှစ်ပရိုဂရမ်တွင် မိမိနှစ်သက်ရာမေဂျာများကို ရွေးချယ် တက်ရောက်နိုင်သည်။  ကျောင်းဝင်ခွင့်လမှာဇန်နဝါရီနှင့်သြဂုတ်လတို့ဖြစ်ပြီး တစ်နှစ်စာ ကျောင်းလခ အမေရိကန်ဒေါ်လာ ၃၄,၆ဝဝ ခန့်နှင့် နေထိုင်စားသောက် စားရိတ် ဒေါ်လာ ၁ဝ,ဝဝဝ ကျော်ခန့်ကုန်ကျမည်ဖြစ်သည်။

    ကျောင်းလျှောက်ထားခြင်းနှင့်အသေးစိတ်သိရှိလိုသူများ အနေဖြင့် CROWN Education အမှတ် ၂၇ဝ၊ ပထမထပ်၊အခန်း(1 B)ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ်– ဝ၉ ၇၃၂ ၇၃၂ ၇၇ နှင့် ဝ၁ ၅၂၇ ၈၃၈ တို့သို့ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။