News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)
    မတ်လ ၊ ၁၉ ၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ – ဂျူလိုင်ရဲရင့်
    ကမ္ဘာကျော် မွတ်စလင်များ ကဏ္ဍ
    ibn_al-haythamအတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါဘဲ။
    အဘ္ဘာစစ် ခလီဖာမင်းဆက်ကာလ၊ အီရတ်နိုင်ငံက ဘဆ်ွရာမြို့မှာ သူ့ကို မွေးဖွားခဲ့တယ်။ ဘဂ္ဂဒက်မြို့မှာ ပညာ့ဗိမာန် တည်ထောင်ပြီး နှစ်ပေါင်း ၁၀၀ နီးပါးမှာပေါ့။ သူ့ဘ၀အစောပိုင်းမှာ အဲ့ဒီအချိန်က မွတ်စ်လင်မ် ကမ္ဘာမှာရှိနေတဲ့ လေ့လာရေး၊ တိုးတက်ရေး ယဉ်ကျေးမှုတွေကို တော်တော် အထင်ကြီးခဲ့တယ်။ အစ္စလာမ့်ရေးရာပညာရပ်တွေသင်ကြားပြီး သိပ်မကြာခင် ဘဆ်ွရာရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ မြို့တော်ဝန်ဘ၀မှာလဲ သူဟာ သိပ္ပံနဲ့အခြား လက်တွေ့ကျတဲ့ဒဿနိကဗေဒ ဘာသာရပ်တွေကို လေ့လာ မပျက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ မွတ်စ်လင်မ်ဒေသ တစ်နေရာရောက်သွားပြီး ပြင်ပလောကနဲ့ခေတ္တ အဆက်ပြတ်သွားရာကနေ ကြီးကျယ်မှုတွေ ပွင့်ထွက်လာပါတော့တယ်။
    အီဂျစ်ပြည်ရောက် အိဗ်နု အလ် ဟိုင်သမ်
    သူ ဘဆ်ွရာမြို့တော်ဝန်ဖြစ်နေချိန် အီဂျစ်ပြည်မှာ ဖာသွိမိုဒ် ခလီဖာ က အလ် ဟကီးမ် ဖြစ်တယ်။ သူဟာ အီရတ်က စွန္နီမွတ်စ်လင်မ် အဘ္ဘာစစ်မင်းတွေရဲ့ ပြိုင်ဖက် အစ္စမာအီလီ ရှီအဟ် ခလီဖာခေါင်းဆောင် ဖြစ်တယ်။ အလ် ဟကီးမ်က အိဗ်နု အလ် ဟိုင်သမ်ဟာ နိုင်းလ်မြစ်ကို ပိတ်ဆို့နိုင်တဲ့ အကြံကောင်း ရှိနေတယ်လို့ ကြားရတယ်။ သူဟာ ရှေ့နောက်မညီ အငြင်းသန်လွန်းသူတစ်ဦး၊ ရှီအဟ်ဝါဒအစဉ်အလာကနေခွဲထွက်လာတဲ့ အစ္စမာအီလီဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့် မိမိနယ်မြေအတွက် အကျိုးပြုသူမှန်သမျှကို လက်ကမ်းကြိုဆိုတတ်သူဖြစ်တယ်။ နိုင်းလ်မြစ်ကို ပိတ်မယ့်အတွေးအမြင်နဲ့ပတ်သက်ပြီး ချဉ်းကပ်ဖို့ အလ် ဟကီးမ်က အိဗ်နု အလ်ဟိုင်သမ်ကို အီဂျစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ အလ်ဟိုင်သမ်ဟာ နိုင်းလ်မြစ် တစ်လျှောက် လေ့လာပြီးတဲ့အခါ အဲ့ဒီခေတ်ကာလက နည်းပညာနဲ့ အထမြောက်အောင်ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း ရိပ်စားမိသွားတယ်။ ဒါက ပြဿနာ တက်ရပါပြီ။ အလ် ဟကီးမ်ဟာ အဆင်ခြင်မဲ့ ရက်စက်တတ်သူ ၊ စိတ်မမှန်ဘဲ ရူးသွပ်စွာပြုမူဆက်ဆံတတ်သူလို့ ကျော်ကြားတယ်။ ဒီတော့ သူ့အန္တရာယ်ကလွတ်အောင်
    အလ်ဟိုင်သမ်ဟာ အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး ရူးနှမ်းသူအဖြစ် ဟန်ဆောင်ပစ်လိုက်တယ်။ အဲ့ဒီလို ရဲရဲတောက် ရူးချင်ယောင်ဆောင်လိုက်တဲ့အခါ အသက်ဘေးက သီသီလေး လွတ်သွားရပေမယ့် ကိုင်ရိုမြို့မှာ အကျယ်ချုပ်အကျဉ်းစံဘ၀ ရောက်သွားခဲ့တယ်။ အဲ့ဒါ အလ်ဟိုင်သမ်ရဲ့ နောက်ဆုံး ဘ၀သက်တမ်း ၁၀ နှစ်ပါဘဲ။
    ထက်မြက်လှတဲ့ သိပ္ပံပညာရှင်ကြီးဟာ အဲ့ဒီ ၁၀ နှစ်တာကာလကို ဒုက္ခလို့ မမြင်ခဲ့ဘူး။ သူလုပ်ချင်နေတဲ့ သူ့ရဲ့သုတေသနအလုပ်တွေကို ငြိမ်းချမ်းစွာ တိတ်တဆိတ်လုပ်ခွင့် ရသွားလို့လေ။ အဲ့ဒီအတော အတွင်း အလင်းနဲ့ပတ်သက်ပြီး စူးစူးစိုက်စိုက် လေ့လာပါတော့တယ်။ အလင်း /အလင်းရောင်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေရှိလဲ၊ အရာဝတ္ထုတွေကို လူသားတွေက ဘယ်ပုံဘယ်နည်းနဲ့မြင်တွေ့ရတာလဲ ဆိုပြီး သူ သိချင်ခဲ့တယ်။ သူ့ရဲ့လေ့လာမှုနဲ့ရှာဖွေတွေ့ရှိမှုတွေဟာ အပြောင်းအလဲတစ်ရပ်သာဖြစ်ပေမယ့် သူ သုတေသနပြုလိုက်တဲ့လမ်းကြောင်းဟာ အကြီးမားဆုံး အထောက်အကူပြုပညာရပ်ကြီးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။
    သိပ္ပံနည်းကျ ပညာရပ်
    ဘယ်အရာမဆို သက်သေပြချက်ရှိရမယ်ဆိုတဲ့အချက် ကနေ့သိပ္ပံပညာသင်ကြားသူတိုင်း နားလည်ထားပြီးသားပါ။ လက်တွေ့စမ်းသပ်ချက် မပါဘဲ ယူဆချက်သက်သက်ကိုသာ အခြေခံပြီး သိပ္ပံဆိုင်ရာ သီအိုရီများကို ဖော်ထုတ်တင်ပြလို့ မရနိုင်ပါဘူး။ အိဗ်နု အလ်ဟိုင်သမ်ရဲ့ အလျင်က ဒီအချက်ဟာ အရေးပါအရာရောက်မှု မရှိခဲ့ပါဘူး။ ရှေးခေတ် ဂရိတွေရဲ့ သိပ္ပံအတွေးအခေါ်တွေက အားကောင်းနေခဲ့တယ်။ ဂရိတွေဟာ သိပ္ပံ အချက်အလက်ကို ဆင်ခြင်တုံတရားအားဖြင့် ရှာဖွေနိုင်တယ် သို့တည်းမဟုတ် နတ်ဘုရားတွေရဲ့ ဆောင်ရွက်ပေးမှုလို့ယုံကြည်ခဲ့ကြတယ်။ ဒါကို အိဗ်နု အလ်ဟိုင်သမ် ကောင်းကောင်းနားလည်ထားပါတယ်။ ဒီကြားထဲကနေ အချက်အလက် အသစ်တစ်ရပ်အတွက် သက်သေပြချက်ပေးနိုင်ရမယ် ဆိုတဲ့ သိပ္ပံနည်းကျပညာရပ်အဆိုကို ချပြခဲ့တာကတော့ ရာဇ၀င်မှာ အိဗ်နု အလ်ဟိုင်သမ်က ပထမဆုံးသောသိပ္ပံပညာရှင် ဖြစ်ခဲ့တယ်။
    ဒီလို သိပ္ပံနည်းကျပညာရပ်သမိုင်းနဲ့ပတ်သက်လာယင် ကနေ့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်တွေထဲမှာ မဆိုစလောက်လေးသာဖော်ပြ တတ်ကြတယ်။ ရှေးဂရိ အတွေးအခေါ်တွေကိုသာ ပုံကြီးချဲ့ထားကြတယ်။ ခေတ်သစ်သိပ္ပံဟာ ရော်ဂျာဘေကဲန်၊ ဂလီလီယို ဂါလီလေး နဲ့ အိုင်းဇက် နျူတန် တို့ကြောင့် ဖြစ်လာသယောင်ယောင်နဲ့ပေါ့။ သူတို့မေ့လျော့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။
    အဲ့ဒါကတော့ အဲ့ဒီ ဥရောပသားပညာရှင်တွေဟာ အိဗ်နု အလ်ဟိုင်သမ် (နဲ့အခြား မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေ)ရဲ့ ပုခုံးပေါ်တက်ရပ်ခြင်းဆိုတဲ့ အကြောင်းပါ။ (တစ်နည်းဆိုရယင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ကြတာပါ)။ တကယ်လို့သာ သက်သေပြနိုင်မှသိပ္ပံသီအိုရီများ ဖြစ်တယ် ဆိုတဲ့ သူ့အိုင်ဒီယာ မရှိလာခဲ့ယင် – အခြေခံသိပ္ပံဆိုတာက ရမ်းတုပ်မှန်းဆမှုတွေ၊ အယူသည်းမှုတွေ၊ သက်သေပြမရတဲ့ဒဏ္ဍာရီတွေဖြစ်နေတဲ့ ခေတ်ဆွေးကြီးထဲ ကျွန်တော်တို့အားလုံး နေထိုင်နေကြရဦးမှာ မလွဲပါဘူး။
    စက္ခုဗေဒကျမ်း
    အိဗ်နု အလ်ဟိုင်သမ်ဟာ သူရဲ့သိပ္ပံဆိုင်ရာတော်လှန်ရေးအမြင်ကို အသုံးပြုပြီး စက္ခုဗေဒပညာရပ်နယ်ပယ်ထဲ တိုးတက်မှုနဲ့ အနားသတ်ပေးနိုင်ခဲ့တယ်။ အလင်းဟာ မျက်စေ့ထဲ ကထွက်ပြီး အရာဝတ္ထုတွေအပေါ်ခုန်ပေါက်ရောက်ရှိသွားတယ်၊ တစ်ခါ မျက်စေ့ထဲ ပြန်ဝင်လာတယ် ဆိုတဲ့ ရှေးဟောင်းဂရိအတွေးအခေါ်ကြီး မှားယွင်းနေကြောင်း သူက ပထမဆုံး သက်သေပြခဲ့သူပါ။ ဒါ့အပြင် မျက်စေ့ရဲ့လုပ်ငန်းစဉ်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ခဲ့တယ်။ တစ်ချိန်က ပညာရှင်တို့ရဲ့ဗဟုသုတနဲ့ခွဲခြမ်းစိပ်ဖြာမှုအတတ်ကို အသုံးပြုပြီး မျက်လုံးထဲ အလင်းရောင်ဝင်ရောက်ပုံ၊ အလင်းစုစည်းပုံ၊ မျက်လုံးနောက်ဖက်မှာ ပုံရိပ်ထွက်ပုံကို ပထမဆုံး ရှင်းပြနိုင်ခဲ့တယ်။
    pinhole-camera
    အလားတူစွာဘဲ သူက ကင်မရာရဲ့သဘောသဘာဝကို ပထမဆုံး လေ့လာတင်ပြခဲ့သူလည်း ဖြစ်ပြန်တယ်။ ကင်မရာရဲ့အယူအဆက ရှင်းရှင်းလေးပါ။ ဘူးခွံတစ်ဖက်မှာ အပေါက်သေးသေးလေးဖောက်ထားတယ်။ ဘူးခွံအတွင်းထဲကနေ အပြင်ဖက်အရာတွေကို ခြုံလွှမ်းမြင်တွေ့နိုင်ဖို့သာ ဖြစ်တယ်။ ဒါက ခုခေတ်ကင်မရာတွေရဲ့ အလုပ်လုပ်ဆောင်ပုံ အတိုင်းပါဘဲ။ ခုခေတ်မှာကတော့ မှန်ဘီလူးတွေ ထပ်ဖြည့်ထားတာပဲ ကွာခြားချက် ရှိတာပါ။ ကျွန်တော်တို့သိရှိထားတဲ့ ခေတ်မှီဓါတ်ပုံပညာရပ် မတိုင်မီ နှစ်ရာပေါင်းများစွာကတည်းက ဒီလိုပုံစံမျိုးကို အိဗ်နု အလ်ဟိုင်သမ်က တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။
    ဒါတင်မကသေးပါဘူး။ ရေပြင် သို့မဟုတ် ဖန်သား စတဲ့ ကြားခံနယ်တစ်ခုခုထဲ အလင်းဖြတ်သန်းပုံစံနစ် (အလင်းယိုင်ခြင်း) ကိုလည်း လေ့လာဖော်ထုတ်ခဲ့သူပါ။ ဒီတင်ပြချက်ကနေတဆင့် ဆည်းဆာချိန်မှာ ဘာကြောင့်ကောင်းကင်အရောင်ပြောင်းသွားသလဲဆိုတာကို ရှင်းပြသွားနိုင်ခဲ့ပါတယ် ( နေရဲ့အလင်းတန်းက လေထုကို ထောင့်ချိုး တစ်ခုကနေ ထိခတ်တဲ့အခါ ရောင်ခြည်လမ်းလွဲမှု ဖြစ်သွားစေတယ်)။
    ဒီအချက်ကနေထပ်ဆင့်ပြီးတော့ ကမ္ဘာ့လေထုရဲ့ထုထည်ကို တွက်ပြနိုင်ခဲ့တယ်။ ဒါဟာ အာကာသယာဉ်နဲ့ လက်တွေ့မပြနိုင်ခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်ပါတယ်။ အဲ့ဒီ စက္ခုဗေဒကျမ်းကို ဘာသာပြန်လိုက်တဲ့ခါ ဥရောပတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားတယ်။ နောက်ပိုင်း ဥရောပသားပညာရှင်တွေက ဒီကျမ်းကို အခြေပြုလို့ အလင်းနဲ့စက္ခု အလုပ်လုပ်ဆောင်ချက်၊ သူတီထွင်ချပြခဲ့တဲ့ ကိရိယာများကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ကြတာပါ။
    နောက်တစ်ဆင့်တက်ပြီး မျက်ကပ်မှန်တို့၊ မှန်ဘီလူးတို့၊ အဝေးကြည့်မှန်ပြောင်းတို့၊ ကင်မရာတို့ စသဖြင့် တိုးမြှင့်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အလင်း ၏ အလွန် အလင်းအကြောင်း နဲ့ အလင်းဆိုင်ရာပစ္စည်းပစ္စယတွေအကြောင်း နားမလည်ယင်၊ မသုံးယင် ၂၁ ရာစုမှာ ကျွန်တော်တို့ လူဖြစ်ရကျိုးမနပ်သလို ၊ မပြည့်စုံသလို ဖြစ်နေပါပြီ။ အလင်းဆိုင်ရာ အကြောင်းအရာတင် မကသေးဘူး – အိဗ်နု အလ်ဟိုင်သမ်ဟာ တခြားပညာရပ်နယ်ပယ်တွေမှာ စဦး လမ်းဖောက်သူလည်း ဖြစ်ခဲ့တယ်။
    သူဟာ ၁၀၂၀ နဲက ၁၀၃၀ ခုနှစ်များမှာ အာကာသလေ့လာရေးပညာ (Astronomy) ကျမ်းများစွာကိုလည်း ရေးသားခဲ့တယ်။ ကြယ်၊ ဂြိုလ်တွေ ရွေ့လျားမှု ဆိုင်ရာ တော်လမီရဲ့တွေးလုံးတွေ မှားယွင်းကြောင်း သူက ထောက်ပြခဲ့တယ်။ စကြ၀ဠာအလုပ်လုပ်ပုံစံနစ်ကို ယုတ္တိဆန်တဲ့ အမြင် တစ်ရပ်ကိုလည်း  ချပြနိုင်ခဲ့တယ်။  ကမ္ဘာဂြိုလ်ဟာ စကြ၀ဠာရဲ့ဗဟိုချက်မ ဆိုတဲ့ ဂရိအတွေးအခေါ်ကို ရိုက်ချိုးပစ်လိုက်တာပါ။
    GodfreyKneller-IsaacNewton-1689
    စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့
    ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။
    နက္ခတ္တဗေဒ (Astrology) ဟာ သိပ္ပံပညာရပ် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ချေပခဲ့တယ်။ သက်သေပြချက်လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် သိပ္ပံအတွေးအမြင်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ နက္ခတ္တဗေဒဟာ မည်သည့်သိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်မှု မရှိကြောင်း၊နက္ခတ္တဗေဒသမားတွေရဲ့ ထင်လုံးနဲ့ခံစားချက်တွေသာဖြစ်ကြောင်း သုံးသပ်ပြခဲ့တယ်။ ဖန်ဆင်းရှင်သာလျှင် ခပ်သိမ်းသောအရာတွေရဲ့ အကြောင်းရင်းခံဖြစ်တယ် – ဂြိုလ်နက္ခတ်သွားလာလှည့်ပတ်မှုအပေါ် အရင်းမခံဘူး ဆိုတဲ့ အစ္စလာမ့်မဏ္ဍိုင် အယူဝါဒတစ်ခုနဲ့ ပြဿားတစ်လမ်းသံတစ်လမ်း ဖီလာဆန့်ကျင်နေကြောင်း နက္ခတ္တဗေဒပညာအပေါ် ဝေဖန်ခဲ့သူဖြစ်တယ်။
    အလ်ဟိုင်သမ်ရဲ့ကျမ်းတွေကို ဖတ်ထားတဲ့ အိုင်းဇက် နျူတန် ဟာ ဒီအတွေးအခေါ်တွေအပေါ် အတော်ဘဲ အားထားခဲ့တယ်။ နျူတန်ဟာ ကနေ့ အသုံးပြုနေတဲ့ အင်ဂျင်နီယာ ဖော်မြူလာနဲ့နည်းစံနစ်ကို ဦးဆောင်မှုပေးမယ့် Calculus သင်္ချာပညာအခြေခံကို လေ့လာခဲ့တယ်။အရာဝတ္ထုတို့ရဲ့ရွေ့လျားမှုနိယာမ ( နောက်ပိုင်း နျူတန်ရဲ့ တတိယနိယာမ လို့ ကျော်ကြားလာတယ်)၊ အရာဝတ္ထုအချင်းချင်းဆွဲငင်အား (ကမ္ဘာ့ဆွဲအား)ကိုလည်း ရေးထုတ်ခဲ့တယ်။ စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။
    အလ်ဟိုင်သမ်ဟာ အစ္စလာမ့်ပညာရေးမှာလည်း ခေသူ မဟုတ်ခဲ့ဘူး။ တမန်တော်အတုအယောင်များကို ဖော်ထုတ်နည်း၊ မက္ကဟ်မြို့တော်ဖက် မျက်နှာမူဝတ်ပြုနိုင်အောင် လားရာတွက်ချက်မှု ပညာ စာအုပ်များကိုလည်း ကျမ်းပြုရေးသားနိုင်ခဲ့သူပါ။ ခေတ်သစ်စိတ်ပညာရပ်နဲ့ပတ်သက်လို့ လူနဲ့တိရစ္ဆာန်တွေ အပေါ် တေးဂီတအသုံးချ ကုထုံးအကြောင်းကို ရှေ့ပြေး သုတေသနပြုခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။
    အမွေအနှစ်
    အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကြိုးပမ်းမှု နဲ့ တင်ပြမှုတွေဟာ ခရီးရှည်ကြီးကို ဖြတ်သန်းနေဆဲပါဘဲ။ သူပြုစုခဲ့တဲ့ကျမ်းဂန်များဟာ ၂၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ကျမ်းပေါင်း ၅၀ ၀န်းကျင်သာ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ကာလတိုင်အောင် ကျွန်တော်တို့ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ရှိခဲ့မှာ အမှန်ပါဘဲ။ ကံမကောင်းအကြောင်း မလှစွာနဲ့ သူကွယ်လွန်ခဲ့ပြီးကတည်းက သူ့ရဲ့တင်ပြချက်တွေဟာ လျစ်လျူရှုခံလိုက်ရတယ်။ သူဟာ ပညာရှင်ကြီးတွေနဲ့တွဲလျက်ရှိတတ်တဲ့ ကျော်ကြားလိုမှု၊ သိက္ခာတင်မှုတွေကို လုံးဝ ဂရုမစိုက်ခဲ့သူ ဖြစ်လို့ပါဘဲ။ ဒါကြောင့်လဲ ယနေ့ကမ္ဘာမှာ သူ့ကျမ်းတွေနဲ့ပတ်သက်ပြီး သတိမထားမိကြတာပါ။ အီဗာရီယန်ကျွန်းဆွယ်က မွတ်စ်လင်မ်နယ်မြေတွေကို စပိန်တွေ ကြီးစိုးတော့ သူ့စာအုပ်တွေကို လက်တင်ဘာသာပြန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူ့နာမည်ရင်းမဟုတ်ဘဲ Alhazen လို့ ဖော်ပြလိုက်ကြတယ်။ ဥရောပ ပညာနိုးကြားရေးခေတ်အတွင်း ထိပ်တန်းမွတ်စ်လင်မ်ပညာရှင်ကြီးတွေရဲ့ အမည်နာမများဟာ ဥရောပလေယူလေသိမ်းအသွင်နဲ့ ပြောင်းလဲလိုက်တဲ့အစဉ်အလာတစ်ရပ် ဖြစ်ခဲ့တယ်။ ဥရောပတိုက်က ခရစ်ယာန်တွေအကြား မွတ်စ်လင်မ်တွေကို ချိုးနှိမ်လိုတဲ့အတွက် -သူတို့ရဲ့တင်ပြချက်တွေကို ဖျောက်ဖျက်လိုတဲ့အတွက်ကြောင့်ပါဘဲ။
    သူ့ရဲ့ထက်မြက်တောက်ပြောင်လှတဲ့ အသိဥာဏ်စဉ်ကို မရေတွက်နိုင်တဲ့လူတွေက ခုတုံးလုပ်ခဲ့ကြပြီးပါပြီ။ သူ့ရဲ့သုတေသန သာ မရှိခဲ့ယင် ဒီကနေ့ ကျွန်တော်တို့ သိရှိကြတဲ့ ခေတ်သစ် သိပ္ပံပညာရပ် နယ်ပယ်ဆိုတာလည်း ဖြစ်ထွန်းလာစရာအကြောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး လို့ဘဲ ဆိုချင်ပါတော့တယ်။
    Sources:
    Morgan, M. (2007). Lost History. Washington D.C. : National Geographic Society.
    Masood, E. (2006). Science and Islam. Icon Books.
    “Ibn al-Haytham.” The Columbia Encyclopedia, 6th ed.. 2012.
    Encyclopedia.com:http://www.encyclopedia.com/doc/1E1-IbnalHay.html
    Steffens, B. (2007). Ibn al-Haytham : first scientist. Greensboro, N.C. : Morgan Reynolds Pub.
    http://lostislamichistory.com/ibn-al-haytham-the-first-scientist/
  • အိုဇေးလ် (ရီးယဲလ်/ဂျာမဏီ)
    မတ်လ ၁၅ ၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ဝေဇင်
    အိုဇေးလ် (ရီးယဲလ်/ဂျာမဏီ) [နာမည်ကျော် မွတ်စလင် အားကစားသမားများ ကဏ္ဍ]
    ozil2
    အမည်အပြည့်အစုံ        မီစု အိုဇေးလ်(Mesut Özil)
    မွေးသက္ကရာဇ်             ၁၅. ၁၀. ၁၉၈၈
    ကစားသည့်နေရာ        အလယ်တန်း
    လက်ရှိကလပ်            ရီးယဲလ်မက်ဒရစ်
    နိုင်ငံ                       ဂျာမနီ
     လူငယ်ဘဝ
    ozil young
    မီစု အိုဇေးလ်ကို ဂျာမနီနိုင်ငံ ဂယ်လ်ဆင်ကေးရှန်း(Gelsenkirchen) မြို့တွင်မွေးဖွားခဲ့ပြီး တတိယမြောက် တူရကီ-ဂျာမန်မျိုးဆက်ဖြစ်သည်။ သူ၏ လူငယ်ကစားသမားဘ၀ကို ဂယ်လ်ဆင်ကေးရှန်းမြို့ရှိ အသင်းများတွင် ကျင်လည်ခဲ့ရပြီး Rot-Weiss Essen ကလပ်တွင် ငါးနှစ်ကြာကစားခဲ့သည်။
    ၂၀၀၅ခုနှစ်တွင် ရှော်ကေးအသင်း၏ လူငယ်ဌာနသို့ပြောင်းရွှေ့ခဲ့သည်။ မကြာမီမှာပင် အသင်းကြီးသို့ခေါ်ယူခြင်းခံခဲ့ရပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင် ၀ါဒါဘရီမင်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
    ရီးယဲလ်မက်ဒရစ်
    ozil 3
    ၂၀၁၀ ကမ္ဘာဖလားတွင် ဂျမနီအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ခြင်းကြောင်း ဘာစီလိုနာ၊ အာဆင်နယ်၊ မန်ယူ စသည့် ဥရောပ ထိပ်သီးကလပ်များက ခေါ်ယူရန် စိတ်ဝင်စားခြင်းခံခဲ့ရပြီး နောက်ဆုံးတွင် ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခဲ့သည်။ ရီးယဲသို့ ပြောင်းရွှေ့ခြင်းနှင့် ပက်သက်ပြီး သူက..
    “ရီယဲလ်အသင်းမှာ ကစားဖို့ ကမ်းလှမ်းလာတဲ့အခါမှာ ဆုံးဖြတ်ချက်ချစရာကို မလိုပါဘူး။ ရိုးရိုးသားသားပြောရအောင်….. ခင်ဗျားဆိုရင်လည်း ဒီကလပ်(မှာ ကစားဖို့) ကို ငြင်းမှာမဟုတ်ပါဘူး။ ကျနော် ၀ါဒါဘရီမင်ကနေ အလျင်စလို ထွက်ခွာဖို့မရှိပေမယ့် (ဒီအသင်းဟာ) ခေါင်းငြိမ့်ရမယ့် အသင်းမျိုးပါ။ သူတို့ဟာ  ထူးခြားတဲ့သမိုင်း၊ (ခမ်းနားတဲ့) ကစားကွင်း၊ ကမ္ဘာအဆင့် ကစားသမားတွေ အသင်းပြည့်ရှိတဲ့ ကလပ်တစ်ခုပါ။ ဘာနေဗျူး(ရီးယဲအသင်း၏ ကွင်း) မှာ ကစားရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ သိပ်ကို အံသြစရာပါ။” ဟု သူက ဖွင့်ဟခဲ့သည်။
    ozil-mom
    ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ
    ပွဲဦးထွက်အဖြစ် သြဂုတ်လ ၂၂ ရက်နေ့ ဟာကျူလီ(Hércules)အသင်းနှင့်ကစားသည့် ခြေစမ်းပွဲတွင် ပွဲထွက်ခွင့်ရရှိခဲ့သည်။ အိုဇေးလ်၏ ကျောနံပါတ်များမှာ ပြောင်းလဲမှုများ ရှိခဲ့လေသည်။ ရာသီမစမီတွင် ကျောနံပါတ်မှာ ၂၆ ဖြစ်ခဲ့ပြီး ပထဦးဆုံး ပွဲထွက်ရာတွင် နံပါတ် ၁၉ ဂျာစီကို ၀တ်ဆင်ကစားခဲ့သည်။ ရီးယဲလ်အသင်းသို့ တော့တင်ဟမ် ကစားသမား ရာဖေး ဗန်ဒါဗတ်(Rafael van der Vaart) ရောက်ရှိလာပြီးနောက် အိုဇေးလ်သည် နံပါတ် ၂၃ ဂျာစီကို ၀တ်ဆင်ခဲ့သည်။
    ရီးယဲလ်အသင်းတွင် ဘရာဇီးလ်ကစားသမား ကာကာ၏နောက် ဒုတိယ ကစားသမားအဖြစ်ရှိနေခဲ့ပြီး၊ ကာကာ ခွဲစိတ်ကုမှုခံယူနေစဉ်အတွင်းတွင် သူသည် အသင်း၏ ပထမကစားသမား ဖြစ်လာခဲ့သည်။ မာယော့ကာ အသင်းနှင့်ကစားသည့် လာလီဂါပွဲစဉ်တွင် ဒီမာရီယာ အစား လူစားဝင်ကစားခဲ့ပြီး သူ၏ ပထမဆုံး လာလီဂါ ပွဲဖြစ်ခဲ့သည်။ ရီးယဲအသင်းနှင့် ချန်ပီယံလိဂ် ပထမဆုံးပွဲအဖြစ် စက်တင်ဘာ ၁၅ ရက်နေ့ အေဂျက်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး အသင်းဖော် ဟီဂူအင် ဂိုးသွင်းနိုင်ရန် ဖန်တီးပေးခဲ့လေသည်။ လာလီဂါ ပထမဆုံးဂိုးကို ၂၀၁၀ အောက်တိုဘာ ၃ ရက်တွင် ကစားသည့် ဒီပို့တီဗို အသင်းနှင့်ပွဲစဉ်တွင် သွင်းယူပေးခဲ့ပြီး၊ အောက်တိုဘာ ၁၉ ရက် အေစီမီလန်အသင်းနှင့် ကစားသည့်ပွဲတွင် ချန်ပီယံလိဂ် ပထမဆုံး ဂိုးကို သွင်းယူခဲ့သည်။
    ၂၀၁၀-၂၀၁၁ ဘောလုံးရာသီအပြီးတွင် အိုဇေးလ်သည် အသင်းဖော်များ ဂိုးသွင်းရန် ၂၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဥရောပ အမှတ်ပေးပြိုင်ပွဲအားလုံးတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ မီဒီယာများ၊ အသင်းဖော်များ၊ ရီးယဲလ်အသင်း၏ ပရိတ်သတ်များကလည်း သူ၏ စွမ်းဆောင်မှုများအတွက် ချီးကျူး သြဘာပေးခဲ့ကြသည်။
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီတွင် အိုဇေးလ်သည် နံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ကစားခဲ့သည်။ နည်းပြ မော်ရင်ဟိုက သူအား အသင်း၏ ကွင်းလယ် ဖန်တီးရှင်အဖြစ် သုံးစွဲခဲ့သည်။ ရီးယဲအသင်းတွင် ခြေစွမ်းပြမှုကြောင့် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအတွက် ယူအီးအက်ဖ်အေမှ ချီးမြှင့်ပေးအပ်သည့် ရွှေဘောလုံးဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
    ozil
    ဂျာမနီ မဂ္ဂဇင်း ကစ်ကာ(kicker)နှင့်  အင်းတာဗျူးတွင် သူက……
    “ကျနော့်ရဲ့ ကစားသမားဘ၀ကို ရီးယဲလ်မက်ဒရစ်မှာပဲ အဆုံးသတ်ချင်ပါတယ်။ အရှေ့မှာ ကျနော် အချိန်တွေအများကြီးရှိသေးတယ်၊ လူငယ်ကစားသမား အများအပြားနဲ့၊ ကစားသမားကောင်းတွေလည်း ရှိနေဦးမယ်၊ ဒါကြောင့် ဒါဟာ ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော် (အသင်း) အနာဂတ်ရဲ့ အစိတ်အပိုင်းဖြစ်ချင်ပါတယ်။ ကျနော့်ရဲ့ လုပ်နိုင်စွမ်းကို ကျနော်သိပါတယ်။ ပြီးတော့ ရီးယဲအသင်းမှာ နှစ်ပေါင်းများစွာ ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်။” ဟု သူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။
    အိုဇေးလ်သည် ၂၀၁၂ မေလ ၂ ရက်နေ့တွင်ကစားသည့် ဘီဘာအိုအား သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲတွင် ရီးယဲလ်အသင်း၏ ပထမဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူခဲ့သည်။ ထိုပွဲအနိုင်ကြောင့် ရီးယဲအသင်းသည် ၃၂ ကြိမ်မြောက် လာလီဂါ ချန်ပီယံ ဖြစ်ခဲ့လေသည်။
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအပြီး လာလီဂါ၏ ဘောလုံးဖန်တီးပေးပို့နိုင်မှု ဇယားတွင် ၁၇ ကြိမ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ရီးယဲလ်အသင်းနှင့် ဂျာမနီလက်ရွေးစင်အသင်းတွင် သူ၏ စွမ်းဆောင်ချက်များကြောင့် ယူအီးအက်ဖ်အေမှ ချီးမြှင့်သည့် ဥရောပ အကောင်းဆုံးဘောလုံးသမားဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
    နိုင်ငံလက်ရွေးစင် ကစားသမားဘဝ
    လူငယ်
    oezil_mesut_
    ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အိုဇေးလ်းအား ဂျာမနီ ၁၇ နှစ်အောက် လူငယ်အသင်းမှ ခေါ်ယူခဲ့သည်။ ၂၀၀၇ ခုနှစ်မှစ၍ ၂၁ နှစ်အောက်လူငယ်အသင်းမှ ကစားသမားတစ်ဦးဖြစ် လာခဲ့လေသည်။ ၂၀၀၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ကစားသည့် ၂၁ နှစ်အောက် ဥရောပဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အင်္ဂလန်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပွဲစဉ်အတွင်း အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
    လက်ရွေးစင်အသင်းကြီးသို့
    ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်နေ့ နော်ဝေအသင်းနှင့် ကစားသည့် ခြေစမ်းပွဲတွင် အိုဇေးလ်သည် ဂျာမနီ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ကစားခွင့်ရခဲ့သည်။ တောင်အာဖရိက အသင်းနှင့် စက်တင်ဘာ ၅ ရက်နေ့တွင် ကစားသည့် ခြေစမ်းပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲမှာ သူ၏ လက်ရွေးစဉ်ကစားသမားဘ၀ ၃ ပွဲမြောက်ဖြစ်လေသည်။
    ဂျာမနီ လက်ရွေးစင်အသင်းတွင်ကစားရန် ရွေးချယ်ခဲ့ခြင်းနှင့်ပက်သက်၍ သူက….
    “ဂျာမနီမှာ ကျနော်ဟာ တတိယမျိုးဆက်ပါ။ ကျနော့်အဖေက ဒီမှာပဲ ကြီးပြင်းခဲ့ပါတယ်။ ကျနော့်အတွက်တော့ တူရကီဟာ အမြဲတမ်း ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေမှာပါ။ ဒါပေမယ့် ဂျာမနီအသင်းအတွက် ကစားဖို့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် သံသယ မဖြစ်မိပါဘူး။” ဟု FourFourTwo မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    ၂၀၁၀ ကမ္ဘာ့ဖလား
    euro2012_002
    အိုဇေးလ်သည် တောင်အာဖရိကတွင် ကျင်းပသည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် ဂျာမနီ လက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့ပြီး ပွဲစဉ်အားလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ဂျာမနီအသင်းမှာ အုပ်စု ပထမဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်သို့တက်ရောက်ခဲ့သည်။ ၁၆ သင်းအဆင့်တွင် အင်္ဂလန်အသင်းကို ၄ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားအသင်းကို ၄ ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိခဲ့ရာ အိုဇေးလ်မှာ အသင်းဖော်များ ဂိုးသွင်းရန်အတွက် ဖန်းတီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေဘောလုံးဆုအတွက် ဖီဖာက ထုန်ပြန်သည့် ဆန်ကာတင် ကစားသမား ၁၀ ဦးတွင် ပါဝင်ခဲ့သည်။
    ယူရို ၂၀၁၂
    အိုဇေးလ်သည် ယူရို ၂၀၁၂ ခြေစစ်ပွဲဝင် ဂျာမနီအသင်းအတွက် မောင်းနှင်အားတစ်ခုဖြစ်ခဲ့လေသည်။ ခြေစစ်ပွဲ ၁၀ ပွဲကစားရာတွင် ရှုံးပွဲမရှိခဲ့သော ဂျာမနီအသင်းအတွက် သူသည် ၅ ဂိုးသွင်းယူပေးခဲ့သည်။ တိကျသော ဘောလုံးပေးပို့သူအဖြစ် ကျော်ကြားခဲ့လေသည်။ ၇ ကြိမ်တိုင်တိုင် ဖန်တီးပေးပို့ခဲ့ကာ ယူရို ခြေစစ်ပွဲစဉ်တွင် အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့ပြီး ပွဲစဉ်အတွင်း အကောင်းဆုံးကစားသမားဆုကိုလည်း ၂ ကြိမ်တိုင်တိုင် ရရှိခဲ့သည်။
    အောင်မြင်မှုများ
    ကလပ်
    ရှော်ကေးလ
    ၂၀၀၆-၂၀၀၇ ဂျာမန်ဘွန်ဒစ်လီဂါ (ဒုတိယ)
    ၂၀၀၇ ဂျာမန် ရှုံးထွက်ဖလား (ဒုတိယ)
    ၀ါဒဘရီမင
    ၂၀၀၈-၂၀၀၉ ဂျာမန် ရှုံးထွက်ဖလား (ချန်ပီယံ)
    ၂၀၀၉-၂၀၁၀ ဂျာမန် ရှုံးထွက်ဖလား (ဒုတိယ)
    ၂၀၀၈-၂၀၀၉ ယူအီးအက်ဖ်အေဖလား (ဒုတိယ)
    ရီးယဲမက်ဒရစ်
    ၂၀၁၁-၂၀၁၂ လာလီဂါ (ချန်ပီယံ)
    ၂၀၁၀-၂၀၁၁ လာလီဂါ (ဒုတိယ)
    ၂၀၁၀-၂၀၁၁ စပိန်ဘုရင့်ဖလား (ချန်ပီယံ)
    ၂၀၁၂ စပိန်စူပါဖလား (ချန်ပီယံ)
    ၂၀၁၁ စပိပန်စူပါဖလား (ဒုတိယ)
    နိုင်ငံ
    ၂၀၀၉- အသက်၂၁နှစ်အောက် ဥရောပဖလား (ချန်ပီယံ)
    တစ်ဦးချင်း
    ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု (၂၀၀၉- အသက်၂၁နှစ်အောက် ဥရောပဖလား ဗိုလ်လုပွဲ)
    ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု (၂ကြိမ်) (ယူရို ၂၀၁၂၊ ဂျာမနီနှင့် ပေါ်တူဂီ၊ ဂျာမနီနှင့် ဂရိ)
  • ၇၈၆ နှင့် ၉၆၉ တို့ရဲ့ မုတ်ဆိတ် ပြသနာ (သရော်စာ)
    မတ်လ ၁၀ ၊ ၂၀၁၃
    M-Media
    သစ်ဆန်းခန့်
    satire
    ခုတလော မောင်သစ်တို့ ရဲ့ ဟိုမရောက် ဒီမရောက် မယောင်ရာဆီလူး တဲ့
    ဖြစ်ကတက်ဆန်း ဖွဲ့စည်းပြီး မည်သူမှ အသိမှတ်မပြုသည်ဖြစ်စေ ကိုယ့်ဘာသာကိုယ် ဘွဲ့တံဆိပ်
    အပ်နှင်းထားတဲ့ ဒေါက်တိုမောင်သစ် အထွေထွေဆန္ဒပြပွဲ ကော်မတီ၏ ရှေ့ဆက်
    ဆန္ဒပြသွားမယ့် ဆန္ဒပြပွဲ ပွဲစဉ်များနှင့် အစီအစဉ်များအား
    ကြေညာအပ်ပါသည်။
    များမကြာမှီ အချိန်အတွင်းက ထောင်ထွက်အဆံချောင်
    ဘုန်းကြီးတစ်ပါး နှင့် လက်ဝါးကြီးအုပ်ဂုတ်သွေးစုပ်
    စီးပွားရေး သမား တို့ ပူးပေါင်းကာ ၉၆၉ ဟု
    ဘာသာရေး ခုတုံးလုပ် စီးပွားရေး အမြတ်ထုတ်မည့်
    အကြံအစည်အား ထောက်ခံအားပေးသည့်
    ဆန္ဒပြပွဲအား မြန်မာတစ်ပြည်လုံးရှိ
    အိမ်ခြေရာမဲ့ အလုပ်မရှိအကိုင်မရှိ
    လမ်းဘေးနေလမ်းဘေးနားစား
    ပြည်သူများ အားလုံး(နေ့စားဖြင့်)
    မရပ်မနား အော်ဟစ်ဆန္ဒပြမည် ဖြစ်ပြီး
    ၉၆၉ တံဆိပ်ကပ်ထားသော ဆိုင်များတွင် ဈေးမ၀ယ်ပါက
    နိုင်ငံမပိုင် ဖွဘုတ် သတင်းများတွင် ဆဲဆိုရမ်းကား ရေးသားထားပါသည်။
    အကယ်၍ ၉၆၉ ဆိုင်များတွင် စားသောက်ကုန် ၀ယ်စားသူများ စားမကောင်းသည်ရှိသော်
    လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များတွင် ဈေးများသည်ရှိသော်
    အရောင်းဆိုင်၏ ဆက်ဆံရေး ညံ့ဖျင်းခဲ့သည် ရှိသော်
    ၉၆၉ အဖွဲ့အစည်းဖြင့် လုံးလုံးသက်ဆိုင်မှု မရှိပဲ ကိုယ်ဖြစ်ကိုယ်ခံဟု
    စည်းကမ်းသက်မှတ်ထားကြောင်းသိရှိရပါသည်။ 😛
    အဆိုပါ သက်မှတ်ထားသော ၉၆၉ ဆိုင်များတွင် ညံ့ဖျင်းလွန်းလှသဖြင့်
    အပြောချိုသာယဉ်ကျေး ဈေးသက်သာသော ပစ္စည်းမှန်သော ၇၈၆ ဆိုင်များတွင်
    ဈေးဝယ်ခဲ့သည် ရှိသော ထောင်ထွက်လက်မရွံ ဘုန်းကြီးလူမိုက်များမှ
    မထင်ရင် မထင်သလို ဆွမ်းကြီးဝိုင်းလောင်းမည်ဖြစ်ကြောင်း
    တိုးတိုး တိတ်တိတ် ၀န်နင် ပေးထားပြီး ဖြစ်ကြောင်း
    နိုင်ငံမပိုင် အဆဲအဆိုရပ်ဝန်း သတင်းဌာန မှ တဆင့် ပြန်လည်သိရှိရပါသည်။
    နောက်ဆက်တွဲ ဆန္ဒပြပွဲ သတင်းများအရ လွှတ်တော်အတွင်း ၀င်ရောက်နေသော မုတ်ဆိတ်များနှင့်
    နိုင်ငံတော် အတွင်း ရှိနေသော် မုတ်ဆိတ်များအား အမြင်မကြည် ကြောက်ရွံထိတ်လန့်သော
    ပုဒ်မ ဖြင့် ဆေးလိပ်မသောက်ရ ဧရိယာ များ ကဲ့သို့ မုတ်ဆိတ်မထားရ ဧရိယာများ သက်မှတ်ပေးဖို့
    လွှတ်တော် အတွင်း တင်ပြ ခြင်း ရင်ဖွင့်ခြင်း များ အစဉ်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း (သည်းခံတော်မူဘာ)
    သိရှိရသည့် အပြင် ဖွဘုတ် သတင်းရပ်ဝန်းမှ ဘာသာရေး အစွန်းရောက်များမှ
    ဒေါက်တာဆိတ်ဖွားသည်လဲ မုတ်ဆိတ်ကုလား ဖြစ်နိုင်ကြောင်း မျက်ကန်းသတင်းများတွင်
    ဖော်ပြခဲ့သည့်အပြင် မွေးမြူရေးခြံများအတွင်းမှ ဆိတ်များအားလဲ DNA စစ်ဆေးပြီး နိုင်ငံသား ဟုတ်မဟုတ်
    စစ်ဆေးပြီးမှ စားသုံးသင့်ကြောင်း အဘယ့်ကြောင့် ဆိုသော် မုတ်ဆိတ်ပါရှိသောကြောင့်
    ရိုဟင်ဂျာ များ ၏ ဥာဏ်နီဥာဏ်နက်ဖြင့် ကျူးကျော်လာခြင်းလောဟု
    နောက်တဖန်လဲ ခရစ်စမတ် ဘိုးဘိုးကြီးသည် မုတ်ဆိတ်ပါသော ကြောင့် ရိုဟင်ဂျာ ဘင်္ဂါလီ ဂိုဏ်းချုပ်ဖြစ်နိုင်ကြောင်း
    အမေရိကန် သမ္မတ အိုဘားမဲ ထံ တိုင်ကြားစာများ ပေးပို့ရန် အမျှော်အမြင်ကြီးစွာဖြင့်
    စီစဉ်ဆောင်ရွတ်လျက်ရှိကြောင်း သိရှိရလေသည်။
    နောက်ဆုံးရ သတင်း အနေဖြင့် တရုတ် ဂျပန် ထိုင်း ကိုရီးယား စားသောက်ဆိုင်များအတွက်ကိုလဲ ၉၆၉ ကဲ့သို့
    အခါကြီး အတိတ်နမိတ်ကြီး ကိန်းဂဏန်းများဖြင့် ဖွင့်ဖို့ ဆန္ဒပြ နှိုးဆော်သွားမှာဖြစ်ပြီး
    ရောသမမွေ ကိန်းဂဏန်းအကြီးစားရဖို့ ပုဒ်မကြီးကြီးဖြင့် ထောင်ပြေးများဖြင့် ပေါင်းကာ
    သာသနာဖျက်မယ့် အမှိုက်စား လူဂွစာ ဂိုဏ်းတစ်ခုတည်ဆောက်ဖို့အတွက်
    ပြည်သူလူထုအား အားနေယားနေသမျှ ကာလ ပတ်လုံး
    ကားလမ်းပိတ် မတက် ဆန္ဒပြ ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပါမယ် ခင်ဗျာ…. 😛
  • အာဏာရှင် စစ်အစိုးရလက်ထက် ရာဇ၀တ်မှုများကို ရင်ဆိုင်ဖြေရှင်းရမည်ဟု ကွင်တာနာ ပြောကြား
    M-Media
    မတ်လ ၉ ရက်၊ ၂၀၁၃
    ရိုက်တာ
    Handout of Quintana, U.N. special envoy on human rights in Myanmar, meets with Myanmar pro-democracy leader Suu Kyi in Yangon
    ကုလ ကိုယ်စားလှယ် ကွင်တာနာနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
    မြန်မာအရပ်သားအစိုးရရော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အတိုက်အခံပါတီတို့ နှစ်ဘက်စလုံးက စစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ ကို ထုတ်ဖော်တင်ပြဖို့ လက်ရှိတွင်ခွန်အားမရှိကြောင်း ကုလစုံစမ်းရေးကိုယ်စားလှယ်က သောကြာနေ့တွင် ပြောခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ် က ဖော်ပြလိုက်ပါတယ်။
    မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး တာရှည်တည်မြဲဖို့နဲ့ မြန်မာပြည်ရဲ့ (ဒဏ်ရာအနာတရတွေကို) ကုစားဖို့အတွက်တော့ ရာစုနှစ်ပေါင်း များစွာ ကျူးလွန်ဖောက်ပြန်ခဲ့တဲ့ အမှုတွဲကြီးအတွက် တာဝန်ခံမှုရှိရမယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တိုမတ်စ် အိုဂျီယာ ကွင်တာနာက ပြောခဲ့တာ ဖြစ်ပါတယ်။
    မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကတော့ အဓမ္မစေခိုင်းမှုတွေ၊ လူနည်းစု လူမျိုးခြားအုပ်စုတွေနဲ့ တိုင်းရင်းသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပမ်းနှိပ် စက် မှုစတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
    အမှန်တရားပေါ်ပေါက်ဖို့ စုံစမ်းရေးကော်မရှင်ကိစ္စကိုသာမက အရေးယူဆောင်ရွက်ဖို့ ကိစ္စတွေနဲ့ပတ်သတ်ပြီး ကွင်တာနာကို မေးမြန်းခဲ့ရာမှာ – “မြန်မာပြည်မှာ အမှန် တကယ် ဖြစ်နေတာကတော့ဗျာ၊ ဒီကိစ္စကို ဘယ်သူတွေကမှ ဆောင်ရွက်လုပ်ကိုင်မယ်ဆိုပြီး အစီအစဉ်ဆွဲတာမျိုးမရှိဘူး။ အစိုးရကလည်း အစီအစဉ်မရှိ ဘူး၊ တခြားနိုင်ငံရေးပါတီတွေမှာလည်း အစီအစဉ်မရှိသလို၊ လူနည်းစု လူမျိုးခြားအုပ်စုတွေမှာလည်း အစီအစဉ်မရှိဘူး” လို့ ကွင်တာနာက ဖြေကြားခဲ့ပါတယ်။
    ကွင်တာနာက မြန်မာအစိုးရရဲ့ ထိပ်ပိုင်းအရာရှိတွေကို တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်စုကြည်နဲ့လည်း ပြီးခဲ့တဲ့လက သူရဲ့နောက်ဆုံးခရီးစဉ် အတွင်း မှာ တွေ့ဆုံခဲ့ပါ တယ်လို့ ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။
    ဒေါ်စုကြည်ရဲ့ အတွေ့အကြုံမဲ့ ပါတီကတော့ သောကြာနေ့ကစပြီး ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်ကို ကျင်းပပါလိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲ အကြို ပြင်ဆင်မှုအချို့ အတွက်ရည်ရွယ်တယ်လို့ သိရပါတယ်။
    ရခိုင်အရေးကိစ္စကြောင့် အခက်အခဲ အကြပ်အတည်းတွေ ဖြစ်နေသလို၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာလည်း ဒီကိစ္စစိုးရိမ်ဖွယ်အဖြစ် ရှိနေ တယ် လို့ ကွင်တာနာရဲ့ ကြာသပတေးနေ့က နှစ်ပတ်လည်အစီရင်ခံစာမှာ တစ်ခုမှာ ဖော်ပြထားကြောင်းသိရပါတယ်။
    ဦးသိန်းစိန်အစိုးရအနေနဲ့ ပြင်းထန်တဲ့ ရာဇ၀တ်မှုတွေသာမက အစီအစဉ်တကျလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လူအခွင့်အရေးချိုးဖောက်မှုစတဲ့ အမှုတွဲတွေ ကို ရင်ဆိုင်ဖို့ အတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ (ဖိအားပေးမှုတွေ) ရှိနေတယ်လို့ ကွင်တာနာက ဆိုပါတယ်။
    ဒါ့ပြင်သူက ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေကို ရည်ညွှန်းပြောကြားခဲ့ရာမှာ – မြန်မာပြည်တွင်းမှာ ဒီလို စစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အကြောင်း အခုအချိန်မှာ စတင် ဆွေးနွေးဖို့တောင်မှ မဖြစ်နိုင်ကြောင်း၊ ဘာလို့လဲဆိုရင် ဒီလမ်းကြောင်းမှာ ဘာသာရေးအဖွဲ့တွေက ခုခံနေတဲ့ အကြောင်း၊ သူတို့က ခွင့်လွှတ်ရေးတွေ၊ အနာဂတ်ကိုသာကြည့်ပြီး အတိတ်ကို လျစ်လျူပြုလိုမှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်းတွေ ကိုပါ ပြောပြခဲ့ ပါတယ်။
    ကွင်တာနာကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေကမှ စစ်အုပ်ချုပ်ရေးကနေ လွတ်လပ်လာခဲ့တဲ့ အာဂျင်တီးနားဇာတိဖြစ်ပါတယ်။
    “ကျွန်တော်ကတော့ဗျာ၊ အတိတ်မှာဖြစ်ခဲ့တာတွေကို ကုစားဖို့ လိုတယ်လို့ပဲ အမှန်အကန်ယုံကြည်ထားတယ်။  အသွင်ကူးပြောင်းရေးအောင်မြင် ဖို့အတွက် အတိတ်မှာဖြစ်ခဲ့တာတွေကို သင်္ခန်းစာယူဖို့ကလည်း တကယ်ကို အရေးကြီးတယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့က ထပ်ကာထပ် ကာ ဖြန့်ချိနေရမယ်။ အတိတ်က ဖြစ်ခဲ့တာတွေကို သင်္ခန်းစာယူဖို့ ဆိုတဲ့နေရာမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ နားလည်သဘောပေါက်ရမယ်။ နှစ် ၄၀ ကျော်လောက် စစ်အစိုးရက အုပ်စိုးသွားတဲ့နေရာမှာ ဘာမှမဖြစ်ခဲ့ပါဘူးလို့ သရုပ်ဆောင်နေဖို့ မလိုဘူး။”  ဟု ကွင်တာနာက ရှင်းပြခဲ့သည်။
    မြန်မာအစိုးရက ကွင်တာနာ၏ မြန်မာပြည်အရေးဆောင်ရွက်မှုလုပ်ငန်းစဉ်ကို ရပ်တန့်ရန်ရည်ရွယ်ပြီး ကုလလူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံ များ ကို လွှမ်းမိုးနိုင်ဖို့ လော်ဘီ(lobby) လုပ်နေကြောင်း၊ သူ၏ မြန်မာပြည်အရေးလုပ်ငန်းစဉ်မှာ ၂၀၁၄ မေလအထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ သူ့အနေ နဲ့ ကတော့ ဆက်လက်စုံစမ်းစစ်ဆေးဖို့ လိုအပ်နေတယ်လို့ ခံစားရကြောင်း ကွင်တာနာက ပြောပြခဲ့ပါတယ်။
    (ရိုက်တာသတင်းဌာနမှာ စတီဖင် နဘဟေး၏ သတင်းတင်ပြချက်ဖြစ်ပါသည်။)
    M-Media သတင်းသုံးသပ်ချက်
    အထက်ပါသတင်းတွင် ပါရှိသည့် ကွင်တာနာ၏ တင်ပြချက်ဖြစ်သော –
    “မြန်မာအစိုးရက ကွင်တာနာ၏ မြန်မာပြည်အရေးဆောင်ရွက်မှုလုပ်ငန်းစဉ်ကို ရပ်တန့်ရန်ရည်ရွယ်ပြီး ကုလလူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံ များ ကို လွှမ်းမိုးနိုင်ဖို့ လော်ဘီ(lobby) လုပ်နေကြောင်း၊” ဆိုသည့် အချက်ကို တွေ့ရှိရပါသည်။ ကွင်တာနာက စစ်အစိုးရ၏ ရာဇ၀တ်မှုများကို စစ်ဆေး အရေးယူဖို့ ဆောင်ရွက်လျက်ရှိသည်ဟုလည်း သုံးသပ်ရပါသည်။
    ထို့ကြောင့် မြန်မာပြည်တွင်း လတ်တလောပေါ်ပေါက်နေသည့် မွတ်စလင်မ်ဆန့်ကျင်ရှုံ့ချရေးနှင့် ဘာသာရေးစော်ကားမှုများမှာ “ကွင်တာနာ ဖွတ်ဖွတ်” ဟူသည့် ဗုဒ္ဓဘာသာ သံဃာအမည်ခံလူအုပ်စု၏ ကြွေးကြော်သံမှ အစပြုခဲ့သလို ထို သံဃာများကိုယ်တိုင်ဦးစီးဆောင်ရွက်လျက်ရှိနေကြောင်း သိရပြန် ပါသည်။
    ကုလတွင် ကွင်တာနာအလိုမရှိအဆို တင်သွင်းရေးမှာ မြန်မာအသွင်ပြောင်းအစိုးရအတွက် အရေးကြီးနေသည့် ကိစ္စဖြစ်နေ၍ “ကွင်တာနာ ဖွတ်ဖွတ်” ဆောင်ပုဒ်နှင့် အသွင်ကူးပြောင်းထားသည့် အာဏာရအစိုးရအဖွဲ့တို့ ဆက်စပ်လျက်ရှိ၊ မရှိဆိုသည်မှာ သံသယပွားဖွယ်ပင် ဖြစ်ပါတော့သည်။
  • ဗုဒ္ဓဘာသာ၏ ငြိမ်းချမ်းမှုတရားမှ စစ်သွေးကြွအသွင်သို့
    မတ် ၉ ၊ ၂၀၁၃
    ဆောင်းပါးရှင် – O’Laie Manzu
     pahan
    ဘာသာတိုင်းတွင်ဂိုဏ်းကွဲ များစွာရှိသည်။ ခရစ်ယာန်တွင် ကက်သလစ်နှင့် ဘပ္ပတစ္စ၊ အစ္စလာမ်တွင် ဆွန်နီနှင့် ရှီအာ၊ ဗုဒ္ဓဘာသာတွင် မဟာယန၊ ထေရ၀ါဒ အစရှိသဖြင့် ကွဲပြားကြသည်။ ထိုမှတဆင့် ခေတ်ကာလအလိုက်၊ နေရာဒေသအလိုက် အယူဝါဒများ၊ ဂိုဏ်းကွဲများထပ် မံကွဲပြားကြသည်။ ဂိုဏ်းဂဏတစ်ခု၏ လုပ်ဆောင်ချက်များသည် ဘာသာတစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိသော်လည်း အနည်းနှင့်အများဆိုသလိုပင် ဘာသာတစ်ခုလုံးအပေါ်တွင် ထင်ဟပ်လေ့ရှိသည်။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ် ဘာသာရေး အစွန်းရောက်များနှင့် စစ်သွေးကြွများကြောင့် ငြိမ်းချမ်းရေးအား ဦးထိပ်ထားသည့် အစ္စလာမ်သာသနာအပေါ်တွင် အမည်းစက်များစွန်းထင်ရသည်။ ထိုနည်းတူစွာပင် လက်ရှိမြန်မာနိုင်ငံ၌ စစ်သွေးကြွအသွင် ကူးပြောင်းလာနေသော အစ္စလာမ်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာ ၀င်အစွန်းရောက်များ၏ လုပ်ရပ်များသည်လည်း ဗုဒ္ဓဘာသာတခုလုံး၏ ပုံရိပ်အား ထိပါးလာမည်ဖြစ်သည်။ အစွန်းအထင်းများ အဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။
    မုန်းသန္ဓေ ပျိုးရေလောင်း
    မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းလာသည်နှင့်အတူ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ဆိုသည့် ဒီမိုကရေစီ၏ အနှစ်သာရလည်း လူပြောများသည့် စကားလုံးဖြစ်လာခဲ့သည်။ သို့သော် အချို့သော လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်များသည် မြန်မာပြည်အတွင်း ရာစုနှစ်ပေါင်း များစွာ နေထိုင်ကြသော မြန်မာမွတ်စလင်များအား လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ရှိရေးတို့တွင် အသိအမှတ် မပြုလိုကြပေ။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ်ဘာသာရေးအစွန်းရောက်များ၏ လုပ်ရပ်များအား လက်ညိုးထိုးကာ ငြိမ်းချမ်းစွာ နေထိုင် ကြသည့် မြန်မာမွတ်စလင်များအား ရာသက်ပန် ခွဲခြားဆက်ဆံရန်၊ ဖိနှိပ်ချုပ်ချယ်ရန်နှင့် အခွင့်အရေးများပိတ်ပင်တားဆီးရန် လုပ်ဆောင်နေကြသည်။ မြန်မာမွတ်စလင်များအား နိုင်ငံခြားသားများ၊ ကျူးကျော်ဝင်ရောက်လာသူများ၊ ကုလားများ ဟု တံဆိပ်အမျိုးမျိုးကပ်ကြသည်။ နိုင်ငံတော် အတွက် ကောင်းကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာအား ဖုံးကွယ်ကြသည်။ ခေတ်အဆက်ဆက်တွင် သန္ဓေချထားခဲ့သည့် အစ္စလာမ်မုန်းတီးရေး စိတ်ဓါတ် အား နှိုးကြွလာရန် လှုပ်ဆော်ကြသည်။
    အစ္စလာမ်ဆန့်ကျင်ရေးသည် ရိုဟင်ဂျာလူမျိုးတို့အား နှိပ်ကွပ်ရာမှ တစစ အရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားရေးအစွန်းရောက်များမှ မေယုဒေသတွင် မျိုးရိုးစဉ်ဆက်အလိုက် နေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအား သုတ်သင်ရှင်းလင်းရန် အဓိကရုဏ်းများဖန်တီးခဲ့သည်။ ညှဉ်းပမ်းသတ်ဖြစ်ခဲ့သည်။ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် ဗုဒ္ဓဘာသာဝင်များအကြားတွင် အစ္စလာမ်ဘာသာဝင်များကပင် ကျူးကျော်စော်ကားနေသည့်သဖွယ် သတင်းမှားဖြင့် ဝါဒဖြန့်ကြသည်။ မြန်မာနိုင်ငံ အနှံ့သို့ ကူးဆက်လာစေခဲ့သည်။
    P6020001
    ကာကွယ်ခြင်းအမည်ခံ ဘာသာရေးစော်ကားမှု
    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များသည် စော်ကားမှုလည်းမပြု။ ကျူးကျော်မှုလည်းမရှိ။ မိမိတို့၏ မွေးရပ်ဇာတိမြေတွင် ငြိမ်းချမ်းစွာနေထိုင် ကြသူ များဖြစ်သည်။ အင်္ဂလိပ်ခေတ်အတွင်း ပြောင်းရွေ့ရောက်ရှိလာကြသော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်မှ မျိုးနွယ်ဝင်များရှိသကဲ့သို့ ပရူး၊ ပသီ၊ ပန်းသေး၊ ကမန်းနှင့် ရိုဟင်ဂျာကဲ့သို့ ရာစုနှစ်ပေါင်း များစွာ မျိုးရိုးစဉ်ဆက် အလိုက် နေထိုင်လာကြသည့် မြန်မာလူမျိုးစုများလည်းရှိသည်။ အများစု က နိုင်ငံတော်အား သစ္စာရှိကြသည်။ ကောင်းကျိုးပြုကြသည်။ သို့သော် ကျူးကျော် ဝင်ရောက်လာသူ အစ္စလာမ်သာဘာဝင်များ၏ ရန်မှ ကာကွယ်ရန် လိုအပ်သည်ဟု ကြွေးကြော်နှိုးဆော်ခြင်းကို ခံကြရသည်။ အမျိုးဘာသာ သာသာသနာ ကာကွယ်ကြရန်ဟု ခေါင်းစဉ်ကို အလွဲသုံးက မလိုတမာမုန်း တီးရေး အရင်းခံတရားများကို တိုက်တွန်းကြသည်။ ကာကွယ်ဖို့ရာ ရန် မရှိ ရန်ရှာကြသည်။ သွေးဆူမီးတိုက်ကြသည်။ လက်တွေ့တွင် ကာကွယ်ခြင်း မဟုတ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား အလွဲသုံးစားပြုကာ ဘာသာရေး စော်ကားမှုကိုသာ ဦးတည်နေသည်။ သည်းခံနိုင်မှု၏ အတိုင်းအတာ လွန်အောင် တစ်ဆင့်ထက် တစ်ဆင့်တိုးမြှင့် စော်ကားလာကြသည်။
    အစ္စလာမ်သာသနာဝင်များ သက်ဝင်ယုံကြည်သည့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ညစ်ညမ်းစွာ ဆဲရေးတိုင်း ထွာကြသည်။ အစ္စလာမ်သာသနာအား သယ်ဆောင်လာပေးသည့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လာဟို အလိုင်းဟေ ဝဆလာမ်) သခင်အား ရုပ်ပြောင် ကာတွန်းများ ရေးဆွဲကြသည်။ မြိန်ရည်ရှက်ရည် ဟားတိုက်ရယ်မောကြသည်။ ကိုရ်အာန် ကျမ်းစာ၏ သွန်သင်မှုများအား လိုရာဆွဲကာ အမှားမှား အယွင်း ယွင်းဖော်ပြ ရှုံ့ချကြသည်။ ဤကဲ့သို့ ဘာသာရေး စော်ကားမှုများ ပြုလုပ်နေခြင်းသည် မြန်မာမွတ်စလင်တို့၏ တုန့်ပြန်မှုကို လှုံ့ဆော်နေကြခြင်း သာဖြစ် သည်။ ပြဿနာအား ဖန်တီးနေကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်းတော်ပေါင်းများစွာ ဖျက်ဆီးခြင်းခံရသော် လည်း မြန်မာမွတ်စလင် တို့အဖို့ ကျူးကျော်စော်ကားမှုမပြု။ ယနေ့ ထက်ထိတိုင် ငြိမ်ချမ်းစွာနေထိုင်ကြသည်။ ငြိမ်းချမ်းစွာဖြေရှင်းကြသည်။
    စည်းရုံးရေးဗျူဟာ
    မြန်မာမွတ်စလင်များမှ အန္တရာယ်ပြု ကျူးကျော်စော်ကားခြင်း မရှိသောကြောင့် အရှေ့အလယ်ပိုင်းရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား များ၏ သွေးသံတရဲရဲဖြင့် သတ်ဖြတ်နေပုံများအား အစားထိုးဖော်ပြကြသည်။ ခေါင်းမှီးခြုံ အစ္စလာမ်အယောင်ဆောင် အမျိုးသမီးများ၏ ရုပ်သံဖိုင်တွဲ များလွင့်တင်ကာ အစ္စလာမ့်ကိုးကွယ်ရာအရှင်အား ရင့်သီးအောက်တန်းကျသည့် အသုံးအနှုံးများဖြင့် ရိုင်းစိုင်းစွာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ကြသည်။ ဗမာအမျိုးသမီးများနှင့် အိမ်ထောင်ပြုကာ ၄င်းတို့အားကျွန်ပြုနေကြကြောင်း၊ အကြမ်းဖက်မှုအတွက် လူအင်အားစုနေကြကြောင်း၊ ဘာသာရေး ခေါင်းဆောင်များ ရှရီယာဥပဒေသုံး၍ သေဒဏ်ပေးနေကြကြောင်း၊ ဗလီကျောင်းများတွင် မြေအောက် လှိုဏ်ဂူများ တည်ဆောက်နေကြေ ကြာင်းစသဖြင့် အစ္စလာမ်ဘာသာအား ရွံ့ရှာမုန်းတီးစေရန် လုပ်ကြံဝါဒဖြန့်ကြသည်။
    အချို့သော အင်တာနက်စာမျက်နှာများ၊ သတင်းမီဒီယာများ၊ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၊ သတင်းဖြန့်ဝေသူများမှ ဘာသာရေးအမုန်းပွားစေ ရန်အတွက် နေ့စဉ်နှင့်အမျှ အစဉ်တစိုက်လှုပ်ဆော်လျှက်ရှိ သည်။ ဘုန်းကြီးကျောင်းများတွင် အစည်းအဝေးများပြုလုပ်ကာ အစ္စလာမ်ဆန့်ကျင်ရေး စိတ်ဓါတ်မြင့်မားစေမည့် လုပ်ဆောင်ချက် ရုပ်သံဖိုင်တွဲများအားလည်း ဝေငှကြသည်။ အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များ၊ လက်ကမ်းစာစောင် များ၊ ကြေညာချက်များအား လူအများလက်ထဲရောက်ရှိစေရန်အတွက် လူအသွားအလာများသည့်နေရာများတွင် ပေါ်ပေါ်ထင်ထင် လိုက်လံဝေငှနေသည်။ တားဆီးမည့်သူ မရှိ၊ ပိတ်ပင်မည့်သူမရှိ၊ ပြင်ဆင်ဖြေရှင်းပေးမည် သူမရှိ။ နိုင်ငံရေးသမား၊ တော်လှန်ရေး သမားများမှလည်း သတိမပြုမိသလို ဖာသိဖာသာနေ နေကြသည်။ သို့မဟုတ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမှာ မြန်မာမွတ်စလင်များ အတွက်မပါဟု မှတ်ယူထားလေသလား မသိ။
    အစွန်းရောက် မှတဆင့် စစ်သွေးကြွဆီသို့
    အစ္စလာမ်ဆန့်ကျင်ရေး အရှိုန်အဝါကြီးထွားလာပြီး ၇၈၆ အားတိုက်ဖြတ်ရန် ဟုဆိုကာ ၉၆၉ ပေါ်ထွက်လာသည်။ ၇၈၆ ဆိုသည်မှာ “အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏” ဟူသော အဖွင့်နိဒါန်း အား အာရဗီဘာသာစကား အက္ခရာတစ်ခုချင်းစီနှင့်သက်ဆိုင်သည့် ကိန်းကဏ္ဍန်းများပေါင်းစပ်ထားသော နံပါတ်တစ်ခုဖြစ်သည်။ အတိုကောက်ရေးသည့် သဘောဖြင့်ပြီး အမြတ်တနိုးထားကြသည်။ ရန်လိုသောအသွင်မပါ။ သို့သော် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက်များမှ မည်သို့အဓိပ္ပါယ်ကောက်ယူသည်မသိ။ ၇၈၆  ဂဏန်းကို နှိမ်နင်းချေမှုန်းလိုသည်။ ထို့ကြောင့် ဘုရားဂုဏ်တော်ကိုးပါ၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါ အား အစွဲပြု၍ ၉၆၉ ဟု တီထွင်ကာ အစ္စလာမ်ဆန့်ကျင်ရေး အမှတ်တံဆိပ်အဖြစ်သုံးဆွဲလာသည်။ သဘောတရားချင်းလည်းမတူ။ အနှစ်သာရချင်းလည်းမတူ။ ၉၆၉ အား အသုံးပြု၍ လူပေါင်းများစွာသေကြေပျက်စီးမည့် ဘာသာရေးအဓိကရုဏ်းအားဖန်တီးရန်ကြံရွယ် လှုံဆော်နေခြင်းသည် ဘုရားတရားသံဃာ အမည်ခံ၍ အကုသိုလ်ပြုနေကြခြင်း ထက်မပိုပေ။
    ဤသည်ကို အမြော်အမြင်ကျဉ်းမြောင်းလှသည့် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက်သမားများသည် ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုများ မှ သွေဖီခွဲထွက်လာသော ယင်းဘာသာရေး အစွန်းရောက်ဂိုဏ်းခွဲ များအား လက်ခံအားပေးကြသည်။ သံဃာတော်များ ကိုယ်၌ပင်လျင် ဦးဆောင်နေသည်ကိုလည်း အံ့သြစွာတွေမြင့်ရသည်။ အမျိုးဘာသာ သာသနာအား ကာကွယ်ရန်အမည်ခံကာ အစ္စလာမ်ဘာသာအား စော်ကားလာရာမှ အစွန်းရောက်များ၏ အမုန်းလှိုင်းနှင့် အတူ ကိုယ်ထိလက်ရောက်စော်ကားမှုများ၊ အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် ဖန်တီးနေသည့် အသွင်သို့ ကူးပြောင်းလာမည်။ ၎င်းတို့၏လှုပ်ရှားမှုမှာလည်း ဆက်လက်ကြီးထွားလာနေမည်ဖြစ်သည်။ ငြိမ်းချမ်းမှုအား ပြိုပျက်စေမည့် လမ်းကြောင်းပေါ်သို့ ဗုဒ္ဓဘာသာ အမည်ခံသည့် စစ်သွေးကြွများပေါ်ထွက်လာနေကြောင်းနှင့် ဗုဒ္ဓမြတ်စွာ၏ အမည်နာမအား တွင်တွင်သုံးကာ မြန်မာမွတ်စလင်တို့၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီးကြမည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မျှော်မှန်းသုံးသပ်မိပါသည်။ ထို့ကြောင့် အချိန်မနှောင်းမီ သက်ဆိုင်ရာအာဏာပိုင်များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အမြော်အမြင်ရှိသည့် နိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင်များဦးဆောင်ကာ ဘာသာရေး စော်ကားမှုများ၊ လူမျိုးရေးခွဲခြား မှုများအား ဥပဒေဘောင်အတွင်းမှ တားမြစ်သင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာ ဖြစ်ပါသည်။)