အောက်တိုဘာ ၃၀၊ ၂၀၁၆
M-Media
– အီတလီနိုင်ငံအလယ်ပိုင်းတွင် ယနေ့မနက်ပိုင်းက အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး အဆောက်အဦးများစွာ ပြိုကျခဲ့ကာ ဒဏ်ရာသူများလည်း အများအပြားရှိနေသည်ဟု သိရသည်။
နိုင်ငံအရှေ့တောင်ပိုင်း အမ်ဘရီယာပြည်နယ် နော်စီယာမြို့ကို ဗဟိုပြု၍ ဒေသစံတော်ချိန် မနက်အစောပိုင်း ၇ နာရီ မိနစ် ၄၀ ခန့်က လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်မှာ ပြင်းအား ၆.၆ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ လတ်တလောတွင် သေဆုံးမှုသတင်းများ ထွက်မလာသေးပေ။
၁၄ ရာစုက ဆောက်လုပ်ထားသည့် သမိုင်းဝင် Basilica of Saint Benedict ဘုရားကျောင်းမှာလည်း ငလျင်ကြောင့် ပြိုကျပျက်ဆီးခဲ့ပြီး ငလျင်ဒဏ်ကို မြောက်ဘက် သြစတြီးယားနှင့်ထိစပ်နေသည့် နေစပ်မြို့ ဘိုလ်ဇာနို၊ အီတလီကျွန်းဆွယ်၏ တောင်ဘက်ထိပ်ဆုံးပိုင်းမှ ပွဂ်လီယာအထိ ခံစားခဲ့ရသည်။ မြို့တော် ရောမတွင်မူ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရသည်။
ပြီးခဲ့သည့် ၅ ရက်အတွင်း ငလျင်ငယ်များ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် ဒဏ်ရာမှုများ စွာရှိနေသည်။
အီတလီနိုင်ငံအလယ်ပိုင်းတွင် သြဂုတ်လ ၂၄ ရက်နေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခဲ့မှုကြောင့် လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ပြီး မြို့ငယ်တော်တော်များများမှာလည်း ပျက်ဆီးခဲ့သည်။
Ref: Aljazeera









