News @ M-Media
Tag: Afghanistan
  • တနင်္လာနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    တနင်္လာနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    ဇူလိုင် ၂၃၊ ၂၀၁၈
    M-Media
    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့
    ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်
    ================
    နိုင်ငံခြားမှာခိုလှုံနေတဲ့ အာဖဂန်နစ္စတန်ဒုတိယသမ္မတ ရာရှစ် ဒို့စ်တန် မနေ့က ကဘူးလ်လေဆိပ်ကနေ ထွက်ခွာပြီး မိနစ်ပိုင်းအကြာမှာပဲ လေဆိပ်အဓိက၀င်ပေါက်အနီးမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဒို့စ်တန်ကို လာရောက်ဝန်းရံသူတွေနားမှာ ပေါက်ကွဲမှု ဖြစ်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တစ်ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ဒို့စ်တန်ဟာ အာဖဂန်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ
    တော်တော်များများ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။
    ပြည်သူများအား မတရားဖမ်းနိုင်မည့် ဥပဒေကို မလေးရှား ပယ်ဖျက်မည်
    ===================
    ဗီယက်နမ်ရေကြီးမှု သေဆုံးသူ ၁၉ ဦးအထိရှိလာ
    =================
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၉ ဦးအထိရှိလာပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ်လိုလို မုန်တိုင်းတွေ၊ မိုးကြီးမှုတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။ လတ်တလောအဖြစ်အပျက်ကြောင့် သေဆုံးသူတွေဟာ မြင့်တက်လာနိုင်ပြီး အာဏာပိုင်တွေကလည်း တစ်ချို့နေရာတွေမှာ ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ သတိပေးထားပါ
    တယ်။
    အကြမ်းဖက်ထောက်ပံ့သူများကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မည်ဟု အီရန်ပြော
    ==================
    အကြမ်းဖက်သမားတွေကို ထောက်ပံ့တဲ့ ဘယ်သူမဆို မိမိတို့တပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့ လက်တုန့်ပြန်မှုကို ခံရလိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်မှူးချုပ် ရာမဇန်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အီရတ်နဲ့ကပ်နေတဲ့နယ်စပ်မှာ သေနတ်သမားတွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်က တပ်သား အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။ ရာမီဇန်က နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားလာတဲ့ အကြမ်းဖက်သမားတွေကို အီရန်နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ ပြည်သူတွေရဲ့ အကူအညီနဲ့ ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
    Ref : Aljazeera, CNA, Press TV
  • အာဖဂန်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အစ္စလာမ့် ဓမ္မပညာရှင်များညီလာခံ ဂျစ်ဒါတွင်ကျင်းပ
    အာဖဂန်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အစ္စလာမ့် ဓမ္မပညာရှင်များညီလာခံ ဂျစ်ဒါတွင်ကျင်းပ
    ဇူလိုင် ၁၂၊ ၂၀၁၈
    M-Media
    အစည်းအဝေးသို့ တက်ရောက်လာသည့် ပညာရှင်
    – အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကမ္ဘာ့ အစ္စလာမ့်ဓမ္မပညာရှင်များ ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ အခုတစ်ပတ် အစောပိုင်းမှာ ကျင်းပခဲ့ပါတယ်။
    ၂ ရက်တာကြာမြင့်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ ပညာရှင်တွေက အာဖဂန်မှာ ဂိုဏ်းဂနတွေကွဲပြီး တိုက်ခိုက်နေတာတွေကို ရှုတ်ချခဲ့ကာ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    တာလီဘန်ကို နိုင်ငံရေးအသင်းအဖွဲ့တစ်ခုအဖြစ် အသိအမှတ်ပြုပြီး၊ ခြွင်းချက်မဲ့ ညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့ အာဖဂန်အစိုးရရဲ့ ကမ်းလှမ်းမှုကို ပညာရှင်တွေက ချီးကျူးခဲ့ပါတယ်။ အစည်းအဝေး ဖြစ်မြောက်ရေး စီစဉ်ခဲ့ကြတဲ့ အာဖဂန် အစ္စလာမ့်ဓမ္မပညာရှင်တွေကိုလည်း တက်ရောက်လာသူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။
    ညီလာခံကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ့်ဓမ္မပညာရှင်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
    “စစ်ပွဲ၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ သွေးကွဲမှုတွေကို အခုအချိန်အထိ ခံစားနေရတဲ့ အစ္စလာမ့်ရှေးဟောင်းနိုင်ငံမှာ အစ္စလာမ့်ရေးရာ ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့၊ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းရေးဆီကို ရောက်လာဖို့အတွက် ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ပညာရှင်ပေါင်း ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်” လို့ OIC အတွင်းရေးမှူး ဒေါက်တာ ယူဆက်ဖ် ဘင် အဟ်မဒ် အလ်-အိုသိုင်မန်က ပြောကြားခဲ့ပါတယ်။
    အစည်းအဝေးမှာ ပညာရှင်တွေဟာ အာဖဂန်က အုပ်စုတွေအကြား ဆွေးနွေးညှိနှိုင်းမှုကနေတစ်ဆင့် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေဟာ အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့လည်း ဓမ္မပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း ပြောကြားခဲ့ပါတယ်။
    အာဖဂနစ္စတန် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ‘မက္ကာ သဘောတူညီချက်’ ကို ပညာရှင်တွေက လက်မှတ်ရေးထိုးကာ အစည်းအဝေးကို မနေ့မှာ အဆုံးသတ်ခဲ့ကြပါတယ်။
    ညီလာခံကို တက်ရောက်လာတဲ့ ပညာရှင်တွေကို ဆော်ဒီဘုရင် ဆလ်မန်က မနေ့မှာ တွေ့ဆုံခဲ့ပြီး ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
    Ref: Arab News
  • အပစ်ရပ်မှုအပြီး တာလီဘန်က အာဖဂန်တွင် တိုက်ခိုက်မှု ပြန်လုပ်
    အပစ်ရပ်မှုအပြီး တာလီဘန်က အာဖဂန်တွင် တိုက်ခိုက်မှု ပြန်လုပ်
    ဇွန် ၂၀၊ ၂၀၁၈
    M-Media
    – အာဖဂန်နစ္စတနအနောက်ပိုင်း ဘဂ်ျဟီပြည်နယ်က စစ်ရေးဂိတ်နှစ်ခုကို တာလီဘန်တို့ရဲ့ ဒီနေ့မနက် တိုက်ခိုက်မှုအတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
    အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂနီက ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် အပစ်ရပ်ရေးကို ၁၀ ရက်အထိ ဆက်လက် သက်တမ်းတိုးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေငြာခဲ့တာပါ။ ဒါပေမယ့် တာလီဘန်အဖွဲ့က လက်မခံဘူးလို့ ပြောကြားခဲ့ပြီးနောက် ဒီလိုတိုက်ခိုက်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    တိုက်ခိုက်မှုအတွင်း တာလီဘန်တွေဟာ ဘာလာမဂ်ဟဘ်က စစ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အဘ်ဒူလ် ကဖူးရ် မာလစ်ဇိုင်က ပြောကြားခဲ့ပါတယ်။
    မနေ့ညမှာ ပြည်နယ်အတွင်းက အခြားနေရာတစ်ခုကို တိုက်ခိုက်မှုအတွင်း တာလီဘန် ၁၅ ဦး သေဆုံးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
    တာလီဘန်ဟာ အာဖဂန်အစိုးရနဲ့ ၃ ရက် အပစ်ရပ်ရေးအတွက်သာ သဘောတူခဲ့ပြီး တနင်္ဂနွေနေ့မှာ အဆုံးသတ်သွားပါတယ်။
    အပစ်ရပ်မှုအတွင်း နန်ဂါဟာပြည်နယ်မှာ IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၅၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၁၇၊ ၂၀၁၈
    M-Media
    တာလီဘန် တိုက်ခိုက်ရေးသမားတစ်ဦးနှင့် ဆလ်ဖီရိုက်နေသည့် အာဖဂန်ပြည်သူများ
    အားသွင်းထားသည့်ဖုန်း ပေါက်ကွဲမှုကြောင့် မလေးရှားတွင် အမျိုးသားတစ်ဦး သေဆုံး
    ============
    အားသွင်းထားတဲ့ မိုဘိုင်းဖုန်း ပေါက်ကွဲမှုကြောင့် အသက် ၄၅ နှစ်အရွယ် စီအီးအို နဇ်ရင် ဟာဆန် သေဆုံးခဲ့တယ်လို့ မလေးရှားနိုင်ငံ Cradle Fund Sdn Bhd ကုမ္ပဏီက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ နဇ်ရင်ဟာဆန် အိပ်နေတဲ့အချိန် သူ့ဘေးနားက အားသွင်းထားတဲ့ဖုန်း ပေါက်ကွဲခဲ့တာဖြစ်ပြီး မွေ့ယာကိုမီးစွဲကာ အိပ်ခန်းလည်း မီလောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မီးခိုးငွေ့တွေကို ရှုမိတာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် အလောင်းခွဲစိပ်မှု ရလဒ်မှာတော့ ဖုန်းပေါက်ကွဲမှုက အစတွေ ဦးခေါင်းကို ထိမှန်တာကြောင့် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
    နီဂါရာကွာ နိုင်ငံရေးမတည်ငြိမ်မှု သေဆုံးသူ ၁၇၀ ရှိလာ
    =============
    ၂ လတာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေတဲ့ နီဂါရာကွာနိုင်ငံမှာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်မှုကြောင့် လူ ၈ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ သောကြာနေ့က သမ္မတ ဒန်နီယဲလ် အော်တီဂါနဲ့ ဆန္ဒပြသူတွေအကြား ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရပြီး နာရီပိုင်းအကြာမှာပဲ ဒီလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ဒေသတွင်းမီဒီယာတွေက မျက်နှာကို အ၀တ်စည်းထားတဲ့ သမ္မတထောက်ခံသူတစ်ဦးဟာ လူအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။ ဧပြီလကစတင်ခဲ့တဲ့ နီဂါရာကွာ နိုင်ငံရေးမတည်ငြိမ်မှုအတွင်း သေဆုံးသူဟာ အနည်းဆုံး ၁၇၀ ရှိလာပြီ ဖြစ်ပါတယ်။
    တာလီဘန်နှင့် အပစ်ရပ်မှု အာဖဂန် ထပ်တိုး
    ============
    အနည်းဆုံး လူ၂၅ ဦး သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့ပေမယ့် တာလီဘန်အဖွဲ့နဲ့ အပစ်ရပ်ရေးကို သက်တမ်းထပ်တိုးတယ်လို့ အာဖဂန်အစိုးရက ကြေငြာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တာလီဘန်နဲ့ အာဖဂန်အစိုးရတို့ဟာ ၃ ရက်တာ အပစ်ရပ်ရေး သဘောတူညီချက်ကို သောကြာနေ့မှာ ရရှိခဲ့ပါတယ်။ သမ္မတ အက်ရှ်ရက်ဖ် ဂနီက နောက်ထပ် ၃ ရက်တာ အပစ်ရပ်ဖို့အတွက် မနေ့က ရုပ်သံမိန့်ခွန်းမှာ ကြောခဲ့ပါတယ်။ အပစ်ရပ်ရေးကာလအတွင်း အာဖဂန်စစ်သားတွေနဲ့ တာလီဘန်တွေဟာ အီးဒ်နေ့မှာ ပွေ့ဖက်နှုတ်ဆက်တာ၊ အတူတူ ဆလ်ဖီရိုက်တာတွေ လုပ်ခဲ့ကြပါတယ်။ စနေနေ့က တိုက်ခိုက်မှုဟာ အပစ်ရပ်ရေးမှာ မပါဝင်တဲ့ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်တာလို့ ဆိုပါတယ်။
    Ref: CNA, Aljazeera
  • တာလီဘန်ကိုတိုက်ခိုက်မှု ယာယီရပ်စဲကြောင်း အာဖဂန်ကြေငြာ
    တာလီဘန်ကိုတိုက်ခိုက်မှု ယာယီရပ်စဲကြောင်း အာဖဂန်ကြေငြာ
    ဇွန် ၇၊ ၂၀၁၈
    M-Media
    – ဇွန်လ ၂၀ ရက်နေ့အထိ တာလီဘန်တွေနဲ့ ယာယီ အပစ်အခတ်ရပ်စဲလိုက်တယ်လို့ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂနီက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
    ရုပ်သံမိန့်ခွန်းမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး IS လို အခြား လက်နက်ကိုင်အဖွဲ့တွေကိုတော့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ သမ္မတဟာ အာဖဂန်စစ်တပ်ကိုလည်း အပစ်ရပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အပစ်ရပ်ရေးက ဇွန်လ ၁၂ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။
    “သူတို့ရဲ့ အကြမ်းပတမ်းလှုပ်ရှားမှုဟာ လူတွေရဲ့ နှလုံးသားတွေ၊ စိတ်ဓာတ်တွေကို မလွှမ်းမိုးနိုင်ဘဲ ပိုပြီးဝေးကွာသွားစေတယ်ဆိုတာ တာလီဘန်တွေ ပြန်လည်သုံးသပ်ဖို့အတွက် ဒီအပစ်ရပ်မှုဟာ အခွင့်အလမ်းတစ်ခုပါပဲ” လို့ ဂနီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    အသေခံဗုံးခွဲတာတွေ၊ တိုက်ခိုက်တာတွေဟာ အစ္စလာမ့်သွန်သင်ချက်နဲ့ ဆန့်ကျင်တယ်ဆိုတဲ့ ဖသ်ဝါဓမ္မသတ်တစ်ခုကို အာဖဂန် အစ္စလာမ့်ဓမ္မပညာရှင်တွေက ကဘူးလ်အစည်းအဝေးမှာ ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာမှာ ဒီအပစ်ရပ်ရေး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
    တာလီဘန်က ဒီအပစ်ရပ်ရေးကို လက်ခံလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
    သမ္မတဂနီက တာလီဘန်ကို တရားဝင် နိုင်ငံရေးအဖွဲ့တစ်ခုအဖြစ် အသိအမှတ်ပြုပေးမယ်လို့ ဖေဖော်ဝါရီလတုန်းက ကမ်းလှမ်းခဲ့ဖူးပါတယ်။
    Ref: Aljazeera