News @ M-Media

Tag: Afghanistan

  • တာလီဘန်ကြောင့် မြန်မာမွတ်စလင်များ ပိုမိုနှိပ်ကွပ်ခံရသည်ဟု အာဖဂန် ထိပ်တန်းနိုင်ငံရေးပါတီ ပြော

    တာလီဘန်ကြောင့် မြန်မာမွတ်စလင်များ ပိုမိုနှိပ်ကွပ်ခံရသည်ဟု အာဖဂန် ထိပ်တန်းနိုင်ငံရေးပါတီ ပြော

    စက်တင်ဘာ ၅၊ ၂၀၁၇
    M-Media

    မိတ္ထီလာအကြမ်းဖက်မှုမှ မြင်ကွင်း

    – ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုဟာ တာလီဘန်အဖွဲ့က မီးထိုးပေးခဲ့တာကြောင့် ဖြစ်တယ်လို့ အာဖဂန်ရဲ့ Hezb-e-Islami ပါတီက ပြောကြားလိုက်ပါတယ်။

    လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ပါတီက ဒီနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုဟာ သမိုင်းနဲ့ချီပြီး ရှိခဲ့ပေမယ့် တာလီဘန်က ဘာမီယန် ရုပ်ပွားတော်ကြီးကို ဖောက်ခွဲဖျက်ဆီးမှုဟာ မွတ်စလင်တွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မီးထိုးပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ရုပ်ပွားတော် ဖောက်ခွဲဖျက်ဆီးမှုကို အသုံးချပြီး မြန်မာမွတ်စလင်တွေအပေါ် လက်စားချေတဲ့ လုပ်ရပ်မျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေက ပြုလုပ်လာကြတာဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီဂယက်ကြောင့် ရာနဲ့ချီတဲ့ မွတ်စလင်တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ၊ ထောင်နဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ သိန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ တစ်ခြားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတာတွေ ရှိတယ်လို့လည်း Hezb-e-Islami က ပြောပါတယ်။

    လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မွတ်စလင်ခေါင်းဆောင်တွေက နှုတ်ဆိတ်နေတာကိုလည်း ပါတီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မွတ်စလင်တွေ သေဆုံးနေမှုအတွက် ပြတ်ပြတ်သားသား မရပ်တည်တဲ့အပေါ် ရှုတ်ချခဲ့ပါတယ်။

    အာဖဂန်ဝန်ကြီးချုပ်အဖြစ် ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Gulbuddin Hekmatyar ဦးဆောင်တဲ့ Hezb-e-Islami ပါတီဟာ တာလီဘန်အဖွဲ့ကို ပြီးခဲ့တဲ့နှစ်တွေမှာ ခပ်တင်းတင်း ဆန့်ကျင်ကာ၊ နိုင်ငံအတွင်း သူပုန်ထမှုအတွက်လည်း ထပ်ခါတလဲလဲ ရှုတ်ချခဲ့ပါတယ်။

    တာလီဘန်ဟာ တိုင်းပြည်အတွင်းမှာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေစေဖို့အတွက် နိုင်ငံခြားက အထောက်အပံ့နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ပါတီက ဆိုပါတယ်။

    Ref: Khaama.com

  • အာဖဂန်တွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင်များ တရားဝင်ထုတ်ပြန်မှုထက် ပိုများနေ

    အာဖဂန်တွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင်များ တရားဝင်ထုတ်ပြန်မှုထက် ပိုများနေ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အာဖဂန်တွင် ရှိနေသည့် အမေရိကန်တပ်ဖွဲ့ဝင်စာရင်းကို ယမန်နေ့တွင် ပင်တဂွန်က ထုတ်ပြန်ကြေငြာလိုက်ပြီး ယခင်က ထုတ်ပြန်ထားသည့် စာရင်းထက် ပိုမိုများပြားနေသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပင်တဂွန်မှ တာဝန်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကန်နက် မက်ကင်ဇီက အာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်မှာ ၁၁၀၀၀ ရှိသည်ဟု ပြောကြားခဲ့သည်။

    ထိုအရေအတွက်မှာ ယခင်က ထုတ်ပြန်ထားသည့် ၈၄၀၀ ထက် ၃ ထောင်ကျော် များပြားနေခြင်းဖြစ်သည်။

    ယခုကဲ့သို့ အမှန်အတိုင်း ထုတ်ပြန်မှုမှာ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်၏ ကာကွယ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒါနာ ၀ှိုက်က ပြောကြားခဲ့သည်။

    အာဖဂန်ရှိ လက်နက်ကိုင်များကို တွန်းလှန်ရန်နှင့် အာဖရန်အစိုးရကို အကြံပေးရန်အတွက် တပ်ဖွဲ့ဝင်များ တိုးမြှင့်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီး၊ ယခုအရေအတွက် ၁၁၀၀၀ ထက် ပိုမိုတိုးမြှင့်မည် ဖြစ်သည်။

    အမေရိကန်မှာ အာဖဂန်ကို ၂၀၀၁ ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး နိုင်ငံသမိုင်းတစ်လျှောက် အချိန်အကြာဆုံး စစ်ပွဲလည်းဖြစ်သည်။

    Ref: Aljazeera

  • ကဘူးလ်ရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်

    ကဘူးလ်ရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်

    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်ရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်လုံးတွင် သောကြာနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း အသေခံဗုံးခွဲမှု၊ သေနတ်ဖြင့် ပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    ကဘူးလ်မြို့မြောက်ဖက် အီမာမ် ဇမန်ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်အတွင်း အသေခံဗုံးခွဲပြီးနောက် သေနတ်သမားများက ၀င်ရောက်ပစ်ခတ်ခဲ့ကြသည်။ IS အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၄၀ ရှိကာ သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်သည်။

    အခင်းဖြစ်ပွားနေစဉ် ရဲတပ်ဖွဲ့ဝင်များမှာ ဗလီအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ပြီး တိုက်ခိုက်သူများက ဗုံးထပ်မံခွဲသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ မိုဟာမက် ဆာဒစ် မူရာဒီက ပြောကြားခဲ့သည်။

    သေနတ်သမားများမှာ ကျည်ဆံများ ကုန်သွားပြီးနောက် ၀တ်ပြုသူများကို ဓားများဖြင့် လိုက်ထိုးခဲ့ကြပြီး သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။

    IS မှာ အာဖဂန်နစ္စတန်ရှိ ရှီအာများ၏ ၀တ်ပြုရာနေရာများကို တိုက်ခိုက်မည်ဟု ကြေငြာထားပြီး ပြီးခဲ့သည့်လကလည်း ကဘူးလ်မြို့ရှိ အီရတ်သံရုံးကို IS က တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်တွင် တာလီဘန်၏ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၇ ဦး သေဆုံး

    အာဖဂန်တွင် တာလီဘန်၏ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၇ ဦး သေဆုံး

    သြဂုတ် ၂၃၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟဲလ်မန်းပြည်နယ်တွင် ရဲတပ်ဖွဲ့အား ပစ်မှတ်ထားသော အသေခံဗုံးခွဲမှုတစ်ခုကို ယနေ့တွင် တာလီဘန်က ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၇ ဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    လက်ရှ်ကာရ်ဂါမြို့ရှိ ရဲတပ်ဖွဲ့ရုံးချုပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် မိန်းကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ အိုမာရ် ဇာဝက်က သေဆုံးသူများ ဆက်လက် မြင့်တက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

    ပေါက်ကွဲမှုကြောင့် အနီးရှီ ဗလီတွင် စာသင်ကြားနေသည့် ကလေးငယ်များမှာ ဒဏ်ရာရရှိခဲ့သည်။

    ရဲစခန်းအတွင်းရှိ ဘဏ်ခွဲတွင် လခထုတ်ရန် တန်းစီနေသော ရဲတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    ပေါက်ကွဲမှုအတွင်း ဆိုင်ပျက်ဆီးသွားသော ဈေးဆိုင်ပိုင်ရှင် အစ္စမေးလ်ဂျန်က အဖြူရောင်ကားတစ်စီးမှာ ကားပါကင်ရှိ စစ်ဆေးရေးဂိတ်မှတစ်ဆင့် ၀င်ရောက်နေသည့် စစ်ကား ၆ စီးကို ၀င်တိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဟဲလ်မန်းပြည်နယ်တွင် ပြီးခဲ့သည့်နှစ်မှစ၍ တာလီဘန်တို့၏ တိုက်ခိုက်မှု မြင့်တက်လာခဲ့ပြီး ပြည်သူများမှာ အနီးအနားရှိ ပြည်နယ်များသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref : Aljazeera

  • အာဖဂန်တွင် ဆက်လက်တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ကြေငြာ

    အာဖဂန်တွင် ဆက်လက်တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ကြေငြာ

    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media

    – အမေရိကန်စစ်တပ် အလျင်အမြန်ထွက်သွားသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် မခန့်မှန်းနိုင်သော၊ လက်မခံနိုင်သော ရလဒ်များကို ရှောင်ရှားရန်အတွက် အာဖဂန်နစ္စတန်တွင် ဆက်လက်တိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယမန်နေ့ညနေ မိန့်ခွန်းတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    မိမိ၏ မူလရည်ရွယ်ချက်မှာ အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန်ဖြစ်သော်လည်း ထိုသို့ထွက်ခွာသွားပြီးနောက် လစ်ဟာသွားမည့်နေရာတွင် အလ်ကိုင်းဒါးနှင့် IS ကဲ့သို့ အဖွဲ့များက ၀င်ရောက်နေရာယူသွားမည်ကို စိုးရိမ်သောကြောင့် တပ်များဆက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    မိမိတို့၏ ချဉ်းကပ်မှုမှာ လက်ရှိတွင် အတွေးထက်၊ လက်တွေ့ကို ပိုမိုအခြေခံရမည်ဖြစ်ကြောင်း၊ အာဖဂန်တွင် လုံခြုံရေးအရ အကူအညီပေးမှုမှာ အချည်အနှီးမဟုတ်ကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော်လည်း အခြားဒေသများတွင် ဒီမိုကရေစီတည်ဆောက်ရေးအတွက်မူ စစ်တပ်များ စေလွှတ်တော့မည် မဟုတ်ဟု ၎င်းက ဆိုသည်။

    အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့များ တိုက်ခိုက်နေသည်မှာ ၁၆ နှစ် ရှိလာခဲ့ပြီဖြစ်ပြီး၊ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့ဝင် ၈၄၀၀ ရှိနေကာ၊ တပ်သားသစ် ၄၀၀၀ ကို အမေရိကန်က ထမ်မံစေလွှတ်သွားရန် ရှိနေသည်။

    အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့ဝင် အမြင့်ဆုံးအရေအတွက်မှာ သမ္မတအိုဘားမားလက်ထက် ၂၀၁၀-၂၀၁၁ ခုနှစ်တွင်ဖြစ်ပြီး အင်အား ၁ သိန်းနီးပါး ရှိခဲ့သည်။

    အမေရိကန်၏ စစ်ရေးထောက်မှုကို ရရှိနေသည့် ပါကစ္စတန်မှာ အကြမ်းဖက်အဖွဲ့အစည်းများကို ခိုလှုံခွင့်ပေးထားသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ထရမ့်က ယမန်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ပါကစ္စတန်ကို ပိုမိုတင်းကြပ်သည့်နည်းလမ်းဖြင့် ချဉ်းကပ်သွားမည်ဟု ဆိုသည်။

    Ref: Aljazeera