News @ M-Media

Tag: Asean

  • အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် နိုင်ငံတော်အတိုင်ပင်ခံ တနင်္လာနေ့ ထွက်ခွာမည်

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် နိုင်ငံတော်အတိုင်ပင်ခံ တနင်္လာနေ့ ထွက်ခွာမည်

    နိုဝင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    – လာမယ့်တစ်ပတ် စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းကို တက်ရောက်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

    ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေဟာ ၄ ရက်တာ ကြာမြင့်မှာဖြစ်ပြီး ကြေငြာချက်ပေါင်း ၆၀ လောက်လည်း ထွက်လာဖို့ ရှိနေပါတယ်။

    အာဆီယံအစည်းအဝေးနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အခြားကိစ္စတွေကို ဆွေး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ဆွေးနွေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က အာဆီယံရေးရာဌာနက ပြောပါတယ်။

    နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက ဒေါ်အောင်ဆန်းစုကြည်ဟာ မလေးရှား ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်အပါအ၀င် ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံအစည်းအဝေးတွေကို သူမ တက်ရောက်မှာဖြစ်ပြီး စီးပွားရေးဖိုရမ်မှာ အချို့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်”

    စက်တင်ဘာလက ကျင်းပပြုလုပ်ခဲ့တဲ့ ကုလအထွေထွေညီလာခံမှာ မဟာသီက ရခိုင်ပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ဖူးပါတယ်။

    နိုဘ၀င်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကြာမြင့်မယ်ံ အကြိမ် ၂၀ မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ၃၃ ကြိမ်မြောက် အဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားကဏ္ဍ၊ တရားမျှတမှု၊ ပညာရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး၊ ‘ပြည့်စုံသော မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်’ ကို ထိထိရောက်ရောက် အကာင်အထည်ဖော်ရန် ဒေသတါင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    Ref: mmtimes

  • အာဆီယံ-အီရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို

    အာဆီယံ-အီရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    – စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အီရန်နဲ့ အာဆီယံတို့ဟာ ချစ်ကျည်ရးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Instrument of Accession to the Treaty of Amity and Cooperation (TAC)) ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဒီကနေ့မှာ စတင်ကျင်းပတဲ့ အဲဒီ အစည်းအဝေးကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ် တက်ရောက်ခဲ့ပြီး အခုလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် အီရန်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

    အီရန်အပြင်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ၀န်ကြီးတွေလည်း တက်ရာက်ခဲ့ပြီး စနေနေ့မှာပြီးဆုံးမယ့် အဲဒီအစည်းဝေးမှာ ဒေသတွင်းနဲ့ နိုင်ငံတကာက ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအပြင် ဖိလင်ပိုင်၊ ဂျပန်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်လုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • စင်ကာပူတွင်ကျင်းပမည့် အာဆီယံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    စင်ကာပူတွင်ကျင်းပမည့် အာဆီယံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတစ်ပတ်နှောင်းပိုင်း စင်ကာပူမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်မှာမဟုတ်ဘူးလို့ မြန်မာအစိုးရ တာဝန်ရှိတစ်ဦးက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒါဟာ ၂၀၁၆ ခုနှစ် အာဏာရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံအစည်းအဝေးကို မတက်တာပါ။

    အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စနေနေ့မှာ စတင်မယ့် အာဆီယံအစည်းအဝေးကို ပြီးခဲ့တဲ့လမှာ ကျမ်းကျိန်ခဲ့တဲ့ သမ္မတသစ် ဦးဝင်းမြင့် တက်ရောက်လိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် မသွားတာလဲ ဆိုတာကိုတော့ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရပြီး ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အာဆီယံ-သြစတေးလျ အစည်းအဝေးမှာလည်း ဒီ ကိစ္စအတွက် ဖိအားပေးခြင်း ခံခဲ့ရပါတယ်။

    အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုင်တွယ်စရာတွေ အများအပြား ရှိနေတဲ့အတွက် အပြင်ကို ထွက်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံကို ၂ ရက်ကြာခရီးအဖြစ် သွားရောက်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် ဖိလစ်ပိုင်မှာလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးနှစ်ခုနဲ့ ၂၀၁၆ ခုနှစ် လာအိုနိုင်ငံမှာလုပ်တဲ့ အာဆီယံအစည်းအဝေး ၂ ခုတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ခဲ့ပါတယ်။

    Ref : SCMP

  • အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်

    အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်

    မတ် ၁၆၊ ၂၀၁၈
    M-Media

    – သြစတေးလျကို အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်ပြီး ဒေသတွင်း ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်တယ်လို့ အင်ဒိုနီးရှာသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    “ဒီကိစ္စဟာ အကြံကောင်းတစ်ခုပဲဗျ။ ဘာ့ကြောင်လဲဆိုတော့ ကျွန်တော်တို့ဒေသအတွက် ပိုမိုကောင်းမွန်ပြီး၊ စီးပွားအရ၊ နိုင်ငံရေးအရ တည်ငြိမ်တာမျိုးတွေ ဖြစ်လာမှာပါ။ သေချာပါတယ်။ ပိုကောင်းလာမှာပါ” လို့ သြစတေးလျကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကိစ္စနဲ့ပတ်သက်ပြီး ၀ီဒိုဒိုက Sydney Morning Herald ကို ပြောကြားခဲ့ပါတယ်။

    ဆစ်ဒနီမှာပြုလုပ်မယ့် အရှေ့တောင်အာရှ အထူး ထိပ်သီးအစည်းဝေးကို တက်ရောက်ဖို့အတွက် ၀ီဒိုဒိုအပါအ၀င် အာဆီယံခေါင်းဆောင်တွေဟာ သြစတေးလျကို ရောက်နေကြတာပါ။

    ၁၉၇၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံနိုင်ငံများအဖွဲ့နဲ့ သြစတးလျေတို့ဟာ ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်တွေဖြစ်ပြီး သြစတေးလျပါဝင်တဲ့ ၂ နှစ်တစ်ကြိမ် ထိပ်သီးအစည်းအဝေးကို ၂၀၁၆ ခုနှစ်က ဗီယန်ကျင်းမြို့မှာ စတင် ပြုလုပ်ခဲ့ပါတယ်။

    ပြီးခဲ့လမှာ ‘သြစတေးလျ မဟာဗျူဟာ ပေါ်လစီ အင်စတီကျု’ (Australian Strategic Policy Institute) က သြဇီအနေနဲ့ ၂၀၂၄ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနှစ်ဟာ အာဆီယံနဲ့ သြစတေးလျတို့ မိတ်ဖက်ဆက်ဆံရေး နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။

    “အာရှမှာ ပထ၀ီ-စီးပွားရေး၊ ပထ၀ီ-မဟာဗျဟာအရ ဖိအားတွေ ရှိလာတဲ့တွက်ကြောင့် အလယ်အလတ်ပါဝါရှိတဲ့ အာဆီယံဟာ သြစတေးလျနဲ့ နယူးဇီလန်တို့လို အလယ်အလတ် အင်အားရှိတဲ့နိုင်ငံတွေကို လိုအပ်လာပါတယ်။ ဒီ ဆစ်ဒနီထိပ်သီးအစည်းအဝေးဟာ အာဆီယံမှာ သြစတေးလျပါဝင်ဖို့ ရှည်ကြာမယ့်ဆွေးနွေးမှု အစလည်း ဖြစ်ပါတယ်” လို့ ပေါ်လစီ အင်စတီကျုက ပြောကြားခဲ့ပါတယ်။

    သြစတေးလျဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်က ၀ီဒိုဒိုရဲ့ မှတ်ချက်တွေဟာ နွေးထွေးတဲ့ စကားမျိုးဖြစ်တယ်လို့ ဆိုပေမယ့် အာဆီယံကိစ္စဟာ၊ အာဆီယံကိစ္စသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံရဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေတဲ့နည်းလမ်းကို ကျွန်တော်တို့ တော်တော်လေးစားပါတယ်။ ကျွန်တော်တို့ဟာ အာဆီယံနဲ့ ဆွေးနွေးညှိနှိုင်းဖက်တွေဖြစ်ပြီး အာဆီယံရဲ့ စုစည်းမှု၊ အရေးပါမှု၊ ဒေသတွင်းမှာ အခြေခံကျကျ၊ အတွင်းကျကျ အရေးပါမှုတွေအတွက်လည်း ကျွန်တ်ာတို့ လေးစားပါတယ်”

    တန်ဘူးလ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အာဆီယံနဲ့ သြစတေးလျတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Jakarta Coconut

  • အကြမ်းဖက်ဆိုင်ရာ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ ၆ နိုင်ငံ လက်မှတ်ထိုး

    အကြမ်းဖက်ဆိုင်ရာ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ ၆ နိုင်ငံ လက်မှတ်ထိုး

    ဇန်န၀ါရီ ၂၅၊ ၂၀၁၈
    M-Media

    – ဒေသတွင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ရည်ရွယ်သည့် ထောက်လှမ်းရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို အာဆီယံ ၆ နိုင်ငံက ယနေ့တွင် လက်မှတ်ရေးထိုး ခဲ့သည်ဟု သိရသည်။

    Under the Our Eyes Initiative (OEI) ဟု အမည်ပေးထားသည့် အဆိုပါ သဘောတူညီချက်အရ အဖွဲ့ဝင် နိုင်ငံများမှာ “အကြမ်းဖက်ဝါဒ၊ အစွန်းရောက်မှု၊ အကြမ်းဖက် အစွန်းရောက်ဝါဒဆိုင်ရာ မဟာဗျူဟာကျသည့် သတင်းအချက်အလက်များ ဖယ်လှယ်ရေး နည်းလမ်များ ရှာဖွေသွားမည်” ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ကာကွယ်ရေးဌာန်ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူ ဒေါက်တာ မာလီကီ အိုစမန်က မြင့်တက်လာသည့် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို တိုက်ဖျက်ရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် စင်ကာပူမှာ အလေးထား ဆောင်ရွက်သွားမည်ဟု Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    စင်ကာပူ၊ ဘရူးနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ သဘောတူညီချက်အရ အကြီးတန်း ကာကွယ်ရေး တာဝန်ရှိသူများမှာ နှစ်ပတ်တစ်ကြိမ် စစ်သွေးကြွ အုပ်စုများနှင့် ပတ်သက်သည့် သတင်းအချကအလက်များကို လဲလှယ်ခြင်း၊ အစွန်းရောက်များစာရင်းကို ပြုစုရန် ပူးပေါင်း ဒေတာဘေ့စ်တစ်ခု တည်ထောင်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

    Ref: CNA