News @ M-Media

Tag: Aung Jeyatu Journal

  • အောင်ဇေယျတု ဂျာနယ်ကိစ္စ မန္တလေးမှ ဘာသာရေးပေါင်းစုံ အဖွဲ့မှ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့

    အောင်ဇေယျတု ဂျာနယ်ကိစ္စ မန္တလေးမှ ဘာသာရေးပေါင်းစုံ အဖွဲ့မှ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့

    နိုဝင်ဘာ ၁၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    08a90358c11ee706ddd3d48956afee8bfed70005fbadb4f18223a23533435313
    အောက်တိုဘာ ၃၁ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ

    ရန်ကုန်။    ။ မန္တလေးမြို့ရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များမှ အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် အောင်ဇေယျတုဂျာနယ် အတွဲအမှတ် (၄၄) တွင် အစ္စလာမ်သာသနာနှင့် တမန်တော် မိုဟမ္မဒ် အပေါ်အား ပုတ်ခက်ရေးသားထားခြင်းနှင့် ပတ်သက်ပြီး ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ တိုင်းကြားစာ တစ်စောင်ပေး ပို့ထားကြောင်းသိရပါတယ်။

    ယခုကဲ့သို့ ဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းတရားများဟောပြော ရေးသား ထုတ်ဝေခြင်းသည် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားစေပြီး နိုင်ငံတော်ဖွံ့ဖြိုးရေး တိုးတက်အေးချမ်းသာယာရေးကို နှောင့်နှေးစေပြီး မြန်မာနိုင်ငံ၏ ပုံရိပ်ကိုလည်းကျဆင်းစေသောကြောင့် ယင်းကဲ့သို့ ဘာသာရေးများကို ပုတ်ခတ်နေမှုများအား အချိန်မီတားဆီးပေးနိုင်ရန် တိုင်ကြားစာ တစ်စောင်ပေးပို့ထားပါသည်။ ထိုတိုင်ကြားစာအား ပြန်ကြားရေးဝန်ကြီးဌာန၊ သမ္မတရုံးထိသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

    ယင်းမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သို့ ပေးပို့သည့်တိုင်ကြားစာကို မန္တလေးမြို့မှ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် ဆရာတော်ဦးကာဝိယ (ဂဋ္ဌန်နီဆရာတော်)၊ ဆရာတော်ဦးဝိသုတ၊ သိက္ခာရဆရာတော် ဦးကျော်ရွှေ၊ ခလီဖွှဟ်ဦးသိန်းဝင်းအောင်၊ ဦးကံကောင်း(ဟိန္ဒူဘာသာရေးအဖွဲ့) စသည့် ဘာသာရေးခေါင်းဆောင် (၆၀) ကျော်တို့မှ လက်မှတ်ရေးထိုးပြီး တိုင်ကြားထားတာဖြစ်ကြောင်း သိရပါတယ်။

    Mdy

    “ကျွန်တော်တို့ မန္တလေးမှာ ဘာသာပေါင်းစုံကလူတွေပေါင်းပြီး သတင်းစာရှင်းလင်းပွဲတစ်ခုလည်း လုပ်ခဲ့ပြီးပြီ။ အခုလည်း ဘာသာရေးခေါင်းဆောင် (၆၀) ကျော် လတ်မှတ်ရေးထိုးထားတဲ့ တိုင်ကြားစာကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ကိုတိုင်ထားပါတယ်။ ဒီဇင်ဘာလကုန်ထိ အရေးယူမယူစောင့်ကြည့်ပြီး အရေးယူမှု မရှိဘူးဆိုရင်တော့ အဖွဲ့နဲ့တိုင်ပင်ပြီး ဆက်ကြိုးစားဖို့ ရှိပါတယ်” ဟု မန္တလေးမြို့မှ ခလီဖွှဟ်ဦးသိန်းဝင်းအောင် (ဂိုဏ်းချုပ်ဆရာတော် ဃရာနာအစ္စလာမ်သာသနာပရမတ္တမိသားစုအဖွဲ့) က တိုင်ကြား စာပေးပို့ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြပါတယ်။

    ယင်းဂျာနယ်အား အရေးယူပေးရန်အတွက် အထက်မြန်မာပြည် အစ္စလာမ်ဘာသာရေး အဖွဲကြီး မှလည်း မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ပေးပို့တိုင်ကြားထားပြီဖြစ်ကြောင်း သိရပါတယ်။

    အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း မန္တလေးမြို့ ကံတက်ကုန်း (မစိုးရိမ်) ကျောင်းတိုက်တွင် ဘာသာပေါင်းစုံမှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲမှ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှောင့်နှေးစေသော အဖွဲ့အစည်းများကို ရှုတ်ချပြီး လူမျိုးဘာသာရေး ပဋိပက္ခများမဖြစ်စေနိုင်ရန် ဘာသာရေးခေါင်းဆောင်များနှင့် တတ်နိုင်သမျှ  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပုတ်ခတ်ရေးသားနေသည့် အောင်ဇေယျတု ဂျာနယ်အားလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း စသည့်အချက်(၆) ချက်ပါသည့် ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။

    အောင်ဇေယျတု ဂျာနယ်၏ အစ္စလာမ်ဘာသာကို စော်ကားရေးသားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာသို့ စာပို့တိုင်ကြားခဲ့ပါတယ်။

    အဆိုပါတိုင်ကြားခဲ့မှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ အောင်ဇေယျတု ဂျာနယ်မှာ အခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ချိုးဖောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ ကြားဝင် ညှိနှိုင်းပေးရန် ပေးပို့တဲ့စာမှာ ဖော်ပြထားတာကို တွေ့ရ့ပါတယ်။

    မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှာ အောင်ဇေယျတုဂျာနယ်တာဝန်ရှိသူများကို ခေါ်ယူသတိပေးသည်မှ လွဲ၍ ထင်သာမြင်သာ ရှိသော အရေးယူဆောင်ရွက်မှုများ မရှိသေးတာကို တွေ့ရှိပါတယ်။

    ဆက်စပ်သတင်းများဖတ်လိုလျှင်

    http://www.m-mediagroup.com/news/tag/aung-jeyatu-journal

    mdy1 mdy2

    **ဘာသာပေါင်းစုံမှ သတင်းစာရှင်းလင်းပွဲ ကြေညာချက် Image Credit(MMM)

  • ဂျာနယ်တစ်စောင်တွင် ဘာသာရေးစော်ကားမှု ကိစ္စပါဝင်သည့် သတင်းစာရှင်းလင်းပွဲ မန္တလေးမှာ ဘာသာပေါင်းစုံမှ ပြုလုပ်ခဲ့

    ဂျာနယ်တစ်စောင်တွင် ဘာသာရေးစော်ကားမှု ကိစ္စပါဝင်သည့် သတင်းစာရှင်းလင်းပွဲ မန္တလေးမှာ ဘာသာပေါင်းစုံမှ ပြုလုပ်ခဲ့

    အောက်တိုဘာ ၃၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    df0705c30ae1a9a0b688df204bf4f69383acbaf6e84c890b76734726dbbdb1d0
    ဘာသာတစ်ခုနှင့်တစ်ခု အမုန်းတရားမပွားကြစေရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းမှုရှိစေရန်နှင့် ဂျာနယ်တစ်စောင်တွင် ဘာသာတရား တစ်ခုအား စော်ကားရေးသား ထားသည့် ကိစ္စ အပါအဝင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ‘ဘာသာကိုယ်စီ အေးချမ်းသည် ဒို့တတွေရှောင်ရှား အမုန်းတရား’ခေါင်းစဉ်ဖြင့်  မန္တလေးမြို့ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတွင် ယနေ့နံနက် ၉း၄၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဂဠုန်နီဆရာတော် ဦးကာဝိယ၊ ဘုရားကြီးရေတော်တိုက် ဆရာတော် ဦးဝိသုတ၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းဆရာတော် ဦးတေဇောဘာသနှင့် ဦးသီလစာရတို့ ကြွရောက် သြ၀ါဒ မိန့်ကြားခဲ့ကြပြီး ခရစ်ယာန် အသင်းတော်များ ကောင်စီ(မန္တလေး)၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဦးကျော်ရွှေ၊ ဟိန္ဒူဘာသာရေး အဖွဲ့ဝင် ဦးကံကောင်း၊ အစ္စလာမ့်ဘာသာဘက်မှ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) နှင့် အစ္စလာမ် သာသနာ ပရမတ္တ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်တို့က ရှင်းလင်း ပြောကြားခဲ့ကြသည်။

    ဂဠုန်နီဆရာတော်မှ သြ၀ါဒ မိန့်ကြားရာတွင် ယခုလက်ရှိ ဖြစ်နေသော အခြေအနေများအတွင် ငြိမ်းချမ်းရေးအား ဦးတည်ပြီး အာဏာပိုင် အဖွဲ့အစည်းမှလည်း အဂတိ မလိုက်စားဘဲ နိုင်ငံအေးချမ်းရေး အတွက် မေတ္တာထား ဆောင်ရွက်သင့်ကြောင်း၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ အနေနှင့်လည်း ပြည်ပ ရန်မှန်သမျှ မိမိတို့နှင့် မပတ်သက်ကြောင်း ရှင်းလင်းပြတ်စွာ ပြောကြားသင့်ကြောင်း၊ ဘာသာတစ်ခုနှင့် တစ်ခု ပုတ်ခတ်ပြောဆို ရေးသားခြင်း မပြုဘဲ မသမာသူတွေကို ၀ိုင်းဝန်း တိုက်တွန်းရှုံ့ချကြရန် မိန့်ကြားခဲ့သည်။

    ဘုရားကြီး ရေတော်ဆရာတော် ဦးဝိသုတမှလည်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဘာသာပေါင်းစုံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း၊ အမြတ်ဒေါသဖြင့် အကြမ်းမဖက်ကြဘဲ မေတ္တာသက်သက်ဖြင့် နေထိုင်ကြရန်၊ မီဒီယာများမှလည်း အမှန်အတိုင်း ရေးသားတင်ပြကြရန်၊ သူတော်မဟုတ်ပဲ သူယုတ်မာတွေရဲ့ ၀ါဒများကို လက်မခံပဲ အကြမ်းဖက်လုပ်ရပ် ပြောဆိုနေမှုများကို ရှုံ့ချကြောင်းနှင့် ဘာသာပေါင်းစုံက မေတ္တာထားပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သင့်ကြောင်း မိန့်ကြားခဲ့သည်။

    ခရစ်ယာန်ဘာသာမှ ဆရာ ဦးကျော်ရွှေမှလည်း “တရားရှာကိုယ်မှာတွေ့ဆိုသလို အေးချမ်းရေးအတွက် တစ်ဦးတစ်ယောက်ချင်းစီဆောင်ရွက်သင့်ကြောင်း၊ မိမိ၏ အတွင်းစိတ်ကို ပြုပြင်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို ဂျာနယ်တစ်စောင်က ဘာသာတရားတစ်ခုအား အပုတ်ချ ရေးသားခြင်းဟာ ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲ ခဲလုံးပြစ်ချ လိုက်သလိုဖြစ်ပြီး ခဲလုံး ပြစ်ချလိုက်ရင် လှုပ်ခတ်မည်ကို သိသိနဲ့ လုပ်ဆောင်လိုက်တာကြောင့် ကမ်းစပ်ကို လာရောက် ရိုက်ခတ်မှုတွေ ဖြစ်လာကြောင်း၊ ဘာသာရေး ခေါင်းဆောင်များအနေနှင့် ၀ိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ပြီး မိမိကို ပြုစေလိုသမျှအတိုင်းသာ သူတစ်ပါးကို ကိုယ်တိုင် ပြုသင့်ကြောင်း ဆိုပါတယ်။ ကောင်းတယ်ဆိုတာ သူများကို မေတ္တာထားနိုင်ရမှာဖြစ်ပြီး ပဋိပက္ခတွေအတွက် ကောလဟလကို မကြားသော နား ဆွံ့အသောနှုတ်ဖြင့် အမုန်းသံသရာမပွားရအောင် နေခြင်းဖြင့် ငြိမ်းချမ်းမှုကို ရယူကြရန် ဆွေးနွေးတင်ပြခဲ့သည်။

    အစ္စလာမ်ဘာသာမှ ဒေါက်တာမြင့်သိန်းမှလည်း ပြည်တွင်းပြည်ပက အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း၊ ယခုလက်ရှိ ဖြစ်ခဲ့မှုများသည် ပဋိပက္ခ မဟုတ်ဘဲ တဘက်သက် အကြမ်းဖက်မှုများသာဖြစ်ခဲ့ကြောင်း၊ အစ္စလာမ် သာသနာတွင် လူသားဟာ ကမ္ဘာ့မိသားစု ဖြစ်တဲ့အတွက် အခြားဘာသာတစ်ခုက မှားယွင်းတယ်ဆိုရင်တောင် မကောင်း မပြောရန်၊ မတရားသဖြင့် လုပ်ဆောင်ခံရလျှင်သော်မှ တရားမျှတမှုကို မချိုးဖောက်ပဲ တရားသဖြင့် ဆောင်ရွက်ရန် အစ္စလာမ်ဘာသာတွင် သွန်သင်ချက်ရှိကြောင်းတို့ကိုပြောဆိုခဲ့ပြီး၊ ကောလဟလများကို ကြားတိုင်း မယုံကြည်ကြရန် ပြောဆိုခဲ့သည်။

    ဟိန္ဒူဘာသာမှ ဆရာဦးကံကောင်းကလည် ပြည်တွင်းမှာ ဖြစ်ပျက်နေမှုအားလုံးသည် ဟန်ဆောင်မှုများနှင့် ကိုယ်လိုရာဆွဲနေကြပြီး ဘာသာတရားအား စော်ကားပြောဆိုမှုများကို ဥပေက္ခာမပြုသင့်ကြောင်း၊ မီဒီယာများအနေနှင့်လည်း မီဒီယာက လွတ်လပ်စွာဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတိထားဖို့လိုကြောင်း၊ စီးပွားရေးအရ မီဒီယာလုပ်ဆောင်ပြီး ရောင်းကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်လျှင် လက်မခံပါကြောင်း ပြောဆိုခဲ့သည်။

    ခလီဖွှဟ် ဦးသိန်းဝင်းအောင်မှလည်း ယခုကဲ့သို့ မငြိမ်းချမ်းမှုများဖြစ်နေရခြင်းမှာ (၁) အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း၊ (၂) Hate speech များ ဆောင်ရွက်သည်ကို တွေ့မြင်ရကြောင်း၊ ဂျာနယ်တစ်စောင်မှ အစ္စလာမ်သာသနာနှင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)သခင်အား စော်ကားရေးသားမှုများသည် အစ္စလာမ်ဘာသာဝင် လူငယ်များအား မခံရပ်နိုင်ဖြစ်ပြီး အကြမ်းဖက်သမားများအသွင် ပြောင်းသွားစေရန် ဆောင်ရွက်မှုအဖြစ် မြင်တွေ့နေရကြောင်း၊ မိမိတို့အနေနှင့် ယခုကဲ့သို့ စော်ကား ရေးသားမှုများကို မလိုလားကြောင်း ပြောဆိုခဲ့ပြီး သံသရာ ၀ဋ်ကြွေးဆိုတာ လက်ကိုင်ထားသည့် ဗုဒ္ဓဘာသာတရား၏ ဆုံးမစကားလည်း ရှိသလို မိမိတို့အနေဖြင့် သံသရာကြွေးတင်ရမှာလည်း ကြောက်ရွံ့ပါကြောင်း ပြောဆိုခဲ့သည်။

    ဘာသာပေါင်းစုံ ဆရာတော်များမှ သြ၀ါဒမိန့်ကြားမှု၊ ဆွေးနွေးတင်ပြမှုများအပြီးတွင် တက်ရောက်လာသော မီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည် ဖြေကြား ခဲ့ကြသည်။

    ဗုဒ္ဓဘာသာ ဘာသာရေး အမည်ခံ ဂျာနယ်တစ်စောင်က အစ္စလာမ်ဘာသာ အပေါ် စော်ကားရေးသားမှုအတွက် ၎င်းဂျာနယ်အား ဆရာတော်တို့အနေဖြင့် ဆက်သွယ် တားမြစ်မှုမျိုးရှိသည် မျိုးရှိပါသလားဟု ရေတော် ဆရာတော်အား M-Media က လျှောက်ထားမေးမြန်းရာ

    “ဒီဂျာနယ်က ဒီလိုရေးသားတယ်ဆိုတာ ဆရာတော်တို့လည်း အခုမှ သိရတာပါ။ သိပြီးတဲ့အခါကျတော့ အမှန်တကယ် အဲ့ဒီဂျာနယ်က ရေးသားနေတဲ့ ကလောင်ရှင်ဖြစ်စေ၊ ဂျာနယ် တာဝန်ခံနဲ့ဖြစ်စေ ဘုန်းကြီးတို့အနေနဲ့ မေတ္တာ ရပ်ခံခြင်းတော့ မလုပ်ရသေးဘူး။ ဒါလည်း ဘုန်းကြီးတို့ စဉ်းစားပါတယ်။ အခုလိုဖြစ်နေချိန်မှာ အမှားအမှန်ကို ဘုန်းကြီးတို့အနေနဲ့ ရှောင်ရှားပါတယ်။ မိမိတို့ သတင်းစာ စီးပွားရေးအတွက် ဒါမှမဟုတ် မိမိကိုယ်ကျိုး စီးပွားရေးအတွက် ဘာသာရေး၊ ပုဂ္ဂိုလ်ရေး စွက်ဖက်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံဖို့တော့ ဆရာတော် (ဘေးတွင်ရှိနေသော ဆရာတော် ဦးကာဝိယအား ညွှန်ပြလျက်)နဲ့ ဘုန်းကြီးတို့ ပြောထားကြတယ်။ အမှန်တကယ် မေတ္တာရပ်ခံတာတော့ မလုပ်ရသေးဘူးနော်။ ဥပမာအားဖြင့် ဒီလို အရေးအသားတွေကို ရေးသားတဲ့ ကာယကံရှင်ကို ဘုန်းကြီးတို့ လေ့လာဦးမယ်။ ဒါကြောင့် ခုနက ရေးသားထားတဲ့ စာကို ဘုန်းကြီးတို့ ဘာမှ မလုပ်ရသေးဘူး။ အကယ်၍ မှားနေတယ်ဆိုရင် အများအကျိုးအတွက် ဘုန်းကြီးတို့ ဆွေးနွေးပါမယ်။”ဟု မိန့်ကြားခဲ့သည်။
    မဘသ ဦးဆောင် ထုတ်ဝေသည့်ပုံစံမျိုးရှိနေသည့်အတွက် မဘသနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်လားဟု မေးမြန်းမှုအားလည်း “မဘသဆိုတာလည်း ဘုန်းကြီးတို့လို ဘုရားသားတော် သံဃာတော်များဖြစ်တယ်။ မဘသဦးဆောင် ဆရာတော်တွေနဲ့လည်း ဘုန်းကြီးတို့ မကွဲပါဘူး ညီညီညွတ်ညွတ်ပါပဲ။ မစိုးရိမ်ဆရာတော်ကြီးအပါအ၀င် မဘသဆရာတော်တွေလည်း ဘုန်းကြီးတို့ ဘုရားသားတော်တွေ အတူတူပါပဲ။ တကယ်လို့ ဒါကို နောက်ခံပြီးတော့ မဟုတ်မမှန်ပဲ ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဆန့်ကျင်တာကိုလုပ်နေတယ်ဆိုရင်လည်း ဘုန်းကြီးတို့ မပြောရဲစရာလည်း မရှိဘူး၊ မဆွေးနွေး နိုင်စရာလည်း မရှိဘူး။ မှားနေတယ်ဆိုရင်တော့ ဘုရား ဒေသနာတော်နဲ့ ဆန့်ကျင်နေတယ်ဆိုတာကို ဘုန်းကြီးတို့ အကောင်းဆုံး ဆွေးနွေး မေတ္တာရပ်ခံပြီး တင်ပြပေးပါမှာ”လို့ ဖြေကြားခဲ့ပြီး ဘုန်းဘုန်း ဖြည့်စွက် မိန့်ကြားလိုတာက “ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဘာသာကိုယ်စီ အေးချမ်းပြီးတော့ အမုန်းတရားတွေ တို့တွေမပွားဖို့ စောစောကပဲ ဆရာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အသီးသီးလည်း မိန့်ကြားသွားကြတယ်။

    ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေကို မေတ္တာရပ်ခံချင်တာက မိမိတို့သည်လည်း လူသားချင်းစာနာပြီး မေတ္တာထားလို့ အမုန်းတရားတွေကို ပြုံးပြုံးလေးနဲ့ မေတ္တာပွားပြီး ညီညွတ်စွာနေထိုင်ကြပါလို့။ ယနေ့က အရေးကြီးတာ အခြေခံဥပဒေ၊ ခိုင်မာတဲ့ မဏ္ဍိုင်အပေါ်မှာ ရပ်တည်ဖို့၊ မြန်မာနိုင်ငံမှာလည်း သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ ပြောင်းလဲရေး ပြုလုပ်နေတာကိုလည်း ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းအားပေးပါ။ ကမ္ဘာနဲ့ချီပြီး ငြိမ်းချမ်းရေးတွေ လုပ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ ဗုဒ္ဓရော၊ ခရစ်ယာန်ရော၊ အစ္စလာမ်ရော၊ ဟိန္ဒူရော ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီပန်းတိုင်ကို ၀ိုင်းဝန်းပေးပါလို့ ဘုန်းကြီး မေတ္တာရပ်ခံပါတယ်”လို့ M-Media ၏ လျှောက်ထားမေးမြန်းချက်များကို ပြန်လည် မိန့်ကြားခဲ့သည်။

    Facebook တွင် ဓါတ်ပုံများ ကြည့်လိုလျှင်

    http://goo.gl/V6FOCx

  • ဥပဒေ အထက်မှာ အောင်ဇေယျတု ဂျာနယ် ရှိနေပြီလား (သူ့အမြင်)

    ဥပဒေ အထက်မှာ အောင်ဇေယျတု ဂျာနယ် ရှိနေပြီလား (သူ့အမြင်)

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသည်။
    Above_the_Law_scales_logo
    အောင်ဇေယျတုဂျာနယ်ရဲ့ ရေးသားချက်တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာချက်မှာ ၀န်ခံလိုက်ပါတယ်။

    ကျူးလွန်ဖောက်ဖျက်တဲ့ ပုဒ်မတွေကလည်း အများကြီးပါပဲ။ ၀န်ကြီးဋ္ဌာနကလည်း သိသလို ၀န်လည်း ၀န်ခံပါတယ်။

    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့အားလည်းကောင်း၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)(ဈ) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တို့အား လည်းကောင်း ဖောက်ဖျက် ကျူးလွန်ရာရောက်တယ်လို့ ၀န်ကြီးဋ္ဌာနစာ အမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) မှာ အတိအလင်း ၀န်ခံဖော်ပြထားပါတယ်။

    မီဒီယာတစ်ခုက ဒီလိုပဲ ဗုဒ္ဓဘာသာကို စော်ကားမော်ကား ရေးသားရင် တစ်စုံတစ်ရာ အရေးမယူဘဲ ဒီလိုပဲ ပုဒ်မတွေကို ရွတ်ပြရုံနဲ့ ပြီးသွားမယ် ထင်ပါသလား။

    ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်တခုကို သတင်းတစ်ခုကို ဖော်ပြရုံနဲ့ ဂျာနယ် ထုတ်ဝေခွင့် အပြီးပိတ်သိမ်းခံရရုံတင်မက အယ်ဒီတာတွေ၊ သတင်းရေးသူတွေ သာမက ပိုင်ရှင်ကိုပါ တရားစွဲထောင်ချခဲ့တဲ့ မွန်းတည့်နေဂျာနယ်ကိစ္စ၊ ဓာတုစက်ရုံ သတင်းတစ်ခုကြောင့် အယ်ဒီတာတွေ ဖမ်းဆီးထောင်ချခံရတဲ့ ယူနတီ ဂျာနယ်ကိစ္စတွေဟာ လောလောလတ်လတ် အငွေ့မပြယ်သေးပါဘူး။

    ဒီလောက် ပုဒ်မအများကြီးကို သိသိကြီးနဲ့ ရဲရဲတင်းတင်း ကျူးလွန်ခဲ့တဲ့ အောင်ဇေယျတု ဂျာနယ်နဲ့ အယ်ဒီတာ မောင်သွေးချွန် အလှည့်မှာမှ ((အရေးယူပိုင်ခွင့် အပြည့်အ၀ရှိတဲ့ ပြည်ထဲရေး ၀န်ကြီးဋ္ဌာန၊ သာသနာရေးဝန်ကြီးဌာနတွေက တစ်စုံတစ်ရာအရေးမယူဘဲ)) ပြန်ကြားရေး ၀န်ကြီးဋ္ဌာနကသာ ကျူးလွန်ဖောက်ဖျက်တဲ့ဥပဒေတွေကို ရွတ်ပြရုံ ရွတ်ပြပြီး ((ဘာတစ်ခုမှ အရေးမယူနိုင်တဲ့)) စာနယ်ဇင်းကောင်စီကို ဘော်လီဘောပုတ်ထုတ်လိုက်တယ်ဆိုတာက အထူးစပယ်ရှယ် အံ့သြစရာကိစ္စတစ်ခုလိုပဲ ယူဆရမှာပါ။

    အောင်ဇေယျတု ဂျာနယ်ရဲ့ ရေးသားဖော်ပြမှုတွေကြောင့် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ပဋိပက္ခဖြစ်ခြင်း တို့ကို ဖြစ်ပေါ်စေမည့် ရေးသား ချက်များ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ((တရားဥပဒေအရ အရေးယူရသည့် အဆင့်မရောက်မီ)) မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ ညှိနှိုင်း ဖြေရှင်းပေးဖို့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက တောင်းဆိုတယ် အမိန့်ပေးတယ်ဆိုရင်လည်း ((ဘာအာဏာပါဝါမှ မရှိတဲ့)) စာနယ်ဇင်း ကောင်စီကရော ((ဘာသာတူ)) တစ်ဖက်သတ် ၀ါဒီတွေကို ဘာတွေများ ညှိုနှိုင်းနိုင်မယ် ထင်ပါသလဲ။

    ကောက်ချက်ချစရာ တစ်ခုသာကျန်ပါတော့တယ်။ ဒီလို ဥပဒေ ပုဒ်မ ၉ ခုတိတိ ဖျောက်ဖျက် ကျူးလွန်တာကို ဘာမှ အရေးမယူဘဲ ဘော်လီဘောလေးသာ ပုတ်ထုတ်တယ်ဆိုတာက မောင်သွေးချွန် တို့လို အောင်ဇေယျတု  ဂိုဏ်းသားတွေကို အရမ်း ချစ်ခင် စောင်မ ကြည့်ရှု မစနေသူတွေ ရှိလို့သာ ဖြစ်ပါလိမ့်မယ်။ တော်ရုံတန်ရုံ အချစ်နဲ့ ဒီလို ကင်းလွတ်ခွင့်မျိုးကို ဘယ်သူမှ မရနိုင်ပါဘူး။

    သားရင်းသမီးချာတွေလို အချစ်အရင်းတွေ ၀င်နေလို့သာ အပြစ်အပြင်းတွေ မမြင်ဘူးလို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်အိမ်ကို မီးလောင်တဲ့ဖြစ်ရပ်မှာ အိမ်ရှင် ဦးရဲမြင့်ကို အရေးယူမခံရအောင် ဥပဒေကို ချုံ့ချဲ့လုပ်ခဲ့တဲ့ဖြစ်စဉ်ကိုသာ ပြန်လှည့်မြင်နေရသလိုပါပဲ။

    အစ္စလာမ်ကို စော်ကားတာ မဟုတ်ဘဲ သာမန်ကိစ္စတွေမှာ ဒီလိုမျိုး ပုဒ်မ ၉ ခုတိတိကို ဖောက်ဖျက် ကျူးလွန်သူဟာ ဥပဒေအလိုအရ ဥပဒေနဲ့အညီ ((သေချာပေါက်))အရေးယူခံရမှာသာဖြစ်ပြီး ဥပဒေ ရှိပါလျှက် အရေးယူမခံရတဲ့ အောင်ဇေယျတု ဂျာနယ်ကိစ္စကတော့ မြန်မာ့ တရားစီရင်ရေးစနစ်ရဲ့  စံချိန်သစ်တင်တဲ့ ထူးခြားဖြစ်စဉ်ကြီးလို့သာ မှတ်ယူရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် No one is above the law ဆိုတဲ့စကားဟာ မြန်မာပြည်မှာ ဟာသ အကြီးစား တစ်ခုမျှသာ ဖြစ်ပါတော့တယ်။
    10641254_1550326958512740_89276513555842431_n

    10523986_1550326975179405_3780904653908455975_n
    Photo Ref: MOI Webportal Myanmar

  • အောင်ဇေယျတု ဂျာနယ်၏ ရေးသားမှု  ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြော

    အောင်ဇေယျတု ဂျာနယ်၏ ရေးသားမှု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြော

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    .သီဟ
    .အောင်ဇေယျတု ဂျာနယ် အမှတ်(၄၄) ပါရေးသားမှုတွေဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သတင်းမီဒီယာ ဥပဒေ၊ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေများကို ကျူးလွန်ဖောက်ဖျက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မှ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) ကိုပေးပို့တဲ့ စာမှာ အတိအလင်း ဖော်ပြတာကို တွေ့ရပါတယ်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)သည် အစ္စလာမ် ဘာသာနှင့် တမန်တော် မုဟမ္မဒ်(ဆွ) သခင်အား စော်ကားထားသည့်အတွက် ဘာသာရေးစော်ကားမှု၊ စိတ်နာကျည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ဖြန့်ဝေနေမှုအား ဆောလျင် ထိရောက်စွာ တည်ဆဲဥပဒေများအရ အရေးယူ တားမြစ်ပေးရန် အတွက် နိုင်ငံသမ္မတ ဦးသိန်းစိန်ကို လိပ်မူပြီး စာပို့ တိုင်ကြားခဲ့မှု အပေါ် စာနယ်ဇင်းကောင်စီ(ယာယီ)မှ ကြားဝင် ညှိနှိုင်းဖြေရှင်ပေးဖို့ ဝန်ကြီး ကိုယ်စား ဒု-ဝန်ကြီး ဦးပိုက်ထွေးက လက်မှတ်ရေးထိုးပြီး စာနယ်ဇင်းကောင်စီ(ယာယီ)ကို စာပေးပို့ခဲ့တာဖြစ်ပါတယ်။

    အောင်ဇေယျတု ဂျာနယ်ရဲ့ ရေးသားဖော်ပြမှုများကြောင့် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ပဋိပက္ခဖြစ်ခြင်း တို့ကို ဖြစ်ပေါ်စေမည့် ရေးသား ချက်များ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ တရားဥပဒေအရ အရေးယူရသည့် အဆင့်မရောက်မီ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ ညှိနှိုင်း ဖြေရှင်ပေးဖို့ အဆိုပါ စာမှာ ဖော်ပြထားပါတယ်။

    MOI 2

    MOI

    Ref_ MOI Webportal Myanmar

  • ဘာသာရေး စော်ကားသည့် အောင်ဇေယျတု ဂျာနယ်အား အရေးယူဖို့  အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ သမ္မတထံ အိတ်ဖွင့်ပေးစာပို့

    ဘာသာရေး စော်ကားသည့် အောင်ဇေယျတု ဂျာနယ်အား အရေးယူဖို့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ သမ္မတထံ အိတ်ဖွင့်ပေးစာပို့

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    သတင်း- မိုးစက်
    president
    ရန်ကုန်။        ။ ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) တွင် အစ္စလာမ်ဘာသာကို အစွန်းရောက်ဝါဒဖြင့် စွပ်စွဲပြီး တမန်တော် မုဟမ္မဒ်(ဆွ) ကို အမည်တပ်၍ စော်ကားထားခြင်းအပေါ်ကို အမျိုးသားညီညွတ်ရေး ကွန်ဂရက် ဌာနချုပ် (UNC ပါတီ) မှ  အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်တို့ထံသို့  အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြိး အောင်ဇေယျတုဂျာနယ်အား ထိရောက်စွာ အရေးယူပေးပါရန် ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

    ယင်းကြေငြာချက်တွင် အောင်ဇေယျတု ဂျာနယ်သည် ဘာသာရေး လူမျိုးရေး အမုန်းတရားများကို ပွားများစေသော ရေးသားချက်များပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာ ဥပဒေပြဌာန်းချက်များကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေသောကြောင့် အကြမ်းဖက်မှုများကို ဦးတည်လာနိုင်ဖွယ်ရှိသော အဆိုပါ ဂျာနယ်အား ထိရောက်စွာ အရေးယူပေးပါရန် ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေ အားလုံးက ချစ်ခင်မြတ်နိုးရတဲ့ တမန်တော်မြတ်ကြီးကို စော်ကားပါတယ်။ တမန်တော်ဆိုတာ အစ္စလာမ်ဘာသာဝင်တွေ အားလုံးလေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေတွေရှိရဲ့သားနဲ့ အရေးမယူဘဲ ရေငုံနှုတ်ပိတ်လုပ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပသီ အမျိုးသားတွေ အနေနဲ့ ယခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ ဒုဥက္ကဌ ဦးလှဝင်းက ပြောပါတယ်။

    အောင်ဇေယျတုဂျာနယ်မှ ရေးသားထားသည့် ရေးသားချက်များကို ထိရောက်စွာ အရေးယူပေးရန်အတွက် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှလည်း အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သမ္မတထံသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရတယ်။

    ဒါဟာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဒုတိယအကြိမ် တိုင်ကြားခြင်းဖြစ်ပြီး  ၃၁.၁.၂၀၁၄ ရက်နေ့ထုတ် အောင်ဇေယျတု အမှတ် ၇ စာစောင်တွင်လည်း အလားတူ အစ္စလာမ်သာသနာကို စော်ကားရေးသားခဲ့၍  ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်အစိုးရထံသို့ တရားဝင် ကန့်ကွက်တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

     

    declaration11