News @ M-Media

Tag: Australia

  • ဖမ်းဆီးထားသည့် သြစတေးလျ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်တစ်ဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

    မတ် ၄၊ ၂၀၁၄
    M-Media
    _73322955_73322950
    ပြီးခဲ့သည့်လက မြို့တော်ပြုံးယမ်းတွင် ဖမ်းဆီးခဲ့သည့် သြစတေးလျ သာသနာပြုပုဂ္ဂိုလ် တစ်ဦးအား မြောက်ကိုရီးယားမှ ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဂျွန်ရှော့ဟု အမည်ရသည့် အဆိုပါ သာသနာပြုပုဂ္ဂိုလ် လွတ်မြောက်ရေး အတွက် ဆွီဒင်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ပါကြောင်း၊ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနှင့် သြစတေးလျတို့မှာ သံတမန်အဆက်အသွယ် မရှိသောကြောင့် သြစတေးလျ နိုင်ငံသားများအနေဖြင့် မြောက်ကိုရီးယားသို့ လည်ပတ်ရန်အတွင် သေချာစွာ စဉ်းစားကြရန် သူမက သတိပေးပြောကြားခဲ့သည်။

    `(မြောက်ကိုရီးယားမှာ) ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေကို ကူညီဖို့ ကျွန်မတို့ရဲ့ စွမ်းရည်ဟာ အကန့်အသတ်ရှိပါတယ်´ ဟု သူမကဆိုသည်။

    ဂျွန်ရှော့အား ဟောင်ကောင်ရှိ ၎င်း၏နေအိမ်သို့ပြန်ရောက်ရန် သြတေးလျ အာဏာပိုင်များက စီစဉ်ထားပြီး၊ ယမန်နေ့နံနက်က မြောက်ကိုရီးယားမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    အသက် ၇၅ နှစ် အရွယ်ရှိပြီဖြစ်သည့် ဂျွန်ရှော့အား မြောက်ကိုရီးယာနိုင်ငံ အတွင်း ဘာသာရေး သွန်သင်ချက်များ ဖြန့်ဝေမှုဖြင့် မြောက်ကိုရီးယား အာဏာပိုင်များက ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ ပြန်လည် လွတ်မြောက်လာသည့်အတွက် ပျော်ရွှင်မိကြောင်း ဂျွန်ရှော့၏ ဇနီးဖြစ်သူ ကရင်န်က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    Photo- BBC

  • သြစတေးလျရှိ ကားထုတ်လုပ်မှုအား ၂၀၁၇ ခုနှစ်တွင် တိုယိုတာ ရပ်ဆိုင်းမည်

    သြစတေးလျရှိ ကားထုတ်လုပ်မှုအား ၂၀၁၇ ခုနှစ်တွင် တိုယိုတာ ရပ်ဆိုင်းမည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media

    ၂၀၁၇ ခုနှစ်တွင် သြစတေးလျရှိ ကားထုတ်လုပ်မှုအား တိုယိုတာ ရပ်ဆိုင်းမည်၊ အစိုးရက တိုင်းပြည်စီးပွားရေးအား ကူညီမပေးနိုင်ဟု အတိုက်အခံခေါင်းဆောင် ဝေဖန်

    _72866009_455233013

    – ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီတစ်ခုဖြစ်သည့် တိုယိုတာက သြတေးလျတွင်ရှိနေသည့် ၎င်းတို့၏ ကားထုတ်လုပ်မှု စက်ရုံကို ပိတ်ပစ်မည်ဟု ကြေညာ ခဲ့ပြီးနောက် သြစတေးလျ အစိုးရနှင့် အတိုက်အခံများအကြား နိုင်ငံရေးအရ တိုက်ခိုက်မှုများ ရှိလာခဲ့သည်ဟု သိရသည်။

    လာမည့် ၂၀၁၇ ခုနှစ်တွင် သြစတေးလျ၌ ကားထုတ်လုပ်မှုကို ရပ်နားမည်ဟု တိုယိုတာမှ ပြီးခဲ့သည့် တနင်္လာနေ့က ကြေညာခဲ့သည်။ ထို့ကြောင့် ထိုစက်ရုံရှိ အလုပ်အကိုင်အခွင့်အလမ်း ၂၅၀၀ ဆုံးရှုံးမည်ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အလုပ်အကိုင် ၂၅၀၀၀ မှ ၄၄၀၀၀ အထိ ဆုံးရှုံးမည်ဟု အစိုးရနှင့် ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    ထိုကိစ္စနှင့်ပက်သက်၍ အတိုက်အခံခေါင်းဆောင် ဘီလ်ရှော့တန်က အစိုးရအနေဖြင့် နိုင်ငံအတွင်း အလုပ်အကိုင်အတွက် ထောက်ပံ့မှုမရှိဟု ဝေဖန်ခဲ့ပြီး ၀န်ကြီးချုပ်မှာလည်း နိုင်ငံရေးကစားပွဲများ စွန့်စားမှုများနှင့်သာ အလုပ်ရှုပ်နေသည်ဟု ဝေဖန်ခဲ့သည်။

    “အဘ်ဘော့(သြစေတးလျ ၀န်ကြီးချုပ်) လက်ထက်မှာ ကားထုတ်လုပ်ရေးဟာ ကျရှုံးသွားပါပြီ။ အဲဒါဟာ ရှက်စရာပါပဲ” ဟု ဘီလ်ရှော့တန်က ဆိုသည်။

    သို့သော်လည်း အဘ်ဘော့ကမူ ထိုကိစ္စက အလုပ်သမားများအတွက် ဆိုးရွားသော မျှော်လင့်ချက်များကို ပေးလိမ့်မည်မဟုတ်ဘဲ ၎င်းတို့အတွက် ရေရှည်တွင် အနာဂတ်ကောင်းများရှိနေသည်ဟု ယုံကြည်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

    ထို့ပြင် နိုင်ငံ၏ စက်မှူဝန်ကြီး မက်ဖာလိန်းကလည်း တိုယိုတာစက်ရုံ ပိတ်သိမ်းမှုမှာ အစိုးရ၏ ထောက်ပံ့မှု အားနည်းခြင်းကြောင့် မဟုတ်ဘဲ၊ ထိုစက်ရုံ မရှိလည်း နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းမှာ ရှင်သန်လိမ့်မည်ဟု ပြေကြားခဲ့သည်။

    တိုယိုတာ ကုမ္ပဏီက သြစတေးလျတွင် ကားထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့သည်မှာ ၆၆ နှစ်ရှိပြီဖြစ်ပြီး Ford ကားကုမ္ပဏီနှင့် Holden ကား ကုမ္ပဏီတို့ သြစတေးလျမှ ထွက်ခွာသွားပြီးနောက်ပိုင်း ၁၂ လအတွင်း တတိယမြောက် ထွက်ခွာမှုလည်း ဖြစ်သည်။ ထို့ကြောင့် သြစတေးလျ အနေဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ကားအသစ်များအား ပြည်ပမှ ၀ယ်ယူ တင်သွင်းရတော့မည်ဖြစ်သည်။
    Ref : Xinhua

  • ဖွဲစည်းပုံဥပဒေ ပြင်ဆင်နိုင်ရေး သြဇီ ဝန်ကြီးချူပ်နှင့် ပြည်သူများ ကူညီရန် ဒေါ်အောင်ဆန်းစုကြည် သြဇီ ခရီးစဉ် အတွင်းပြောကြားခဲ့

    ဖွဲစည်းပုံဥပဒေ ပြင်ဆင်နိုင်ရေး သြဇီ ဝန်ကြီးချူပ်နှင့် ပြည်သူများ ကူညီရန် ဒေါ်အောင်ဆန်းစုကြည် သြဇီ ခရီးစဉ် အတွင်းပြောကြားခဲ့

    ဒီဇင်ဘာ ၃ ၊ ၂၀၁၃
    M-Media

    Aung+San+Suu+Kyi+Visits+Australia+Day+2+dzknWK0KIn8l
    Source: Pool/Getty Images AsiaPac

    အတိုက်အခံခေါင်းဆောင်က မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆန္ဒ ရှိနေပါသည်။ သြစတေးလျနိုင်ငံ၊ ကင်ဘာရာမြို့သို့ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့သော  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၀န်ကြီးချုပ် တိုနီအက်ဘော့တ်နှင့် နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ပါသည်။ သူမ၏ အလည်အပတ် ခရီးစဉ်အတွင်း သူမကို သမ္မတဖြစ်နိုင်ရေး အတွက် အဟန့်အတားဖြစ်နေသည့် လက်ရှိ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး တွင် အစိုးရနှင့် ပြည်သူများကို ကူညီကြရန် ပန်ကြားခဲ့သည်။

    မစ္စတာအက်ဘော့တ်နှင့်တွေ့ဆုံဆွေးနွေးအပြီးတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် နိုင်ဘယ်လ်ဆုရှင် သူမအနေဖြင့် မျှတသော ရွေးကောက်ပွဲများဖြစ်လာရန် ကြိုးစား တိုက်ပွဲဝင်နေကြောင်း ပြောကြားခဲ့ပါသည်။ “ကျွန်မတို့ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ စတင် ထွက်နေကြခြင်းသာဖြစ်ပြီး ဒီမိုကရေစီကို မရရှိသေးပါ၊ လူအများကတော့ တစ်မျိုး စဉ်းစားနေနိုင်ပါတယ်။ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်မှုမလုပ်သရွေ့ မှန်ကန်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဘယ်တော့မှဖြစ်မလာပါဘူး”ဟု ဆက်လက် ပြောကြားခဲ့ပါသည်။

    “သာမန်သြစတေးလျ ပြည်သူများက အချက်ကို ဤသတိထား မိစေလိုပါတယ်၊ ဒီမိုကရေစီစနစ်အတွင်းမှ ဖြစ်နေ၍ မိမိရဲ့ အစိုးရကိုလည်း သတိထားမိစေရန်နှင့် ကျွန်မတို့ကို ကူညီ ပေးကြရန် ပြောဆိုပေးကြပါ။”

    မြန်မာနိုင်ငံကို ၂၀၁၁-ခုနှစ်အထိ အုပ်ချုပ်ခဲ့သောစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီကို နိုင်ငံရေးဖြစ်စဉ်များမှ ဖယ်ထုတ်ထား လိုခဲ့ကြပါသည်။ ပြီးခဲ့သောနှစ်က ရွေးကောက်ပွဲ တွင် သူမ၏ ပါတီမှ လူအများရွေးချယ် ခံခြဲ့ကရပါသည်၊ စစ်တပ်က ကြီးမှူးရေးဆွဲခဲ့ပြီး (နှုတ်တိုက် ပြောကြားပြီး) အခြေခံဥပဒေက သူမကို သမ္မတရာထူး မရရှိအောင်ပြုလုပ်ထားပါသည်။ အသက်(၆၈)နှစ် ရှိပြီဖြစ်သောသူမက ယခုအခါအဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ရေးဆွဲပြီး သမ္မတရာထူး ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေပါသည်။

    မစ္စတာအက်ဘော့တ်ကမူ Burma ဟု ခေါ်ဆိုသည်။ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ များဖြစ်ပေါ်သင့်သည်ဟု ကျွန်တော်တို့သေချာစွာ စဉ်းစားမိကြောင်း၊ ယင်းရွေးကောက်ပွဲများကို လူအများက အမှန်အတိုင်းတွေ့မြင်ပြောဆိုသည့် အနေအထားမျိုးတွင် ပြုလုပ်ပေးသင့်ကြောင်း၊ သူ့အနေဖြင့် ဒီမိုကရေစီ၏ မှတ်တမ်းတင် စံထားရသူ တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့ခြင်းသည် ကြီးမား သော ဂုဏ်ယူဖွယ်ရာအဖြစ် ခံစားရပါကြောင်းပြောကြားခဲ့ပါသည်။

    ခေါင်းဆောင် နှစ်ဦးတို့၏ ပြောကြားချက် များကို Australia Network Newsမှ ဖော်ပြခဲ့ပါသည်။ ဒေါ်စုကြည်သည် ဆစ်ဒနီ၊ ကင်ဘာရာနှင့် မဲလ်ဘုန်းမြို့များသို့ ငါးရက်တာ ခရီးလာရောက်စဉ် အတွင်း ပြီးခဲ့သောဗုဒ္ဓဟူးနေ့က နာမည်ကျော် ဆစ်ဒနီအော်ပရာ ခန်းမတွင် ကျင်းပသော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့နှစ်ဘွဲ့ကို လက်ခံရယူခဲ့ပါသည်။

    သူမကို ပြီးခဲ့သောလူမျိုးရေး အဓိ ကရုဏ်းများတွင် လူနည်းစုဖြစ်သော မွတ်စလင်မ်များအတွက် လုံလောက်အောင် မဆောင်ရွက်နိုင်မှု အတွက် ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် အများစုနှင့်ဖြစ်ပွား ခဲ့သည့်လွန်ခဲ့သောနှစ်နှစ်ကျော်အတွင်း Sectarian Violence ဟုခေါ် သော ဘာသာရေး အခြေခံသည့်လူမျိုး ရေး ပဋိပက္ခများအတွင်း လူပေါင်း(၂၄၀)ကျော်သေဆုံးခဲ့ပြီး လူပေါင်း(၂၄၀,၀၀၀)ခန့် မိမိတို့နေအိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ကြရပါသည်။ အများစုမှာ ရိုဟင်ဂျာများဖြစ်ကြပါသည်။

    ၂၀၁၃-ခု၊ နိုဝင်ဘာ ၂၉-ရက်နေ့ထုတ် စင်ကာပူနိုင်ငံ တူဒေးသတင်းစာ(စာမျက်နှာ-၄၉)တွင် ဖော်ပြထားသော အေဂျင်စီ သတင်းဌာန၏ သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

    ရွှေမေတ္တာ(ခေတ္တ-စင်ကာပူ)

  • အမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်ထဲကပဲဖြစ်ရမယ်

    အမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်ထဲကပဲဖြစ်ရမယ်

    -နိုင်ငံသားအခွင့်အရေးနှင့် အမျိုးဘာသာသနာ စောင့်ရှောက်ရေး အခွင့်အရေးနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံသုံးသပ်ခံယူပါသနည်း မေးခွန်းအား ဒေါ်အောင်ဆန်း စုကြည်မှ ဖြေကြားခြင်း

    ဒီဇင်ဘာ ၁၊ ၂၀၁၃
    မဲလ်ဘုန်း- သြစတေးလျ

    သြစတေးလျနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က မဲလ်ဘုန်းမြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲမှ အမေးအဖြေအစီအစဉ်မှ မေးခွန်းတခုဖြေကြားစဉ်

    ကောက်နှုတ်ချက်
    ——————
    -နိုင်ငံသားအခွင့်အရေးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်တယ်။ အင်မတန်အရေးကြီးတယ်။
    -နိုင်ငံသားတိုင်း နိုင်ငံသူတိုင်း ဖွဲ့စည်းပုံကပေးထားတဲ့အခွင့်အရေးကို အပြည့်အဝရရှိရမယ်။
    -အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်အတွင်းကပဲဖြစ်ရမယ်။
    -ဖွဲ့စည်းပုံကို ချိုးဖောက်ပြီးလုပ်တဲ့ လုပ်ရပ်မျိုးမဖြစ်ရဘူး။
    -မြန်မာနိုင်ငံမှာ လူမျိုး၊ ဘာသာပေါင်းစုံရှိတယ်။ အားလုံးဟာ အေးအေးချမ်းချမ်းနေနိုင်ရမယ်။
    -ဒီတရက် ၂ ရက်အတွင်းမှာ ပြဿနာဖန်တီးနေတဲ့ အုပ်စုတွေရဲ့ ထောင်ခြောက်ထဲကို မဝင်သွားဖို့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ ၊ လူပုဂိုလ်လူကြီးတွေက သိပေးထိန်းသိမ်းနေတာ တွေ့ရကြောင်း၊
    -ကွာခြားရေး၊ မုန်းတီးရေးဘက်ကို မလိုက်သွားဖို့ လိုကြောင်း
    – နိုင်ငံသားအခွင့်အရေးအပြည့်အဝရဖို့အတွက်ဆိုတာ အစိုးရများရဲ့တာဝန်ဖြစ်ပါတယ်။ အဲဒါကိုမှ အာမခံနိုင်ရင် အစိုးရမလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။

  • အတူယှဉ်တွဲ နေထိုင်ရေး ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းချက်

    အတူယှဉ်တွဲ နေထိုင်ရေး ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းချက်

    သိန်းမိုးဝင်း (Burmese Muslims Community Sydney) မှ “ဘာသာလူမျိုးမခွဲခြားဘဲ မြန်မာပြည်သူပြည်သား အားလုံး အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် ပက်သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မည်သို့မည်ပုံ ဆောင်ရွက်နေကြောင်း မေးမြန်းချက်
    (Sydney Opera House on 27 Nov 2013)


    သိန်းမိုးဝင်း မေး။ ။ မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင် လူများစု (96%) နှင့် အစ္စလာမ်ဘာသာဝင် လူနည်းစု (4%) အကြားများ ဆက်တိုက်ဆိုသလို ပဋ္ဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ပက်သက်၍ ပြိးခဲ့သည့် အင်တာဗျူးတွင် နှစ်ဖက်စလုံး ကြောက်စိတ်များစွာ ဖြစ်ပေါ်လျှက်ရှိကြောင်းနှင့် တစ်ဆက်တည်းမှာပဲ “တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကြောင့်”ဟု အမေစု ပြောကြားခဲ့သည်။

    တရားဥပဒေစိုးမိုးအောင်ဆောင်ရွက်ရမည့် တာဝန်မှာ လက်ရှိအစိုးရမှ ထိထိရောက်ရောက် လုပ်ဆောင်ရန်လိုအပ်သည်မှာ တစ်ကဏ္ဍဖြစ်သည်။ ဒါပေမယ့်လို့ အမေစုသည် မြန်မာပြည်သူပြည်သား အားလုံး၏ တစ်ဥိးတည်းသော အားကိုးအားထားရာ မျှော်လင့် မျှော်မှန်းချက် ဖြစ်သည့်အတွက် ကျွန်ုပ်ကို ကျေးဇူးပြုပြိး မေးခွင့် ပြုပါ..

    အမေစုအနေနဲ့ မြန်မာပြည်တွင်း မှိတင်းနေထိုင်နေကြသော ပြည်သူပြည်သားအားလုံး ဘာသာလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်လာနိုင်ရေးအတွက် မည်သို့မည်ပုံ ကြိုးဆောင်ရွက်နေသည်ကို သိပါရစေ ခင်ဗျာ့။။

    ဒေါ်အောင်ဆန်းစုကြည် ဖြေ။ ။ ဟုတ်ကဲ့ ကျွန်မတို့ အနေနဲ့ အဲဒိဆောင်၇ွက်မှုကို လုပ်ဆောင်နေခဲ့သည်မှာ နှစ် 30 ကျော်ကြာခဲ့ပြိ။ ဘာဖြစ်လို့ ပြောရတာလဲဆိုတော့ ကျွန်မပြောခဲ့သလိုပဲ ကျွန်မတို့အနေနဲ့ 3 Pillars (Democracy, Human Rights, and National Reconciliation) နဲ့ အစပြုခဲ့ပါတယ်။ အကယ်၍သာ ဒိ သုံးခုသော Pillars ကို တစ်စုတစ်ပေါင်းတည်းသာ ပြည့်ပြည့်၀၀ လုပ်ဆောင်နိုင်မည်ဆိုလျှင် ကျွန်မ အနေနဲ့ ပြောရဲပါတယ် ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှုဆိုတာ ရှိလာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ Human Rights တွေကို အချင်းချင်းမှာ Respect ပေးလာကြလိမ့်မယ်။ တစ်ဥိးချင်းဆိလဲပဲ Democratic Rights တွေကို အနှစ်သာရရှိစွာ ခံစားနိုင်ကြမှာပါ။ ပြိးတော့လဲ Communities တွေ တစ်ခုနဲ့ တစ်ခုအကြား၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး အကြား ပိုမိုပြိးနားလည်မှု ရှိလာကြမှာပါ။

    အခုအချိန်မှာ ကျွန်မသည် တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဦးဆောင်ဥက္ကဌ ဖြစ်သည့်အတွက် ကျွန်မအနေနဲ့ ပြည်သူတွေ အကြား တရားဥပဒေစိုးမိုးမှုကို အခြေခံတဲ့ Harmonious Society ဖြစ်လာဖို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။

    တစ်ဆက်တည်းမှာပဲ ကျွန်မ မေတ္တာရပ်ခံချင်တာက ယခုလို ကျွန်မတို့ အနေနဲ့ မြန်မာတစ်ပြည်လုံး တရားဥပဒေစိုးမိုးမှု ခိုင်မြဲလာအောင် ဆောင်ရွက်နိုင်ဖို့ကာ ဒိကမိတ်ဆွေများထံမှ မိမိတို့နိုင်ရာ လုပ်အားဖြစ်စေ၊ ငွေကြေးအကူအညိဖြင့်ဖြစ်စေ ကူညိပံ့ပိုးပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်သွယ်လိုပါက ကော်မရှင် အသင်းဝင်များမှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ ကျေးဇူးတင်ပါသည်။

    သိန်းမိုးဝင်း။ ။ Thank you အမေစု

    via Tein Moe Win

    ABC News Full Link:
    http://www.abc.net.au/news/2013-11-26/aung-san-suu-kyi-speaks-at-the-sydney-opera-house/5115706