News @ M-Media

Tag: Australia

  • ၾသစေၾတးလ် တွင် ကလေးငယ် ၈ ဦး အသတ်ခံရ

    သြစတြေးလျ တွင် ကလေးငယ် ၈ ဦး အသတ်ခံရ

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    2014121933531505734_20
    – သြစတြေးလျမြောက်ပိုင်း ကွင်းစ်လန်းပြည်နယ်ရှိ နေအိမ်တစ်ခုတွင် ကလေးငယ် ၈ ဦး သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    ကာအာန်ဒေသရှိ နေအိမ်တခုတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိနေသည်ဟု ပတ်ဝန်းကျင်က ယနေ့ မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့အား အကြောင်းကြားရာမှ သွားရောက်ကြည့်ရှုခဲ့ရာတွင် ထိုကဲ့သို့ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူကလေးများမှာ အသက် ၁၈ လမှ ၁၅ နှစ် အရွယ်ရှိကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒဏ်ရာရနေသည့် အမျိုးသမီးကိုမူ ဆေးကုသမှုများပြလုပ်နေကာ စုံစမ်းစစ်ဆေးရန်အတွက် ဆောင်ရွက်နေသည်။

    ထိုအမျိုးသမီး၏ ၀မ်းကွဲတစ်ဦးကမူ သေဆုံးသွားသော အဆိုပါကလေးများမှာ မွေးချင်းများဖြစ်ကြပြီး ဒဏ်ရာရသူအမျိုးသမီးမှာ ၎င်းတို့၏ မိခင်ဖြစ်သည်ဟု ဆိုသည်။

    `သူ့ရဲ့အသက်က ၃၈ နှစ်ရှိပါပြီ။ အကြောင်းအရာတွေကိုပြောဖို့ အရမ်းစောနေပါသေးတယ်။ သူဟာအခု တည်ငြိမ်နေတဲ့အနေအထားမှာ ရှိနေပါတယ်။ ယခုအချိန်အထိတော့ ပြည်သူတွေက ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့ မလိုပါဘူး´ ဟု စုံထောက်တစ်ဦးဖြစ်သူ ဘရူနို အက်စ်နီကာက ပြောကြားခဲ့သည်။

    ထိုမှုခင်းဖြစ်ပွားသည့်နေရာမှာ ၀င်ငွေနည်းပါးသောသူများနေထိုင်ရာ ဒေသဖြစ်ပြီး အက်စ်နီကာကမူ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်ထားပြီး မည်သူမှ စိုးရိမ်ဖို့မလိုကြောင်း၊ ယခုလက်ရှိတွင် စုံစမ်းစစ်ဆေးနေပြီး အသေးစိတ်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Al Jazeera and agencies
  • သြစတေးလျ ခရစ်ကတ် အကျော်အမော် ဘောလုံးမှန်၍ သေဆုံး

    သြစတေးလျ ခရစ်ကတ် အကျော်အမော် ဘောလုံးမှန်၍ သေဆုံး

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    phil-hughes
    – ပြည်တွင်း  ခရစ်ကတ် ပြိုင်တစ်ခုတွင် ဦးခေါင်းအား ခရစ်ကတ် ဘောလုံး ထိမှန်ခဲ့သည့် သြစတေးလျ ခရစ်ကတ် ကစားသမားမှာ ယနေ့တွင် သေဆုံးခဲ့သည်ဟု သိရသည်။

    အသက် ၂၅ နှစ်အရွယ် ဖီးလစ်ဟုဂ်ျဆိုသူဖြစ်ပြီး အင်္ဂါနေ့က ကစားခဲ့သောပွဲတွင် ထိုကဲ့သို့ ထိခိုက်မိခဲ့ခြင်းဖြစ်ကာ ဆစ်ဒနီဆေးရုံ၌ ခွဲစိတ်ကုသပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

    သြစေတးလျခရစ်ကတ် အသင်း၏ ဆရာဝန်ဖြစ်သူ ပီတာ ဘရန်ကာကမူ ဖီးလစ်မှာ ၎င်း၏ ၀ဲဘက်နောက်နားတွင် ခရစ်ကတ်ဘောလုံး ထိမှန်ခဲ့ပြီးနောက် သတိလစ်သွားခဲ့ပြီး လုံးဝ သတိပြန်လည်လာခြင်း မရှိတော့ဟု ပြောကြားခဲ့သည်။

    AP_HUGHES_141127_DG_16x9_992

    `ဖိလစ်ဟုဂ်ျဟာ ခုနကပဲ ကွယ်လွန်သွားတယ်ဆိုတာကို ကျွန်တော်တို့ ၀မ်းနည်းစွာနဲ့ အသိပေး အကြောင်းကြားပါတယ်။ ကွယ်လွန်ချိန် သူနားမှာ မိသားစုတွေ၊ အရင်းနှီးဆုံး မိတ်ဆွေတွေ ရှိနေတာကြောင့် သူဟာ နာကျင်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခရစ်ကတ်အသိုင်းအ၀ိုင်းကလည်း သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွင် ၀မ်းနည်းမိပြီး ဖိလစ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေအားလုံးကိုလည်း အရမ်း ကိုယ်ချင်းစာပါတယ်´ဟု သြစတေးလျ ခရစ်ကတ် ၀ဘ်ဆိုက်တွင် ဖော်ပြထားသော ကြေညာချက်တွင် ဘရန်ကာက ပြောကြားခဲ့သည်။

    ဖိလစ်၏ ကစားဖော်များ၊ မိတ်ဆွေများနှင့် ပရိတ်သတ်များကလည်း ဆိုရှယ်မီဒီယာများတွင် ဖီလစ်ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

    ဖိလစ်မှာ သြစတေးလျတွင် နာမည်ကြီး အားကစားသမားတဦးဖြစ်ပြီး သြစတေးလျအသင်း အတွက် တစ်ပွဲထဲတွင် အမှတ် ၂၀၀ ကျော်ရအောင် စွမ်းဆောင်ပေးနိုင်သော အသက်ငယ်ဆုံး ကစားသမားလည်း ဖြစ်သည်။

  • ရည်းစားကို သတ်ပြီး ချက်ပြုတ်ခဲ့တဲ့ သြဇီက စားဖိုမှူး

    ရည်းစားကို သတ်ပြီး ချက်ပြုတ်ခဲ့တဲ့ သြဇီက စားဖိုမှူး

    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    MURDER SUICIDE TENERIFFE– သြစတေးလျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် စားဖိုမှူးရည်းစားဖြစ်သူက ချစ်သူအား သတ်ကာ ချက်ပြုတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အနံ့အသက်များ ဆိုးရွားသည်ဟု အိမ်နီးချင်းများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ ဘရစ္စဘိန်းမြို့ ဆင်ခြေဖုံးရှိ တိုက်ခန်းတစ်ခုကို ၀င်ရောက်စစ်ဆေးခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသူ အသက် ၂၇ နှစ်အရွယ် မာယန် ပရာဆက်ယို၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို ရည်းစားဖြစ်သူ အသက် ၂၈ နှစ်အရွယ် မားကတ်စ် ပီတာ ဗိုလ်ကီဆိုသူက ချက်ပြုတ်နေသည်ဟို တွေ့ရှိခဲ့ရသည်။

    ဗိုလ်ကီမှာ ရဲတပ်ဖွဲ့များ ရောက်လာချိန်တွင် ထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းအား လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကာ မိမိကိုယ်ကို သတ်သေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ပရာဆက်ယိုနှင့် ဗိုလ်ကီတို့မှာ ပြီးခဲ့သည့်နှစ်က စေ့စပ်ထားသည်ဟု  ဗိုလ်ကီ၏ Facebook တွင် ရေးသားမှုအရ သိရပြီး ၎င်းတို့၏ အမည်မဖော်လိုသော အတန်းဖော်ဟောင်း တစ်ဦးကမူ ၎င်းတို့ ၂ ဦးမှာ လက်ထပ်ထားကာ ပြီးခဲ့သည့်နှစ်က ဂျာမနီသို့ပင် ဟန်းနီးမွန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပရာဆက်ယို၏ ကျန်ရှိနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အဆိုပါ တိုက်ခန်း၏ အပြင်ဘက်ရှိ အမှိုက်ပုံးထဲတွင် တွေ့ရှိခဲ့ရသည်။

    ref_ Daily Mail

  • လေထုညစ်ညမ်းမှု အတွက် ကာဗွန်ခွန် ကောက်ခံမှုအား သြစတေးလျ ပယ်ဖျက်

    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    201471731622345734_20
    – နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ကာ လေထုအား အဆိုဝါးဆုံး ညစ်ညမ်းစေသူများအပေါ် ထားရှိသည့် အခွန်များကို သြစတေးလျ အစိုးရက ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် ဇူလိုင်လက လေဘာအစိုးရမှ စတင်မိတ်ဆက်ခဲ့သည့် အဆိုပါအခွန်စည်းကြပ်မှုအား ဖယ်ရှားရန် သြစတေလျဆီးနိတ် လွှတ်တော်မှ ယနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၃၉ မဲ ကန့်ကွက်မဲ ၃၂ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။

    ကာဗွန်ဒိုင်အောက်ဆိုက် ၁ မက်ထရစ်တန်ထုတ်လွှတ်ပါက အခွန် ကန်ဒေါ်လာ ၂၂.၆၀ ပေးဆောင်ရန် သတ်မှတ်ထားသည့် အဆိုပါဥပဒေမှာ လေဘာ အစိုးရ၏ နိုင်ငံရေးသမားများအတွက် နိုင်ငံရေးအဆိပ်အတောက်လည်း ဖြစ်ခဲ့သည်။

    ပြီခဲ့သည့်နှစ်က အာဏာရခဲ့သည် ၀န်ကြီးချုပ် တိုနီ အဘော့၏ အစိုးရကလည်း ထိုအခွန်အား လျော့ချမည်ဟု ပြည်သူများအား ကတိပေးခဲ့ပြီး ထိုကဲ့သို့လျော့ချခြင်းက နေအိမ်များရှိ လျှပ်စစ်ဓာတ်အားခကို လျော့ကျစေမည်ဟုလည်း ပြောကြားခဲ့သည်။ ယခုကဲ့သို့ လျော့ချခြင်းအား ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများက ချီးကျူးခဲ့ကြသည်။

    Ref: : Agencies

  • အာရှဒေသအတွင်း ငြိမ်းချမ်း တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဂျပန်ပြော

    ဇူလိုင် ၉ ၊ ၂၀၁၄
    M-Media
    Japan's Abe declares peace goals in historic Australia visit
    – အာရှဒေသတွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်ရန် မိမိတို့ ဆုံးဖြတ်ထားသည်ဟု သြစတေးလျသို့ ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်၏ စစ်တပ်၏ ပေါ်လစီအချို့အား အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် အိမ်နီးချင်း တရုတ်နိုင်ငံအပါအ၀င် နိုင်ငံတကာက ဝေဖန်မှုများကို ခံနေရနေရစဉ် အာဘေးက ယခုကဲ့သို့ တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးကို နှစ်သက်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကျွန်တော်တို့ တန်ဖိုးထားပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုလည်း ကျွန်တော်တို့ ဆုပ်ကိုင်ထားပါတယ်” ဟု သြစတေးလျ ပါလီမန်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းတွင် အာဘေးက ပြောကြားခဲ့သည်။

    ထို့ပြင် ဂျပန်နှင့် သြစတေးလျ နှစ်နိုင်ငံအကြား ထူခြားသည့်ဆက်ဆံရေးကို ဖော်ဆောင်ရန်လည်း အာဘေးက တိုက်တွန်းခဲ့သည်။

    ဂျပန်၏ ကာကွယ်ရေးလက်နက်ကိရိယာများနှင့် နည်းပညာများကို သြစတေးလျသို့ လွှဲပြောင်းရေအတွက် သဘောတူညီချက်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း နှစ်နိုင်ငံလက်မှတ်ထိုးရန် ရှိနေသည်။ သြစေတေးလျမှာ ဂျပန်နှင့် ရေပိုင်နက်ဆိုင်ရာ တင်းမာမှုများရှိနေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ လည်းဖြစ်သည်။

    AFP