News @ M-Media
Tag: Australia
  • ၾသစေတးလ် နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    Aussie-Rugby-Star-Seeks-New-Life-in-Islam_0
    လက်ဝှေ့အားကစားသမားတစ်ဦး၏ အကူအညီကြောင့် သြစတေးလျ နာမည်ကြီး ရဘ်ဘီကစားသမားတစ်ဦးဖြစ်သည့် ဘလက် ဖာဂူဆန်မှာ အစ္စလာမ်ဘာသာ အတွင်းသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့် သောကြာနေ့က ဆစ်ဒနီမြို့ရှိ Zetland ဗလီဝတ်ကျောင်းတော်တွင် သြစတေးလျ လက်ဝှေ့ကစားသမား မွန်ဒိုင်းနှင့်အတူ ၀တ်ပြုဆုတောင်းနေသည့် ဖာဂူဆန်၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် သတင်းများက ဖာဂူဆန်မှာ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ကြောင်း ဖော်ပြခဲ့ကြသည်။
    ဖာဂူဆန်က အစ္စလာမ်မှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည့် ၎င်း၏ဘ၀အား ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီနိုင်မည်ဟု ယူဆသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အယူဝါဒအသစ်သို့ ပြောင်းလဲခြင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    ဖာဂူဆန်မှာ အစ္စလာမ်သို့ ပြောင်းလဲဝင်ရောက်လာသည့် ပထမဆုံး ရဘ်ဘီကစားသမားမဟုတ်ဘဲ၊ လွန်ခဲ့သည့်ငါးနှစ်က နယူးဇီလန် ရဘ်ဘီအကျော်အမော် ဘီလ် ၀ီလီယံမှာ ဆစ်ဒနီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင် လာခဲ့သည့် ပထမဦးဆုံး ရဘ်ဘီကစားသမားဖြစ်သည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးလျှင် သြစတေးလျရှိ ဒုတိယအကြီးဆုံးအယူဝါဒတစ်ခုဖြစ်ပြီး သြစတေးလျလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာ ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။
    Ref :  OnIslam & Newspapers
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • ဒေါ်အောင်ဆန်းစုကြည် သြဇီခရီးစဉ်မှ အခမ်းအနားအားလုံး ကချင်အဖွဲများ မတက်
    နိုဝင်ဘာ ၁၁။ ၂၀၁၃
    M-Media
    ဒေါ်အောင်ဆန်းစုကြည် သြဇီခရီးစဉ်မှ အခမ်းအနားအားလုံး မတက်ဟု သြဇီရောက် ကချင်အဖွဲ့များ စုပေါင်း၍ ကြေညာချက်ထုတ်
    နိုဝင်ဘာလ ၂၇ ရက်နေ့ မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သြစတြေးလျနိုင်ငံကို သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်အတွင်း သြစတြေးလျရှိ ကချင်အဖွဲ့များ တက်ရောက်မည်မဟုတ်ဟု သြစတြေးလျရှိ ကချင်အမျိုးသား အစည်းအရုံး များ၏ စုပေါင်း သဘောထား ကြေညာချက် တစ်စောင် ကို ဒီနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ပါသည်။
    ကြေညာချက်တွင် ကချင်ပြည်နယ်မှ လူ့အခွင့်ရေး ချိုးဖောက်မှုများကို အတိုက်အခံဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှ ရှုံချရမည့်အစား ဗမာစစ်တပ်ကို ချစ်ခင်နှစ်သက်ကြောင်း ပြောကြားခဲ့ခြင်း နှင့် နိုင်ငံတကာမှ ဗမာစစ်တပ်ကို ကူညီ ပံ့ပိုးရန် စည်းရုံးလှုံဆော်ခြင်းဖြင့် ဗမာစစ်တပ်၏ ဆိုးရွားသော လူ့အခွင့်အရေး Kachinချိုးဖောက်မှုများကို မှေးမိန်အောင် ပြောဆိုမှုများမှာ ကချင်လူထု ရင်ဆိုင်နေရသော အခွင့်အရေး ချိုးဖောက်မှုများကို ဥပက္ခာ ပြုရာရောက်ကြောင်း ဖော်ပြထားသည်။
  • ဒေါ်အောင်ဆန်းစုကြည် သြစတေးလျသို့ သွားရောက်လည်ပတ်မည်
    နိုဝင်ဘာ ၆၊ ၂၀၁၃
    M-Media
    20131136475110734_20
    မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုလ နှောင်းပိုင်းတွင် သြတေးလျနိုင်ငံသို့ သွားရောက်မည်ဟုသိရသည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ နိုဝင်ဘာ ၂၇-ရက် နေ့မှ ဒီဇင်ဘာ ၂-ရက်နေ့အထိ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် မဲလ်ဘုန်းမြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။
    ထိုခရီးစဉ်အတွင်း ဆစ်ဒနီတွင်ကျင်းပမည့် ကုလသမဂ္ဂ အိခ်ျအိုင်ဗီ အကူအညီ ပေးရေး ကွန့်ဖရန်အားတက်ရောက်မည်ဖြစ်ပြီး သြစတေးလျရောက် မြန်မာ မိသားစုများနှင့် လည်း တွေ့ဆုံမည်ဖြစ်သည်။
    သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ဒေါ်အောင်ဆန်းစုကြည် အား သြစတေးလျနိုင်ငံမှကြိုဆိုပြီး ယခုကဲ့သည့် လာရောက်မည့် အတွက် လည်း ၀မ်းမြောက် မိကြောင်း ပြောကြားခဲ့သည်။
    Ref : ABC
  • သူလျှိုလုပ်မှု သြစတေးလျနှင့် အမေရိကန်တို့အား မလေးရှားသတိပေး
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    USA
    မလေရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ သံရုံးများမှ လုပ်ဆောင်နေသည့် သူလျှိုလုပ်ငန်းများအတွက် သြစတေးလျနှင့် အမေရိကန်နိုင်ငံတို့အား မလေးရှားက သတိပေးပြောဆိုလိုသည်။
    ထို့ကဲ့သိုပြောဆိုမှုမှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အိန္ဒိယသမုဒ္ဒရာ ပတ်ဝန်းကျင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၁၃ ကြိမ်မြောက်ကျင်းပသော ၀န်ကြီးအဆင့်အစည်းအဝေးပွဲတွင် မလေးရှားနိုင်ငံခြားရေး ၀န်ကြီး အန်နီဖာ အေမန်က သြစတေးလျနိုင်ငံခြားရေး ၀န်ကြီး ဂျူလီဘစ်ရှော့အား သီးခြားတွေ့ဆုံကာ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံပိုင်မီဒီယာ  Bernama ကဖော်ပြခဲ့သည်။
    ထို့ပြင် မလေးရှားတွင်ပြုလုပ်နေသည့် သြစတေးလျ၏ သူလျှိုလုပ်ငန်းများက မလေးရှားပြည်သူများအား မကျေနပ်မှုကိုဖြစ်ပွားစေပြီး နှစ်နိုင်ငံ ရှိပြီးသား ဆက်ဆံရေးအား ပျက်ဆီးစေနိုင်သည်ဟု အန်နီဖာက ထည့်သွင်းပြောကြားခဲ့သည်။
    အမေရိကန်နှင့် သြစတေးလျတို့က ကွာလာလမ်ပူတွင် သူလျှိုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သံအမတ်နှင့် သြစတေးလျ သံအမတ်တို့ကိုဆင့်ခေါ်ကာ ထိုသူလျှိုလုပ်ငန်းများအား ကန့်ကွက်ကြောင်း သ၀ဏ်လွှာပေးအပ်ခဲ့သည်။
  • သြစတေးလျ မှ မွတ်စ်လင်မ် အမျိုးသမီးများ ဖက်ရှင်ပြပွဲ အခမ်းအနား
    စက်တင်ဘာ၊ ၂၉၊ ၂၀၁၃
    M-Media
    Muslim women's fashion exhibition
    ဖက်ရှင် နှင့် သိမ်မွေ့မှုကို ပေါင်းစပ်ထားသော သြစတေးလျဖက်ရှင်ပြပွဲသည် သာသနာကိုင်းရှိုင်းသည့် မွတ်စ်လင်မ်အမျိုးသမီးများ၏ ယဉ်ကျေးမှုပုံဟန်များကို ပြသမည်ဖြစ်ပြီး၊ အစ္စလာမ့်ဖက်ရှင်ဈေးကွက်၏ လစ်လပ်နေသောကွက်လပ်ကို ဖြည့်ဆည်းပေးမှာဖြစ်သည်။
    “ ကျွန်မ ဖန်တီးထားတဲ့ ဒီဇိုင်းများဟာ သက်တောင့်သက်သာနဲ့ဖက်ရှင်ကျကျဆင်ယင်လိုတဲ့ အမျိုးသမီးများအတွက်ဖြစ်ပြီး အမျိုးသမီးတွေအဖို့ အဆင်ပြေလွယ်ကူစေမှာပါ ” ဟု အစ္စလာမ့်ရိုးရာဖက်ရှင်ပြပွဲတွင် Dima G တံဆိပ်ဖြင့်ပါဝင်တင်ဆက်မည့် ဒီဇိုင်းနာတစ်ဦးဖြစ်သူ ဒီမာ ကတ်တန် (Dima Kattan) က Herald Sun သို့ ကြာသာပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။
    ယုံကြည်မှု နှင့် ဖက်ရှင်၊ သြစတေးလျရှိ မွတ်စ်လင်မ်အမျိုးသမီးများ၏ စတိုင်လ်ကို ဖော်ပြပေးမည့် လူဝင်မှုကြီးကြပ်ရေးပြတိုက်၏ ပြပွဲ (Immigration Museum exhibition Faith, fashion, fashion: Muslim Women’s Style in Australia) ကို အောက်တိုဘာလ ၁၀ ရက်မှ ဇူလိုင်လ ၉ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
    မွတ်စ်လင်မ်ဖက်ရှင်ဒီဇိုင်နာအသီးသီးတို့၏လက်ရာများနှင့်တစ်ကွ ရိုးစင်းသိမ်မွေ့သော မွတ်စ်လင်မ့်ယဉ်ကျေးမှုကို အားပေးမြှင့်တင်ရန် ပြပွဲမှ ရည်ရွယ်သည်။ ၄င်းသည် သြစတေးလျမွတ်စ်လင်မ်အမျိုးသမီးတို့၏လိုအပ်ချက်များကို ဖြည့်စွမ်းပေးခြင်းဖြစ်သည်။
    “ အမှတ်တံဆိပ်အများအပြားက ဖက်ရှင်ကျကျခေါင်းဆောင်းခြုံလွှာများကိုရှာဖွေရာမှာ ကိုယ်ပိုင်အတွေ့အကြုံများခဲ့တဲ့ မွတ်စ်လင်မ်အမျိုးသမီးတွေဖန်တီးထားတာပါ။ သီးသန့်ကန့်သတ်ရောင်းချခြင်း သို့မဟုတ် ထုတ်လုပ်ရောင်းချမှုရှိမနှေခြင်းက သူတို့ကို ကိုယ်ပိုင်ဒီဇိုင်း စတင်ဖန်တီးချုပ်လုပ်အောင် ဖြစ်လာစေခဲ့ပါတယ် ” ဟု လူဝင်မှုကြီးကြပ်ရေး ပြတိုက်မန်နေဂျာ ပါဒ်မီနီ စီဘတ်ရှန် (Padmini Sebastian) မှ ဆိုသည်။
    ဈေးကွက်ဝေစုအမျိုးမျိုးကိုပါ ဦးတည်၍ မွတ်စ်လင်မ်ဖြစ်စေ မွတ်စ်လင်မ်မဟုတ်သူများဖြစ်စေ အားလုံးအတွက် အံဝင်ဆီလျော်သည့် ခေတ်မီဒီဇိုင်းများကိုလည်း ပြပွဲမှ ခင်းကျင်းပြသသွားမည်ဖြစ်သည်။
    “ နာမည်ကြီး ပေါ့ပ်အဆိုကျော် ရီးဟန်နား (Rihanna) ရဲ့ အဆင့်မြင့်အဆင်အယင်များကို ဖန်တီးတဲ့ ဒီဇိုင်းဖန်တီးသူလည်း ဒီထဲမှာပါဝင်ပါတယ်။ ကမ္ဘာ့တစ်ခုတည်းသော Burquini လို့ခေါ်တဲ့ရေကူးဝတ်စုံ ဖန်တီးသူ ဒီဇိုင်းနာ အထိ ပါဝင်မှာဖြစ်ပါတယ် ”။
    အစ္စလာမ့်ယုံကြည်မှုကို မော်ဒန် ဖက်ရှင်ဒီဇိုင်းနှင့် တွဲဖက်ထားသည့်ပြပွဲအား ၂၀၁၂ ခုနှစ် ဧပြီလတုန်းက ပထမဆုံး အကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။
    အစ္စလာမ်တွင် ဟိဂျာ့ဗ် (Hijab) ၀တ်ဆင်ခြင်းသည် တာဝန်ရှိသော်လည်း ထိုသို့ဝတ်ဆင်မှသာ ဘာသာရေးကိုင်းရှိုင်းကြောင်းဖော်ပြသည့် အမှတ်လက္ခဏာတော့ မဟုတ်ပေ။
    ခေါင်းဆောင်းခြုံပုဝါ၀တ်ဆင်ခြင်းကို အမြင်မကြည်လင်၍ ၂၀၀၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ အများမြင်ကွင်း၌ ဟိဂျာ့ဗ်ဝတ်ဆင်မှုအား တားမြစ်ပိတ်ပင်လိုက်ကတည်းကစ၍ အခြား ဥရောပ နိုင်ငံအချို့တွင်လည်း အလားတူလမ်းကြောင်းသို့ လိုက်ခဲ့ကြသည်။
    အပြောင်းအလဲ
    —————-
    ပါကစ္စတန်မှလာရောက်ပြီး သြစတေးလျတွင် ၂၅ နှစ်ကျော်နေထိုင်လာခဲ့သူ ကတ်တန် (kattan) သည် ဟီဂျဗ်အား လွန်ခဲ့သော ၈ နှစ်မှ စတင်ဝတ်ဆင်ခဲ့သည်။
    “ ဟိဂျာ့ဗ် မ၀တ်ဆင်ခင်က မည်သူမှ ကျွန်မကို အီတလီလား၊ မွတ်စ်လင်မ်လား ဆိုတာ မခွဲခြားနိုင်ခဲ့ကြဘူး။ အခုတော့ လူတိုင်းက မြင်တာနဲ့ ချက်ခြင်းသိနိုင်ပါတယ် ” ဟု သူမကပြောသည်။
    “ ဘယ်နေရာမှာမဆို မကောင်းပြောသူတွေကတော့ ကြိုကြားကြိုကြား ရှိနေတတ်ပါတယ်။ သို့ပေမယ့် သြစတေးလျရှိ လူအများစုဟာ အလွန်ကိုဖော်ရွေပြီး နားလည်မှုရှိကြတာကို တွေ့ရပါတယ် ”။
    အစ္စလာမ့်ဖက်ရှင်ဒီဇိုင်း ပုံဟန်အသစ်များသည် အစ္စလာမ်ဘာသာဝင်မဟုတ်သူများကိုပါ ဆွဲဆောင်လျက်ရှိသည် ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။ မကြာသေးမီက ကတ်တန်သည် သူမ၏အမှတ်တံဆိပ် Dima G ဖြင့် ဖက်ရှင်ရေစီးကြောင်းတွင် လိုက်ပါနေသူတစ်ဦးအဖြစ် စတင်ခဲ့သည်။ သို့သော် ဟိဂျာ့ဗ်ဖက်ရှင် ဟု ဆိုပါက ပိုမိုမှန်ကန်ပေလိမ့်မည်။ သူမသည် လာမည့်ပြပွဲတွင် ပါဝင်ရန် အလွန်စိတ်အားထက်သန်လျက်ရှိနေသည်။
    သြစတေးလျတွင် မွတ်စ်လင်မ်များ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီး၊ နိုင်ငံ့လူဦးရေ သန်း ၂၀ တွင် လူဦးရေတွင် ၁.၇ ရာခိုင်နှုန်း ပါဝင်နေပါသည်။ ခရစ်ယာန်ဘာသာ၏နောက်တွင် အစ္စလာမ်သည် သြစတေးလျ၌် ဒုတိယ အကြီးမားဆုံး သာသနာအဖြစ် ရပ်တည်လျက်ရှိသည်။