News @ M-Media

Tag: Australia

  • သြဇီတွင် ခင်ပွန်းက ဇနီးသည်ကို သတ်ဖြတ်ချက်ပြုတ်မှု ဖြစ်ပွား

    သြဇီတွင် ခင်ပွန်းက ဇနီးသည်ကို သတ်ဖြတ်ချက်ပြုတ်မှု ဖြစ်ပွား

    မေ ၁၆၊ ၂၀၁၇
    M-Media

    – သြစတေးလျမှာ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဇနီးသည်ကို သတ်ဖြတ်ကာ ချက်ပြုတ်မှု ဖြစ်ပွားခဲ့ပြီး မီးပြင်ဆရာရဲ့ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က သိရှိခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်ပျက်မှာ မားကက်စ် ဗိုလ်ကီဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူတဲ့ မာယန် ပရာဆက်ယိုကို သတ်ဖြတ်ပြီး အပိုင်းပိုင်းခုတ်ကာ ဟင်းချက်နေစဉ်အတွင်းမှာ လျှပ်စစ်မီးဖိုးထဲကို ရေကျပြီး ဓာတ်အား ပြတ်တောက်သွားတာနဲ့ တွေ့ကြုံခဲ့ရပါတယ်။

    အဲဒီအချိန်မှာ ဗိုလ်ကီက မီးပြင်ဆိုင်တစ်ခုကို ပြင်ဆင်ဖို့ ဖုန်းနဲ့ လှမ်းခေါ်ခဲ့ပြီး မီးဆရာ မစ္စတာ ကွိုင်နီ ရောက်လာတဲ့အချိန်မှာ သူက ၀က်သားဆန်ပြုတ် ချက်နေတာလို့ ပြောကြားခဲ့ပါတယ်။

    ကွိုင်နီက အစွန်းချွတ်ဆေး၊ အမှိုက်အိတ်တွေ၊ ရာဘာ လက်အိတ်တွေဟာ အခန်းထဲမှာ ပြန့်ကျဲနေတာကို တွေ့ပြီးတဲ့နောက် မီးပြင်ပြီး တိုက်ခန်းထဲက ပြန်ထွက်သွားချိန်မှာ အဆောက်အဦးမန်နေဂျာကို အသိပေးခဲ့ပါတယ်။

    မန်နေဂျာက ရဲကိုခေါ်လိုက်ပြီး ရဲက တံခါးလာခေါက်တဲ့အချိန်မှာ ဗိုလ်ကီက တံခါးမဖွင့်သေးဘဲ ခွေးတွေကို သွားကြည့်ရအုံးမယ်ဆိုပြီး အနောက်ကို ပြန်ဝင်သွားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ သူ့လည်ပိုင်းကို ဓားနဲ့လှီးပြီး ပန်းခြံစည်းရိုးကို ခုန်ကျော်က အမှိုက်ပုံးတစ်ခုထဲမှာ ၀င်ရောက်ပုန်းနေခဲ့ပါတယ်။ ဗိုလ်ကီဟာ အဲဒီမှာပဲ သေဆုံးသွားခဲ့ပါတယ်။

    ရဲတွေကတော့ ဗိုလ်ကီရဲ့ အခန်းထဲမှာ တွေ့မြင်နေရတာဟာ ကျီစားမှုတစ်ခုသာ ဖြစ်တယ်လို့ အစောပိုင်းက ထင်ခဲ့ပေမယ့် မီးဖိုဆောင် ကြမ်းပြင်မှာချထားတဲ့ အိုးတစ်ခုထဲက လူခြေထောက်အပါအ၀င် အခြား လူ့ခန္ဓာကိုအစိတ်အပိုင်းတွေကို တွေ့လိုက်ရတဲ့အခါမှာ တုန်လှုပ်သွားခဲ့ပါတယ်။

    အိမ်နီးချင်းတွေကတော့ ရက်အနည်းငယ်အရင်က မာယန် ပရာဆက်ယိုဟာ ခွေးကျောင်းထွက်တာကို တွေ့ခဲ့ရပြီး၊ လင်မယားနှစ်ယောက် အချင်းများသံကိုလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

    မာယန် ပရာဆက်ယိုဟာ အင်ဒိုနီးရှား လိင်ပြောင်းအမျိုးသားတစ်ဦးဖြစ်ပြီး သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးဟာ ကြေးမြင့် လိင်လုပ်သားတွေ ဖြစ်ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူတို့နှစ်ယောက်ဟာ ကိုပင်ဟေဂင်မှာ လက်ထပ်ခဲ့ကြပါတယ်။

    ပရာဆက်ယိုရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို အင်ဒိုနီးရှားမှာ သင်္ဂြီုဟ်ဖို့အတွက် ဆွေမျိုးတွေက သြစတေးလျ အာဏာပိုင်တွေကို ဆက်သွယ် တောင်းယူခဲ့ကြပါတယ်။

    Ref: Independent

  • သြဇီ အင်္ဂလိကန်အသင်းတော်မှ ဘုန်းကြီးများ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု တိုင်ကြားခံရ

    သြဇီ အင်္ဂလိကန်အသင်းတော်မှ ဘုန်းကြီးများ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု တိုင်ကြားခံရ

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – သြစတေးလျ အင်္ဂလိဂန်အသင်းတော်မှ ဘုန်းကြီများ၊ တာဝန်ရှိသူများမှာ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်သည်ဆိုသည့် တိုင်ကြားမှု စုစုပေါင်း ၁၁၀၀ ကျော် ရှိသည်ဟု တော်ဝင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားလိုက်သည်။

    ကျူးလွန်သည်ဆိုသည့် အဖြစ်အပျက်များမှာ ၁၉၈၀ မှ ၂၀၁၅ ခုနှစ်အကြား အချိန်ကာလတွင်ဖြစ်ပြီး ရဟန်းဝတ်ထားသည့် ဘုန်းကြီး ၂၄၇ ဦးအပါအ၀င် အသင်းတော်တွင် တာဝန်ထမ်းဆောင်နေသူ ၅၆၉ ဦးအပေါ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    အင်္ဂလိကန်အသင်းတော်ကလည်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ကျူးလွန်ခံရသူများ တိုင်ကြားမှုမရှိစေရေး ကြိုးစားခဲ့သည်ဟု ၀န်ခံခဲ့သည်။

    ဂိုးဏ်ချုပ်ဘုန်းတော်ကြီး ဖိလစ် ဖရေအာကမူ အသင်းတော်၏ တုန့်ပြန်မှုအတွက် အလွန် ရှက်မိသည်ဟု ပြောကြားခဲ့သည်။

    ကလေးငယ်များ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု တုန့်ပြန်ရေး တော်ဝင်ကော်မရှင်မှာ အခြားသော ဘာသာရေးအဖွဲ့စည်းနှင့် ဘာသာရေးမဟုတ်သော အဖွဲ့အစည်းများအပေါ် ရှိနေသည့် စွပ်စွဲချက်များကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ပြီးခဲ့သည့်လက လူပေါင်း ၄၄၀၀ မှာ ၎င်းတို့အနေဖြင့် နှစ်ပေါင်း ၃၅ နှစ်အတွင်း သြစတေးလျ ကက်သလစ်အသင်းတော်မှ တာဝန်ရှိသူများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရသည်ဟု တိုင်ကြားခဲ့ကြသည်။

    Ref : CNN

  • ရာသီဥတုဖောက်ပြန်မှုကြောင့် သြဇီရေကန်တစ်ခု ပန်းရောင်ပြောင်း

    ရာသီဥတုဖောက်ပြန်မှုကြောင့် သြဇီရေကန်တစ်ခု ပန်းရောင်ပြောင်း

    မတ် ၈၊ ၂၀၁၇
    M-Media

    – သြတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဗစ်တိုးရီးယားမြို့နယ်က ရေကန်ကြီးတစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပန်းရောင်ပြောင်းသွားပြီး ကျွမ်းကျင်သူတွေကတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Westgate ပန်းခြံက ဒီရေကန်ရဲ့ အောက်ခြေမှာ ပေါက်နေတဲ့ မှော်ပင်တွေကနေ ထွက်တဲ့အရောင်ကြောင့် ဒီလို ပန်းရောင်ပြောင်းသွားတာဖြစ်ပြီး ဒါဟာ ပူနွေးတဲ့ရာသီဥတု၊ နေပူဒဏ်၊ မိုးရွာသွန်းမှုနည်းခြင်းနဲ့ ဆားငန်မှု အလွန်မြင့်တက်လာခြင်းရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

    ဆားအလွန်ငန်တဲ့ ရေမှာ ရေမှော်ပင်တွေဟာ ကာဘွန်ဒိုင်အောက်ဆိုက်ကနေ အစာချက်လုပ်မှုလုပ်ငန်းစဉ်အတွင်း ထွက်လာတဲ့ ဒီပန်းရောင် အော်ဂဲနစ်ပစ္စည်းကို ‘ဘီတာ ကာရိုတင်း’ လို့လည်း ခေါ်ဆိုပါတယ်။ လတ်တလောမှာ ဒီလို ပန်းရောင်သန်းနေပေမယ့် ဆောင်းရာသီရောက်တဲ့အချိန်မှာ အပြာရင့်ရောင်ပြောင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: CNN

  • အစ္စရေးဝန်ကြီးချုပ်ကို ဟစ်တလာနှင့်နှိုင်းကာ သြဇီပြည်သူများ ဆန္ဒပြ

    အစ္စရေးဝန်ကြီးချုပ်ကို ဟစ်တလာနှင့်နှိုင်းကာ သြဇီပြည်သူများ ဆန္ဒပြ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး ရောက်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို သြဇီပြည်သူများက ဟစ်တလာနှင့်ခိုင်းနှိုင်းကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ပါလက်စတိုင်းထောက်ခံသူ လူပေါင်း ၆၅၀ ခန့်မှာ ဆစ်ဒနီတွင် စုရုံးကာ ဟစ်တလာပုံစံ နှုတ်ခမ်းမွှေးတပ်ထားသည့် ပိုစတာ၊ ‘ဖက်စစ်ကောင်’ ဟု ရေးသားထားသည့် ပို့စတာများကို ကိုင်ဆောင်ခဲ့ကြသည်။

    ထို့ပြင် နေတန်ယာဟုအား စစ်ရာဇ၀တ်ကောင်၊ အကြမ်းဖက်သမားအဖြစ် ရေးသားထားသော ပိုစတာများလည်း ပါဝင်သည်။ ဆန္ဒပြသူများမှာ ဆစ်ဒနီတွင် နေတန်ယာဟု တည်းခိုနေသည့် ဟိုတယ်သို့ ချီတက်သွားသည့်အချိန်တွင် ရဲတပ်ဖွဲ့က တားဆီးခဲ့သည်။

    သြစတေးလျနှင့် အစ္စရေးတို့မှာ ခိုင်မာသော ဆက်ဆံရေးရှိပြီး ရာထူးရှိ အစ္စရေးဝန်ကြီးချုပ်တစ်ဦး သြဇီသို့ လာရောက်ခြင်းမှာလည်း ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။ နေတန်ယာဟုမှာ သြဇီတွင် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ပြီး ခရီးစဉ်မှာ ၄ ရက် ကြမြင့်မည်ဖြစ်သည်။

    Ref : RT

  • သြဇီ ကက်သလစ်ဘုန်းကြီးများ၏ လိင်ပြဿနာ တုန်လှုပ်ဖွယ်ပမာဏရှိနေ

    သြဇီ ကက်သလစ်ဘုန်းကြီးများ၏ လိင်ပြဿနာ တုန်လှုပ်ဖွယ်ပမာဏရှိနေ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံရှိ ခရစ်ယာန်ကက်သလစ်ဘုန်းတော်ကြီးများ၏ ၇ ရာခိုင်နှုန်းခန့်မှာ ၁၉၅၀ မှ ၂၀၁၀ ခုနှစ်အတွင်း ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး၊ ထိုအထဲမှ အနည်းငယ်သာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ဆစ်ဒနီရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်သည်။

    ကလေးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် Royal Commission into Institutional Responses to Child Sexual Abuse အဖွဲ့က ယမန်နေ့ ကြားနာမှုအတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုအဖွဲ့မှာ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း စွပ်စွဲချက်များနှင့်ပတ်သက်၍ ကက်သလစ်အသင်းတော်နှင့် ပူးပေါင်းကာ စုံစမ်းနေခြင်းဖြစ်သည်။

    ၁၉၈၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကက်သလစ်ဘုန်းတော်ကြီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲမှုပေါင်း ၄၄၄၄ ခုကို ထိုအဖွဲ့က ရရှိခဲ့ပြီး၊ ဘုန်းတော်ကြီး၊ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်နှင့် သီလရှင် စုစုပေါင်း ၁၂ ၆၅ ဦး ပါဝင်သည်ဟု ဆိုသည်။

    “ဒီအရေအတွက်က တုန်လှုပ်စရာပါပဲ။ ဆိုးရွားပြီး မချေပနိုင်လောက်စရာ ကိစ္စပါ။ ကက်သလစ်ဘာသာဝင်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ခေါင်းမဖော်နိုင်လောက်အောင် ရှက်ရပါတယ်” ဟု ကက်သလစ်အသင်းတော်၏ ‘အမှန်တရား၊ တရားရေးနှင့် နှစ်သိမ့်ရေး ကောင်စီ’ မှ အကြီးအကဲ ဖရန့်ကလင်း ဆူလီဗန်က ပြောကြားခဲ့သည်။

    ထို့ပြင် ကလေးငယ်များကို ထိုကဲ့သို့ စော်ကားသူများ၏ လက်မှ ကာကွယ်ရန် သြစတေးလျ ကက်သလစ်အသင်းတော်ဘက်မှ သိသိသာသာ လစ်လျူရှုခဲ့သည်ဟုလည်း ဆိုသည်။

    ကျူးလွန်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြပြီး၊ ကျူးလွန်မှုကို စုံစမ်းစစ်ဆေးခြင်း မရှိကြောင်း၊ ကျူးလွန်ခံရသည့် ကလေးများမှာ လစ်လျူရှုခံရကြောင်း၊ ကျူးလွန်သူများကို နေရာရွှေ့ပြောင်းပေးလေ့ရှိပြီး နေရာသစ်ကလည်း ၎င်းတို့၏ အကြောင်းကို မသိရှိကြောင်း၊ အထောက်အထားများကို သိမ်းဆည်းထားခြင်းမရှိဘဲ၊ ဖျက်ဆီးကြောင်း အကြီးတန်းအကြံပေး ဂေးလ် ဖားနက်စ်က ပြောကြားခဲ့သည်။

    Ref: Aljazeera