News @ M-Media

Tag: Bercelona

  • ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ

    ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ

    သြဂုတ် ၆၊ ၂၀၁၅
    M-Media

    pedro

    – တိုက်စစ်မှူး ပက်ဒရို အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဘာစီလိုနာနှင့် မန်ယူတို့မှာ သဘောတူညီချက် ရရှိခဲ့ပြီး လာမည့်တစ်ပတ် ယူအီးအက်ဖ်အေ စူပါဖလားပြီးနောက်ပိုင်းမှ မန်ယူသို့ ရောက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

    ပြောင်းရွှေ့ကြေး ကနဦး ပေါင် ၁၈.၁ သန်းနှင့် နောက်ထပ် ဘောနပ်စ် ပေါင် ၄.၂ သန်းတို့ဖြင့် ၎င်းတို့နှစ်သင်းမှာ သဘောတူညီချက် ရရှိထားသော်လည်း ပက်ဒရိုနှင့် မန်ယူတို့မှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက် မရသေးပေ။

    သို့သော်လည်း ဥရောပချန်ပီယံဖြစ်သော ဘာစီလိုနာမှာ ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားအသင်းနှင့် ဥရောပ စူပါဖလားကို လာမည့် အင်္ဂါနေ့တွင် ကစားရန်ရှိနေပြီး ပက်ဒရိုအား ထိုပြိုင်ပွဲတွင် ထည့်သွင်းအသုံးပြုရန် ဆန္ဒရှိနေသည်။

    ထို့ကြောင့် လာမည့်စနေနေ့တွင် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် စပါးအသင်းနှင့်ကစားမည့်ပွဲတွင် ပက်ဒရိုမှာ မန်ယူ၌ ပါဝင်ကစားနိုင်မည် မဟုတ်ချေ။

    ပက်ဒရိုမှာ ပြီးခဲ့သည့် ဇွန်လအတွင်းကပင် အသင်းနှင့် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ထိုစာချုပ်တွင် ပက်ဒရို အသင်းမှထွက်ခွာလိုပါက ထွက်ခွာနိုင်သည်ဟူသော ခွင့်ပြုချက်ကိုလည်း ထည့်သွင်းထားသည်။ ပက်ဒရိုကိုယ်တိုင်ကလည်း ကစားခွင့် ပိုမိုရရှိမည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ချင်နေသည်။

    ဗန်ဂါးလ်က ပက်ဒရိုအား ခေါ်ယူချင်နေသည်ဟု မကြာသေးမီက ၀န်ခံပြောဆိုထားသည်။ ပက်ဒရိုမှာ ဘာစီလိုနာအသင်းအတွက် ၃၁၈ ပွဲကစာထားပြီး ၉၈ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။

    Ref: Goal

  • မိမိသာ မက်ဆီဖြစ်ပါက လက်ရွေးစင်အသင်းမှ အနားယူလိုက်ပြီဟု အာဂျင်တီးနားနည်းပြ ပြော

    မိမိသာ မက်ဆီဖြစ်ပါက လက်ရွေးစင်အသင်းမှ အနားယူလိုက်ပြီဟု အာဂျင်တီးနားနည်းပြ ပြော

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    messi

    – ကြီးမားသည့် ဝေဖန်မှုများကို ခံနေရသည့် မက်ဆီနေရာတွင် မိမိသာဖြစ်ပါက လက်ရွေးစင်ကစားသမားဘ၀ကို စွန့်လွှတ်လိမ့်မည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    ဘာစီလိုနာတွင် လေးစားခံရသော်လည်း အသက် ၂၈ နှစ်အရွယ် မက်ဆီမှာ နိုင်ငံအသင်းတွင် ဆိုးရွားသည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်နှစ်များအတွင်း အာဂျင်တီးနားအသင်း ဆုတံဆိပ်မရခဲ့မှုအတွက် ဝေဖန်ရေးသမားများနှင့် ပရိတ်သတ်များက မက်ဆီအား ပြစ်တင်ပြောဆိုခဲ့ကြသည်။

    အာဂျင်တီးနားထက် ဘာစီလိုနာတွင် ပိုကောင်းအောင် ကစားသည်ဆိုသော ဝေဖန်မှုများက မက်ဆီ၏ ကစားသမားဘ၀ တစ်လျှောက်လုံးတွင် ရှိနေခဲ့ပြီး၊ ယခုနှစ်နွေရာသီ ချီလီ၌ ကျင်းပခဲ့သော ကိုပါအမေရိက ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်း ကျရှုံးခဲ့ပြီးနောက်ပိုင်း မက်ဆီအပေါ် ဝေဖန်မှုများက မြင့်တက်လာခဲ့သည်။

    ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြီးကတည်းက အာဂျင်တီးနားအသင်းအား ပြန်လည်ကိုင်တွယ်ခဲ့သည့် မာတီနိုကမူ အာဂျင်တီးနားပြည်သူများ၏ ဆက်ဆံပုံအတွက် မက်ဆီမှာ စိတ်ပျက်ခွင့်ရှိသည်ဟု ဆိုသည်။

    “မက်ဆီရဲ့စွမ်းဆောင်ရည်ကို ဝေဖန်တဲ့သူတွေဟာ ဘောလုံးအကြောင်း ဝေဖန်ဆန်းစစ်ဖို့ မထိုက်တန်ပါဘူး။လက်ရွေးစင်ဘောလုံးအသင်းကနေ အနားယူဖို့ သူ(မက်ဆီ) စဉ်းစားနေတယ်ဆိုတဲ့ စကားဟာ စိတ်ပျက်စရာဖြစ်ပေမယ့် နားလည်လက်ခံနိုင်စရာပါပဲ။ ကျွန်တော်သာ မက်ဆီဖြစ်ရင် အာဂျင်တီးနားအသင်းမှာ ကစားတာကို ရပ်လိုက်တာ ကြာပါပြီ” ဟု မာတီနိုက Fox Sports သို့ ပြောကြားခဲ့သည်။

    မက်ဆီမှာ နိုင်ငံအသင်းအတွက် ၁၀၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၄၆ ဂိုး သွင်းယူပေးခဲ့သည်။ သို့သော်လည်း နိုင်ငံအသင်းနှင့် ရရှိခဲ့သည့် ဆုတံဆိပ်မှာ ၂၀၀၅ ခုနှစ် ယူ ၂၀ ကမ္ဘာ့ဖလား ချန်ပီယံနှင့် ၂၀၀၈ ခုနှစ် အိုလံပစ်ချန်ပီယံဘွဲ့တို့သာ ရှိနေသည်။

    Ref: Goal

  • ဗန်ဂါးလ်မှာ မန်ယူအား ဖလားသုံးလုံးအောင်ပွဲသို့ ခေါ်သွားနိုင်သည်ဟု အန်းရစ်ပြော

    ဗန်ဂါးလ်မှာ မန်ယူအား ဖလားသုံးလုံးအောင်ပွဲသို့ ခေါ်သွားနိုင်သည်ဟု အန်းရစ်ပြော

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media

    baca

    – နည်းပြဗန်ဂါးလ်အနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းအား ဖလားသုံးလုံးအောင်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ယမန်နေ့က အမေရိကန်တွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် မန်ယူမှာ ဘာစီလိုနာအား ရူနီ၊ လင်ဂါ့ဒ် ယာနူဇေးတို့၏ ဂိုးများကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အသက် ၄၅ နှစ်အရွယ်ရှိ အန်းရစ်မှာ ဘာစီလိုနာအသင်း၏ ကစားသမားအဖြစ် ဗန်ဂါးလ်၏ နည်းစနစ်များကို ကြုံတွေ့ရခဲ့ပြီး ဗန်ဂါးလ်မှာ မန်ယူအား အောင်မြင်မှုဆီသို့ ခေါ်ဆောင်နိုင်စွမ်းရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

    “ဗန်ဂါးလိုနည်းပြမျိုး၊ သူတို့မှာရှိတဲ့ ကစားသမားမျိုးတွေနဲ့ဆိုရင် အသင်းဟာ အရာရာတိုင်းအတွက် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ တစ်နှစ်အတွင်းမှာ ကိစ္စတွေအများကြီး ဖြစ်နိုင်ပါတယ်။ ဖလားလက်မဲ့ရာသီကနေ ကျွန်တော်တို့ ပြန်လာခဲ့ပြီး ဖလားသုံးလုံး ရခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ဒီလိုမျိုး လုပ်နိုင်ပါတယ်။ သူတို့ဟာ ကြီးကျယ်တဲ့ ကလပ်အသင်းပါ” ဟု အန်းရစ်က မီဒီယာသို့ ပြောကြားခဲ့သည်။

    သို့သော်လည်း မန်ယူအား ရှုံးနိမ့်ခဲ့ရမှုအတွင်း အသင်း၏ အခြေအနေအတွက် အန်းရစ်က စိတ်ပျက်နေသည်။

    “ကွင်းကြီးက ပျင်းခြောက်ခြောက်ဖြစ်နေတာဟာ ရှက်စရာပါပဲ။ နှစ်သင်းစလုံးကို ထိခိုက်စေပါတယ်”

    ဘာစီလိုနာမှာ ယနေ့တွင် ရာသီကြိုခြေစမ်းပွဲအဖြစ် ဖီအိုရင်တီးနားအသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • ပရီးမီးယားလိဂ်၏ ကြွယ်ဝမှုအား ယှဉ်ပြိုင်မည်ဟု ဘာတိုမြူပြော

    ပရီးမီးယားလိဂ်၏ ကြွယ်ဝမှုအား ယှဉ်ပြိုင်မည်ဟု ဘာတိုမြူပြော

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    baca

    – ရုပ်သံထုတ်လွှင့်ခွင့် အသစ်အတွက် ပေါင် ၅.၁ ဘီလီယံ ရရှိခဲ့သည့် ပရီးမီးယားလိဂ်၏ ချမ်းသာကြွယ်ဝမှုကို မိမိတို့အနေဖြင့် ယှဉ်ပြိုင်သွားမည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ်ဘာတိုမြူက ပြောကြားလိုက်သည်။

    လာမည့် ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ရရှိခဲ့သည့် အဆိုပါ ရုပ်သံလွှင့်ခွင့် ငွေကြေးကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများမှာ ဘဏ္ဍာရေးအကျိုးအမြတ်များကို ပိုရမည်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားများမှာလည်း အင်္ဂလန်သို့ ဦးတည်လာနိုင်သည်။

    ပြီးခဲ့သည့် ဘောလုံးရာသီများတွင် နေးမာ၊ ဂါရက်ဘေးလ်နှင့် လူးဝစ်ဆွာရက်ဇ်တို့မှာ မြင့်မားသော ပြောင်းရွှေ့ကြေးများဖြင့် စပိန်သို့ ရောက်ရှိလာခြင်းနှင့်အတူ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ နာမည်ကျော်ကစားသမားများကို ဆွဲဆောင်နိုင်သည့် အသင်းများ ဖြစ်လာခဲ့သည်။

    မကြာသေးမီက ဘာစီလိုနာဥက္ကဌအဖြစ် ထပ်မံအရွေးခံခဲ့ရသည့် ဘာတိုမြူကမူ အဆိုပါ ထိပ်တန်းကစားသမားများမှာ စပိန်တွင် ဆက်ရှိနေမည်ဟု ယုံကြည်မှု ရှိနေသော်လည်း ပရီးမီးယားလိဂ်၏ ချမ်းသာကြွဝယ်မှုကိုမူ ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့ရဲ့လိဂ်မှာ အကောင်းဆုံးကစားသမားတွေ ရှိစေချင်ပါတယ်။ ပရီးမီးယားလိဂ်ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးလိဂ်ပြိုင်ပွဲဆိုတာ မှန်ပါတယ်။ အားကစားအရရော၊ ၀င်ငွေအရရောပေါ့။
    ပရီးမီးယားလိဂ်ရဲ့ ရုပ်သံလွှင့်ခွင့်စာချုပ်သစ်ဟာ ကျန်တဲ့လိဂ်ပြိုင်ပွဲတွေ လိုက်လုပ်ရမယ့် ကိစ္စတစ်ခုပါ” ဟု ဘာတိုမြူက BBC သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဘာစီလိုနာအသင်းကဲ့သို့ အခြားမည်သည့်အသင်းမှ ၀င်ငွေမများဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းမှာ နည်းပြ လူးဝစ်အန်းရစ်၏ ပထမဆုံးရာသီဖြစ်သော ယမန်နှစ်က ဖလား ၃ လုံး ရရှိခဲ့သည်။

    Ref: Goal

  • ဘာတိုမြူမှာ ဘာကာအား ဖျက်ဆီးမည်ဟု လာပေါ်တာပြော

    ဘာတိုမြူမှာ ဘာကာအား ဖျက်ဆီးမည်ဟု လာပေါ်တာပြော

    ဇူလိုင် ၂၀၊ ၂၀၁၅
    M-Media

    lpt

    – စနေနေ့က အသင်းဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရသည့် ဘာတိုမြူမှာ ဘာစီလိုနာအသင်းအား ဖျက်ဆီးလိမ့်မည်ဟု ဥက္ကဌဟောင်း လာပေါ်တာက ပြောကြားလိုက်သည်။

    ဘာစီလိုနာအသင်းအား ပထမဆုံးအကြိမ် ဖလားသုံးလုံးရရှိအောင် စီမံပေးနိုင်ခဲ့သည့် လာပေါ်တာမှာ အဆိုပါ ဥက္ကဌရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခဲ့ပြီး ၂၀၁၃ ခုနှစ်က နေးမာအပြောင်းအရွှေ့နှင့် ဆက်စပ်သည့် အခွန်လိမ်လည်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော ဘာတိုမြူ၏နောက် ဒုတိယသာ ရရှိခဲ့သည်။

    “ကျွန်တော်တို့အတွက် မဲပေးခဲ့သူတွေနဲ့ ကျွန်တော်တို့ကို ထောက်ခံသူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့သူကိုလည်း ကျွန်တော် ချီးကျူးချင်ပြီး အသင်းမှာ မတူညီတဲ့ ပုံစံ ၂ မျိုး ရှိတယ်ဆိုတာကိုလည်း ကျွန်တော်က ရှင်းရှင်းလင်း ပြောချင်ပါတယ်။ ကာတာရဲ့ လက်ခုပ်ထဲမှာ လုံးဝရှိနေပြီး အသင်းကို ဖျက်ဆီးမယ့် တရားစွဲခံနေရတဲ့ ဥက္ကဌတစ်ယောက် ကလပ်ကို ကိုင်တွယ်ခြင်းကနေ ရှောင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး” ဟု လာပေါ်တာက Marca သတင်းစာသို့ ပြောကြားခဲ့သည်။

    လာပေါ်တာက ၎င်းမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်ခြင်း ခံရပါက ကာတာလေကြောင်းလိုင်းနှင့် စပွန်ဆာကို အဆုံးသတ်ကာ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာအား ခေါ်ယူပေးသွားမည်ဟု ကတိပြုခဲ့သူဖြစ်သည်။

    “ကျွန်တော်က ဒီမိုကရက်တစ်ယောက်ဖြစ်ပြီး ရလဒ်ကို လက်ခံပါတယ်။ ဆွေးနွေးငြင်းခုံမှု လုံလုံလောက်လောက် မရှိခဲ့တဲ့အတွက်ကြောင့် ဒါဟာ ခက်ခဲတဲ့ မဲဆွဲပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရင်ဆိုင်ကြည့်ရတာပေါ့”

    Ref: Goal