News @ M-Media

ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ

သြဂုတ် ၆၊ ၂၀၁၅
M-Media

pedro

– တိုက်စစ်မှူး ပက်ဒရို အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဘာစီလိုနာနှင့် မန်ယူတို့မှာ သဘောတူညီချက် ရရှိခဲ့ပြီး လာမည့်တစ်ပတ် ယူအီးအက်ဖ်အေ စူပါဖလားပြီးနောက်ပိုင်းမှ မန်ယူသို့ ရောက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

ပြောင်းရွှေ့ကြေး ကနဦး ပေါင် ၁၈.၁ သန်းနှင့် နောက်ထပ် ဘောနပ်စ် ပေါင် ၄.၂ သန်းတို့ဖြင့် ၎င်းတို့နှစ်သင်းမှာ သဘောတူညီချက် ရရှိထားသော်လည်း ပက်ဒရိုနှင့် မန်ယူတို့မှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက် မရသေးပေ။

သို့သော်လည်း ဥရောပချန်ပီယံဖြစ်သော ဘာစီလိုနာမှာ ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားအသင်းနှင့် ဥရောပ စူပါဖလားကို လာမည့် အင်္ဂါနေ့တွင် ကစားရန်ရှိနေပြီး ပက်ဒရိုအား ထိုပြိုင်ပွဲတွင် ထည့်သွင်းအသုံးပြုရန် ဆန္ဒရှိနေသည်။

ထို့ကြောင့် လာမည့်စနေနေ့တွင် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် စပါးအသင်းနှင့်ကစားမည့်ပွဲတွင် ပက်ဒရိုမှာ မန်ယူ၌ ပါဝင်ကစားနိုင်မည် မဟုတ်ချေ။

ပက်ဒရိုမှာ ပြီးခဲ့သည့် ဇွန်လအတွင်းကပင် အသင်းနှင့် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ထိုစာချုပ်တွင် ပက်ဒရို အသင်းမှထွက်ခွာလိုပါက ထွက်ခွာနိုင်သည်ဟူသော ခွင့်ပြုချက်ကိုလည်း ထည့်သွင်းထားသည်။ ပက်ဒရိုကိုယ်တိုင်ကလည်း ကစားခွင့် ပိုမိုရရှိမည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ချင်နေသည်။

ဗန်ဂါးလ်က ပက်ဒရိုအား ခေါ်ယူချင်နေသည်ဟု မကြာသေးမီက ၀န်ခံပြောဆိုထားသည်။ ပက်ဒရိုမှာ ဘာစီလိုနာအသင်းအတွက် ၃၁၈ ပွဲကစာထားပြီး ၉၈ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။

Ref: Goal

Comments

Leave a Reply