News @ M-Media

Tag: Bercelona

  • ဘာကာတွင်ရသည့် အောင်မြင်မှုကို မစဉ်းစားခဲ့ဖူးဟု ဆွာရက်ဇ်ပြော

    ဘာကာတွင်ရသည့် အောင်မြင်မှုကို မစဉ်းစားခဲ့ဖူးဟု ဆွာရက်ဇ်ပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    sw

    – ဘာစီလိုနာတွင် မိမိ၏ ပထမဆုံးနှစ်မှာ မယုံကြည်နိုင်စရာ ဖြစ်ခဲ့ပြီး ထိုကဲ့သို့ အခြေအနေမျိုး ရရှိရန် မစဉ်းစားခဲ့ဖူးဘဲ အသင်းနှင့် ဆုဖလားများ ထပ်မံရယူရန် ဆန္ဒရှိနေသည်ဟု တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ယခုလိုအချိန် ရီးယဲလ်ပွဲ၌ ပွဲထွက်ခွင့်ရခဲ့သည့် ဆွာရက်ဇ်မှာ အသင်းအတွက် စုစုပေါင်း ၄၃ ပွဲကစားခဲ့ပြီး ၂၅ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    “ဘာစီလိုနာနဲ့ ပထမရာသီမှာ ဖလားသုံးလုံးရလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ဒီလိုတောက်ပတဲ့ ရာသီမျိုးရဖို့ ကျွန်တော်တို့ဟာ အခက်အခဲအတားအဆီး တော်တော်များများကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါဟာ မယုံကြည်နိုင်လောက်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဖလား ၃ လုံးရဖို့ဆိုတာ တော်တ်ာမလွယ်ပါဘူး” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • နေးမာအတွက် မန်ယူ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ဖခင်ဖြစ်သူပြော

    နေးမာအတွက် မန်ယူ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ဖခင်ဖြစ်သူပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    neymar

    – မန်ယူက နေမားအား ကမ်းလှမ်းခဲ့သည်ဆိုသော သတင်းများပေါ်ထွက်လာမှုကို နေးမာ၏ ဖခင်ဖြစ်သူက အတည်ပြုခဲ့ပြီး မိမိတို့က ပယ်ချခဲ့သည်ဟု ဆိုသည်။

    လာမည့် ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့် ကာလရှည် စာချုပ်ချုပ်ဆိုရန် ရှိနေသည့် နေးမာအား ပြီးခဲ့သည့် အပြောင်းအရွှေ့က မန်ယူမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

    “ကမ်းလှမ်းမှုက ဘာစီလိုနာကို ရောက်လာပါတယ်။ အသင်းကလည်း ကျွန်တော်တို့ကို အသိပေးခဲ့ပြီး သူတို့ နေးမာကို လက်လွှတ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့က စိတ်ဝင်စားလားဆိုတာ သူတို့ မေးခဲ့ပြီး ဒါပေမယ့် ဒီလို မဖြစ်ခဲ့ပါဘူး။ ဘာကာနဲ့ သက်တမ်းက ၃ နှစ်လောက် ကျန်သေးပြီး အသင်းကလည်း ရောင်းမှာမဟုတ်ပါဘူး။ အဲဒီကမ်းလှမ်းမှုဟာ မန်ယူက လုပ်တာပါ။ ဒါပေမယ့် အခုတော့ မရှိတော့ပါဘူး ပျက်သွားပါပြီ” ဟု နေးမာစီနီယာက ပြောကြားခဲ့သည်။

    Ref: Goals

  • မက်ဆီအတွက် အထူးထုတ်တဲ့ Messi 10/10 ဖိနပ်

    မက်ဆီအတွက် အထူးထုတ်တဲ့ Messi 10/10 ဖိနပ်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    messi

    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ သူကစားတဲ့ နံပါတ် ၁၀ နေရာကို ဂုဏ်ပြုတဲ့အနေနဲ့ Adidas ကုမ္ပဏီက Messi 10/10 ဆိုတဲ့ ဖိနပ်ကို ထုတ်လုပ်လိုက်ပါတယ်။

    မက်ဆီရဲ့ ဖိနပ်ဆိုက်အရွယ်အစား အတိအကျအတိုင်း အရေအတွက် ၁၀၀ သာ အထူးထုတ်လုပ်ထားတဲ့ ဒီဖိနပ်ကို ဘာစီလိုနာက Adidas ဆိုင်မှာပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ပန်းပွင့်တွေဖော်ထားတဲ့ လယ်သာအကောင်းစားနဲ့ ချုပ်ထားတဲ့ အဲဒီဖိနပ်ရဲ့ အပေါ်ပိုင်းအဟာ အနက်ရောင်ဖြစ်ပြီး ခြေပခုံမှာ Team Messi လိုဂိုတံဆိပ် ပါဝင်ပါတယ်။

    ဖိနပ်ရဲ့ခွာတွေကိုတော့ ရွှေအစစ်နဲ့ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖိနပ်အရံ ၁၀၀ ထဲက တစ်ရံကို မက်ဆီ ရရှိခဲ့ပြီး၊ ၁၀ ရံကို Chosen by Messi လို့ခေါ်တဲ့ မက်ဆီရဲ့လှုပ်ရှားမှုမှာ စပွန်ဆာပေးသွားမှာပါ။ ကျန်ရှိတဲ့ ၈၉ ရံကိုတော့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

    Ref: Goal

  • အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    messi

    – မိမိ၏ ဒဏ်ရာရမှုအတွက် အားပေးစကားပြောကြားသူများကို အလွန်ကျေးဇူးတင်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည်စနေနေ့က လာလီဂါပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် မက်ဆီမှာ အနည်းဆုံး ၂ လခန့် အနားယူရမည်ဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော့်ကို အားပေးစကားပြောကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘောလုံးကို ချစ်မြတ်နိုးတဲ့ဘယ်သူမဆို အခက်ခဲဆုံးအရာက ကွင်းထဲမှာ မရှိတာပါပဲ။ အခုအချိန်မှာတော့ ကောင်းကောင်းမွန်မွန်ပြန်လာနိုင်ဖို့ အားမွေးရမယ့်အချိန်ပါ။ ကျေးဇူးအထူးတင်ပါတယ်”

    Ref: Goal

  • အခွန်ရှောင်မှုအတွက် ဘရာဇီးလ်ရှိ နေးမာ၏ ပိုင်ဆိုင်မှုများ အသိမ်းခံရ

    အခွန်ရှောင်မှုအတွက် ဘရာဇီးလ်ရှိ နေးမာ၏ ပိုင်ဆိုင်မှုများ အသိမ်းခံရ

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    neymar

    – စပိန်သို့ပြောင်းရွှေ့ခြင်းမပြုမီ အခွန်ရှောင်လွှဲခဲ့မှုနှင့် ပတ်သက်၍ ပေါင် ၃၃.၁ သန်းရှိ နေးမာ၏ ပိုင်ဆိုင်မှုများကို ဘရာဇီးလ်တရားရုံးတစ်ခုက သိမ်းဆည်းလိုက်သည်ဟု သိရသည်။

    ဆော်ပေါ်လိုမြို့ ဖက်ဒရယ်တရားရုံးမှ ဖြစ်ပြီး နေးမာမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အခွန်ငွေ ဘရာဇီးရီယဲလ် ၆၃ သန်း (ပေါင် ၁၀.၅ သန်း) ကို ရှောင်လွှဲခဲ့သည်ဟု ပြောကြားခဲ့သည်။

    တရားသူကြီး ကားလို့စ် မူတာက ထုတ်ပြန်သည့် အမှုတွဲတွင် ၀င်ငွေကြေငြာမှုနှင့် ပတ်သက်၍ နေးမာတစ်ဦးတည်းသာ တာဝန်ရှိပြီး၊ ၎င်းမှာ ဘရာဇီးလ်ရီယဲလ် ၁၉.၅ သန်း (ပေါင် ၃.၂ သန်း) တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုသာ အစိုးရသို့ တင်ပြခဲ့သည်ဟု ဆိုသည်။

    နေးမာ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းမှုနှင့်ပတ်သက်၍ ရှင်းပြထားသော တရားသူကြီး၏ အမိန့်စာတွင် သိမ်းဆည်မှုပမာဏမှာ အခွန်ရှောင်သည့် ပမာဏထက် ပိုမိုသာလွန်နေသည်ကို တွေ့ရှိခဲ့ရသည်။

    သိမ်းဆည်းခဲ့သည့် ပစ္စည်းများတွင် နေးမာ တစ်ကိုယ်ရည်ပိုင်ဆိုင်သော နေအိမ်၊ ကာများ၊ ဖခင်နှင့်အတူ နေးမာပိုင်ဆိုင်သည့် ကုမ္ပဏီ ၃ ခုတို့ ပါဝင်သည်။ သို့သော်လည်း နေးမာမှာ ဘဏ်အကောင့်များနှင့် လက်ဝယ်ပိုင်ဆိုင်ထားသည့် ငွေသားများကိုမူ အသုံးပြုခွင့်ရမည်ဖြစ်သည်။

    Ref: Goal