News @ M-Media

Tag: Bercelona

  • ကလေးနှစ်ယောက်ရပြီးနောက် ဘာကာတိုက်စစ်မှူးမက်ဆီ မင်္ဂလာဆောင်

    ကလေးနှစ်ယောက်ရပြီးနောက် ဘာကာတိုက်စစ်မှူးမက်ဆီ မင်္ဂလာဆောင်

    ဇူလိုင် ၁၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီ၏ လက်ထပ်မင်္ဂလာပွဲအခမ်းအနားကို ယမန်နေ့က အာဂျင်တီးနားမှ ၎င်း၏ ဇာတိမြို့ ရိုဆာရီယိုရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် ကျင်းပခဲ့ပြီး ဘောလုံးအကျော်အမော်များ တက်ရောက်ခဲ့ကြသည်။

    အသက် ၃၀ အရွယ် မက်ဆီမှာ အသက် ၂၉ နှစ်အရွယ် ငယ်ချစ် အန်တိုနီလာ ရိုကူဇိုနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ထိုမင်္ဂလာပွဲမှာ ‘ရာစုနှစ်၏ မင်္ဂလာပွဲ’ ဟု တင်စားခြင်း ခံခဲ့ရသည်။ မက်ဆီမှာ အသက် ၁၃ နှစ်အရွယ် ဘာစီလိုနာသို့ မပြောင်းခင် ရိုကူဇိုနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်း ဖြစ်သည်။

    မင်္ဂလာပွဲသို့ ဘာကာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၊ နေးမာ၊ နောက်ခံလူ ဂျရတ်ပီကေးနှင့် ၎င်း၏ဇနီး ကိုလံဘီယာအဆိုကျော် ရှာကီးရား၊ ဘာစီလိုနာအသင်းဖော်များ အပါအ၀င် ဘောလုံးလောကနှင့် အခြားနယ်ပယ်များမှ နာမည်ကျော်များ တက်ရာက်ခဲ့ကြကာ ဧည့်ပရိတ်သတ်ပေါင်း ၂၆၀ ခန့် ရှိခဲ့သည်။

    မက်ဆီ၏ မင်္ဂလာအခမ်းအနားအတွက် အာဂျင်တီးနား ရဲတပ်ဖွဲ့က လုံခြုံရေးပေးခဲ့သည်။

    မင်္ဂလာအခမ်းအနားကို လာတက်သည့် အကျော်အမော်များကို တွေ့မြင်ရန်အတွက် ပြည်သူများမှာ မြို့တွင်းလေဆိပ်တွင် စုရုံးခဲ့ကြသည်။

    မက်ဆီမှာ ၎င်း၏ အချစ်ဆုံးသူငယ်ချင်း စကဂ်လီယာ၏ ညီမ၀မ်းကွဲဖြစ်သူ ရိုကူဇိုနှင့် အသက် ၅ နှစ်အရွယ်ကတည်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးတွင် သားနှစ်ယောက်ထွန်းကားခဲ့ပြီး လက်ရှိ ဘာစီလိုနာတွင် နေထိုင်လျက် ရှိသည်။

    Ref: BBC

  • ရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ပေးခဲ့ရသည့် အီရန်မက်ဆီ

    ရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ပေးခဲ့ရသည့် အီရန်မက်ဆီ

    မေ ၁၀၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာအသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူး မက်ဆီနဲ့ ခွဲမရလုနီးပါး တူညီတဲ့ အီရန်နိုင်ငံသားတစ်ယောက်ကို အီရန်ရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

    ရီဇာ ပါရာတက်ရှ်ဆိုတဲ့ ဒီလူငယ်လေးဟာ နိုင်ငံအနာက်ပိုင်း ဟာမာဒန်မြို့ကဖြစ်ပြီး မက်ဆီနဲ့ အလွန်တူလွန်းတဲ့ သူ့ရဲ့ ပုံပန်းသွင်ပြင်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ကျော်ကြားလာတာပါ။

    သူ့ရဲ့အကြာင်းကို ကြားသိသူ ဘောလုံးဝါသနာရှင်တိုင်းက သူ့ဆီကိုလာပြီး အတူတွဲ ဓာတ်ပုံရိုက်မှုဟာ နောက်ပိုင်းမှာ တော်တော်လေး များပြားလာတာကြောင့် လူ့အဖွဲ့အစည်းဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့က ကြားဝင်ဆောင်ရွက်ပေးခဲ့ရကာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်မှာစိုးတဲ့အတွက် ပါရာတက်ရှ်ကိုလည်း ခေါ်ယူစောင့်ရှောက်ပေးခဲ့ရပါတယ်။

    ပါရာတက်ရှ်တစ်ယောက် ဒီလိုဖြစ်ဖို့အတွက် ဘောလုံးကို အရူးအမူးအားပေးတဲ့ ဖခင်က တိုက်တွန်းခဲ့တာဖြစ်ပြီး မက်ဆီရဲ့ နံပါတ် ၁၀ ဘာစီလိုနာဂျာစီကို ၀င်ဆင်ဖို့လည်း အကြံပြုခဲ့ပါတယ်။ မက်ဆီရဲ့ ဂျာစီနဲ့ ဓာတ်ပုံကို အားကစားဝဘ်ဆိုက်တွေကို ပို့လိုက်ပြီးနောက်ပိုင်းမှာ သူ့အကြောင်း လူပိုသိလာခဲ့ပါတယ်။

    “အားကစားဝတ်စုံနဲ့ ဓာတ်ပုံရိုက်ပြီး မက်ဆီကိုယ်ပွားအဖြစ် ပုံဖော်ဖို့ ကျွန်တော် သေသေချာချာ ဆုံးဖြတ်ခဲ့တဲ့ ပထမဆုံးအချိန်မှာပဲ ကျွန်တော့်ဖခင်က အားပေးပါတယ်။ သူက ‘လုပ်လိုက်ကွာ’ လို့ ပြောခဲ့ပါတယ်။ သူတို့ဆီကို ညမှာ ဓာတ်ပုံပို့လိုက်ပြီး မနက်ရောက်တော့ ကျွန်တော့်ကိုဖုန်းခေါ်ကာ အင်တာဗျူးဖို့အတွက် အမြန်လာလို့ ပြောပါတယ်” လို့ သူက AFP ကို ဖွင့်ဟခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ ခေါ်ယူစောင့်ရှောက်ခြင်း ခံထားရပေမယ့် ဒီလို မက်ဆီနဲ့ အလွန်တူတဲ့အတွက် မီဒီယာတွေမှာ ဖော်ပြခံရတာ၊ မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံရတာတွေအထိ ပါရာတက်ရှ်တစ်ယောက် အကျိးကျေးဇူးတွေလည်း အများအပြား ရရှိနေပါတယ်။

    ယူကေက Eurosport က ဆိုရင် ပါရာတက်ရှ်ရဲ့ ဓာတ်ပုံကို အသုံးပြုပြီး မက်ဆီနဲ့တူသူလို့ တခုတ်တရ ဖော်ပြခဲ့ပါတယ်။

    “အခုဆိုရင် လူတွေက ကျွန်တော့်ကို အီရန်မက်ဆီလို့ တကယ် ရှုမြင်နေကြပါပြီ။ မက်ဆီလုပ်တာတွေအားလုံးကို လိုက်လုပ်ခိုင်းချင်နေပါတယ်။ တစ်နေရာရာကို ကျွန်တော်သွားတဲ့အခါ လူတွေက တော်တော် တုန်လှုပ်သွားကြပါတယ်။ ကျွန်တော့်ကိုမြင်တဲ့အခါ လူတွေက ပျော်သွားကြတဲ့အတွက် ကျွန်တော် တ
    ကယ့်ကို ပျော်ရွှင်မိပါတယ်။ ပြီးတော့ ဒီပျော်ရွှင်မှုကပဲ ကျွန်တော့်ကို စွမ်းအားတွေ တိုးလာစေပါတယ်”

    Ref: RT, Alarabiya

  • ကျန်းမာရေးလှုပ်ရှားမှုတစ်ခုအတွက် အီဂျစ်သို့ မက်ဆီလာရောက်

    ကျန်းမာရေးလှုပ်ရှားမှုတစ်ခုအတွက် အီဂျစ်သို့ မက်ဆီလာရောက်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – အသည်းရောင်အသားဝါစီပိုး ကုသရေး အားပေးမြှင့်တင်ရန်အတွက် ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာ ယမန်နေ့က အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

    အီဂျစ် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေကြောင်းဌာနနှင့် Prime Pharma အဖွဲ့တို့ ပူးပေါင်းကာ အီဂျစ်နိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းတွင် စီပိုးကုသမှု မြှင့်တင်ရေး Tour n’Cure လှုပ်ရှားမှုကို စတင်ခဲ့ပြီးနောက် မက်ဆီကို ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    မက်ဆီမှာ မူလက ဒီဇင်ဘာလတွင် အီဂျစ်နိုင်ငံသို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း စိန့်ပီတာနှင့် စိန့်ပေါလ် ဘုရားကျောင်းတို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုကြောင့် ပျက်ပြယ်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့ လာရောက်ရန် စီစဉ်ထားမှုလည်း ထပ်မံပျက်ပြယ်ခဲ့ပြီး ၂၁ ရက်နေ့မှ လာရောက်နိုင်ခဲ့သည်။

    မက်ဆီမှာ အီဂျစ်ပိရမစ်များသို့ သွားရောက်ခဲ့ပြီး Tour n’Cure လှုပ်ရှားမှုအတွက် ဓာတ်ပုံများကို ရိုက်ကူးခဲ့သည်။ ထို့နောက် လှုပ်ရှားမှုအတွက် မိတ်ဆက်ပွဲပြုလုပ်မည့် Mena House ဟိုတယ်သို့ သွားရောက်ခဲ့သည်။ မိတ်ဆက်ပွဲအခမ်းအနားတွင် မက်ဆီ၏တီရှပ်များကို ရောင်းချခဲ့ပြီး ရရှိသည့် ရန်ပုံငွေများကို အသည်းအရောင်အ သားဝါ စီပိုး ရှိနေသည့် အီဂျစ်ပြည်သူများအား ကုသရေး အသုံးပြုသွားမည်ဖြစ်သည်။

    Ref: Daily News Egypt

  • ဘာကာကစားသမားများနှင့် ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည့် ဒိုင်လူကြီးတစ်ဦး ပွဲပယ်ခံရ

    ဘာကာကစားသမားများနှင့် ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည့် ဒိုင်လူကြီးတစ်ဦး ပွဲပယ်ခံရ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    messi

    – ပြီးခဲ့သည့် သီတင်းပတ်က နျူးကမ့်၌ ကစားခဲ့သည့် ဘာစီလိုနာနှင့် ရီးယဲလ်တို့ပွဲတွင် စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူခဲ့သူမှာ ဘာစီလိုနာကစားသမားများနှင့် အလွန်ရင်းနှီးကြောင်း ပြသခဲ့သည့်အတွက် ၂ ပတ် ပွဲပယ်ခံလိုက်ရသည်ဟု သိရသည်။

    ပါအူ နောရ်ဘာ့တ် စီရီဘရီယန် ဒီဗစ်ဆိုသူဖြစ်ပြီး လက်မခံနိုင်ဖွယ်ရာအပြုအမူများ ပြုမူခဲ့သည့်အတွက် ယခုတစ်ပတ်နှင့် လမည့်တစ်ပတ် ဘောလုံးပွဲများ ကြီးကြပ်ခွင့်ကို ပိတ်ပင်ခဲ့သည်ဟု ဒိုင်လူကြီးများကော်မတီက ပြောကြားခဲ့သည်။ ဒီဗစ်မှာ ထိုပွဲတွင် အ၀တ်လဲခန်းသို့ သွားရာလမ်း၌ ဘာစီလိုနာကစားသမားများနှင့် အလွန်ရင်းနှီးစွာ ဆက်ဆံခဲ့ခြင်းဖြစ်သည်။

    ၁ ဂိုးစီသရေကျခဲ့သည့် ထိုပွဲတွင် ကွင်းလယ်ဒိုင်လူကြီး ကားလို့စ် ကလို့စ် ဂိုးမက်ဇ်၏ ဆုံးဖြတ်ချက်အချို့ကို ရီးယဲလ်ကစားသမားများက ဒေါသထွက်ခဲ့ကြပြီး တရားဝင် တိုင်ကြားခြင်းမပြုသော်လည်း လူသိရှင်ကြား ဖွင့်ဟခဲ့သည်။

    “ဒိုင်လူကြီးတွေကို ကျွန်တာ် တော်တော်လေးစားတယ်ဗျ။ သူတို့လည်း လူတွေပဲလေ။ အမှားတွေ လုပ်နိုင်တာပေါ့။ ဒါပေမယ့် တမင်ရည်ရွယ်ပြီးတော့ မှားနေသလား အောက်မေ့ရတယ်။ ထပ်ပြောနေရင်လည်း အခုအချိန် ဘာမှ ထူးတော့မှာ မဟုတ်ပါဘူးဗျာ” ဟု ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Mirror

  • ရီးယဲလ်ကိုအားပေးသော်လည်း မက်ဆီသာ အကောင်းဆုံးဟု ဖော်မြူလာဝမ်းချန်ပီယံပြော

    ရီးယဲလ်ကိုအားပေးသော်လည်း မက်ဆီသာ အကောင်းဆုံးဟု ဖော်မြူလာဝမ်းချန်ပီယံပြော

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    messi-2

    – မိမိအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်း၏ ပရိတ်သတ်ဖြစ်သည်မှာ မှန်သော်လည်း ရော်နယ်ဒိုထက် မက်ဆီသာလျှင် ကမ္ဘာ့အကောင်းဆုံးဖြစ်သည်ဟု ဖော်မြူလာဝမ်းပြိုင်ကားမောင်းချန်ပီယံ ဖာနန်ဒိုအလွန်ဆိုက ပြောကြားလိုက်သည်။

    အာဂျင်တီးနားတွင်ပြုလုပ်ခဲ့သည့် ဖော်မြူလာဝမ်း အခမ်းအနားတစ်ခုတွင် မက္ကလာရင်အသင်း၏ ပြိုင်ကားသမားဖြစ်သူ အလွန်ဆိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ်ရရှိခဲ့သည့် မက်ဆီ၏ကစားပုံကို ကြည့်ရှုရန် သွားရောက်ခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။

    “ကျွန်တော် ရီးယဲလ်မက်ဒရစ်ပရိတ်သတ်တစ်ယောက်ပါ။ ဒါပေမယ့် မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်ပါတယ်။ အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ဂွန်ဇာလို ဟီဂူအင်နဲ့ ဖာနန်ဒို ဂါဂိုတို့ကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ မက်ဆီကစားတာကိုကြည့်ဖို့ ကျွန်တော် နျူးကမ့်ကိုလည်း သွားဖူးပါတယ်” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

    မက်ဆီမှာ ယခုနှစ် လာလီဂါ ၉ ပွဲတွင် ၈ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲအားလုံးတွင် ၁၆ ဂိုး သွင်းယူထားသည်။

    Ref: Goal