News @ M-Media

Tag: Bercelona

  • နေးမာမှာ မက်ဆီကို မကျော်နိုင်သေးဟု ရီဗယ်ဒိုပြော

    နေးမာမှာ မက်ဆီကို မကျော်နိုင်သေးဟု ရီဗယ်ဒိုပြော

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    baca

    – တိုက်စစ်မှူးနေးမာမှာ ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာခဲ့သော်လည်း ဘာစီလိုနာတွင် မက်ဆီကသာ အကောင်းဆုံးကစားသမားအဖြစ် ရှိနေသည်ဟု ဘရာဇီးလ်ကွင်းလယ်လူဟောင်း ရီဗယ်ဒိုက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၂ နှစ်အတွင်း နေးမာမှာ ဘာစီလိုနာနှင့်အတူ လာလီဂါနှင့် ကိုပါဒီရေးဖလား ၂ လုံစလုံးအား ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဘာစီလိုနာ၊ ဘရာဇီးလ်တို့ဖြင့် လာလီဂါနှင့် ကမ္ဘာ့ ဖလားတို့ကို ရရှိခဲ့သည့် ရီဗယ်ဒိုကမူ နေးမာမှာ ဘာကာနည်းပြ လူးဝစ်အန်းရစ်လက်အောက်တွင် ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားတစ်ဦး ဖြစ်လာမည်ဟု ထောက်ခံခဲ့သည်။

    “ဘရာဇီးလ်နိုင်ငံသား တစ်ယောက်အနေနဲ့ပြောရရင် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နေးမာရဲ့ တိုးတက်မှုကို ကျွန်တော် တကယ့်ကို နှစ်သက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူ အောင်မြင်မှုရခဲ့သလို၊ လာမယ့်ဘောလုံးရာသီတွေကလည်း သူ့အတွက် ကောင်းမွန်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် လီယွန်နယ် မက်ဆီကသာ ကြယ်ပွင့်ကစားသမား၊ ဘာကာရဲ့ အကောင်းဆုံးသမားပါပဲ” ဟု ရီဗယ်ဒိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အသက် ၁၃ နှစ်က ရီးယဲလ်သို့ရောက်ခဲ့သည်ဟု နေးမာ ဖွင့်ဟ

    အသက် ၁၃ နှစ်က ရီးယဲလ်သို့ရောက်ခဲ့သည်ဟု နေးမာ ဖွင့်ဟ

    သြဂုတ် ၆၊ ၂၀၁၆
    M-Media

    neymar

    – မိမိအနေဖြင့် အသက် ၁၃ နှစ်အရွယ်က ရီးယဲလ်တွင် အစမ်း လာရောက်ကစားခဲ့ရပြီး ထိုအချိန်က မိမိမှာ ဥရောပသို့ ပြောင်းရွှေ့ရန် အဆင်သင့်မဖြစ်သေးဟု ခံစားခဲ့ရသောကြောင့် ရီးယဲလ်သို့ မရောက်ခဲ့ခြင်းဟု ဘာကာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    လက်ရှိတွင် ဘာစီလိုနာနှင့် အောင်မြင်နေသည့် နေးမာမှာ ၂၀၀၅ ခုနှစ်က ရီးယဲလ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သော်လည်း ဆန်းတို့စ်တွင်ပင် ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ နောက်ထပ် ၈ နှစ်အကြာတွင်မူ ၎င်းမှာ ဘာစီလိုနာသို့ ရောက်ရှိခဲ့သည်။

    နေးမာကမူ မိမိ ရီးယဲလ်သို့ ရောက်လာသည့်အခါ သက်တောင့်သက်သာမဖြစ်ခဲ့ဟု ဆိုသည်။

    “ကျွန်တော့် အသက် ၁၃ နှစ်ပဲ ရှိသေးပြီး ဥရောပကို ပထမဆုံးအကြိမ် ရောက်လာတာပါ။ အဲဒီတုန်းက သက်တောင့်ဖြစ်တယ်လို့ မခံစားခဲ့ရပါဘူး။ ပျော်လည်းမပျော်ဘူး၊ ဘရာဇီးလ်ရဲ့ ပြင်ပမှာနေဖို့ အရမ်းငယ်သေးတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော် အလျင်မလိုခဲ့သလို၊ အရေးပေါ်အခြေအနေမျိုးလည်း မဟုတ်ခဲ့ပါဘူး။ အဲဒီတုန်းက အဓိကအချက်ဟာ ကျွန်တော် ပျော်ရွှင်ဖို့နဲ့ ဖရော်ဖက်ရှင်နယ်ကစားသမား ဖြစ်လာဖို့ပါ။ အဲဒီတော့မှ ကျွန်တော်ဟာ ဥရောပမှာ ကစားနိုင်မှာ ဖြစ်ပါတယ်” ဟု နေးမာက ပြောကြားခဲ့သည်။

    နေးမာမှာ လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ကိုပါဒီရေးတစ်ကြိမ်၊ ကမ္ဘာ့ကလပ်ချန်ပီယံ တစ်ကြိမ်တို့ ဆွတ်ခူးထားသည်။

    Ref: Goal

  • ယမန်နှစ်ဘောလုံးရာသီတွင် ဘာစီလိုနာ၏ အမြတ်ငွေ စံချိန်တင်

    ယမန်နှစ်ဘောလုံးရာသီတွင် ဘာစီလိုနာ၏ အမြတ်ငွေ စံချိန်တင်

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    barcar

    – ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်း၏ အမြတ်ငွေဟာ ယူရို ၆၉၇ သန်းရှိခဲ့ပြီး စံချိန်တင်အမြတ်ငွေဖြစ်သည်ဟု အသင်း၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းအရ သိရသည်။

    အဆိုပါရှင်းတမ်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခွန်ဆောင်ပြီးနောက် အသင်း၏ အသားတင်အမြတ်ငွေမှာ ယူရို ၂၉ သန်းရှိခဲ့သည်။ ဘာစီလိုနာကမူ လာမည့် ၂၀၂၁ ခုနှစ်တွင် အမြတ်ငွေ ယူရို ၁ ဘီလီယံအထိ ရရှိရန် ခန့်မှန်းထားသည့် မဟာဗျူဟာ အစီအစဉ်လည်း ရှိနေသည်။

    ထိုအစီအစဉ်တွင် အသင်း၏ နျူးကမ့်ကွင်းနှင့် ပတ်ဝန်းကျင်အား ပြင်ဆင်ရေးလုပ်ငန်းဖြစ်သော Espai Barca စီမံကိန်းလည်း ပါဝင်သည်။

    ယမန်နေ့ စာရင်းရှင်းတမ်းထုတ်ပြန်မှုတွင် အသင်း၏ စပွန်စာဖြစ်သော Qatar Airways နှင့် တစ်နှစ်သက်တမ်း တိုးသွားမည်ဟု ဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ကြေငြာခဲ့သည်။

    Ref: Goal

  • ဘာကာ၏ မက်ဆီပရိုမိုးရှင်းကို စပိန်တရားရေးဝန်ကြီး ဝေဖန်

    ဘာကာ၏ မက်ဆီပရိုမိုးရှင်းကို စပိန်တရားရေးဝန်ကြီး ဝေဖန်

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    messi 3

    – အခွန်ရှောင်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တိုက်စစ်မှူး မက်ဆီအတွက် ဘာစီလိုနာအသင်းက ပြုလုပ်နေသည့် ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို စပိန် တရားရေးဝန်ကြီး ရာဖေးလ် ကာတာလာက ဝေဖန်ပြောကြားလိုက်သည်။

    မက်ဆီမှာ အခွန်ရှောင်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို သန်းချီ ချမှတ်ခံထားရပြီး ဝေဖန်မှုများ ခံနေရချိန်တွင် ဘာစီလိုနာအသင်းက #WeAreAllLionelMessi ဟူသည့် ခေါင်းစဉ်ဖြင့် မက်ဆီအား ထောက်ခံရေး ဆိုရှယ်မီဒီယာလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

    ထိုလှုပ်ရှားမှုအတွက် ဘာစီလိုနာအသင်းမှာ ဝေဖန်ခံနေရပြီး စပိန်တရားရေးဝန်ကြီးကလည်း ထိုအထဲတွင် ပါဝင်လာကာ အသင်းအနေဖြင့် ကစားသမားတစ်ဦးအား စာနာဖေးမရမည် ဖြစ်သော်လည်း ဘာကာ၏ လုပ်ရပ်မှာ တရားရုံးက သတ်မှတ်ထားသည့် မက်ဆီ၏ ဥပဒေချိုးဖောက်မှုကို မှေးမှိန်အောင် ပြုလုပ်နေသကဲ့သို့ဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်က မက်ဆီလည်းမဟုတ်ပါဘူး။ အခွန်လည်းမရှောင်ခဲ့ပါဘူး။ ဒါ့ကြောင့် ဘယ်သူ့အတွက် ဘာမှ မခံစားပေးပါဘူး။ ဘာစီလိုနာရဲ့လုပ်ရပ်ကို ကာ့တ်လန်နယ်သားတွေ၊ ဘာစီလိုနာပရိတ်သတ်တော်တော်များများကလည်း နှစ်သက်ကြမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကာတာလာက ပြောကြားခဲ့သည်။

    Ref: Goal

  • နေးမာအပြောင်းအရွှေ့ အခွန်ကိစ္စအမှားအတွက် လျောကြေးပေးရန် ဘာစီလိုနာ သဘောတူ

    နေးမာအပြောင်းအရွှေ့ အခွန်ကိစ္စအမှားအတွက် လျောကြေးပေးရန် ဘာစီလိုနာ သဘောတူ

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    neymar

    – တိုက်စစ်မှူးနေးမာအား ၂၀၁၃ ခုနှစ်တွင် ဆန်းတို့စ်အသင်းမှ ခေါ်ယူရာတွင် အခွန်ကိစ္စနှင့်ပတ်သက်၍ အမှားအယွင်းများ ပြုလုပ်ခဲ့မှုအတွက် ယူရို ၅.၅ သန်းပေးဆောင်ရန် ဘာစီလိုနာအသင်းက သဘောတူညီခဲ့သည်ဟု သိရသည်။

    လက်ရှိ တရားရင်ဆိုင်နေရသည့် ထိုကိစ္စတွင် စပိန်တရားသူကြီးများက နေးမာနှင့် ၎င်း၏အေးဂျင့်အဖြစ်ဆောင်ရွက်သူ နေးမာ၏ ဖခင်တို့မှာ အမှန်တကယ် ရရှိခဲ့သည့် ပြောင်းရွှေ့ကြေးကို ထိန်ချန်ထားသည်ဟု စွပ်စွဲထားသည်။

    ဘာစီလိုနာကမူ ၎င်းတို့မှာ နေးမာအတွက် ယူရို ၅၇ သန်းကုန်ကျခဲ့ပြီး ထိုထဲမှ ၁၇ သန်းကို ဆန်းတို့စ်အသင်းအား ပေးခဲ့ရကာ ကျန်ရှိသည့် ငွေများကို နေးမာ၏ မိသားစုက ယူခဲ့သည်ဟု ရုံးတော်သို့ ပြောကြားခဲ့သည်။

    နေးမာ၏ အခွင့်အရေးများကို ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်သော ဘရာဇီးလ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကမူ မိမိတို့မှာ ရသင့်ရထိုက်သည့် ပမာဏကို မရခဲ့ဟု တိုင်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအရ နေးမာ၏ ပြောင်းရွှေ့ကြေးမှာ ယူရို ၈၃ နီးပါး ရှိခဲ့သည်ကို တွေ့ခဲ့ရသည်။

    ယခုတွင်မူ ထိုကိစ္စအတွင်း အခွန်ပိုင်းဆိုင်ရာ အမှားအယွင်းများအတွက် ဘာစီလိုနာက လျော်ကြေးပေးရန် သဘောတူခဲ့သည်။

    “သဘောတူညီချက်မှာ ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေးနှစ်က ကစားသမားကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး အခွန်ကိစ္စအတွက် အသင်းရဲ့ မှားယွင်းမှုကို အသိအမှတ်ပြုဖို့ ပါဝင်ပါတယ်။ နောက်ပြီး အပြောင်းအရွှေ့လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ၂၀၁၄ ခုနှစ် ဘဏ္ဍာ ရေးနှစ်မှာတော့ အသင်းဟာ လုံးဝအပြစ်ကင်းခဲ့ပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ ဒီသဘောတူညီချက်ကို အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုအဖြစ်၊ အသင်းရဲ့ လာမယ့်နှစ်တွေအတွင်း အားကစားပိုင်းနဲ့ စီးပွားရေးဆိုင်ရာ အစီအစဉ်တွေကို ထိခိုက်နိုင်တဲ့ ဥပဒေပိုင်း မရေရာမှုအခြေအနေတွေကို အဆုံးသတ်မှုအဖြစ် ရှုမြင်ပါတယ်” ဟု ဘာစီလိုနာအသင်းက ထုတ်ပြနသည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Goal