News @ M-Media

Tag: Bercelona

  • ဘာကာတိုက်စစ်မှူး မက်ဆီကို အခွန်ရှောင်မှုဖြင့် စပိန်တရားရုံးက ဆင့်ခေါ်

    ဘာကာတိုက်စစ်မှူး မက်ဆီကို အခွန်ရှောင်မှုဖြင့် စပိန်တရားရုံးက ဆင့်ခေါ်

    မေ ၂၇၊ ၂၀၁၆
    M-Media

    messi

    – အခွန်ရှောင်မှုကိစ္စ တရားစွဲဆိုမှုတွင် လျှောက်လဲချက်ပေးရန်အတွက် ဇွန်လ ၂ ရက်နေ့တွင် လာရောက်ရန် စပိန်တရားရုံးက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအား ဆင့်ခေါ်ထားသည်ဟု သိရသည်။

    မက်ဆီနှင့် ၎င်း၏ ဖခင်တို့မှာ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အကြား ယူရို ၄.၁ သန်းတန်ဖိုးရှိ အခွန်ရှောင်မှုကိစ္စ စွဲချက် ၃ ခုဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး ထိုအတွက် ကြားနာမှုကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။

    ထိုအခွန်ရှောင်မှုကိစ္စတွင် မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ မက်ဆီတွင် လုံးဝ တာဝန်ရှိသောကြောင့် မက်ဆီကို တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ပေးရန် ရှေ့နေများက လျှောက်လဲခဲ့ကြသော်လည်း ပြည်နယ်တရားရုံးက ထိုအကြံပြုချက်ကို ပယ်ချကာ ၎င်းတို့ သားအဖ နှစ်ဦးစလုံးကို တရားရုံးသို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

    ဖွန်လ ၅ ရက်နေ့တွင် အမေရိကန်၌ ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲကို စတင်မည်ဖြစ်ပြီး အာဂျင်တီးနားအသင်းမှာ ၆ ရက်နေ့တွင် ချီလီအသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။ အာဂျင်တီးနားနည်းပြ မာတီနိုကမူ ၎င်း၏အသင်းတွင် မက်ဆီပါဝင်မည်ဟု စောစောပိုင်းက ပြောကြားထားသည်။

    Ref: Goal

  • လာဂီဂါ ဂိုးသွင်းဘုရင် ဆွာရက်ဇ်က အသင်းဖော်များကို ကျေးဇူးတင်

    လာဂီဂါ ဂိုးသွင်းဘုရင် ဆွာရက်ဇ်က အသင်းဖော်များကို ကျေးဇူးတင်

    မေ ၁၅၊ ၂၀၁၆
    M-Media

    suarez

    – လာလီဂါတွင် ဂိုးအများဆုံး သွင်းယူနိုင်သည့် ကစားသမားအတွက် ချီးမြှင့်သော Pichichi ဆုကို ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ရော်နယ်ဒိုနှင့် မက်ဆီတို့ကိုကျော်ကာ ထိုဆုအား ပထမဆုံး ရယူနိုင်ခဲ့သည့် ကစားသမား ဖြစ်လာခဲ့သည်။

    ဘာစီလိုနာအတွက် လာလီဂါတွင် ၃၅ ပွဲ ကစားခဲ့သည့် ဆွာရက်ဇ်ကမှာ ဂိုးပေါင်း ၄၀ သွင်းယူနိုင်ပြီး ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကိုထက် ၅ ဂိုး အသာဖြင့် လာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့် ဂရာနာဒါနှင့် လာလီဂါနောက်ဆုံးပွဲတွင် ၎င်း၏ ဟက်ထရစ်သွင်းဂိုးက ဘာစီလိုနာအား ချန်ပီယံဖြစ်စေသကဲ့သို့ ၎င်းကိုလည်း Pichichi ဆု ရရှိစေခဲ့သည်။

    ဆွာရက်ဇ်မှာ ဘာကာအတွက် ပြိုင်ပွဲအားလုံးတွင် ၅၃ ဂိုး သွင်းယူပေးထားပြီး လာလီဂါ ဂိုးသွင်းဘုရင်ဆုနှင့် သွင်းဂိုးများအတွက် အသင်းဖော်များကို ကျေးဇူးတင်ခဲ့သည်။

    “အသင်းသားတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့သာမရှိရင် ကျွန်တော် ဒါမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုလိုအခြေအနေမျိုးဟာ သူတို့မရှိရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်ကို ဖန်တီးပေးပြီး ကျွန်တော်က ဂိုးသာ သွင်းပေးရတာပါ။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးတစ်ခေါက် ထပ်တင်ပါတယ်ဗျာ” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မက်ဆီမှာ ရော်နယ်ဒိုထက်သာသည်ဟု ပီကေးပြော

    မက်ဆီမှာ ရော်နယ်ဒိုထက်သာသည်ဟု ပီကေးပြော

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    messi 1

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ လူသားသက်တမ်းတွင် အကောင်းဆုံးကစားသမား ဖြစ်သော်လည်း မိမိ၏အသင်းဖော် လီယွန်နယ်မက်ဆီက ပိုကောင်းကာ အခြားကမ္ဘာမှလာသူ ဖြစ်သည်ဟု ဘာကာနောက်ခံလူ ဂျရတ်ပီကေးက ချီးကျူးပြောဆိုလိုက်သည်။

    မက်ဆီနှင့် ရော်နယ်ဒို နှစ်ဦးစလုံးမှာ လက်ရှိတွင် ကမ္ဘာပေါ်၌ အကောင်းဆုံး ကစားသမားများဖြစ်သည်ဟု သတ်မှတ်ခြင်း ခံထားရပြီး လွန်ခဲ့သည့် ၈ နှစ်လုံးလုံး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon D’Or ကို ၎င်းတို့နှစ်ဦးကသာ သိမ်းပိုက်ထားခဲ့သည်။

    ရော်နယ်ဒို၊ မက်ဆီတို့နှင့်အတူ ကစားခဲ့ဖူးသည့် ပီကေးကမူ မက်ဆီကို ပိုမို အသားပေးပြောကြားခဲ့သည်။

    “သူတို့နှစ်ယောက်စလုံးဟာ တစ်မူထူးခြားတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြောနေတာက ကမ္ဘာ့အကောင်းဆုံ ဘောလုံးသမားတွေအကြောင်း မဟုတ်ပါဘူး။ အားကစားသမိုင်းတစ်လျှောက်မှာ အကောင်းဆုံး ကစားသမားတွေ အကြောင်းပါ။ မက်ဆီမှာ ဘယ်သူ့ဆီမှာမှမရှိတဲ့ ပါရမီမျိုးရှိတယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက်တော့ ခရစ္စတီယာနိုက လူသားထုတစ်ရပ်လုံးမှာ အကောင်းဆုံးလို့ဆိုရင် မက်ဆီကတော့ အခြားကမ္ဘာက လာသူပါပဲ” ဟု ပီကေးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရီးယဲလ်အရှုံးအတွက် ဆင်ခြေမပေးဟု ဘာကာနည်းပြ ပြော

    ရီးယဲလ်အရှုံးအတွက် ဆင်ခြေမပေးဟု ဘာကာနည်းပြ ပြော

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    barca

    – ခါးသီးသောပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့မှုအတွက် မိမိအနေဖြင့် မည်သည့်ဆင်ခြေမှ ပေးမည်မဟုတ်ဟု ဘာစီလိုနာနည်းပြ လူးဝစ် အန်းရစ်က ပြောကြားလိုက်သည်။

    ယမန်နေ့က နျူးကမ့်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ ပီကေး၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဘန်ဇီမာနှင့် ရော်နယ်ဒိုတို့၏ ဂိုးများကို ခွင့်ပြုခဲ့ရကာ အရှုံးပေးခဲ့ရသည်။ ထိုပွဲတွင် ဘာကာတိုက်စစ်အတွဲဖြစ်သည့် မက်ဆီ၊ ဆွာရက်ဇ်၊ နေးမာတို့အတွဲမှာ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံတကာပွဲပမ်းမှုကြောင့် ဖြစ်သည်ဟု ပြောကြားမှုများ ရှိနေသည်။

    သို့သော်လည်း အန်းရစ်ကမူ မိမိအနေဖြင့် အရှုံးအတွက် မည်သည့်အဆင်ခြေမှ မပေးချင်ဟု ဆိုသည်။

    “ရလဒ်မကောင်းတဲ့အခါ ကျွန်တော် ဆင်ခြေဆင်လက်တွေ မပေးချင်ပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေပြီး သူတို့ဟာ နိုင်ငံတကာပွဲအတွက် ခရီးသွားခဲ့ရပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ။ ကစားသမားတွေရဲ့ အားထုတ်မှုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒီပွဲမှာ အနိုင်၊ ဒါမှမဟုတ် သရေကျခဲ့ရမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်ပိုပြီး ထိရောက်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ရလဒ်အတွက်တော့ ကျွန်တော် စိတ်ချမ်းမသာပါဘူး” ဟု အန်းရစ်က ပြောကြားခဲ့သည်။

    Ref: Goal

  • လာလီဂါတွင် လက်စတာလိုအသင်းမျိုး မပေါ်နိုင်ဟု ဘာကာနည်းပြ ပြော

    လာလီဂါတွင် လက်စတာလိုအသင်းမျိုး မပေါ်နိုင်ဟု ဘာကာနည်းပြ ပြော

    မတ် ၁၂၊ ၂၀၁၆
    M-Media

    baca 4

    – ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးအသင်း၏ စွမ်းဆောင်မှုမျိုးကို လာလီဂါရှိ ကလပ်များက လုပ်ဆောင်နိုင်မည်မဟုတ်ဟု ဘာစီလိုနာနည်းပြ လူးဝစ် အန်းရစ်က ပြောကြားလိုက်သည်။

    ကလော်ဒီယို ရာနီရေးရီ၏ လက်စတာမှာ တန်းမဆင်းရရေးအတွက်သာ ရုန်းကန်ရမည်ဟု ရာသီအစက ခန့်မှန်းထားကြသော်လည်း ၉ ပွဲကစားရန် ကျန်ရှိသည့် လက်ရှိအချိန်တွင် ဒုတိယနေရာမှ စပါးအား ၅ မှတ်ဖြတ်၍ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားသည်။

    လွန်ခဲ့သည့် ၁၁ နှစ်တာကာလတွင်း အက်သလက်တီကို၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သာ စိုးမိုးထားသည့် လာလီဂါတွင်မူ ထိုကဲ့သို့ ဖြစ်လာနိုင်ဖွယ်မရှိဟု ဘာစီလိုနာနည်းပြက ယူဆနေသည်။

    “လာလီဂါမှာ ဒီလိုဖြစ်မလားဆိုတာတော့ ကျွန်တော် မပြောတတ်ပါဘူး။ အသင်းကြီးတွေ ဆိုးဆိုးဝါးဝါးဖြစ်တာမျိုးက ဖြစ်ခဲပါတယ်။ ကျွန်တော်တို့ဟာ အသင်းကြီး ၃ သင်းအကြောင်း ပြောနေတာပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစပြီး အက်သလက်တီကိုက ဒီအသင်းကြီးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီသုံးသင်းက (လက်ရှိ ပရီးမီးယားလိဂ်က အသင်းကြီးတွေလို) ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ တော်တော်နည်းပါတယ်။ အသင်းကြီးတွေက ထိပ်ဆုံးနေရာနဲ့ ဝေးသွားတာမျိုးက ပုံမှန်မဟုတ်ပါဘူး။ အင်္ဂလန်မှာဖြစ်နေတာကတော့ တော်တော်လေး ကြုံတောင့်ကြုံခဲ အနေအထားပါပဲ” ဟု အန်းရစ်က ပြောကြားခဲ့သည်။

    Ref: Goal