News @ M-Media

Tag: Bercelona

  • ရီးယဲလ်၏ အရှည်ကြာဆုံး ရှုံးပွဲမရှိစံချိန်ကို ဘာစီလိုနာ ချိုးဖျက်

    ရီးယဲလ်၏ အရှည်ကြာဆုံး ရှုံးပွဲမရှိစံချိန်ကို ဘာစီလိုနာ ချိုးဖျက်

    မတ် ၄၊ ၂၀၁၆
    M-Media

    messi 3

    – ယမန်နေ့က ကစားခဲ့သည့် လာလီဂါပွဲတွင် ဘာစီလိုနာအသင်းမှာ ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို ရရှိခဲ့ပြီး ရီးယဲမက်ဒရစ်တင်ထားသည့် ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်ဟု သိရသည်။

    ရီးယဲလ်မက်ဒရစ်မှာ ၂၅ ပွဲနိုင် ၉ ပွဲသရေဖြင့် ထိုစံချိန်ကို ၁၉၈၈-၈၉ ဘောလုံးရာသီက တင်ထားခြင်းဖြစ်ပြီး ယမန်နေ့က ဗယ်လက်ကာနိုအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘာစီလိုနာမှာ ၂၉ ပွဲ နိုင် ၆ ပွဲသရေဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီမှာ ထိုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ၎င်း၏ လာလီဂါ ၃၅ ကြိမ်မြောက် ဟက်ထရစ်လည်း ဖြစ်သည်။

    “စံချိန်ရမယ်ဆိုရင်လည်း အဲဒါက အခုအချိန်မှာ ကျွန်တော်တို့အတွက် ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီလိုဆက်တိုက်နိုင်တာဟာ ရာသီကုန်ရင် ကျွန်တော်တို့ ဖလားရဖို့ အထောက်အကူဖြစ်မှသာ အဓိပ္ပါယ်ရှိမှာပါ” ဟု နည်းပြအန်းရစ်က ပွဲမတိုင်မီ ပြောကြားခဲ့သည်။

    ထိုပွဲတွင် နေးမာမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း မက်ဆီသွင်းခဲ့သော အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဘရာဇီးလ်ကစားသမားဟောင်း ရော်နယ်ဒင်ဟိုက တစ်ရာသီအတွင်း ရရှိထားသည့် သွင်းဂိုး ၁၈ ဂိုးနှင့် ဖန်တီးမှု ၁၀ ခု ပြုလုပ်သော မှတ်တမ်းနှစ်ခုစလုံးနှင့် တူညီခဲ့သည်။

    Ref: Goal

  • အနားမယူခင် အာဂျင်တီးနားတွင် ကစားချင်သည်ဟု မက်ဆီဖွင့်ဟ

    အနားမယူခင် အာဂျင်တီးနားတွင် ကစားချင်သည်ဟု မက်ဆီဖွင့်ဟ

    မတ် ၂၊ ၂၀၁၆
    M-Media

    messi 1

    – ဘောလုံသမားဘ၀မှ အနားမယူခင် မိမိမှာ အာဂျင်တီးနားရှိ ကလပ်အသင်းတစ်ခုခုတွင် ကစားချင်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိခဲ့သည့် မက်ဆီက မိမိအနေဖြင့် ဘာစီလိုနာမှလွဲ၍
    အခြားသော အသင်းများတွင် မကစားဟု အကြိမ်ကြိမ်အခါခါ ပြောကြားထားသော်လည်း ၎င်းမွေးဖွားရာ အာဂျင်တီးနားတွင်ြ
    ပန်လည်ကစားရန် အစီအစဉ်ရှိနေသည်။

    “ဒါဟာ ကျွန်တော် ဆောင်ရွက်ချင်နေတဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ်တော့လဲဆိုတာတော့ ကျွန်တော် မပြောတတ်သေးပါဘူး။ ဒါပေမယ့် ဒါဟာ ဖြစ်နိုင်ခြေပါ။ ရေတိုအတွက်ရော၊ ရည်ရှည်အတွက်ပါ ကျွန်တော် ရည်ရွယ်ချက်ပန်းတိုင်တွေ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်က လိုက်နိုင်သမျှကာလပတ်လုံး ကစားသွားမှာပါ။ အသင်းအတွက် ပေးဆပ်စရာတွေလည်း ရှိနေပါသေးတယ်။ အချိန်ကျပြီဆိုရင်တော့ ဆုံးဖြတ်ချက် ချသွားမှာပါ” ဟု မက်ဆီက ပြောကြားခဲ့သည်။

    ထိုပြင် အာဂျင်တီးနားလက်ရွေးစင်အသင်းဖြင့် ဆုဖလားများ မရရှိသေးသည့်အတွက် စိတ်ပျက်မိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အာဂျင်တီးနားအသင်း ရှုံးတိုင်း ကျွန်တော် မကျေနိုင်မချမ်းနိုင် ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်သင့်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကတို့ကို ရရှိနိုင်လောက်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်ခဲ့ပါတယ်”

    Ref: Goal

  • လက်ရှိ ဘာစီလိုနာတိုက်စစ်အတွဲမှာ မြင်ဖူးသမျှတွင် အကောင်းဆုံးဟု အင်နီယေစတာပြော

    လက်ရှိ ဘာစီလိုနာတိုက်စစ်အတွဲမှာ မြင်ဖူးသမျှတွင် အကောင်းဆုံးဟု အင်နီယေစတာပြော

    မတ် ၁၊ ၂၀၁၆
    M-Media

    baca 3

    – မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့ တိုက်စစ်အတွဲမှာ မိမိမြင်ခဲ့ဖူးသမျှတွင် အကောင်းဆုံး တိုက်စစ်အတွဲဖြစ်သည်ဟု ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ဘာစီလိုနာအသင်း၏ အောင်မြင်မှုသရဖူ ဆောင်းခဲ့မှုတွင် ၎င်းတို့တိုက်စစ်အတွဲမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ အသင်း၏ ပြိုင်ပွဲအားလုံးတွင် ၉၄ ဂိုး သွင်းယူပေးထားနိုင်သည်။

    အင်နီယေစတာကမူ ၎င်းတို့ ၃ ဦးမှာ မက်ဆီ၊ ဟင်နရီနှင့် အီတူးတို့ ၃ ဦးထက်ပင် ကောင်းမွန်သည်ဟု ဆိုသည်။

    “ဟင်နရီနဲ့ အီတူးတို့ကို ဖယ်လိုက်ရင် မက်ဆီ၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားတွေပါပဲ။ လီယို (မက်ဆီ) ဟာ အငြင်းပွားစရာမလိုတဲ့ နံပါတ် ၁ ကစားသမားဖြစ်ပြီး သူ့လိုကစားသမားမျိုး ဘယ်တော့မှ ရမှာမဟုတ်တော့ပါဘူး” ဟု အင်နီယေစတာက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဘာစီလိုနာမှာ လာလီဂါ၌ ဒုတိယနေရာမှ အက်သလက်တီကိုအား ၈ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ဘုရင့်ဖလားဗိုလ်လုပွဲတွင် ဆီးဗီးလားနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင်မူ ပထမအကျော့၌ အာဆင်နယ်အား ၂ ဂိုးပြတ်ဖြင့် အနိုင်ယူထားကာ နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းနေသည်။

    အင်နီယေစတာကမူ လက်ရှိအချိန်မှ ရာသီအဆုံးအထိ ကစားမည့်ပွဲတိုင်းမှာ မိမိတို့အတွက် အရေးပါသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံဖြစ်မည်ဟု ဘရာဇီးလ်ဂန္တ၀င် ရော်နယ်ဒိုပြော

    နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံဖြစ်မည်ဟု ဘရာဇီးလ်ဂန္တ၀င် ရော်နယ်ဒိုပြော

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    naymer 2

    – ဘာစီလိုနာတိုက်စစ်မှူး နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံ ဖြစ်လိမ့်မည်ဟု ဘရာဇီး ဂန္တ၀င်ကစားသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ် နေးမာမှာ ၂၀၁၃ ခုနှစ်က ဆန်းတို့စ်မှ ဘာစီလိုနာသို့ ရောက်ရှိခဲ့ပြီးနောက် ဥရောပတွင် အငြင်းပွားဖွယ်မရှိသော ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်နိုင်ခဲ့သည်။ တစ်နိုင်ငံတည်းသား ရော်နယ်ဒိုကမူ နေးမာအား ချီးကျူးခဲ့သည်။

    “ကျွန်တော် နေးမာကို တော်တော်လေးကြိုက်ပါတယ်။ ပထမပိုင်းမှာ ပတ်ဝန်းကျင်အသစ်နဲ့ အသားကျဖို့ သူ နည်းနည်းတော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် သူ အောင်မြင်လာတော့မယ်ဆိုတာ ကျွန်တော်သိပါတယ်။ မက်ဆီရဲ့ အမွေအစားအမွေခံဖြစ်မလားဆိုရင်တော့ – ဟုတ်ပါတယ်။ သူဖြစ်လာမှာပါ။ မက်ဆီလို ပြောစရာမရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ လိုအပ်တာအားလုံး သူ့မှာ ရှိနေပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ထို့ပြင် တစ်ချိန်က ရီးယဲလ်အသင်းဖော်ဖြစ်ခဲ့သည့် ဇီဒိန်းမှာ ရီးယဲလ်အား ချန်ပီယံလိဂ် အောင်ပွဲသို့ ခေါ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    sua

    – ဘာစီလိုနာသို့ ရောက်ရှိလာခဲ့စဉ်က မိမိ၏ကစားပုံမှာ မက်ဆီ၊ နေးမာတို့နှင့် မတူညီသောကြောင့် အံဝင်ခွင်ကျ ဖြစ်မည်လားဆိုသည့် ကြောက်ရွံ့မှုများ ရှိခဲ့ကြောင်း ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်တွင် လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့သည့် ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲထွက်ခွင့်နောက်ကျခဲ့သည်။ သို့သော်လည်း ကစားခွင့်ရသည့်အချိန်တွင်မူ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာ ဖလား ၅ လုံးရခဲ့သည့် ၂၀၁၅ ဘောလုံးရာသီက အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်ခဲ့ကာ ယခုနှစ်တွင်လည်း ပြိုင်ပွဲအားလုံး ၃၄ ပွဲကစားထားပြီးနောက် ၃၆ ဂိုး သွင်းယူထားနိုင်သည်။

    ၎င်းကမူ အစောပိုင်းတွင် တိုက်စစ်မှူး ၃ ဦး အလုပ်တွဲလုပ်နိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်မိခဲ့ကြောင်း ၀န်ခံခဲ့သည်။

    “ပထမတော့ ဘာကာရဲ့ကစားပုံနဲ့ ကျွန်တော်ဟာ အံဝင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ tiki-taka ပုံစံ ကစားတာများပြီး နေရာလွတ်သိပ်မရှိဘူး၊ ကျွန်တော့်အတွက် ခက်ခဲမယ်ပေါ့လေ။ သောကရောက်ခဲ့တာပေါ့။ ဒါပေမယ့် အသင်းဖော်တွေရဲ့ ကူညီမှုနဲ့ နည်းပြ လူးဝစ်အန်းရစ်က ကျွန်တော့ကို နံပါတ် ၉ နေရာမှာ ဆက်မသုံးမှုတွေကြောင့် ကျွန်တော် ပိုပြီး သက်သောင့်သက်သာ ဖြစ်ခဲ့ပါတယ်” ဟု အဆွာရက်ဇက်က Daily Mail သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီ၊ နေးမာတို့နှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးကို ရရှိခဲ့ကြောင်း၊ ကွင်းပြင်ပ ဆက်ဆံရေးကောင်းမှုက ကွင်းအတွင်း ဆက်ဆံရေးကို လမ်းဖွင့်ပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal