ဧပြီ ၃၊ ၂၀၁၆
M-Media
– ခါးသီးသောပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့မှုအတွက် မိမိအနေဖြင့် မည်သည့်ဆင်ခြေမှ ပေးမည်မဟုတ်ဟု ဘာစီလိုနာနည်းပြ လူးဝစ် အန်းရစ်က ပြောကြားလိုက်သည်။
ယမန်နေ့က နျူးကမ့်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ ပီကေး၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဘန်ဇီမာနှင့် ရော်နယ်ဒိုတို့၏ ဂိုးများကို ခွင့်ပြုခဲ့ရကာ အရှုံးပေးခဲ့ရသည်။ ထိုပွဲတွင် ဘာကာတိုက်စစ်အတွဲဖြစ်သည့် မက်ဆီ၊ ဆွာရက်ဇ်၊ နေးမာတို့အတွဲမှာ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံတကာပွဲပမ်းမှုကြောင့် ဖြစ်သည်ဟု ပြောကြားမှုများ ရှိနေသည်။
သို့သော်လည်း အန်းရစ်ကမူ မိမိအနေဖြင့် အရှုံးအတွက် မည်သည့်အဆင်ခြေမှ မပေးချင်ဟု ဆိုသည်။
“ရလဒ်မကောင်းတဲ့အခါ ကျွန်တော် ဆင်ခြေဆင်လက်တွေ မပေးချင်ပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေပြီး သူတို့ဟာ နိုင်ငံတကာပွဲအတွက် ခရီးသွားခဲ့ရပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ။ ကစားသမားတွေရဲ့ အားထုတ်မှုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒီပွဲမှာ အနိုင်၊ ဒါမှမဟုတ် သရေကျခဲ့ရမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်ပိုပြီး ထိရောက်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ရလဒ်အတွက်တော့ ကျွန်တော် စိတ်ချမ်းမသာပါဘူး” ဟု အန်းရစ်က ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.