News @ M-Media
Tag: Canada
  • ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ
    ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ
    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media
    NDP ပါတီခေါင်းဆောင် ဖြစ်လာသည့် ဂျဂ်မိဆင်း
    – ကနေဒါနိုင်ငံရှိ ဆစ်ခ်လူမျိုးတစ်ဦးမှာ တိုင်းပြည်၏ တတိယအင်အားအကြီးဆုံးပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရသည်ဟု သိရသည်။
    ဂျဂ်မိဆင်းဆိုသူဖြစ်ပြီး New Democratic Party (NDP) ပါတီခေါင်းဆောင်အဖြင် ယမန်နေ့က မဲခွဲဆုံးဖြတ်မှုတွင် မဲအရေအတွက် ၅၄ ရာခိုင်နှုန်း ရရှိကာ အရွေးခံခဲ့ရခြင်းဖြစ်သည်။ NDP ပါတီမှာ ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူ၏ လစ်ဘရယ်ပါတီနှင့် ကွန်ဆာဗေးတစ်ပါတီတို့နောက် တတိယ အကြီဆုံးပါတီလည်းဖြစ်သည်။
    “ကြောက်ရွံ့စိတ်နိုင်ငံရေးကို သတ္တိနိုင်ငံရေးနဲ့၊ နိုင်ငံရေးအကွဲအပြဲတွေကို မေတ္တာနိုင်ငံရေးနဲ့ တွန်းလှန်ရာမှာ ကနေဒါပြည်သူတွေဟာ စည်းလုံးညီညွတ်ရပါမယ်” ဟု ဆင်းက ရလဒ်ကြေငြာပြီးနောက် ပြောကြားခဲ့သည်။
    ရှေ့နေတစ်ယောက်ဖြစ်သည့် ဆင်းမှာ အွန်တာရီယိုရှိ ပန်ချာဘီ မိသားစုမှ မွေးဖွားလာခြင်းဖြစ်ပြီး ၀န်ကြီးချုပ် ထရူဒူကလည်း ဆင်းကို ချီးကျူးခဲ့သည်။
    “၀န်ကြီးချုပ်ကို မကြာခင်မှာ တွေ့ဆုံစကားပြောဖို့ ရှိနေပြီး ကနေဒါပြည်သူတွေအတွက် အတူတကွ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆင်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    ဆင်းမှာ အွန်တာရီယို ပြည်နယ်လွှတ်တော်မှ အမတ်တစ်ဦးလည်းဖြစ်သည်။
    Ref: CNA
  • မြစ်ထဲမှာ ရေနစ်နေတဲ့ကလေးကို ဆင်းကယ်ခဲ့တဲ ကနေဒါက သတို့သား
    မြစ်ထဲမှာ ရေနစ်နေတဲ့ကလေးကို ဆင်းကယ်ခဲ့တဲ ကနေဒါက သတို့သား
    စက်တင်ဘာ ၂၆၊ ၂၀၁၇
    M-Media
    – ကနေဒါမှာ မင်္ဂလာဓာတ်ပုံ ရိုက်ကူးနေတဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး ဂုဏ်ယူရမယ့်၊ အမှတ်တရဖြစ်ရမယ့် အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။
    ကလေတန်ကွတ်နဲ့ ဘရစ်တနီ ကွတ်လို့ခေါ်တဲ့ အဲဒီစုံတွဲဟာ အွန်တာရီယိုမြို့က ကမ်းဘရစ်ဂ်ျတံတားပေါ်မှာ မင်္ဂလာဓာတ်ပုံတွေ ရိုက်ကူးနေတဲ့အချိန် မြစ်ထဲကို ကလေးတစ်ယောက် ကျသွားပြီး ရေနစ်နေတာကို တွေ့ခဲ့ရပါတယ်။
    အဲဒီအချိန်မှာ သတို့သားဝတ်စုံဝတ်ထားတဲ့ မစ္စတာကွတ်ဟာ ချက်ခြင်းပဲ အဲဒီကလေးကို ရေထဲဆင်းဆယ်ခဲ့ပြီး ဓာတ်ပုံဆရာကလည်း ဒီအဖြစ်အပျက်ကို အမိအရ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။
    အဲဒီဓာတ်ပုံတွေ အွန်လိုင်း ရောက်သွားတဲ့အခါမှာတော့ ကနေဒါကသာမက ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကပါ မစ္စတာကွတ်ရဲ့ ရဲရင့်မှုကို ချီးကျူးခဲ့ကြပါတယ်။
    “ဒီကလေးတွေဟာ ကျွန်တော်တို့နောက်ကို တစ်ကောက်ကောက်လိုက်နေတာဗျ။ မြစ်နဲ့ တော်တော်နီးနီးမှာ ရပ်နေတာကြောင့် သူတို့ကို ကျွန်တော် မျက်ခြေမပြတ် ကြည့်နေခဲ့တယ်။ ဘရစ်တနီက တစ်ယောက်တည်းပုံတွေ ရိုက်နေတဲ့အချိန် ကျောက်ဆောင်အစွန်းမှာ ကလေးနှစ်ယောက်ပဲ ရှိတော့တာကို ကျွန်တော် သတိထားမိလိုက်တယ်။ ပြီးတော့ ကောင်လေးက ရေထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတာကို ကျွန်တော် တွေ့ခဲ့တယ်။ ကျွန်တော် သူ့ကို ဆွဲခေါ်လာခဲ့ပြီး သူက ဘာမှ မဖြစ်ပါဘူး” လို့ ကလေတန်ကွတ်က ပြောကြားခဲ့ပါတယ်။
    ဇနီးဖြစ်သူ ဘရစ်တနီက သူ့ရဲ့ခင်ပွန်း ရေထဲဆင်းသွားတာဟာ သူ့ကို နောက်ဖို့လို့ ထင်ခဲ့ကြောင်း၊ သူများတွေဆိုရင်လည်း အဲဒီလို ကယ်တင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ရေနစ်သွားတဲ့ကလေးငယ်မှာ ကြောက်ရွံ့နေတာကလွဲလို့ ဘာဒဏ်ရာမှ မရခဲ့ဘဲ နောက်ပိုင်းမှာ သူ့ရဲ့ ညီအစ်ကိုတွေနဲ့အတူ အိမ်ပြန်သွားခဲ့ပါတယ်။
    ဘရစ်တနီက ကလေတန်ရဲ့ ဒီလို ဖြတ်ထိုးဉာဏ်ရှိမှု၊ ကိုယ်ကျိုးမငဲ့မှုတွေအပါအ၀င် အခြားအရည်အချင်းတွေကို ကြည့်ရှုကာ ချစ်ခဲ့တာဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ဒါဟာ ကျွန်မရဲ့ ကလေပါပဲ။ တစ်ခုခုဆိုရင် သူဟာ ဖြတ်ထိုးဉာဏ်ကို အသုံးချတတ်သူပါ”
    Ref: BBC
  • ကုရ်ဘာနီ အီးဒ်ပွဲတော်အတွက် ကနေဒါဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း
    ကုရ်ဘာနီ အီးဒ်ပွဲတော်အတွက် ကနေဒါဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း
    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media
    – အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒွလ်အသွဟာ (ကုရ်ဘာနီအီးဒ်ပွဲတော်) ဟာ ဒီနေ့နဲ့ မနက်ဖြန်မှာ ကျရောက်မှာဖြစ်ပါတယ်။
    ဒီပွဲတော်မှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ ၀တ်ပြုဆုတောင်းတာ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းတွေကို အသားဝတ္ထု ဝေငှလှူဒါန်းတာ၊ မိတ်ဆုံစားတာတွေကို အဓိကထား ပြုလုပ်ကြပါတယ်။
    ဒီပွဲတော်အတွက် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူရဲ့ ဆုတောင်းစကားလေးကို ဖော်ပြလိုက်ပါတယ်။
    Source – Facebook page of Canada Prime Minister
  • ကနေဒါတွင် မယားပြိုင်ထားသည့် အမျိုးသားနှစ်ဦး ထောင် ၅ နှစ်စီကျ
    ကနေဒါတွင် မယားပြိုင်ထားသည့် အမျိုးသားနှစ်ဦး ထောင် ၅ နှစ်စီကျ
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    – မိန်းမ ၂၅ ယောက်ယူထားသူတစ်ဦး အပါအ၀င် အမျိုးသား ၂ ဦးကို ကနေဒါက မယားပြိုင်ထားမှုနဲ့ မနေ့က ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ဒီ ဒီအမျိုးသား ၂ ဦးကို တရားစွဲဆိုဖို့ အထူး တရားသူကြီး ၃ ဦးကို ခန့်အပ်ခဲ့ပေမယ့် သူတို့က မယားပြိုင်ထားမှုကို ပိတ်ပင်ခြင်းဟာ ဖွဲ့စည်းပုံအခြခံဥပဒေက အာမခံပေးထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ရာကြတယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    ဒီအမျိုးသားနှစ်ဦးစလုံးဟာ Mormon Church လို့ခေါ်တဲ့ ခရစ်ယာန်ဂိုဏ်းတစ်ခုကနေ ခွဲထွက်လာပြီး မယားပြိုင်ထားမှုကို ခွင့်ပြုထားတဲ့ Fundamentalist Church of Jesus Christ of Latter-Day Saints (FLDS) ဆိုတဲ့ ခရစ်ယာန်ဂိုးဏ်က အကြီးတန်းတာဝန်ရှိသူတွေ ဖြစ်ပါတယ်။
    ၂၀၁၁ ခုနှစ်မှာတော့ ဘရစ်တစ်ရှ် ကိုလံဘီယာပြည်နယ် တရားရုံးက မယားပြိုင်ထားခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေဟာ ဘာသာရေးလွတ်လပ်ခွင့်ကိုပါ အကန့်အသတ်ဖြစ်စေတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဥပဒေအရ အဟန့်အတားကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက် ၃ နှစ်အကြာမှာတော့ ဘလက်မိုးနဲ့ အိုလာတို့ကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။
    ဘရစ်တစ်ရှ်ကိုလံဘီယာ တရားရုံးချုပ်က တရားသူကြီး ရှီရီ အန် ဒိုနီဂန်က အဓိကတရားခံဖြစ်တဲ့ ဘက်မိုးဟာ မယားပြိုင်ထားမှုကို ငြင်းဆိုခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    FLDS ဟာ ဘရစ်တစ်ရှ်ကိုလံဘီယာပြည်နယ်က အမေရိကန်နယ်စပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါးအရင်က အခြေတည်ခဲ့တဲ့ ခရစ်ယာန်အသင်းတော်တစ်ခု ဖြစ်ပါတယ်။
    ဘလက်မိုးကတော့ သူ့အနေနဲ့ ဘာသာရေးဆိုင်ရာဓလေ့ထုံးတမ်းကို လိုက်နာတာဖြစ်ပြီး ဒါဟာ သူနဲ့ သူ့မိသားစုအတွက် အရေးပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    သူ့ရဲ့ရှေ့နေဖြစ်သူက အမှုသည်ဟာ အပြစ်ရှိကြောင်း တွေ့ရှိတယ်ဆိုရင် ကနေဒါရဲ့ မယားပြိုင်ပိတ်ပင်မှုဥပဒေအတွက် အခြေခံဥပဒေခုံရုံးအထိ တက်ရောက်သွားမယ်လို့ ကြားနာမှုမှာ ပြောကြားခဲ့ပါတယ်။
    Ref: Straitstimes
  • ကနေဒါရှိ ဟိန္ဒူဘုရားကျောင်း ၁၀ နှစ်ပြည့်အခမ်းအနားသို့ ၀န်ကြီးချုပ် တက်ရောက်ချီးမြှင့်
    ကနေဒါရှိ ဟိန္ဒူဘုရားကျောင်း ၁၀ နှစ်ပြည့်အခမ်းအနားသို့ ၀န်ကြီးချုပ် တက်ရောက်ချီးမြှင့်
    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media
    – တိုရွန်တိုအခြေစိုက် ဟိန္ဒူဘုရားကျောင်း BAPS Shri Swaminarayan Mandir ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
    ထရူဒူဟာ အိန္ဒိယရိုးရာဝတ်စုံ ကုရ်သာအပြာနဲ့ ပဂျာမားကို ၀တ်ဆင်ကာ ပန်းကုံးကို လည်ပင်းမှာစွပ်ပြီး ဟိန္ဒူဘာသာဝင်တွေရဲ့ ၀တ်ပြုဆုတောင်းမှုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို တိုရွန်တို မြို့တော်ဝန် ဂျွန်တိုရီ၊ ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဗီကက်စ် ဆွာရပ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
    BAPS အဖွဲ့ဟာ ဟိန္ဒူဘာသာရဲ့ ဂိုးဏ်ခွဲတစ်ခုဖြစ်တဲ့ Swaminarayan က နိုင်ငံတကာ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
    Shri Swaminarayan Mandir ဘုရားကျောင်းဟာ တိုရွန်တိုရဲ့ ကလိုင်ရီဗီလီဒရိုက်ဗ်ဒေသမှာရှိပြီး သက်တမ်းကတော့ ၁၀ နှစ်ရှိပြီ ဖြစ်ပါတယ်။
    “ကျွန်တော်တို့တိုင်းပြည်ရဲ့ အကြီးဆုံး Pearson International လေယာဉ်ကွင်းကနေတစ်ဆင့် ကနေဒါကို လာရောက်ကြတဲ့ ဧည့်သည်တွေ ကနေဒါမှာ ပထမဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းတွေထဲက တစ်ခုဟာ အဝေးပြေးလမ်း ၄၂၇ က ဒီဘုရားကျောင်းကြီး ဖြစ်နေတာက ဘယ်လောက်တောင် အံ့ဖွယ်ကောင်းပြီး၊ လိုက်ဖက်သလဲဗျာ။ ကျွန်တော်ဆိုရင် ဒီထက်ပိုပြီး ဂုဏ်ယူစရာမျိုး မရှိတော့ပါဘူး” လို့ ကနေဒါဝန်ကြီးချုပ်က ဘုရားကျောင်းမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    BAPS ကမ္ဘာတစ်ဝှမ်းမှာ ကွန်ရက်ပေါင်း ၃၈၅၀ အထိ ဖြန့်ကျက်ထားပြီး အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေကာ ကုလအပါအ၀င် နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဂုဏ်ပြုဆုတွေကိုလည်း ရရှိထားပါတယ်။
    [wzslider]
    Ref : Hindustantimes